Sunday, February 13, 2011

၉၆ နှစ်မြောက် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့

ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ကို မှတ်မှတ်ရရရှိကြသူတွေကြောင့် မိုးလင်းတည်းက ဗိုလ်ချုပ် ကဗျာတွေ မိန့်ခွန်းတွေကို ကြားနေရပါတယ် .. ကြားဖူးနေတဲ့ ကဗျာတွေထဲကမှ အောက်က ကဗျာလေးကတော့ မိုးခါး မကြားဘူးတဲ့ ကဗျာလေးပါပဲ .. face book ကနေ ကြားလိုက်ရရာက ကိုယ့်ဘလော့လေးမှာ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ အဖြစ်ရော သိမ်းထားချင်တာကြောင့်ရော ဒီကဗျာလေးကို ကူးပြီး တင်လိုက်ပါတယ် .. ဗိုလ်ချုပ်ကို သတိရ အမှတ်ရနေကြတဲ့ သူတွေရော မသိကြတဲ့ မသိကြသေးတဲ့ သူတွေအတွက်ရော အမှတ်တရ ရည်ရွယ်ပါတယ် .. ဗိုလ်ချုပ်သာ ခုချိန်ထိ သက်ရှိထင်ရှားရှိနေမယ်ဆို ဒီနေ့ဟာ အသက် ၉၆ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ် ..

အာရုဏ်ဦးက ကြယ်နီ ဖြာ
ဗိုလ်ချုပ် အောင်ဆန်းပါ ..

တို့ဗမာပြည် အမှောင်ခွင်း
သူခေါင်းဆောင်လို့ လင်း ..

စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ် အာဇာနည် ..

တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ်ဘယ်မညှိုး ..

ရိုးသား ဖြောင့်မတ် သူ့မူယာ
ငယ်ငယ်တည်းက ပါ ..

ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ် ဦးအောင်ဆန်း ..

(ဦးတင်မိုး)

နောက် ကဗျာ တပုဒ်ကတော့ မိုးခါးအတွက် ရင်းနှီးပြီးသား ကဗျာလေးပါ .. အတူတူ ရွတ်ဆိုကြရအောင် ...း)

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား..။

၁၉၄၇ ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တဆယ့်ကို..း။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့သား..။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား..။

ခုချိန်ထိ ဗိုလ်ချုပ်ကို ဘာလို့ သတိတရ ရှိကြလဲ အမှတ်တရ ရှိကြလဲ ဗိုလ်ချုပ် အကြောင်း ပြောဖြစ်ကြရင် ဘာလို့ မျက်ရည်ဝဲကြရလဲ ..

ဗိုလ်ချုပ်ရဲ့ စေတနာ မေတ္တာတွေ အနစ်နာခံမှုတွေက စစ်မှန်ခဲ့လို့ပါပဲ .. ကျန်ရစ်တဲ့ စကားလုံးတွေမှာ ခံစားလို့ ရနိုင်ပါတယ်လေ ..

3 comments:

ahphyulay said...

အင်း...
သူ့ လို အေးမြတဲ့ မေတ္တာမျိုး ပေးနိုင်တဲ့ 
ခေါင်းဆောင်မျိုး၊ အရိပ်မျိုး မရနိုင်မကြုံနိုင်တော့ လို့ 
ပဲ လို့  ထင်ပါတယ်။
အခု ..ကြုံခွင့် ရှိနေတော့ လည်း မကြုံရတော့ 
အောင် အချေအနေတွေ ဖန်တီးနေတော့ တာကိုး။

မျက်မှန်လေး said...

ya...OUr independence Father...
I really miss and sad for him :(

ချမ်းလင်းနေ said...

ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိရင်လေ ညီမတင်ထားတဲ့ကဗျာတွေ သူ ဘယ်လိုလာပြောမလဲသိလား.........

မြေးလေးမိုးခါးးးးး
အဘ... ကဗျာတွေလာဖတ်သွားတယ်....တယ်...တယ်။
အသံတွေတုန်နေမယ့် ထင်တယ်။
(ခင်မင်မှုဖြင့်):P

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...