Sunday, May 31, 2009

တွေ့ခဲ့ဘူးသော ဘလော့ဂါများ


တွေ့ဘူးသောဘလော့ဂါများကို ပြောရမယ်ဆိုရင်တော့ .. ဘလော့မရေးခင်တည်းက ခင်တာ သူငယ်ချင်းကြီး ဗညားရှိန်ပါ .. အဝေးသင်တက်တုန်းက ခင်တာ .. နောက်ပိုင်း ဒီကိုရောက်ပြီးမှ သူလည်း ဘလော့ရေးဖြစ် .. မိုးခါးလည်း ဘလော့ရေးဖြစ်ခဲ့တာ ..

နောက် .. ဂျပန်ကောင်လေး .. ဆောင်းနှင်းရွက် .. ဘာတွေတုန်း တို့နဲ့ စုဗူးမှာ စာရေးရင်းခင်ခဲ့တယ် .. အပြင်မှာ တွေ့ကြရင်း နောက်ပိုင်းလည်း ဘလော့ရေးဖြစ်တော့ ဘလော့ မောင်နှမပေါ့ .. နောက်ပိုင်း လျှောက်လည်ရင်း ထပ်တွေ့ခဲ့တာက ဝေမင်းအိမ် ..

ဒီမှာနေပြီး ၁နှစ်နီးပါးမှာ ရန်ကုန်ပြန်ခဲ့တယ် .. အဲဒီမှာ တွေ့ဖြစ်တာ ပျိုခေတ်ပါ .. ပျိုခေတ် နဲ့လည်း စုဗူးမှာတည်းက ခင်လာတာပါ .. ရန်ကုန်ကျမှ တွေ့ဖြစ်ကြတယ် ..

ရန်ကုန်ကပြန်လာပြီး နောက်ပိုင်း အွန်လိုင်းမှာ မောင်နှမတွေနဲ့ စကားတွေပြောဖြစ်ကြတယ် .. စလုံးမှာ နေနေကြတဲ့ မောင်နှမတွေ စကားပြောရင်း ရင်းနှီးလာကြတယ် .. တကယ် ပြောဆိုနောက်ပြောင်ပြီး တကယ်ပျော်ဖို့ကောင်းတယ် .. ပုံတွေမြင်ရင် သိမှာပေါ့ ..

တခါကျတော့ မရောင်က နန်းကြီးသုတ်ကျွေးမယ်တဲ့ .. တွေ့ကြမယ်ပေါ့ .. မငြင်းပါဘူး .. မူလည်းမနေဘူး .. မသွားရင် ငတ်ရုံပေါ့ .. ဒါနဲ့ လာမယ်ဆိုပြီးသွားဖြစ်တယ် .. မရောင်ရဲ့ အိမ်မှာပါ .. အဲဒီတုန်းကတွေ့ဖြစ်တာတော့ မရောင်ရယ် .. မကြယ်ဖြူစင် ရယ် .. နေခြည်ရယ် မရောင်သုတ်ကျွေးတဲ့ နန်းကြီးသုတ်စားရင်း တွေ့ခဲ့တယ် .. အဲဒီမှာ တီချမ်း နဲ့လည်း အွန်လိုင်းကနေ ဆုံခဲ့တယ် .. ပျော်စရာကြီးတဲ့ တီချမ်းကကြည့်ပြီးပြောတယ် ..း) .. နောက်ထပ် ကိုရဲက အိပ်ချင်မူးတူးနဲ့ မျက်နှာပြပါတယ် .. ဒီတော့ မြင်ဘူးသွားတယ်ပေါ့ .. :D




နောက်တခေါက်ကျတော့ အဆိပ်က ရုပ်ရှင်ကြည့်မယ် ပူဆာရင်း ဆုံဖြစ်ကြပြန်ရော .. အဲဒီမှာ .. အောချပ် mrt မှာ စစချင်းတွေ့တာက ချစ်မမ ရောင် ရဲ့ ဘေးမှာ အကိုကြီးတယောက် .. မရောင်လှမ်းအော်လိုက်တဲ့ဘက် ကြည့်လိုက်တော့ တရုတ်ပေါက်စပုံနဲ့ အဆိပ်က လက်မှတ်ကို ရှေ့ပြေးအနေနဲ့သွားဝယ်မယ်တဲ့ .. နောက် မရောင်ဘေးက အကိုကြီးက မေးတယ် .. သူဘယ်သူလဲ သိလားတဲ့ .. သိဘူးလို့ ဆိုတော့ ပုံကြီးနဲ့ ဒီလောက်တင်ထားတာ မသိဘူးလားတဲ့ .. :P .. အသည်းနှလုံး မရှိဘူးကြေငြာနေတဲ့ ကိုရီနို ကြီးဖြစ်ပါတယ်ရှန် ..

