Thursday, November 24, 2011

ထပ်တူမဖြစ်နိုင်သော ကိုယ်ချင်းစာခြင်း

စိတ်မကောင်းပါဘူးရှင် ...။

ပြောလို့ကတော့ လွယ်လိုက်တာ
ခံလိုက်ရသူတွေမှာသာ
ဘ၀တွေဆုံး
မျှော်လင့်ချက်တွေဆုံး
ဘ၀ရဲ့ အလင်းရောင်တွေပျောက်ဆုံး
အရာရာ ဆုံးရှုံး ...။

မှောင်ပါတယ်ဆိုမှ
မမြင်ရဘူးလုပ်နေတယ်
ဒါဟာအမှောင်ကွဲ့
မလင်းနိုင်တဲ့ အမှောင်တွေ
လင်းမလားမျှော်လင့်ချက်တော့ လွှတ်မချလိုက်နဲ့
အမှောင်ထဲ စုံးစုံးမြုပ်လိမ့်မယ် ...။

နိုင်သလောက်တော့ တွယ်ဖက်ထားပါရစေ
အရာရာပျောက်ဆုံး
ပိုင်ဆိုင်တာတွေ ဆုံးရှုံးရင်တောင်
အသက်တခါ ၀၀ရှုခွင့်အတွက်
လက်မောင်းတွေပြုတ်ထွက်ပါစေ
မှီရာကို ဆုတ်ဆွဲထားဦးမယ် ...။

ဟုတ်ကဲ့
ကျမ လွန်စွာမှ စိတ်မကောင်းဖြစ်ရပါတယ်
ကိုယ်ချင်းစာမိပါတယ်
ထပ်တူထပ်မျှ ကြေကွဲရတယ် ...။

မလုံလောက်မှန်းသိရဲ့ စကားတွေပြော
ဒဏ်ရာဟောင်းတွေသာ အသစ်ဖြစ်တော့တယ် ...။

11 comments:

June Moe said...

ဟုတ်တယ် မမိုးရေ
ဘယ်သူတွေက ဘယ်လိုပဲ ထပ်တူကြေကွဲ ဝမ်းနည်းပါတယ်ပြောပြော ဘယ်လိုမှ ထပ်တူ မဖြစ်နိုင်ပါဘူးဗျာ။

ခင်လျက်
Junemoe

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးခါးက ကဗျာလေးတွေ ရေးတာလည်းတော်တော်ကောင်းတယ်
ပြောချင်တာ ဒက်ခနဲထိသွားတယ်
ကဗျာထဲက စကားလုံးများ..ပေါ့။
ကဗျာထဲကလို
ထပ်တူကိုယ်ချင်းစာနိုင်ဖို့ဆိုတာ တကယ်လဲမဖြစ်နိုင်ပါဘူး စကားလုံးအဖြစ်သုံးနေတဲ့ စာလုံးတွေပါဘဲ..

Anonymous said...

သေချာတာပေါ့ ညီမရယ် နှလုံးသားနဲ့ထပ်တူထပ်မျှဆိုတာ လူတိုင်းတွက်မလုံလောက်ဖူး.....

စာနာပေးတယ်တာပြောနေမိပေမယ့် အလုံးစုံအဆင်ပြေဖို့ ကျပြန်တော့လည်းမကူညီနိုင် ဟူးးးးးးးးးးးးး

" ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည် "

ပိုကြိုးစားတွန်းကြမယ်လေနော် ရှိသမျှခွန်အားလေးနဲ့


ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ညီရဲ said...

ဘယ်လောက် စိတ်မကောင်းဘူးလို့ ပြောနေပြောနေ ကိုယ်ပေါင်ပေါ်ကို မကျသေးသရွေ့ ကတော့ တကယ့်အပူမှန်း မသိနိုင်သေးပါဘူး။ လူဆိုတဲ့ အမျိုးက ကိုယ့်ပေါင်ပေါ်ကျမှ ပူမှန်းသိတာပါလေ...

ညိမ်းနိုင် said...

ထပ်တူမဖြစ်နိုင်ပေမယ့် ကိုယ်ချင်းစာစိတ်နဲ့ ကဗျာလေး
ကိုခံစားသွားတယ်ဗျိုးးးး။အစစအဆင်ပြေပါစေဗျားးး

mstint said...

တစ်ပုဒ်ဆို တစ်ပုဒ်ပါပဲလား မိုးခါးရေ။
ခေါင်းစဉ်လေးနဲ့တင် ရင်တွင်းခံစားချက်တွေ ကွက်တိကို ပီပြင်နေပါပြီ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုရင် said...

အိုး..မွန်းကျပ်လိုက်တာ..
သေသေချာချာ ဖတ်သွားတယ်ဟေးး

မဒမ်ကိုး said...

ဟုတ်ပ ဟုတ်ပ မိုးရေ မှန်လိုက်တာမှ ကွက်တိရယ်
(အလည်လွန်နေလို့ခုမှရောက်တာ ခွင့်လွှတ်ပါး)

အတွေးကမ္ဘာ..မှတ်တမ်း said...

အကောင်ပြမှ အရိပ်ထင်တတ်တာ အကျင့်ပါနေတော့ .. ဘယ်ဟာကိုပြောတာလဲ ဗျာ.. နည်းနည်းတော့ Hint လေးပေးကြပါ။ စာတွေ အတူတူ မဖတ်ဖြစ်တော့ Wavelength တွေ မတူဘူးဖြစ်နေတယ်..း(

nyisaynaing said...
This comment has been removed by the author.
nyisaynaing said...

မင်္ဂလာပါ...မိုးခါး ။ကဗျာလေးကို ခံစားသွားပါကြောင်း...
(မလုံလောက်မှန်းသိရဲ့ စကားတွေပြော
ဒဏ်ရာဟောင်းတွေသာ အသစ်ဖြစ်တော့တယ် ...)။
ခင်တဲ့ ...
ညီစေနိင်...။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...