Wednesday, November 24, 2010

ရောင့်ရဲခြင်း

ကိုယ်တွေ ရုံးမှာ အပတ်စဉ် အင်္ဂါနေ့တိုင်း မီတင်ရှိတယ် .. မိုးခါးတို့ သွားငိုက်နေကြပေါ့ .. :P

ဒီနေ့လည်း ထုံးစံအတိုင်း မီတင်သွားတယ် .. မိုးခါးတို့ ရုံးခန်းက ဒီဇင်ဘာ ပထမပတ်ထဲမှာ အခန်းသစ်ကို ပြောင်းရပါမယ် .. မီတင်မှာ ရုံးခန်းသစ် ပြောင်းမယ့် အကြောင်းတွေလည်း ပြောကြတယ်ပေါ့ .. ခုထိတော့ မရောက်ဖူးသေးပါဘူး ..

ပြောချင်တာက သူဌေးပြောသွားတဲ့ စကားပါ .. ခု ရုံးခန်း ပြောင်းတော့မယ်ဆိုတော့ ဒီရုံးခန်းအတွက် အဓိက အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ မရှိလို့ မဖြစ်တဲ့ အရာတွေတဲ့ .. ဘာတွေလဲဆိုတော့ မီး ရှိရမယ် .. မီးမရှိရင် အလုပ်လုပ်ရမယ့် ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေ ဘယ်လိုသုံးမလဲပေါ့ .. ပြီးတော့ ရေ .. ရေ ရှိရမယ် .. ရေမရှိရင် အိမ်သာသုံးဖို့ ဘာညာ ခက်မယ်ပေါ့ .. နောက်တခုက အင်တာနက် .. အင်တာနက်ရှိမှ အချိန်နဲ့အမျှ ၀င်နေမယ့် အီးမေးတွေက အင်ဖော်မေးရှင်းတွေ၊ လုပ်ရမယ့် အလုပ်တွေ မပျက်ဘူးပေါ့ .. နောက်ဆုံးကတော့ တယ်လီဖုန်းပါတဲ့ .. အမြဲတမ်း ဆက်သွယ်နေရမယ့် နေရာတွေ အလုပ်ကိစ္စတွေက ရှိနေတာကိုး ..

ဒီတော့ စဉ်းစားမိတယ် .. ငါတို့တိုင်းပြည်လေးမှာ ဆိုပြီးတော့ပေါ့လေ ..

မီး .. ရန်ကုန်ခဏပြန်တုန်းကတော့ တော်တော်လာပါတယ် .. ခုတော့ မသိ ..

ရေ .. ရေ ဒုက္ခလည်း မိုးခါးတို့ သိပ်မခံရဘူးပါဘူး .. ဘာလို့ဆိုတော့ အိမ်က ဦးလေး တယောက်မဟုတ် တယောက်က မီးလာချိန် ရေလာချိန်ကိုက်ပြီဆို အမြဲတမ်း တင်တတ်တယ်လေ .. ပြီးတော့ မိုးခါးတို့ အိမ်က ဆောက်တုန်းက ကန်ထရိုက်အပ်ရုံမဟုတ်ပဲ ဦးလေးတွေကိုယ်တိုင် စောင့်ပြီး ကြီးကြပ်ပြီး ဆောက်ခဲ့တာဆိုတော့ အိမ်ပေါ်မှာ ရေလှောင်ကန်တကန် ရှိတဲ့အပြင် အိမ်အောက်ထပ်မှာလဲ ရေလာတဲ့အချိန် ခံထားလို့ရအောင် ကန်တကန်လုပ်ထားသေးတော့ မီးလာရင် အောက်က ကန်ထဲက ရေကို ကောက်တင်လိုက်ရုံဆိုတော့ တခြား အထပ်မြင့်တွေ ရှိတတ်တဲ့ ရေဒုက္ခကို မကြုံရပါဘူး .. ဒါပေမယ့် ရန်ကုန် အထပ်မြင့်တွေကတော့ ရေဒုက္ခကို ခံကြရတယ် .. ကြုံဘူးကြမယ် ထင်ပါတယ် .. ရေလာတဲ့ အချိန်က မီး မလာ မီးလာတော့ ရေမလာ .. ဒီလိုနဲ့ လေ့ကျင့်ခန်းပေါ့ .. အပေါ်ထပ် အောက်ထပ် ရေဆွဲကြရတာ .. :D