နောက် ဆက်စောင့်နေရင်း mrt အောက်ဆင်းပြီးတော့ ဖုန်းတဂွမ်ဂွမ်ဆက်ရင်းရောက်လာသူတွေက ဦးရှင်ကြီး နဲ့ ကိုတောင်ပေါ် .. နောက်တော့ ရုပ်ရှင်ရုံကို ချီတက်ကြတယ် .. ဒီလိုနေ့ အဲဒီနေ့လေးကလည်း အမှတ်တရပါပဲ .. :D

တခါကျတော့ မိုးခါးမွေးနေ့ရောက်လာပြီလေ .. မရောင်အိမ်မှာ စားကြမယ်ဆိုပြီး ချိန်းကြတယ် .. အသစ်တွေ့ဘူးသူတွေကတော့ .. mrt မှာချိန်းထားပြီး ဆုံကြတာက ကိုသီဟသစ် .. ကိုနေးတစ် .. (သစ်နဲ့တစ်ပါလား :P) .. နောက် မရောင်အိမ်ကို လိုက်လာကြသူတွေက ဖိုးဂျယ်နဲ့ စနေသား .. ကွန်ပျူတာတွေဖွင့်ပြီး မွေးနေ့ကို တူတူ ဆင်နွဲပေးသူကတော့ ကိုဖိုးစိန် .. အားလုံးရဲ့ ကျေးဇူးကြောင့် ပျော်ရွှင်စရာနေ့လေးဖြစ်ခဲ့ပါတယ် ..

ညနေဖက်ကျတော့ မုန့်ထပ်စားရင်း တွေ့ဖြစ်တာက ပီအမ်ပါ ..

ဒီမောင်နှမတွေက တော်တော်ရေစက်ပါတယ်ထင်ပါတယ် .. တယောက်က သွားမယ်ဟေ့ဆို နောက်က လိုက်ပြီးသားပဲ .. ဘယ်လိုမှ မအားလို့ မလာနိုင်သူတွေကလွဲရင် ဆုံဖြစ်ကြပါတယ် .. ရှေးဘ၀က ရေစက်တွေပေါ့ ..း)

တရက်တော့ ကိုတောင်ပေါ်နဲ့ စကားပြောရင်း တို့ဖူးနွေးစားချင်တယ်ဖြစ်ပါတယ် .. ဒီလိုနဲ့ လူလိုက်စုလိုက်တာ ညနေဘက်ဆုံဖြစ်ကြပြန်ရော .. အဲဒီမှာ မကောင်းကင်ပြာက လာချင်ပေမယ့် အလုပ်ကိစ္စကြောင့် မလာနိုင်ခဲ့ပါဘူး .. အသံလေးတော့ကြားလိုက်ရတယ် .. နောက် တွေ့ချင်တယ်ဆိုပြီး တက်စီငှားလာသူက နွေးနွေး ပါ .. ပါဆင်နယ် ဘော့စ်နဲ့ အတူ :D .. အဲဒီနေ့ကလည်း တ၀ါးဝါး တဟားဟားနဲ့ ည ကိုးနာရီ ခွဲသွားပါတယ် .. :D

ခု စနေနေ့က World Blood Donor Day အတွက် သွားရင်း တွေ့ဖြစ်တာက ကိုဇူလိုင်နဲ့ ကိုရွာသားလေးဝိုင်တီယူပါ ..

