Sunday, February 19, 2012

အလွဲများနဲ့ အသက်မ၀တဝ

နဲနဲမကဘူး
အလွဲတွေက များတယ် ...။

အချိန်တွေ လွဲ
နေရာတွေ လွဲ
အသက်ရှူတွေလည်း လွဲ ...။

စာသင်ခန်းထဲက ကလေး
လမ်းဘေးရောက်တယ်
အမှိုက်ကောက်တယ် ...။

တက္ကသိုလ်က မိန်းကလေး
ဘားရောက်တယ်
ကာရာအိုကေခန်းရောက်တယ် ...။

အရွယ်အရ တက်ကြွနေရမယ့် လူငယ်လေး
မျှော်လင့်ချက်မဲ့
မျက်ဝန်းတွေ အရောင်မဲ့ ...။

အဖိုး အဖွားတို့
တရားနဲ့ မျက်နှာချင်းဆိုင် ထိုင်နေရမယ့် အချိန်
လမ်းဘေးဈေးရောင်း ၀မ်းစာရှာရတယ် ...။

အသက်ရှင်မှုအတွက် ရုန်းကန်
လေထုတွေ နေရာလွဲသလား
အသက်ရှူရ မ၀ တ၀ရယ် ...။

ဘယ်မှာလဲ
ငါတို့ရဲ့ အိမ်မက်
ဘယ်မှာလဲ
ငါတို့ရဲ့ မျှော်လင့်ချက်
ဘယ်မှာလဲ
ငါတို့ရဲ့ တန်ရာ တန်ကြေး ...။

ပျောက်ဆုံးမှုတွေ လိုက်ရှာ
အချိန်တွေတော့ လျော့လိုက်လာတယ်
ငွေ့ငွေ့လေးပဲ လေကိုရှူသွင်းလိုက် ရှူထုတ်လိုက်
မှန်းဆ ရမ်းဆ လှမ်းလိုက်
စမ်းတ၀ါးဝါးလမ်းတွေ များဆဲ ...။

ဘယ်မှာလဲ
ဘယ်တော့လဲ
ဘယ်လောက်ကြာဦးမလဲ ...။

6 comments:

လွင်ပြင်လှိုင်းငယ် said...

တန်ဖိုးရှိလိုက်တဲ့ ကဗျာကောင်းလေး

Thandar Lwin said...

မိုးခါးရေးတာလေးတွေ သိပ်သဘောကျတယ်...း) အဓိပါယ်ရှိတယ်။

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကို လွဲနေတာတွေပဲမမ ..
ခံစားအားပေးလျှက်..

မဒမ်ကိုး said...

တော်တော်ကြာအူးမယ်ထင်တာဘဲ အဲဒီအလွဲတွေက .းP

Anonymous said...

မှန်လွန်းတော့ဘာပြောရမှန်းမသိဖူး
လူတိုင်းအသက်ရှူတိုင်းစိတ်အေးချမ်းမှူရှိကြပါစေ...


ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

နေ၀သန် said...

ဘယ်တော့လည်းတော့ တို့လည်းသိဘူးကွယ်.. ဟိုသီချင်းလိုပေါ့.. မျှော်တော်ယောင်.. မျှော်တော်ယောင် ဘ၀ကလွတ်ချင်ပြီ ဆိုတာပေါ့..

ခင်မင်လျက်
နေ၀သန်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...