Monday, March 12, 2012

သဲပုံစေတီပွဲ-စင်ကာပူ (၁၀-၃-၂၀၁၂)

စာမရေးဖြစ်လို့ ပုံလေးတွေနဲ့ မျက်နှာလုပ်တာပါ :D

၁၀ရက် ၃လ ၂၀၁၂ က စင်ကူပူ East Coast ကမ်းခြေမှာ ကျင်းပသွားတဲ့သဲပုံစေတီပွဲပါ .. အဲဒီရက်မတိုင်ခင် ၉ရက်နေ့ကလည်း သူငယ်ချင်းတွေနဲ့သွားပြီး သဲသယ် ရေသယ် လုပ်အားပေးခဲ့ပါသေးတယ် .. :D

ညနေစောင်း

စေတီအနီးနားက ကိုယ်စီအဖွဲ့တွေ
ကောင်းကင်ရယ် တိမ်ရယ် ကမ်းခြေရယ်
စေတီကို အချောသပ်နေတုန်း
ချစ်စရာလေးတွေနော် ..း)
ပွဲ စလုစခင်
ကလေးတွေ စေတီကို ဘုရားစာရွတ်ရင်း ၃ပတ် ပတ်ကြပါတယ် ..
ပွဲစပြီ
သူငယ်ချင်းတွေ ပန်းနဲ့ ပုံဖော်ထားတဲ့ စေတီ အခြေက စေတီပုံ
နေ၀င်လုပြီ
စာမရေးဖြစ်လို့ ပုံလေးတွေနဲ့ မျက်နှာလုပ်လိုက်ပါတယ် ..း)))


10 comments:

mstint said...

သဲပုံစေတီပွဲလေးရဲ့ ဓာတ်ပုံတွေကြည့်သွားတယ်
မိုးခါးရေ။ ရှုခင်းလေးတွေလည်းလှတယ် ကလေး
တွေလည်းချစ်စရာကောင်းတယ်။
မီးထွန်းပူဇော်ပြီး ကုသိုလ်တွေလည်းရသွားပြီ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အင်ကြင်းသန့် said...

တိမ်ပြာပြာနဲ့ ပဏာရလိုက်တာ....အဲဒီနေ့က အသိနောက်ကျလို့ မရောက်လိုက်ဖြစ်ပါဘူး မိုးခါးရေ....ဓါတ်ပုံလေးတွေပဲကြည့်သွားတယ်....း)

လရိပ်အိမ် said...

ပုံရိပ်လေးတွေက ကြည်နူးစရာကောင်းတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ညနေခင်းသဲပုံစေတီပွဲက ကြည်နူးစရာကောင်းလိုက်တာ..
လူတွေလည်း များသားဘဲနော်
ဓာတ်ပုံလေးတွေလှတယ်။

ညိမ်းနိုင် said...

မသိလိုက်ဘူး မိုးခါးရေ..သိရင်လာပါတယ်...။
ခုတော့ ပုံလေးတွေပဲကြည်ညိုသွားပါတယ်....။

မဒမ်ကိုး said...

မသိလိုက်ဘူးတော်ရေ လက်တို့တာမုတ်ဖူးအေ ခုတော့ပုံတွေဘဲကြည့်သွားပါတယ်း))

နေ၀သန် said...

မနှစ်ကလည်း လုပ်တယ်နော်... ကောင်းလိုက်တာ... ဒီအလေ့အထလေးတွေ တိုင်းတပါးမှာမြင်ရတာ ကြည်နူးဖို့ကောင်းတယ်..း))

ခင်မင်လျက်
နေ၀သန်

8Yar said...

ဟောဗျာ အစ်မလည်း လာတယ်လား မသိလိုက်ဘူးဗျာ။ ကျွန်တော်လည်းရှိတယ် အဲ့ဒီမှာ။ ဒီလိုမှန်းသိရင် လိုက်ရှာပါတယ် မုန့်ဝယ်ကျွေးခိုင်းမလို့.... တိန်! :P

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပုံကလေးတွေကို ငေးသွားခဲ့ပါတယ်။

ခင်တဲ့
မြတ်

Cameron said...

သဲပုံစေတီလေးကြည့်ပြီး ငယ်တုန်းကရွာမှာ သင်္ကြန်နားနီးရင် ပုံးလေးတွေနဲ့ ချောင်းထဲက သဲတွေသွားသွားသယ်ပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ သဲပုံစေတီတွေလုပ်တာကို လွမ်းမိသွားတယ် မိုးခါးရေ......။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...