မိုးပွင့် တပေါက် နှစ်ပေါက်
ကျမကျောပေါ်ခုန်ဆင်းကျလို့
ကောင်းကင်ကို မော်အကြည့်
တိမ်ညိုတန်းတစုံက
ကျမပေါ် အုပ်မိုး
အေးအေး မြမြ နှုတ်ဆက်ကြတယ် ... ။
သြော် ..
ကျမက မိုးရာသီ တည့်တည့်မှာပဲ ... ။
ဟိုမှ ဒီမှ
ဥသြလေးတွေ တွန်သံကြားလို့
နားအစုံ အားစိုက်လို့ အကြည့်
အနီးနားက ဥသြလေး
တွန်သံပေး လွမ်းတေးဆိုတယ် ... ။
သြော် ..
နွေမဟုတ်ပေမယ့် သူလည်း လွမ်းရှာတယ် ထင်ပါရဲ့ ... ။
12 comments:
စောစောစီးစီး ..
ရုံးရောက်တာနဲ့ ကဗျာရေးတာလား ..
၉ နာရီ ပဲ ရှိသေးတယ် .. :D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
အာရုံပေါ်တုန်း .. :P ရုံးအလာမှာ ဥသြသံ ကြားလိုက်တယ်လေ :D
အင်း သူက လတိုင်း လတိုင်းကို လွမ်းနေတော့တာလေ . . .း)))))
KT
လွမ်းတတ်သူတို့အတွက် ရာသီစက်ဝိုင်းတိုင်းမှာ လွမ်းဘို့အတွက် အကြောင်းပြချက်လေးတွေရှိကြတယ်။
ကဗျာလေးအားပေးသွားတယ် မိုးခါးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိုးရွာရင် ထီးဆောင်းပါ ညလေး။
ကဗျာလေး အရမ်းလှ။
ဥသြလေးတွေ တွန်သံကြားလို့
နားအစုံ အားစိုက်လို့ အကြည့်
အနီးနားက ဥသြလေး
တွန်သံပေး လွမ်းတေးဆိုတယ် ... ။
သြော် ..
နွေမဟုတ်ပေမယ့် သူလည်း လွမ်းရှာတယ် ထင်ပါရဲ
အားပေးခံစားသွားပါတယ်
အာရုံပေါ်တုန်း ရေးတဲ့ကဗျာလေးက
မိုးနဲ့ နွေ နှစ်ခုလုံးကိုခံစားခဲ့ရတယ်မိုးခါးရေ
ခင်မင်တဲ့ jasmine
ကဗျာလေးကောင်းတယ် အစ်မမိုးခါးရေ။ အားပေးလျှက်ပါခင်ဗျာ။
ချစ်စရာကောင်းတဲ့ ကဗျာလေးက လှလဲလှ..
အားပေးသွားတယ်ဗျ....:P
ခင်မင်နေတဲ့...မိုးနတ်
လင့်လေးပါယူသွားတယ်နော်
သြော်...
ကျမက မိုးရာသီ တည့်တည့်မှာပဲ... ။
သြော်..
နွေမဟုတ်ပေမယ့် သူလည်း လွမ်းရှာတယ် ထင်ပါရဲ့ ... ။
အဟေးဟေး
ytm
ကျွန်တော်ကတော့ နွေမိုးဆောင်း ရာသီစုံလွမ်းတတ်တယ်း)
Post a Comment