Monday, July 6, 2009

ငယ်ဘ၀ကို အမှတ်ရစေသောဟင်း + သီချင်း

ငယ်ငယ်တုန်းတည်းက ဟင်းဆို ဂျီးများတယ် .. ဟင်းတခုတည်းမဟုတ်ပါဘူး အကုန်လုံးပဲ ကိစ္စတော်တော်များများမှာ ဂျီးများတယ် ..

ငယ်ငယ်တုန်းက သတိရနေတာ ထမင်းကို ကုန်အောင်မစားဘူး အစားနည်းတယ် .. အဲလိုမျိုးဆို အိမ်က အမေတို့ အဒေါ်တို့က ထမင်းကို ဘယ်လောက်ထိ ကုန်အောင်စား .. အဲလိုဆို မိုးပေါ်က ငါးသလောက်ဥကြီး ပြုတ်ကျလာမယ်ဆို ပြောပြောနေတာ အမှတ်ရနေတယ် ..

ငယ်ငယ်တုန်းက နေတဲ့အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ်လေး .. နောက်ဖေး မီးဖိုချောင်မှာ နေ့လည်ဖက် အလင်းရောင်ဝင်အောင် ခေါင်မိုးမှာ အကြည်ရောင်လေး အုပ်ထားတယ် .. ငယ်ငယ်တုန်းကတော့ ကိုယ်ထမင်းကို ကုန်အောင်စားလို့ ဟင်းတွေ ပြုတ်ပြုတ်ကျလာသလားပေါ့ .. ကြီးတော့မှ အနှပ်ခံရမှန်းသိတယ် .. :P

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းရယ်လို့တော့ မရှိဘူး .. ကိုယ်ကြိုက်တတ်တာလေးတွေ ဒီမှာနေနေရင်း စိတ်ကူးပေါက်လို့ စားချင်တာလေးတွေတော့ ရှိတယ် ..

ဟိုတလောက မေကြီးချက်တဲ့ ကြက်သားပြုတ်ကျော်ကို စားချင်တာ အရမ်းပဲ .. ဘယ်လိုချက်လဲဆိုတော့ အိုးထဲထည့်ချက်ပေါ့နော် .. ဆီတွေ ရေတွေ ဆား အချိုမှုန့် ငံပြာရည် ကြိုက်သလောက်ထည့်ချက်ပေါ့ .. :P

နောက်တခုက ငါးသေးသေးလေးတွေကို အိုးကပ်ချက်တာ ပုဇွန်လေးတွေ အိုးကပ်ချက်တာ စားချင်တယ် .. စဉ်းစားမိပြန်တော့ ငါးသေးသေးလေးတွေ ပုဇွန် သေးသေးလေးတွေ သနားစရာတော့ ကောင်းတယ်နော် .. လူတွေ ထမင်းတပန်းကန်ကုန်ဖို့ သူတို့က အများကြီး သေပေးရမှာ ..း( .. ဒါပေမယ့် စားလို့လည်း ကောင်းနေတာကိုး .. :P

နောက် သံတွဲက ရခိုင်မုန့်တီ သောက်ချင်တယ် .. တော်ဝင်နှင်းဆီက နန်းကြီးသုတ်စားချင်တယ် .. ဒင်းဆန်း လည်းစားချင်တယ် .. ဒီမှာ ၀ယ်စားတာ ၂ တုံးကို ၂ကျပ်တဲ့ .. ဈေးကြီးလိုက်တာ ..း( .. လမ်းကြောင်းတွေတော့ ချော်ကုန်ပြီ .. (လူက အူကြောင်ကြောင်ဖြစ်ချင်နေလို့ပါ :D)

ဘာစားချင်သေးလဲဆိုတော့ ခုလောလောဆယ် စဉ်းစားလို့မရတော့ဘူး .. စဉ်းစားလို့ရရင် တဂ်တဲ့ မမေကဆုန် ချက်ကျွေးမှာလား ..:D ..

ဒီလောက်နဲ့ ကျေနပ်ပေးပါနော် .. ချက်ပြုတ်ပုံ ချက်ပြုတ်နည်းကတော့ စာအုပ်ထဲမှာ ရှာဖတ်နိုင်ပါတယ် .. :P

ဒီသီချင်းကတော့ တနေ့လုံးနားထောင်နေတဲ့အထဲက ကြိုက်တဲ့သီချင်းလေးပါ .. ဆုန်သင်းပါကိုကြိုက်တယ် .. သူ့သီချင်း တော်တော်များများကို ကြိုက်တယ် .. ပထမဆုံး ခွေတည်းက နားထောင်ဖြစ်တာ .. တကိုယ်တော်ခွေ ဆက်ရန်လို့ ထင်တယ် ..

mp3 လိုချင်ရင် ဒီမှာ ပါ ..

