Tuesday, February 21, 2012

စကားပြောသော ......


တိမ်တွေရဲ့ အရောင်ဆင်းကို ကြည့်ပြီး မိုးသားအသွားအလာကို သိနိုင်တယ်

ကောင်းကင်ရဲ့ ကြည်လင်မှုကိုလိုက်ပြီး ရာသီဥတုအခြေအနေကို သိနိုင်တယ် 

လူတွေရဲ့ စကားကိုလိုက်ပြီး ဒီလူရဲ့ အတွင်းစိတ်ကို ခန့်မှန်းရနိုင်တယ်

ဒီလူရဲ့ မျက်ဝန်းကို ကြည့်ပြီး ရိုးသားမှုကို အတိုင်းတာ တခုထိ ရှာဖွေတွေ့ရှိနိုင်တယ် 

မျက်ဝန်းဟာ စိတ်ရဲ့ တံခါးပေါက်မို့ စိတ်တွေရှင်းလင်းကြောင်း မျက်ဝန်းနဲ့ သက်သေခံလိုက်ပါ

အကယ်၍များ မျက်ဝန်းတွေ မကြည်လင်နေခဲ့ရင် မျက်လုံးတွေ အသာမှိတ်  တိတ်တိတ်လေးသာ နေနေလိုက်ပါ ..

5 comments:

ကိုရင် said...

အသာမှိတ်နေတာပဲ ကောင်းပါတယ် ကိုမိုးခါးရယ် :D

မဒမ်ကိုး said...

မကြည်လင်လို့မှိတ်ပီးအိပ်တာဘဲကောင်းတယ်ဟာ ဟိဟိး)))

Thandar Lwin said...

မျက်ဝန်းတွေ မကြည်လင်နေခဲ့ရင် မျက်လုံးတွေ အသာမှိတ် တိတ်တိတ်လေးသာ နေနေလိုက်ပါ .. အင်း မှိတ်နေချင်တာ ရုံးမှာဆိုတော့....း)

နေ၀သန် said...

ဟုတ်ကဲ့.... ကိုမိုးခါး... :P
အခုတော့ မျက်လုံးမှိတ်ထားတယ်.. မျက်ရိုးကိုက်နေလို့.... :P

ခင်မင်လျက်
နေ၀သန်

Anonymous said...

ဘလော့မှာရေးထားတဲ့စာသားတွေကိုကြည့်ခြင်းအားဖြင့်
ဘလော့ပိုင်ရှင်ရဲ့စိတ်ကိုလည်း ခန့်မှန်းလို့ရပါတယ်း)
ဘယ်လိုမှန်းလည်း မေးရင်တော့
မျက်လုံးတွေအသာမှိတ်ပြီး တိတ်တိတ်လေးနေလိုက်ပါ့မယ်။း))
(ဥာဏ်မှီသလောက်ရေးထားတာပါ ဆိုတာလေး
ဖျက်ပေးပါ။ကျေးဇူးး)


ချစ်ခင်လျှက်
မိစံ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...