Thursday, February 16, 2012
Cameron Highlands (Malaysia) - 2
Cameron Highlands (Malaysia) ပထမပို့စ်မှာ အထင်လွဲစရာတွေ တော်တော်ဖြစ်သွားတယ် .. ဒီလိုပဲ စကားပြောသလို ကမ်မရွန်းလို့ ရေးလိုက်လို့ ကိုယ်ပဲ တခြားနိုင်ငံ ကူးသွားသလိုလို :P တကယ်ကတော့ အရင်နေရာဟောင်းလေးမှာပါပဲ .. :D
Malaysia ရဲ့ Cameron Highlands ကို ဆက်သွားရအောင် ..
လဘက်ခင်းတွေပြီးတော့ Rainforest ကို ဆက်သွားကြပါတယ် .. အပေါ်ကို တက်သွားလိုက်တာနဲ့ ပိုပြီးတော့ အေးစိမ့်လာတယ် .. (ကံဆိုးစွာနဲ့ အနွေးထည် မပါသွားပါ) ဒါပေမယ့် ကြိုက်တယ် .. ဒီလိုပဲ လျှောက်သွား .. လမ်းတွေက မိုးရွာပြီးစလိုပဲ အမြဲတမ်း စိုစွတ်နေတယ် .. မကျယ်တဲ့ တံတားလမ်းလေးတွေအတိုင်း လျှောက်ရတယ် .. မြင်ရတဲ့ မြင်ကွင်း တော်တော်များများက မှုန်မွှားနေတယ် .. ရေမှုန်ရေမွှားလေးတွေကပ်နေတယ် ..
 အစဆုံးသွားတာတော့မဟုတ်ဘူး .. လိုက်ပို့တဲ့လူက ရပ်တော့ လှည့်တော့ဆိုတော့ ပြန်လှည့်ခဲ့ရတယ် .. အချိန်ကိုက် မိုးက ရွာသေး ..
 ရောက်ပါပြီ .. ပန်းပျိုးခင်း အရောင်းဆိုင်လေးပါ .. ပန်းမျိုးစုံစုံ သစ်ပင်သေးသေးလေးတွေ စုံလင်ပါတယ် ..
 ပန်းခင်း .. သိပ်တော့မလှဘူး .. မြင်းအီးစော်လိုလို နွားအီးစော်လိုလို နံသေးတယ်
 စိုက်ခင်း (ခရမ်းချဉ်)
 ခရမ်းချဉ်ခင်းပါ .. ချစ်ဖို့ကောင်းတယ်နော် .. အသီးလေးတွေကး)
 စတော်ဗယ်ရီစိုက်ပျိုးခင်းပေါ့ .. ၀င်ပြီးအခင်းမှာကိုယ်တိုင် ဆွတ်လို့ရပေမယ့် မဆင်းခဲ့ဘူး .. (ပိုက်ပိုက်ကုန်မှာစိုးလို့) အပြင်မှာရောင်းတဲ့ စတော်ဗယ်ရီသီးကို ချောကလက်နှစ်ပြီးရောင်းတာ အရမ်းစားလို့ ကောင်းတယ် ..
ဆလပ်ရွက်စိုက်ခင်း .. ကြည့်လိုက်ရင် သိပ်လှတာပဲ .. သူငယ်ချင်းတွေကတော့ ကိုယ်တိုင်ဆွတ်ပြီး ၀ယ်ကြလေရဲ့ ..
  ဟိုတယ် အတွင်းခန်း .. ကိုယ့် စလုံးက အခန်းထက် ၅ဆလောက်ကျယ်တယ် .. ရောက်တော့ မပြန်ချင်ဘူး .. :D အေးစိမ့်ပြီး နေလို့ကောင်းတယ် .. အဲ ညကျတော့ သရဲ နဲနဲကြောက်တယ် .. :D တိတ်ဆိတ်ပြီး အေးစိမ့်နေလို့
 ဟိုတယ်ခန်းကနေ အပြင်ဘက်ကို မျှော်ပြီး ရိုက်ထားတာ ..
 ပတ်ပတ်လည် တောင်တွေဝိုင်းလို့ .. တောင်ကြီးတို့ မေမြို့တို့ သံတွဲတို့ သွားသတိရတယ် ..
 ဟိုတယ်က တော်တော်ကြီးတယ် .. ကိုယ့်အခန်းက တခြားဖက်ဟိုတယ်ကို လှမ်းရိုက်ထားတာ ..