နောက်တပုဒ် ကြိုးကြာဆိုထားတာ .. လိုချင်ရင် ဒီမှာပါ .. အသိုက်မဲ့ငှက် တဲ့ .. တခွေလုံးမှာ အဲဒီနှစ်ပုဒ်ပဲ ကြိုက်တယ် ..

အလုပ်လည်းမသွားချင်ဘူး .. လူက တော်တော်အကျင့်ပျက်နေတယ် .. ဒီနေ့လည်း မကောင်းတဲ့ ကွန်ပျူတာ သွားပြင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်ယူတယ် .. အေးရောပဲ .. ရုံးကိုတော့ အိမ်ပြောင်းမယ့် ကိစ္စရှိတယ် ဖောရတယ် .. အကျင့်မကောင်းဘူးနော် .. မကောင်းတဲ့အကျင့်တွေ တော်တော်များတာ .. နောက်တော့သိလာလိမ့်မယ် ..း)



အားလုံးကို အဆင်ပြေ ပျော်စေချင်တယ် ..
ကွန်ပျူတာရှေ့ထိုင်နေရင်း စကားမပြောနိုင်တာလည်း ၀ဋ်ပဲ ..


28 comments:

Yu Ya said...

မမိုးခါးရေ... သီချင်းတွေလည်း နားထောင်သွားတယ်၊ စာတွေလည်း ဖတ်သွားတယ်။

yu ya

သီဟသစ် said...

.com နဲ့ အီဆင့်မြင့်တွားပြီကိုး

မိုက်တယ်

:D

ခင်မင်စွာဖြင့်
သီဟသစ်

မေဇင် said...

အာ...မမိုးခါး...လုပ်တာနဲ့ ငါးကလေး အိုးကပ် အရမ်း စားချင်သွားပြီ... ဒွတ်ခ ပဲ...း( ။ ကင်းပွန်းချဉ်ရွက် အချဉ်ဟင်း လေး နဲ့လေ ။ မမိုးခါး ပြန်ချက်ကျွေးရမယ်နော်.. :P ။ ဘာလို့ ဘယ်မှ မသွားတာလဲ...? ၊း) သီချင်းလေး တွေ ကြိုက်တယ်...။ အကြာကြီး နားထောင်သွားတယ် ၂ ခါ စီ။း)

စိုင်းစိုင်းလားရှိုး said...

ငါးကလေးအိုးကပ်ကို ရှမ်းနံနံလေး အုပ်လိုက် အလဲ့လဲ့ ကောင်းမှကောင်းနော်

Unknown said...

အင်းးမစားရအညောှ်ခံ.ဆိုတာမိုးဖြစ်နေတယ်.
အကြိုက်တွေ..ချည်းပဲကော..
ပျော်ရွှင်ပါစေ..မိုးခါးရေ

Sein Lyan Tun said...

အကိုလဲ ထမင်းစားရင် ကုန်အောင်စားလေ့မရှိဖူး

ခဏခဏ အဆူခံရတယ်

ဆူရင်လည်းရွဲ့ပြီး မစားတော့ပြန်ဖူး

ချော့ပြောလို့လဲမရဘူးပေါ့လေ

အကိုကတော့ အင်ဥပြုတ်သုတ်လေး နဲ့ ပုစွန်ပြုတ်ကိုစားချင်တယ်...း)
ဗြဲ.. ပြောရင်းနဲ့စားချင်လာပီးး

သီချင်းလေးကိုနားထောင်သွားတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

Ree Noe Mann said...

ချစ်ညီမလေး

မအားတဲ့ ကြားက လာခဲ့တယ်နော်။
ဟိုနေ့က မင်္ဂလာဆောင် သွားပြီး အားမကျခဲ့ဘူးလား။
ဟီး ဟီး အားကျရင် ဂျပန်ကောင်းလေးနဲ့ မှာလိုက်နော်။
ဒါမှမဟုတ်ရင် မကြီးဝါကို အကူအညီ လှမ်းတောင်း။
နောက်တာပါ ငါ့ညီမရေ။

တော်သေးတာပေါ့ ငါ့ညီမလေး စကားမပြောနိုင်လို့
ပြောနိုင်ရင် တက်ခ် များခံရအုံးမလားပဲ။

ငါ့ ညီလေးဖြစ်မဲ့ ညီလေး အတွက်တော့ စိတ်မကောင်းဘူး
ညီလေးရေ။ ငါ့ညီမက ဘာမှ မချက်တက်ဘူးနော်။

သည်းခံ သည်းခံ ညီလေးရေ။

ညီမလေး ကိုယ့်မကောင်းကြောင်းတွေ သိပ်မပြောနဲ့
တော်ကြာ ငါ့ညီမ အပျိုကြီး ဖြစ်နေအုံးမယ် ကြားလား။

သီချင်းနားထောင် ပြီး ပြန်သွားပြီ။

နောက်မှ တွေ့မယ်။

ကိုရီနို

အဆိပ်ခွက် said...

