Monday, May 9, 2011

မဟာ ကျိန်သစ္စာရှင် ဘုရားကြီး

 မဟာကျိန်သစ္စာရှင်ဘုရားကြီးကို တည်ထားတဲ့ ဘုန်းဘုန်း ပုံတူရုပ်ထုပါ ..

 ဘုရားကြီးရဲ့ အတွင်းပိုင်း (ပြုပြင်ဆဲ ကာလ)

 ဒီပုံတော်အတိုင်း ဆင်းတုတော် အကြီးကို ထုလုပ်ထားတာလို့ သိရပါတယ် ..

 ဆရာတော်ကြီး ပုံတူ ..


ရန်ကုန်ပြန်တုန်းက ရောက်ခဲ့တဲ့ မြောက်ဥက္ကလာနားက ဘုရားကြီးပါ .. မဟာကျိန်သစ္စာရှင် ဘုရားကြီးလို့ ခေါ်ပါတယ် .. ဥာဏ်တော် အမြင့် ၁၀၈ ပေ မြင့်ပါတယ် .. မိုးခါး ရန်ကုန်ရောက်တုန်းက အပေါ်က ပုံတွေအတိုင်း အကြမ်းထည်ပဲ ပြီးပါသေးတယ် .. ကြားမိတာကတော့ အိပ်မက်အရ ဒီဘုရားကြီးကို တည်တာလို့ ကြားပါတယ် ..

ဟိုနေ့က အိမ်ကို သတိရလို့ မေးကြည့်တော့ ဘုရားကြီး တည်နေတာ တော်တော်ပြီးစီးနေပြီလို့ သိရပါတယ် .. အဲဒါနဲ့ အိမ်ကို အပူကပ် ဓါတ်ပုံအတင်းရိုက်ခိုင်းပြီး ဘလော့ဂင်းတော့တာပါပဲ .. :D (မဖူးရသေးတဲ့သူတွေ ဖူးစေချင်တဲ့ စေတနာပါ :P)




ဖြည့်စွက် -

ဆ၇ာတော်ဘု၇ားကြီးကို အဓိဌာန်ဆ၇ာတော်ကြီးဆိုပြီး လူသိများပါတယ်။ ၇ခိုင်ပြည်နယ်စစ်တွေမြို့ မှဖြစ်ပါတယ်။ ဆ၇ာတော်ဘု၇ားကြီးထံတွင် သစ္စာဆိုပြီး ဆုတောင်းပါက ဆုတောင်းပြည့်ပါတယ်။ စင်္ကာပူနိုင်ငံသို့ မကြာခဏ ကြွေ၇ာက်လာတတ်ပါတယ်။ မေလ ၇ ၇က်နေ့ က စင်္ကာပူနိုင်ငံမှတဆင့် အမေ၇ိကန်နိုင်ငံသို့ ကြွချီသွားပါတယ်။ အမေ၇ိကန်နိုင်ငံတွင် ၀ါဆိုပါမည်။

စာဖတ်သူတဦး
(စာဖတ်သူတဦးမှ ဖြည့်စွက်ပြောပေးသွားတာပါ .. ခုလို သိရလို့ စာဖတ်သူကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင် ..း))

12 comments:

မောင်မျိုး said...

ဘုရားဖူးသွားပါတယ် သာဓုပါဗျာ

ကျေးဇူးလည်းတင်တယ် ။ နင်ဘယ်တုန်းက ပြန်သွားတာပါလိမ့် မင်္ဂလာပြန်ဆောင်တာလားး)

Phyo Maw said...

ဒီဇင်ဘာရန်ကုန်ပြန်ဖြစ်ရင် ဖူးဖြစ်ြအောင် သွားဖူးဦးမှ မမမိုးခါးရေ =D

ဇွန်မိုးစက် said...

အစ်မ မတ်လပြန်တုန်းက မြောက်ဥက္ကလာက အသိအိမ်သွားပြီးအပြန် လမ်းကနေ အဲဒီ့ဘုရားကြီး ဖူးခဲ့ရသေးတယ်။း)

မိုးယံ said...

သာဓု သာဓု သာဓု ပါဗျာ.

ဘုရားဖူးသွားပါတယ်။

အလင်းသစ် said...

ဖူးမြော်၊ကြည်ညိုသွားပါတယ်။။။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘုရားပုံက တစ်ခုခုထူးခြားနေသလိုဘဲနော်
မြင်ဖူးနေကျ ဘုရားတွေနဲ့ မတူတာအမှန်ဘဲ
ဖူးခွင့်ရတာ ကျေးဇူးပါ

Angelhlaing(May everybody be happy and healthy! said...

ဖူးမြှော်ကြည်ညိုခွင့်ရလို့ ကျေးဇူးပါရှင်..
ကောင်းသောနေ့လေးဖြစ်ပါစေ။

noblemoe said...

ဘုရားဖူးသွားကြောင်းပါ။ ကျေးကျေးစ်
နောင်၂ လလောက်ဆိုရင်တော့ ကိုယ်တိုင်သွား ဖူးဖြစ်မယ်ထင်ပါတယ်။ တကယ့်ကိုကျေးဇူးစ်


သာယာချမ်းမြေ့ပါစေရှင်း
မိုး

နေ၀သန် said...

သာဓုပါဗျာ... တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့.. စာရှည်ရှည်လည်းမရေးရတော့ဘူး.... ကုသိုလ်လည်းရပေါ့.... လည်ပါ့.. :D

ခင်မင်လျက်
နေ၀ဿန်

လရိပ်အိမ် said...

ကျေးဇူးတင်ပါတယ် သူငယ်ချင်းလေးရေ

Anonymous said...

ဆ၇ာတော်ဘု၇ားကြီးကို အဓိဌာန်ဆ၇ာတော်ကြီးဆိုပြီး လူသိများပါတယ်။ ၇ခိုင်ပြည်နယ်စစ်တွေမြို့ မှဖြစ်ပါတယ်။ ဆ၇ာတော်ဘု၇ားကြီးထံတွင် သစ္စာဆိုပြီး ဆုတောင်းပါက ဆုတောင်းပြည့်ပါတယ်။ စင်္ကာပူနိုင်ငံသို့ မကြာခဏ ကြွေ၇ာက်လာတတ်ပါတယ်။ မေလ ၇ ၇က်နေ့ က စင်္ကာပူနိုင်ငံမှတဆင့် အမေ၇ိကန်နိုင်ငံသို့ ကြွချီသွားပါတယ်။ အမေ၇ိကန်နိုင်ငံတွင် ၀ါဆိုပါမည်။

စာဖတ်သူတဦး

flowerpoem said...

ဘုရားဖူးရတာကျေးဇူးတင်ပါတယ်ရှင်..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...