အင်တာနက် .. အဟဲ .. လို့ပဲ ရီလိုက်တော့မယ် .. ဟိုတလောက ဖေ့ဘွတ်မှာ တင်ထားတဲ့ နိုင်ငံခြားသား အင်တာနက်သုံးသလို .. စာတမ်းနီကြီးနဲ့လေ :P .. ရန်ကုန် ခဏပြန်တုန်းကတောင် အင်တာနက်တွေ ဒေါင်းနေလို့ ဒီဖောင်း လုပ်မရတာနဲ့ ရင်နာစရာတွေ ဖြစ်ခဲ့ရတာ :D

ဖုန်း .. ပေါမှ ပေါပဲနော် .. ခက်တာက သစ်ပင်အောက်ဝင်မိရင် တိုင်ပျောက်ပျောက်သွားတာပဲ .. ဖုန်းနဲ့ပတ်သက်လာရင် သူငယ်ချင်းတယောက် သွားသတိရတယ် .. အဲတယောက်က ကားအနက်ကြီး မောင်း မျက်မှန်အနက်ကြီး တပ်ပြီး စတိုင်အပြည့်နဲ့ ဖုန်းပြောတတ်တဲ့တယောက်ပါ .. ဒါပေမယ့် သူက သစ်ပင်အောက်တော့ ရှောင်တယ် .. :D အပြစ်တင်စောသလို ဖြစ်နေပါပြီ .. ခုကောင်းနေပါပြီ နော့ .. :P ဖုန်းခတွေ ဈေးတက်မယ်ဆိုတာက လွဲလို့ .. :D ဆင်ဖိုးထက် ချွန်းဖိုးက ကြီးပါတယ်လေ .. ဒါကြောင့် သူငယ်ချင်းကို ပြောနေသေးတယ် .. နို့ဆီခွက်လေးတွေ ဆောင်ထားရအောင်လို့ .. :D

တကယ်ကတော့ ကိုယ်တွေက အပြစ်တင် စောနေတာပါ .. ဖြစ်လာမှာပေါ့ .. ဖြေးဖြေးပေါ့ .. :D

စဉ်းစားကြည့်မိတော့ သူများတွေပြောတဲ့ အခြေခံလိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံအတွက် မရှိလည်း ရနေတယ်ထင်ပါတယ် .. မြန်မာမှု မြန်မာဟန် ကို ထိန်းသိမ်းကြရအောင် ..

မီးအတွက်လား ဖယောင်းတိုင်ရှိပါတယ် .. ဖယောင်းတိုင်စက်ရုံပဲ တည်ကြစို့ရယ် ..

ရေအတွက်လား .. ရေအစား ဘီယာရှိတယ်လို့ ယောင်္ကျားလေးတွေ ပြောတာကြားဖူးတယ် .. :D

အင်တာနက်လား .. သုံးချင်ရင် စိတ်ရှည်ရှည်ထားလေ .. အချိန်တန်တော့ တက်လာမှာပေါ့ .. နော့ ..

ဖုန်း ?? နို့ဆီခွက် ၂ခွက် ကြိုးနဲ့ ချည်ထားပါဆို .. :P

အင်းး .. ဟိုအရင်က ရန်ကုန်ညကို သတိရမိပါတယ် .. ကိုယ်တွေ ပြောပြောနေတဲ့ တီဗီကြည့်တယ်ဆိုတာ မီးမလာမှ တကယ် တီဗီကြည့်ဖြစ်တာကိုးဗျ ..

လိုအပ်ချက်ဆိုတာ မလိုအောင်နေတတ်ရင် ရပါတယ် .. ရောင့်ရဲတတ်ကြပါစေ .. :D

တော်သေးဘီ .. :D

13 comments:

Anonymous said...

အောင်မြတ်လေးဟ ငါက စာကောင်းပေကောင်းလား ဆိုပြီး ကမန်းကတန်းလာဖတ်ပါတယ် . . . ခေတ်မှီတိုးတက်နေသော နိင်ငံတော်ကြီးနဲ့ လာတိုးနေပါလားနော်း)))))))

ဗညား

ရွှေရတုမှတ်တမ်း said...

သည်းခံခြင်း၊ရောင့်ရဲခြင်း၊ ပေးကမ်းခြင်း၊ အမျက်ဒေါသကို သိုဝှက်ထိမ်းချုပ်ထားရခြင်း....ခြင်း.....ခြင်း..........ခြင်း.........တို့ဖြင့် ပြည့်စုံအပ်သော ရွှေပြည်ကြီးမှာ...ကုသိုလ်တရားတွေ ရကြောင်းအထောက်အပံ့တည်းဟူ၍ ဂဏှာဟိမှတ်ပါလေကုန်......