ကုန်ပြီထင်တယ် .. စဉ်းစားရတာ ခေါင်းခြောက်သွားတယ် .. ကျန်သွားရင်လည်း အကြောင်းကြားပေးနော် .. အိပ်ချင်မူးတူးနဲ့ ကြွေးဆပ်နေတာမို့ပါ .. အဆိပ်ခွက်တဂ်တဲ့ ကြွေးတော့ ကျေပါပြီ .. နောက် နှစ်ခု ကျန်ပါသေးတယ် .. ကိုဝသန်ကြီး ရေးပေးမယ်နော် .. အပျိုကြီးဖြစ်အောင်တော့ ကြိမ်စာမတိုက်ပါနဲ့ .. :P

ဘယ်သူ့ကိုဆက် ဒုက္ခပေးရမလဲ .. ကိုဝသန်ကြီးကို လက်စားချေပါ့မယ် .. သဘောတူရင် လက်ခုပ်တီးကြပါ .. :P

အားလုံးပဲ ဂွတ်တညပါ .. အိပ်ပျော် စားဝင်ကြပါစေ .. :D




Friday, May 29, 2009

နိုင်ဂံဂျားပြန်တယောက်၏ ညည်းချင်း


ဟိုးလွန်ခဲ့တဲ့ ၁၀စုနှစ် ၁ခုကျော်ကျော်လောက် .. ကျမရဲ့ ဦးလေးတွေ ခေတ်တုန်းကတော့ နိုင်ငံခြားသွား သဘောင်္သားဆို လူတွေ တော်တော်အထင်ကြီးကြတယ် .. သဘောင်္တခေါက်ထွက်ဖို့လည်း မလွယ်သလို လူလိမ်တွေလဲပေါများတယ် .. (ခုလည်း များနေတာပါပဲ ..) တကယ်ကိုပဲ သဘောင်္သားဖြစ်ပြီဆိုရင်တော့ အိမ်ပြန်လမ်းမှာ တိုက်ခန်းတခန်းလား .. ကားတစီးလား .. စုမိဆောင်းမိတော့ ဖြစ်တာပါပဲ .. (ဟိုမှာ ဒုက္ခခံရတာကတော့ တပိုင်းပေါ့ ..) အဲဒီချိန်တုန်းကတော့ ပင်ပင်ပန်းပန်းအလုပ်လုပ်ရပေမယ့် ရှာတဲ့ပိုက်ဆံကို ပိုပိုလျှံလျှံ စုနိုင် ဆောင်းနိုင်ကြတယ် .. (ဒါက ကြာခဲ့ပြီပဲ ..)

အမေတို့ကပြောတယ် .. သူတို့ခေတ်တုန်းက ရွှေဈေးဆိုတာ ကျပ်ငွေ ဆယ်ဂဏန်းတင်ပဲရှိတယ်တဲ့ .. ကျမစဉ်းစားမိတယ် .. ဘာလို့ အဲဒီတုန်းက များများမစုထားပါလိမ့်လို့ .. :P (ဒါက ကျမအတွေး ..)

ရှိစေတော့ ငြီးချင်းလေးစပြီ .. :D

ကျမ စလုံးကိုရောက်တာ ၁နှစ်ကျော်ပီ .. သူဌေးဖြစ်မယ့်စကားတော့ ဒီမှာနေသရွေ့မပြောတော့ဘူးလို့ .. :D .. နေစရိတ် စားစရိတ် သွားစရိတ် .. သိကြတဲ့အတိုင်းပဲ .. :D



လက်ထဲမှာလဲပိုက်ဆံကို ထုတ်ပြီးမကိုင်ထားရဲဘူး .. လက်က လွယ်လွန်းလို့ .. မထုတ်ထားပြန်တော့ ကဒ်ြပားနဲ့ရှင်းတာပေါ့ .. ဘယ်ရမလဲ .. စိတ်ကြီးတာ .. ဒီလို ..

ပြီးတော့ ဖုန်းဘေ .. ဘေလာရင် မျက်ခုံးလှုပ်တယ် .. ရန်ကုန်ကိုတမျိုး ဂျပန်ကိုတမျိုး သူငယ်ချင်းတွေရှိတဲ့နေရာကိုတမျိုး မရိုးနိုင်အောင်ခေါ်တယ် .. ခေါ်ဘူးတယ်ရှိအောင်ပါ .. ဗဟုသုတပေါ့ .. :D

တခုတော့ စုမိဆောင်းမိပေါ့နော် .. ဘဏ်သွားတုန်းက saving အကောင့်တခုလုပ်လိုက်မိတယ် .. တလကို များများစားစား S$50 ကြီးများတောင်စုထားတာ .. (သူဌိန်းဖြစ်ခါနီးပြီ .. ကပ်ထားနော် .. :P)

ကျမစုဗူးကတော့ အစာအိမ်ပါပဲလို့ ပြောလို့ရအောင် စားတယ် ..

