Tuesday, November 29, 2011

စကားလုံး မဲ့

မရှိမဲ့ ရှိမဲ့ စကားလုံးတွေနဲ့
စာတွေချရေး
အတွေးတွေသာ ကျဲခဲ့တယ်
ထိုက်တန်တဲ့ စကားလုံး မတွေ့ခဲ့ဘူးပဲ ..

သားက ကားသမားကြီးဖြစ်ချင်သတဲ့
၁၁နှစ်အရွယ်ကောင်လေးက ဆိုတယ်
သူ့လက်ရှိအလုပ်က ဘဲဥပြုတ်အရောင်းသမား
ကြုံသလိုလည်း လူခေါ်ပေးတယ် ..

လုပ်ချင်တာ မလုပ်ချင်တာ ဘေးချ
လုပ်သင့်တာ မလုပ်သင့်တာ မတွေးအား
ကောင်း၏ မကောင်း၏ ဥာဏ်မမှီပေမယ့်
ခေါင်းထဲစွဲနေတာ တနေ့ ၀င်ငွေ ၃၀၀၀ ရှိရမယ် ..

သားတို့ သမီးတို့ အရွယ်
စာတွေသင်အံနေရမယ်
လောကဓံရဲ့ အထုအထောင်း
လမ်းဘေးဈေးသည်ဖြစ်ရတယ် ..

သမီး ကြီးလာရင် .. ??
အလိုလို လူကြီးဖြစ်လာလိမ့်မယ်
ရည်ရွယ်ချက် .. မျှော်လင့်ချက်
တွေးဖို့တောင် စိတ်ကူးမရခဲ့ဘူးရယ် ..

လူသားစင်စစ်ဖြစ်ပါလျှက်
အခွင့်အရေးမပြည့်ဝသည့် ဘဝ
ကလေးငယ်ကလေး ဖြစ်ပါလျှက်
ကလေးမပီသရသည့် ဘ၀ ..

လန်ခရူဆာကြီး ဖြတ်သွားတယ်
ကားပေါ်မှာ ကလေးလှလှလေး
ပါးစပ်အဟောင်းသားနဲ့ ငေးရုံကလွဲ
ဘာများ တတ်နိုင်ဦးမလဲ ..

အချိန်တွေ သိပ်ဆွဲလို့တော့ မဖြစ်
ဒီကနေ့ လစ်မစ်မပြည့်ရင်
ကြိမ်လုံးနဲ့ တင်ပါး နှစ်ပါးသွားရလိမ့်မယ် ..

ဝဲတက်လာတဲ့ မျက်ရည်ကို သုတ်
ငိုချင်တဲ့ စိတ်ကို မြိုချလို့
ခြေထောက်မဲမဲလေးနဲ့ ခပ်သုတ်သုတ်လှမ်း
ဈေးဝယ်တွေ လွတ်ကုန်မှ ခက်မယ် ..

http://amaythar1976.blogspot.com/2011/11/blog-post_29.html?spref=fb
မှတ်ချက် - အပေါ်က လင့်က စာကို ဖတ်ပြီး ဘာစကားလုံးနဲ့မှ နှိုင်းစာမရအောင် ခံစားရပါတယ် .. ကျမတို့ ဘာတွေ တတ်နိုင်ပါမလဲ .. ဘယ်သူ့မှာ တာဝန်ရှိနေတာလဲ .. သူသူ ငါငါ လက်ညှိုးထိုး တရားခံရှာနေမယ့် အစား တခုခု .. တခုခုလောက် နိုင်သလောက်လေး ကူညီပေးကြရအောင်ပါ .. ဘ၀အကျိုးပေး နည်းကြရှာတယ် .. ကျမတို့ ဘာများ တတ်နိုင်ပါမလဲ .. ????????????????????????

9 comments:

မဒမ်ကိုး said...

ဟုတ်တယ်ရွှေမိုးရေ ဟုတ်တယ်
ကုသိုလ်ကံနည်းတဲ့သူတို့လေးတွေ ဘ၀မှာ တကယ်သနားစရာပဲ

မြသွေးနီ said...