 ဟိုတယ်ခန်းကနေ အောက်က ပန်းခြံကို မြင်ရပုံ
 ညစာ steamboat
 ညဈေးက လမ်းဘေးမှာ ရောင်းတဲ့ အစာတွေ .. ဗိုက်တင်းနေတော့ မစားခဲ့ပါဘူး .. ကုန်ကြမ်းရှာရုံ
 ဒါက ကော်ဖီချိန် .. တယောက်ကို ကော်ဖီ၁ခွက် မုန့်တခု ..
 ဟိုတယ် တံခါးပေါက်
 တည်းခဲ့သော ဟိုတယ်
 ဟိုတယ် ပန်းခြံ
 ဟိုတယ် ပတ်ဝန်းကျင်
ဟိုတယ် ပန်းခြံ
သူငယ်ချင်းတွေ လက်မှတ်ဝယ်မယ် ဆိုပြီး သွားဖြစ်လိုက်တဲ့ ခရီးလေးပါ .. စုစုပေါင်း ၆ယောက် သွားကြတယ် .. ၁ညအိပ် ၂ရက်ခရီး .. စလုံးက ပရိုမိုးရှင်းချတဲ့ ဆိုက်တွေကနေ၀ယ်ပြီး သွားတာပါ .. ပက်ကေ့ရှ်က အသွားအပြန်ကားခ ဟိုတယ်ခ မနက်စာ ၁ခါ ညစာ ၁ခါ ကော်ဖီချိန် ၁ခါ ပါပါတယ် .. အဲဒါကိုမှ စုစုပေါင်း ၉၀ကျော်ကျပြီး ကျန်တဲ့ အခင်းတွေသွားတာတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပေါ့ .. (တန်တယ်နော် .. နဲနဲတော့ တန်တယ်လောက်လုပ်လိုက်ပါ) :D
ထပ်သွားချင်သေးတယ် .. ၁ခါရောက်ပြီးပေမယ့် အခွင့်ကြုံရင်ထပ်သွားဦးမယ် .. ရာသီဥတုကို အရမ်းကြိုက်လို့ပါ .. ပြီးတော့ အသီးအရွက်တွေ အရမ်းလတ်ဆတ်တယ် .. ပြောင်းဖူးမီးဖုတ် ၀ယ်စားတာ အရမ်းစားကောင်းတယ် .. တကယ့်စိတ်နဲ့ဆို အမြန်အမြန်နဲ့ လျှောက်မသွားချင်ဘူး .. ကိုယ့်စက်ဘီးလေးနဲ့ကိုယ် တနေရာသွားလိုက် နေချင်သလောက်နေလိုက် အဲလိုလုပ်ချင်တာ .. (စီးတတ်တာလိုက်လို့ :P)
နောင်များ အခွင့်အရေးလည်းရှိ ပိုက်ပိုက်လည်းရှိခဲ့ရင် ကျော်ပိုးအိတ်တလုံးလွယ် ခရီးတွေ လှည့်ထွက်ပစ်လိုက်ချင်တယ် ..
ကမ်မရွန်းဟိုက်လန်း ခရီးစဉ် ဤတွင်ပြီး၏ ...
13 comments:
Anonymous said...
ရှု့ခင်းလေးတွေ..လှတယ်ဗျို့း)
တော်တော်အေးမယ့်ပုံဘဲ။
ပန်းခြံအောက်က တတိယမြောက်ပုံက
ိစိမ်းစိမ်းကြီးတွေနော်။ဘာဟင်းလဲဟင်အစ်မ?
(ခရီးစားရိတ်ကတော့.တန်ပါတယ်း)
ချစ်ခင်လျှက်
မိစံ
မိုးခါး said...
စံရေ
ပုဇွန်တို့ ငါးတို့ အသားစိမ်းတွေလေ .. အိုးထဲထည့်ပြုတ်ဖို့ ရယ်ဒီ :D
ကိုရင် said...
တောထဲထိ ဆက်သွားလိုက် ပီးတာပဲ..တို့ဘက်က ရွာတွေ အတိုင်းပဲ..ပုဆိုးခြုံလေးတွေနဲ့ ထွက်လာကြတာ..မီးတောင် မရဘူး :D
ညီရဲ said...
