Wednesday, September 22, 2010

မျက်နှာဖုံး

ဖြူဖြူ ပြာပြာ ၀ါဝါ
အရောင်စုံ မျက်နှာဖုံးတွေ ရှိတယ် ...။

ပြုံးပြုံး ရယ်ရယ် မဲ့မဲ့
သဏ္ဍာန်စုံ မျက်နှာဖုံးတွေ ရှိတယ် ...။

ကြိုက်ရာ ရွေးချယ်နိုင်တယ်
အရည်အသွေးအလိုက် ကြာရှည်ခံမှု ကွာခြားမယ် ...။

မျက်နှာဖုံးမှာ ပြုံးသလောက်
အောက်ခံမျက်နှာမှာ မဲ့နိုင် ငိုနိုင်တယ် ...။

မျက်နှာဖုံးမှာ အငိုကိုဆင်ရင်း
အောက်ခံမျက်နှာမှာ ဟာသ လုပ်နေနိုင်တယ် ...။

ညံ့တဲ့လူ ခံစတမ်းပဲ
အားနာရင်တော့ "အ" တယ် ထင်ခံရမယ်
လူရိုသေ ရှင်ရိုသေအောင်
နဂါးမှန်းသိဖို့
အမောက်ထောင်ပြတတ်ရတယ် ...။

ဟန်ဆောင်ခြင်းကို မမုန်းနဲ့
ဟန်ဆောင်တတ်မှ လူဝင်ဆန့်လိမ့်မယ် ...။

17 comments:

လင်းခေတ်ဒီနို said...

ညံ့တဲ့လူ ခံစတမ်းပဲ
အားနာရင်တော့ "အ" တယ် ထင်ခံရမယ်
လူရိုသေ ရှင်ရိုသေအောင်
နဂါးမှန်းသိဖို့
အမောက်ထောင်ပြတတ်ရတယ် ...။

နဂါးမှန်းသိအောင် အမောက်ထောင်ပြတတ်ရတယ်း)))
မျက်နှာဖုံး မျက်နှာဖုံး တော်တော်ကြောက်ဖို့ ကောင်းပါတယ်

မြူးမြူး said...

မျက်နှာဖုံးတွေ လိုတာမှန်ပေမယ့် ခုထိတော့ မျက်နှာဖုံးတွေကို မုန်းမိနေတုန်းပဲ.. :)

မောင်မျိုး said...

ဟုတ်ပါ့ ခဏခဏသာ လာနင်းနေရင်တော့ အမောက်ကိုထောင်ပြမနေနဲ့တော့ တခါတည်း မီးနဲ့သာ မှုတ်ထည့်လိုက် သယ်၇င်းရေး)

Leo Zin said...

ဟန်ဆောင်တတ်မှ တကယ်ပဲ လူဝင်ဆန့်မှာလား???
မိုးခါးပြောတာ မှန်တော့လည်း မှန်ပါတယ်... ဟန်ဆောင်တတ်အောင် သင်ယူရအုံးမယ်... :)

မေပယ်လ် said...

မျက်နှာဖုံးမှာ ပြုံးသလောက်
အောက်ခံမျက်နှာမှာ မဲ့နိုင် ငိုနိုင်တယ် ...။
နာ့ကို ပြောနေတယ်ထင်တယ်:(

မြတ်မွန် said...

လူတွေနဲ့ပေါင်းသင်းရင် ဒီလို ပေါင်းရမလိုပါပဲနော် ခါးခါးရေ..။

ဏီ(န်)ကင်း said...

အော်....
ဟန်ဆောင်တတ်မှလူဝင်ဆံ့မှာတဲ့ဗျာ....
အဲ...စကားမစပ်.
ရထားပေါ်ဝင်ဆံ့ဖို့ကတော့..
..၀ိတ်ချထားမှဗျ.....
ဟဲဟဲ...

kiki said...

များ လည်း လူဝင် ဆန့် အောင် လုပ် ဦး မှ ပဲ .. ခါးခါး ရေ .. မျက် နှာ ဖုံး လေး တခုလောက် အော်ဒါ မှာ လို့  ရ မလား ..ဟင့် ။

ဝေလင်း said...

ဟန်ဆောင်တတ်မှ လူရာဝင်တာကတော့ အမှန်ပဲ။ မျက်နှာဖုံးတွေအကြောင်း ကျွန်တော်လည်း အက်ဆေးဆန်ဆန် ၀တ္ထုတိုတစ်ပုဒ်ရေးဖူးသေးတယ်။ အစ်မကဗျာလေးကတော့ ထိတယ်ဗျာ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

မျက်နှာဖုံးတွေကို မုန်းမိပေမဲ့
မျက်နှာဖုံးတပ်ထားတဲ့လူတွေကြား ကိုယ်ပါ မျက်နှာဖုံးတပ်ဖို့ လိုတယ်လို့ ထင်နေမိပြန်တယ်..

chocothazin said...

မျက်နှာဖုံးဆိုလို့ .. သီတင်းကျွတ်တော့မယ်ဟ။
တို့ ကျောက်မြောင်းမှာ ပွဲဈေးတန်း စည်မှ စည်ပဲဟေ့...။
မုန့် လေပွေတို့ ၊ ရေမုန့် တို့ ၊ မုန့် သိုင်းချုံတို့ ...
ဟာ လွမ်းတယ်ဟေ့။

witch83 said...

မျက်နှာဖုံးကို နည်းမှန် လမ်းမှန်တော့ အသုံးချဖို့ လိုမယ်ထင်တယ်။း)

zue said...

ဟန်ဆောင်တတ်မှ လူဝင်ဆန့်လိမ့်မယ်..
ဟုတ်တော့ ဟုတ်တယ် မိုးခါးရေ...
တခါတလေတော့လည်း ဟန်ဆောင်တာ လိုအပ်တယ်...

Unknown said...

ခုချိန်ထိလည်း ဟန်ဆောင်ဖို့သိပ်ခက်တယ်...အဲဒါကြောင့်ပဲ ခုချိန်ထိလည်း လူရာမဝင်သေးတာနေမှာ...ဟန်ဆောင် သင်တန်းလေးဘာလေး ရှိရင်ကောင်းမယ်..:D

သုခုမလေဒီ said...

ထောင်စရာ အမောက်လည်းမရှိလေတော့...
မကိပြောသလို မျက်နှာဖုံးလေးတစ်ခုလောက်လိုမယ် ထင်တယ်။

Libratun said...

ဟုတ်လည်း ဟုတ်တာပဲ။ ခွိ။ :P

John Moe Eain said...

တစ်ခါတစ်ခါ မျက်နှာဖုံးတွေနဲ့ကိုယ်ဟာ
ကိုယ် ကိုယ်တိုင်မှ ဟုတ်ရဲ့လားလို့
ဆန်းစစ်နေမိပါရဲ့ sis ရေ...။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...