အစ်မ လာလည်တယ်ဗျာ.. ကျနော် တောင်ဗိုက်စာလာပြီး...
သီချင်းလေးက မိုက်တယ်ဗျ.. သိလာ..ဒီစာသားလေ မိုက်တယ်

မဖြစ်သင့်မှန်းသိတယ် ဦးနှောက်ကလည်းနားလည်တယ် မလွန်ဆန် နိုင်နှလုံးသား နင်တစ်ယောက်တည်းလျှောက် လိုက်ပါ. ဝင်ခွင့်မရှိတဲ့ မင်း. မငိုပါနဲ့ချစ်သူရယ် အချစ်စစ်ဖြစ်ရင်တော့ ..

မိုက်တယ်ဗျာ.. ငိုတော့မငိုပါနဲ့ ...

ခင်မင်လျှက်
အဆိပ်ခွက်

သီဟသစ် said...

ခွက်ခွက်ကပြောတာနဲ့
ထပ်လာပြီး သီချင်းနားထောင်သွားပြီ

ကဗျာတွေ သီချင်းတွေက စကားတွေ ပြောနေတယ်ကွယ် :D

ခင်မင်စွာဖြင့်
သီဟသစ်

ဂျူနို said...

ဆုန်သင်းပါနဲ့ ဇာဂနာသရုပ်ဆောင်ထားတဲ့ သီချင်းကြိုက်တယ်

လင်းကြယ်ဖြူ said...

ငါးကလေးအိုးကပ်တဲ့ ...ကောင်းမှကောင်းပဲဟေ့...
သီချင်းလေးကောင်းတယ်..

တလနွန် said...

သီချင်းလေးတွေ ကြိုက်တယ်..အခုတစ်လော ဒီကအစာတွေ ခံတွင်းမတွေ့ နေ
တာနဲ့  :(

မေကဆုန် said...

ညီမလေး ရေးပေးလို့ ကျေးဇူးနော်.. မိုးခါးက အရင်ဆုံး ရေးပေးတာ.. ကျန်သူအားလုံးက အကြွေးတဲ့.. လိုက်တောင်းရဦးမယ် :)
မေကဆုန်လည်း ငါးလေးအိုးကပ်ကြိုက်တယ်.. ရခိုင်မုန့်တီကတော့ ဘယ်အချိန်စားစား ကြိုက်နေတာပဲ..
မိုးခါး စားချင်တဲ့ ဟင်းပြောလေ.. ချက်တတ်ရင် ချက်ကျွေးမယ်နော်.. အိမ်လာခဲ့

နွေးနေခြည် said...

ချစ်ခါးရေ... ဗိုက်ချာလိုက်တာ... ရေးထားတာတွေအကုန်စားချင်တယ်။
သီချင်းတွေ နောက်မှလာနားထောင်မယ်... သိတယ်မလား.. ခုဘယ်မှာလဲဆိုတာ ဟင့်ဟင့်
နောက် ခွင့်ယူဖို့ အကြောင်းပြချက်လိုချင်ရင် မိုးခါးကိုလာမေးရမယ်... ဟဲဟဲ

မိုးစက်အိမ် said...

ပြောသွားလိုက်တာ မစာမနာ ရခိုင်မုန်.တီ
နန်းကြီးသုပ်တဲ. စာဖတ်နေရင်း တံတွေးတွေ
မျို မျို ချနေရတယ် မမိုးခါးကြီးရ :P
ချားချင်တယ် ၀ယ်ကျွေးဗျာ... :D

ဂျပန်ကောင်လေး said...

း)

WWKM said...

လာဖတ်သွားတယ် ညီမလေးရေ.
မမလည်းတက်ဂ်ကြွေးတင်နေတယ်. ရေးရဦးမယ်..
ဒါနဲ့ ရီနိုက ဘာပြောတာပါလိမ့်.. လိုအပ်ရင် မမ ကူညီနိုင်တယ်နော်.. ပြေား))))))
ညစ်တာရောင်ပြန်လေးလည်း စိမ်းကားတယ်. ဘယ်ရောကနေလဲ မသိဘူး။း((

မမ၀ါ

တောင်ပေါ်သား said...

