Tuesday, July 17, 2012

လမ်း


ဘ၀တွေက ခါးတယ် ...။

တခုနဲ့တခုကြား
သဘောထားတွေကလည်း များတယ် ...။

တဦးနဲ့တယောက်ကြား
စိတ်ထားတွေလည်း ခြားတယ် ...။

နားနားပြီးသွား
ပန်းတိုင်တော့ တနေ့ရောက်ရမယ် ...။

သင့်တော်ရာတွေ သယ်ဆောင်သွားပါ
လိုက်ပါလိုသူတွေ ခေါ်ဆောင်သွားပါ
မလိုက်လို နေလိုက နေပါစေ ...။

ရွေးချယ်မှုအတွက်
ရလာဘ်တွေ ရှေ့မှာ ကြိုနေရောပေါ့ ...။

ဖြည်းဖြည်းလျှောက်
မှန်မှန်သွား
ခြေလှမ်းတွေ မထိခိုက်ရအောင်
ခလုတ်ကန်သင်းလေးတွေ ဂရုစိုက်ရှောင်ရှားပေးပါ ...။

10 comments:

mstint said...

လူအမျိုးမျိုးစိတ်အထွေထွေ
ကိုယ်ပိုင်ဦးတည်ရာလမ်းကြောင်းလေးတွေ
ကိုယ်စီကိုယ်စီလျှောက်လှမ်းနေကြတယ် မိုးခါးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဖြည်းဖြည်းလျှောက်
မှန်မှန်သွား
ခြေလှမ်းတွေ မထိခိုက်ရအောင်
ခလုတ်ကန်သင်းလေးတွေ ဂရုစိုက်ရှောင်ရှားပေးပါ ...................................
jas လဲ ခြေလှမ်းတွေ မထိခိုက်ရအောင်တော့
ကြိုးစားနေတာပဲ
ကဗျာလေး အဓိပ္ပါယ်ရှိလှတယ်

Cameron said...

ကဗျာလေးရေးထားတာ သိပ်ပီပြင်တယ်..။

မောင်မျိုး said...

လမ်းဆိုမှတော့ လျှောက်ဖို့ပဲ ငါတို့တွေ လျှောက်ကြရအုံးမှာ လမ်းတစ်လျှောက်မှာတော့ အရာများစွာကို ဖြတ်ကျော်ရမှာပဲ ။ အားတင်းထား ဆက်လျှောက်ရဲဘော် ။

Ree Noe Mann said...

ရက်ပ်ပါ မိုးခါး လုပ်လို့ရပြီ။

ချော (အစိမ်းရောင်လင်ပြင်) said...

ကဗျာလေး သဘောကျတယ်
အဓိပ္ပါယ်လဲ ပြည့်ဝတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လိုက်ပါလိုသူတွေ ခေါ်ဆောင်သွားပါ
မလိုက်လို နေလိုက နေပါစေ ...။

မလိုက်လို နေလိုက နေပါစေ စိတ်ထားတတ်ဖို့ တော်တော်ကြိုးစားရဦးမယ်။ စိတ်မထားတတ်ဘဲ ဂဂျီဂဂျောင်ပဲ ကျနေမိတယ်။

ခင်တဲ့
မြတ်

Anonymous said...

Yes..we meet with good & bad occasionally.But we tend to flock together with SAME kind.just Keep On..Go on. It will reflect us better if we gathered as good but it will be worse if we met as bad. Cheer....

Angelhlaing(May everybody be happy and healthy! said...

ဘ၀တွေက ခါးတယ် ...။

တခုနဲ့တခုကြား
သဘောထားတွေကလည်း များတယ် ...။

တဦးနဲ့တယောက်ကြား
စိတ်ထားတွေလည်း ခြားတယ် ...။

နားနားပြီးသွား
ပန်းတိုင်တော့ တနေ့ရောက်ရမယ် ...။

အဲ့လိုစိတ်နဲ့ လျှောက်နေတယ်မမ..
တစ်နေ့တော့ ရောက်မှာပါ...

Anonymous said...

ရည်ရွယ်ရာတူ ၊ အဖော်မွန်ပါရင် မိုးခါးလည်း MOCHA လို ချိုမြသွားမှာပါ ၊ ငါ့ညီမ ။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...