ဒီလိုနဲ့ တရုတ်နှစ်ကူးကိုရောက်လာပါရော .. သူငယ်ချင်းက ပြန်မယ် ပြန်မယ်ဆိုတော့ ကိုယ်လည်းလိုက်ပြန်ချင်တယ် .. ပြန်မယ်ဆို သိတဲ့အတိုင်း အခွန်လေ အခွန် .. သွားလိုက်ဦး .. မသွားနိုင်တော့ အေးဂျင့် .. အဲဒီက ၁၆ ခေါက်လောက်ချိုးထားတဲ့မျက်နှာတွေကို မမြင်ချင်တာအမှန် (မှန်တာပြော ချမ်းသာပါစေ :D) ဒါနဲ့ အေးဂျင့်နဲ့ပဲ ကိစ္စရှင်းလိုက်တယ် ..

ပြန်ပြီဟေ့ဆို ၀ယ်စရာခြမ်းစရာနဲ့ လူကြုံပစ္စည်း လက်ဆောင်ပစ္စည်းထည့်တာနဲ့တင့် ကိုယ့်ပစ္စည်းအတွက် နေရာကမရှိတော့ဘူး .. ဘုမသိဘမသိနဲ့ ပါတိတ်တွေ အဒေါ်တွေဖို့ဆိုဝယ်လိုက်တာ ၁၀ ကီလိုနီးပါးဖစ်တွားတယ် ..း( .. ဒီလိုနဲ့ မနိုင်မနင်း လေဆိပ်ဆင်းချလာ .. နောက်ဆုံးတော့ ရန်ကုန်ပြန်ရောက်ရောပေါ့ .. (ပြန်မှတော့ ရောက်ပီပေါ့ ..)

ဟိုကျတော့လည်း လာကြိုတယ် အိမ်လုံးကျွတ် .. ပြန်ရတဲ့ရက်လေး သူငယ်ချင်းတွေနဲ့ သွားလာလည်ပတ်လိုက်တာ ရှိသမျှလေးပြောင် .. တရားစခန်းလည်းမရောက် အပျော်အပါးပဲ စိတ်ကရောက်နေတယ် .. အကျင့်က အဲလိုပျက်တာ ..

ပြန်ဖို့ရက်နီးမှ လက်ဆောင် လက်ဆောင် ဆိုပြီး ပြေးလွှားသွားဝယ်ရပြန်ရော .. အဲဒီတော့လည်း ပိုက်ပိုက်က လျှောကနဲ လျှောကနဲ ..

ဒီလိုနဲ့ နေလာလိုက်တာ ပြန်ရမယ့်ရက်ကို ရောက်လာ .. မျက်ရည်စက်လက်နဲ့ ပြန်လာရပြန်ရော .. စက်ရုပ်တိုင်းပြည်ကို .. ချန်ဂီလေဆိပ်ရောက်တော့ မုန်းလိုက်တာ .. ကြည့်ကိုမကြည့်ချင် .. နောက်နေ့ကရုံးတက်ရဦးမယ် .. သူငယ်ချင်းနဲ့နှစ်ယောက်သာ အီးပိတ်တဲ့မျက်နှာနဲ့ .. နောက်ဆုံးတော့လည်း ပျော်ရာမှာ မနေရ တော်ရာမှာနေလိုက်ရတာပါပဲ ..

ခုလည်း တော်ရာ ကုမ္ပဏီက အလုပ်စားပွဲမှာ အချိန်ကိုအကျိုးရှိအောင် အသုံးချရင်း ဒီတဂ်ပို့စ်ကို ရေးလိုက်ပါတယ် .. ကိုတောင်ပေါ်ကြီး ကျေနပ်ပါစေကုန် .. :D

