Sunday, May 8, 2011

မျက်စိ တဖွင့်

ခပ်တင်းတင်း ဆွဲဆုတ်ခံရင်တခု
တခုခုနဲ့ ဖွင့်ဖို့တော့ လိုပြီ ..။

စကားတခွန်းလား
အသံတသံလား
ဆုံးဖြတ်ချက်တခုလား ..။

မျက်လုံးကို စုံမှိတ်
မှောင်တယ် ..။

မှိတ်ထားတဲ့မျက်ဝန်းတစုံ
အလင်းကို ဘယ်မြင်လိမ့်မလဲ ..။

အလင်းကို မြင်ဖို့
မျက်ဝန်းတွေ ဖွင့်လိုက်ပါ

လောကကြီးက လှတယ်
နေ့အလှနဲ့ နေ
ညအလှနဲ့ လ

အလင်းနဲ့ အလှကို ခံစားဖို့
စိတ်ရှင်းရှင်းနဲ့ မျက်ဝန်းတွေ ရဲရဲဖွင့်ကြည့်ပါ ..။

မြင်ပြီလား ..။

သူ့အလုပ်နဲ့ သူပျော်နေတဲ့ နေ့နဲ့ ညကို ..။

7 comments:

မိုးယံ said...

ဟုတ်ပ သူ့အလှ နဲ့ သူ့ည ။

အေးချမ်းလိုက်တာ... အတွေးစတွေတောင် အေးခဲသွားမတတ်ပဲ။

ညိမ်းနိုင် said...

မျက်လုံးများ ဖွင့်လို့ကြည့်ပါ....မျက်လုံးများဖွင့်ကြည့်လိုက်....:)))

ချော(အစိမ်းရောင်လွင်ပြင်) said...

သူအလှနဲ့သူ လှနေကြတဲ့ လောကကြီးကို မျှတတဲ့စိတ်နဲ့ကြည့်တဲ့အခါ ပိုပြီး လှပတယ်တဲ့
မျက်လုံးလေးကိုဖွင့်ပြီး မျှတတဲ့စိတ်နဲ့ အမြဲကြည့်နိုင်အောင်ကြိုးစားရဦးမယ်

johnmoeeain said...

အလင်း နဲ့ အလှကို ခံစားဖို့တဲ့...။
လှလိုက်တဲ့ စကားလုံး...။
coz ဒီတလော အလင်းနဲ့ အရောင်တွေကိုပဲ တွေးနေမိလို့လားမသိ.. စိတ်ကို ညို့သွားတယ်း)

လင်းခေတ်ဒီနို said...

ဆိုဒ်ကို ပါနေတယ်လို့ ငါ ခံစားလိုက်ရတယ် . . .
ဒါပေမဲ့ . . . ဘာလဲ . . . ဒါကို ငါ မရလိုက်ဘူး

KTS

လရိပ်အိမ် said...

မြင်သွားပြီ မြင်သွားပြီ

ပဥာက် said...

ကောင်းလိုက်တာဟာ..စာေ၇းတာတော်လိုက်တာ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...