သူလုပ်တာနဲ့ စားချင်သွားပြီဗျို့း) သီချင်းလေးလဲ နားထောင်သွားပါတယ်ဗျာ ဆုန်သင်းပါ ကတော့ မကြိက်ဘူးဗျး)

လေးစားလျက်
တောင်ပေါ်သား

ဝက်ဝံလေး said...

များ ဒီကနေ့ ဥပုသ် စောင့်ထားလို့နားမထောင်သွားဘူးနော် စိတ်ဆိုးနဲ့နော် မမ တာ့တာ ဘိုင်

မငုံ said...

အဟဲ မိုးခါးကြိုက်တဲ့ ဟင်းလေးတွေကို လာဖတ်တယ်။ သီချင်းနားထောင်ရင်း ဖတ်တော့ စားချင်လာတယ်။

မေလေး said...

ချစ်ခါးလေး
ငါကနင်များ ချက်ပြမလားလို့ အပြေးလာတာ ခုတော့ ဟင့် စောစောစီးစီး ဗိုက်ဆာအောင်လုပ်တယ်။ ရခိုင်မုန့်တီ ကို ငရုတ်သီးများများနဲ့ မကျည်းရည်များများနဲ့ကို သောက်ချင်တာ။
ခါးရေ မော့ကြည့်လိုက် မော့ကြည့်လိုက် ပုဇွန်အိုးကပ်ဟင်းအိုးကြီး အိုးလိုက် ကျလာတယ်။ဖမ်းထားလိုက်နော်။
ခွင့်လိုချင်ရင်နင်ဆီဖုန်းဆက်လိုက်မယ်နော်။
သီချင်းလေးလဲကောင်းပါ့။တော်ပြီဟယ်။နောက်မှဆက်ပြောတော့မယ်။
အာပွါးးးးး
အမြဲတမ်းခင်နေမဲ့
မေလေး

winwinlay said...

ယောင်း စားချင်တာတွေ များလှချည်လား..ယောင်းမတော်မယ်ဆိုလို့ ချက်ကျွေးအုံးမှာ..း)

puluque said...

ငါးကလေး အိုးကပ်ကတော့ အရမ်းကြိုက်သဗျ...ဒီအချိန်ဆို ရွာမှာငါးပေါက်ကလေးတွေ ပေါမှပေါ့....ဗိုက်တောင် ဂလုံဂလွမ်မြည်နေပီ..ရခိုင်မုန်တီကတော့ ရခိုင်ဆိုတော့ ကြိုက်သဗျ....ငါးသလောက်ဥလည်း ကြိုက်တယ်ဗျာ.....

မဆုမွန် said...

ငါးလေးအိုးကပ်နဲ့ ပုဇွန်ဆွေ့ဆွေ့ခုန် သုတ် ကျွေးမယ် နောက် မိုးအေးအေးနဲ့ ရခိုင်မုန့်တီ ပူပူစပ်စပ်လေး တိုက်မယ်..လာခဲ့နော်

ဂျာမုန်းဒန် said...

မိုးခါအကြိုက်တွေအားလုံးဂျာမုန်းလည်းကြိုက်တယ်။
ရခိုင်မုန့်တီ၊ ငါးကလေးအိုးကပ်ချက်ဆိုလို့တောင်ငယ်ငယ်တုံးက်ငါးဖမ်းပြီးချက်စားတာကိုသတိရလိုက်တာ။
တနေ့ကြုံကြမယ်ဆိုရင်....ဒါတွေအားလုံးလုပ်စားကြမယ်မိုးခါ်းရေ။
ချစ်တဲ့မမ
ဂျာမုန်းဒန်

ဇော် said...

ကျနော်လဲ ငါးကလေး အိုးကပ် အရမ်းကြိုက်တယ်ဗျ။
ဒေါ်လေးခါး ချက်ကျွေးမှာလားဟင်။ အဟဲ။ =)

ahphyulay said...

လာလည်ပြီးဘုရားတွေပါလိုက်ဖူးဖြစ်ခဲ့ ပါတယ်။
အဝေးရောက်၊ရေခြားမြေခြားရောက်နေတဲ့  အချိန်မှာ ပိုပြီး
ဖူးရတာ ကြည်နူးမိပါတယ်ဗျာ

mgnge said...

နင်ပြောမှပဲ ငါ့ကိုယ်ငါ ..နင့်ထက်တော်တာသိတော့တယ်..။ ဟင်းချက်နည်း များ ငါကတော့ စာအုပ်ထဲရှာမဖတ်ပေါင်..။
အိုင်တီခေတ်မှာ... အွန်လိုင်းကဘလော့တွေဖတ်ပြီး ချက်တာပေါ့..။
ဒါလေးများ အလွယ်လေး.... :P

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...