ZT said...

သည်းခံနိုင်ခြင်းသည် မင်္ဂလာဖြစ်၏။ ရောင့်ရဲနိုင်ခြင်းသည် မင်္ဂလာဖြစ်၏။ :P

ခနွဲ said...

သူများနိုင်ငံတွေမှာလေ ဖယောင်းတိုင်မီးကို တကူးတက ထွန်းပြီး ရိုမန်တစ် လုပ်ကြတာပဲ။ ကျွန်တော်တို့က ပိုပြီး ရို ဖြစ်တာပေါ့နော့။

Anonymous said...

ဒီနေ့ -ွမ်း မဝယ်ပဲ ဖယောင်းတိုင် ဝယ်ပြန်ခဲ့မယ် နော့...

ဆောင်းနှင်းရွက် said...

မဝေးတော့တဲ့
အနာဂတ် မှာ ...

Marina Bay လှတာ လောက်တာတော့
ဗိုလ်တထောင် ဆိပ်ကမ်း ကို
မှီမှာ မဟုတ်ပါဘူး .. >>

ရေလား ..
သူတို့တွေ သူများနိုင်ငံ က
ဝယ်သုံးနေတာလောက်တော့
ပျင်းသနားတယ် ..
နောင် တစ်ချိန်
တစ်နိုင်ငံလုံး RO ရေနဲ့
မချိုးနိုင်ဘူးလို့ ပြောနိုင်လား .. :D

အင်တာနတ်လား ..
၂၀၁၅ ဒီမှာ တစ်နိုင်ငံလုံး
ဝါယာလပ်စ် ဖြစ်ချိန်မှာ
၂၀၅၁ မှာ ရွှေနိုင်ငံလည်း
ဝါယာလပ်စ် ဖြစ်ချင် ဖြစ်နေမှာပေါ့ .. ;))

ဖုန်း ..လား ..
ဟဲ ဟဲ ..
သူတို့ လောက်တော့
ပျင်းတောင် ပျင်းသေးးး ... :D

ahphyulay said...

အင်း..
ကျွန်တော်တို့  နိုင်ငံသားအားလုံးကတော့ 
သည်းခံခြင်းတရား နဲ့  ရောင့် ရဲခြင်းတရား တို့ ကတော့ 
ကမ္ဘာ ပေါ်မှာ အကောင်းဆုံး ပါပဲဗျာ။
မကောင်းလို့ ကလဲ ရမှမရပဲ ..
ဒီတော့  ရှိတာလေးနဲ့ လှအောင်၊ဖြစ်အောင်..
ရ တာလေးနဲ့ လဲ ဝ အောင်၊ လှအောင်..

မေပယ်လ် said...

ငိုက်နေရင် သတိထား....။
ကြီးကြီးမိုးခါး....။
တော်ကြာ...:p
ပုံ..တော်သေးဘီ..
လက်ရေ။သီးခံပါ

မောင်မိုး said...

ကမ္ဘာကြီးပူနွေးလာမှုကို တထောင့်တနေရာက ၀ိုင်းဝန်းကာကွယ်ပေးတယ်လို့ပဲ သဘောထားလိုက်ပါဗျာ။ ကုသိုလ်ရပါတယ်။ :D

T T Sweet said...

မီးမလာတဲ့ဒုက္ခအပြင် မီးလာတဲ့ ဒုက္ခလည်း ရှိသေးတယ်။ မီးလာပြန်တော့လဲ မီးအားမြှင့်စက် မိုင်ကုန်ဖွင့်တင်ရတော့ မီးဆောင့်တက်တိုင်း မီးအားမြှင့်စက် alam က တဂြီဂြီ တဂွမ်ဂွမ်။ အနားမှာ တစ်ယောက်က တချိန်လုံးရှိနေရတယ်။ ရယ်အားထက် ငိုအားသန်ရတာက မီးလာချိန် လူတွေ အနားမနေရဘူး။ မီးအားမြှင့်စက်နား ကင်းစောင့်နေရတယ်.။
ပုံ

ကိုယ်တွေ့ကြုံခဲ့သူတစ်ဦး

ဝေလင်း said...

အမယ် .. အထင်မသေးနဲ့နော်... လွယ်တယ်များအောက်မေ့နေသလား...
အဟဲ....၊

Anonymous said...

Maybe I`ll be Captain Obvious, but... it's only few days to New Year last, so let's be happy!
Hoho3ho!)

Anonymous said...

Beneficial info and excellent design you got here! I want to thank you for sharing your ideas and putting the time into the stuff you publish! Great work!

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...