ကမ်မရွန် ဟိုက်လန်းက ကျော်ကြားတဲ့နေရာ ဆယ်နေရာ ရှိတယ် ပြောတယ်... နေရာစုံတော့ မရောက်ခဲ့လိုက်ဘူး... ရေတံခွန်တော့ ရောက်ဖြစ်ခဲ့တယ်... တစ်နေရာနဲ့ တစ်နေရာက နဲနဲဝေးတော့ တစ်ညအိပ်လောက်နဲ့ နေရာစုံသွားဖို့ မလွယ်ဘူး... ကြုံရင် နောက်တစ်ခေါက်လောက်တော့ ထပ်ရောက်ချင်သေးတယ်... Rainforest ဆိုတဲ့ နေရာကို မရောက်ခဲ့ပေမယ့် ခုဓာတ်ပုံထဲကနေ ရောက်ဖူးသွားခဲ့ပြီ... ကျေးဇူးပါ မိုးခါးရေ...
မဒမ်ကိုး said...
မှတ်ထားတယ်ဟေ့ ခုထိကိုမရောက်သေးတား))
ဒင်းကပို့မယ်ပို့မယ်နဲ့လေ
နေနှင်ဦး ကိုယ့်ဟာကိုယ်သူငယ်ချင်းတွေနဲ့ခိုးလစ်မယ်း)))
ရောက်လို့ကတော့ကွာ လက်ဖက်ခင်းကနေေ၈ွလှိမ့်သလိုလှိမ့်ချပစ်မယ်း)))
ချစ်တဲ့
မဒိုးကန်
နေ၀သန် said...
လည်မယ်ပတ်မယ်.. :D.. ကင်မရွန်း.. ရောက်လည်းရောက်ဖူးဘူး.. ကြားလည်းကြားဖူးဘူး..းD
ခင်မင်လျက်
နေ၀သန်
Anonymous said...
ဆလပ်ရွက်တွေ စိမ်းစိုနေတာပဲ ..
သုပ်စား၊ တို့စား ချင်လိုက်တာ ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
8Yar said...
ဝါး မိုက်တယ်ဗျာ။ သွားချင်လိုက်တာ။ စိုက်ခင်းတွေကြည့်ရတာ အရမ်း လတ်ဆတ်မဲ့ပုံပဲ။ ဒါပေမယ့် နွားချီးနံ့တော့ကြောက်တယ်။ ဟီး။
လွင်ပြင်လှိုင်းငယ် said...
အရမ်းကို လှတဲ့ ရှုးခင်းတွေပါ
လွန်ခဲ့တဲ့ ၈နှစ်လောက်ကတော့ ရောက်ဖူုးပါတယ်
Angelhlaing(May everybody be happy and healthy! said...
မမ နောက်တစ်ခါသွားရင် ကျောပိုးအိတ်ထဲ လိုက်ပရစေနော်...:):)
ချော(အစိမ်းရောင်လွင်ပြင်) said...
Rain Forest က နာမည်နဲ့ လိုက်ပါပေရဲ့ စိုစိုစွတ်စွတ်နဲ့...
ရေမှုန်မွှားလေးတွေ လွှင့်နေတာ ချစ်ဖို့ကောင်းတယ်
အပင်တွေလည်းလှတယ်..
ရောက်ဖူးချင်စရာကြီး..
ဓာတ်ပုံတွေနဲ့တင် စိတ်ချမ်းသာမိတယ်..
အစားအသောက်တွေလည်း တကယ်ရှယ်ပါလား. ..
တို့သာသွားမယ်ဆို အိတ်ကြီးကြီး ယူခဲ့မယ်နော်း)
ဇွန်မိုးစက် said...
မဇွန်လည်း အဲဒီ့နေရာတစ်ခေါက်ထပ်သွားချင်တယ်။ အေးအေးဆေးဆေးပေါ့။ ဟိုတစ်ခေါက် ၂ညအိပ် ၃ရက်ခရီးသွားတာ အလယ်တစ်တရက်ပဲ ကင်မရွန်းမှာ လျှောက်လည်ပြီး နှစ်ရက်က မလေး-စလုံး ခရီးစဉ်ဖြစ်သွားတော့ ခရီးပန်းသွားတယ်။
တန်တယ် ညီမရေ။ အစ်မတို့ သွားတုန်းက အခုထက် ၄ဆလောက် ပိုပေးလိုက်ရတယ်။ တရုတ်နှစ်ကူးရက် ဖြစ်နေတာကြောင့်လည်း ပါတယ်။ :D
အင်ကြင်းသန့် said...
မိုးခါးရေ...စုစုပေါင်းမှ ၉၀ကျော်ပဲကျတယ်ဆိုတော့ တန်လိုက်တာ....တို့သွားတုန်းက အများကြီးပေးရတယ်။ ဘာပဲပြောပြောအခွင့်သာရင် ထပ်သွားချင်သေးတယ်။း)
နှစ်သက်မယ်ထင်မိတာလေးတွေ
Related Posts Plugin for WordPress, Blogger...