ဒီလိုဘ၀လေးတွေ တွေ့တိုင်း သနားမိတယ်။ တချို့အမေတွေက ကလေးငှားတာ ရှိသေးတယ်။ ကလေးကတောင်းစား၊ ရောင်းစားရတာပေါ့..။ ကလေးဆိုတော့ ခိုင်းသမျှ မငြင်းပဲ လုပ်ရပြီပေါ့။ ဒီကလေးလေးတွေ ကြီးပြင်းလာရင် သူတို့ ဘ၀လမ်းကို ဘယ်လို ပုံစံနဲ့ ကြောင်းကြမယ်ဆိုတာ တွေမိရင် ပိုလို့တောင် ရင်မောမိတယ် ညီမရေ...။

8Yar said...

ကဗျာလေးက ခံစားရတယ်ဗျာ။ မြန်မာပြည်မှာ အချိန်ပိုင်း အခမဲ့ အသက်မွေးဝမ်းကြောင်း ကျောင်းလေးတစ်ကျောင်း အရမ်းကိုလုပ်ချင်နေမိတယ်။ မတတ်နိုင်သေးတော့ စိတ်ညစ်မိတယ်ဗျာ။

June Moe said...

အရမ်းကို စာနာသနားဖို့ ကောင်းတဲ့ ကလေးငယ်တွေပဲ။
မိဘတွေကိုယ်တိုင်ကလည်း တောင်းရမ်းစားသောက်ခိုင်းနေတော့ ခက်တယ်ဗျာ။
သူတို့လေးတွေဘ၀က ဘာမျှော်လင့်ချက်မှ မရှိဘဲ စားဖို့အတွက် တောင်းဖို့တစ်ခုသာလျှင် အဓိကလိုဖြစ်နေပြီ။ တတ်စွမ်းသလောက် ကူညီပေးသင့်တယ်လို့ မြင်တယ်ဗျာ။

ချစ်ခင်လျက်
ဂျွန်မိုး

mstint said...

အတိတ်ကံအကျိုးပေးနည်းတာလားမသိဘူးကွယ်။
ကလေးချင်းတူပေမယ့် ဘဝအခြအနေ ကွာခြားနေသူလေးတွေ
လောကအလယ်မှာ ဒုနဲ့ဒေး ကြုံဘူး မြင်တွေ့ဘူးတယ် မိုးခါးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

ဒီလို ကလေးမျိုးလေးတွေ တကယ် သနားဖို့ ကောင်းပါတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီလို ကလေးငယ်တွေတွေ့တိုင်း စိတ်မကောင်းဖြစ်မိတယ်
သူတို့တွေမှာ စာသင်ခန်းထဲ မရောက်နိုင်ရှာဘူး
ဝမ်းရေးက ပိုအရေးကြီးနေကြတယ်..
တောင်းစားနေတဲ့ ကလေးငယ်တွေထက်စာရင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ ကလေးတွေကို ပိုပြီး ကရုဏာ သက်မိတယ်..

rose said...

sis, thanks for your kind commet on my blog. You can use my blog link or movie download links, sis. It's ok.

nyisaynaing said...

မင်္ဂလာပါ...မိုးခါးရေ...။(မရှိမဲ့ ရှိမဲ့ စကားလုံးတွေနဲ့
စာတွေချရေး
အတွေးတွေသာ ကျဲခဲ့တယ်
ထိုက်တန်တဲ့ စကားလုံး မတွေ့ခဲ့ဘူးပဲ ..) ။အင်း...စိတ်မကောင်းရုံကလွဲလို့.....လက်ရှိသမ္မတဦိးသိန်းစိန်
ကိုပဲ...တိုင်တည်ရတော့မှာပဲ...။ပြည့်စုံတဲ့ ဒီမိုကရေစီး
လမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့်သွားနိင်ဖို့ရန် လက်တွဲ
ကူညီကြပါဆို့......။
ခင်တဲ့...
ညီစေနိင်..။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...