ဆုလည်းဝိုင်းတောင်းပေးကြပါဦး .. မပျော်ပေမယ့် ဒီမှာနေမှရမှာဆိုတော့ကာ ကုတ်ကပ်ပြီးနေရပေဦးတော့မယ်လေ .. ခုလုပ်နေတဲ့ ပရောဂျက်က ပြီးခါနီးနေပြီ .. မျက်ခုံးက ခပ်လှုပ်လှုပ် .. ဒီကစီးပွားရေး အခြေအနေကလည်းမကောင်း .. ကိုယ့်ဆက်ခေါ်ပါစေ ဆုတောင်းနေရတယ် .. ဆုတောင်းပေးကြနော် .. (အားကိုးပါတယ် ..း))

လက်ဆောင်ပေးမယ့်လူကတော့ ကိုပြာသို .. ဖိုးဂျယ် တို့ကို လက်ဆောင်ပေးပါတယ် .. ရေးပေးကြပါနော် .. အဆင်ပြေမယ်ဆိုရင် ..း)


Thursday, May 28, 2009

ပြင်ဆင်ခြင်း

အိပ်မက်လေးတခု
မက်ဖူးတယ်
သိပ်လှပ ပြည့်စုံလွန်းတယ်
ခမ်းနားလွန်းတယ်
အဆုံးသတ်ထိ
ပျော်ရွှင်စွာ ဆုံတွေ့ကြလေသတည်းတဲ့ ..

တကယ်တမ်း
အိပ်မက်ဟာ
လက်တွေ့မှာ ဖြစ်လာနိုင်သလား

အရာရာဟာ
ပြောင်းလဲဖို့ အသင့်ရှိတယ်
ဒါကိုခံနိုင်ဖို့
ဘယ်လိုကြိုပြင်ဆင်မလဲ
ခုရော
အသင့်ဖြစ်နေပြီလား

အရာရာဟာ
အချိန်မရွေးပြောင်းလဲနိုင်တယ်
ဘယ်လိုပြောင်းလဲမှုဖြစ်ဖြစ်
ငါ့ရင်မှာ အသင့်ပြင်ထားတယ်

ပြောင်းလဲလိုက်စမ်းပါ
ပြောင်းလဲခြင်းအတွက်
ခံစားရမယ်ဆိုလည်း
၁ညနဲ့ ၂ရက်

သေချာပြီလား
နောက်မှ ဘွာမခတ်ကြေးကွယ်
ငါ့ရင်က လွယ်လွယ်ခွင့်မလွှတ်တတ်လို့ပါ ..

တဂ်ကြွေးတွေဆပ်ပါ့မယ်နော် .. ရေးနေပါတယ် .. တနေကုန်ဒိုင်စားတယ် ဒီနေ့ .. ဒါလေးတော့ စိတ်ထဲရောက်လာလို့ရေးလိုက်တယ် ..



Monday, May 25, 2009

ထုတ်ကြွားခြင်း .. :D

ရှိတာလေး ထုတ်ကြွားတာပါရှင် .. :D
 
အိမ်က အကောင် ၃ကောင် :D 
  
 
မောင်နှမတွေ ၀ိုင်းဆုတောင်းပေးထားတား)
  
 

စာကလည်း ရေးစရာမရှိ .. ဒီတော့ ယောင်ဝါးဝါးနဲ့ ရှိတာလေး ထုတ်ကြွားလိုက်တယ် .. :D

မွေးနေ့တုန်းက လက်ဆောင်တွေထဲမှာ စာအုပ်တအုပ်ရှိသေးတာလေ .. အဲဒါရိုက်မလို့ဟာ အမက ဖတ်နေတာနဲ့ ခုမှထပ်ရိုက် ထပ်တင်ရတယ် .. :D

မွေးနေ့က ပြီးခဲ့တာကြာပေါ့ .. မေ ၁၅ တည်းက .. တင်မယ် တင်မယ်နဲ့ခုမှတင်ဖြစ်တယ် .. အလုပ်တွေရှုပ်နေတယ် .. မဟုတ်ဘူး .. အရှုပ်တွေ လုပ်နေတာ .. :D .. ပိတ်လိုက်တိုင်း လျှောက်လည်နေတာလေ .. :D 

လက်ဆောင်ရတဲ့ စာအုပ်ကို ဓါတ်ပုံရိုက်ပြီး တင်ပေးရင်ကောင်းမလားစဉ်းစားနေတာ .. ဖတ်ချင်ကြတယ်ဆိုတင်ပေးမလို့ ..း) ဖြိုးမော် တခါကြော်ငြာတဲ့စာအုပ်လေ .. "သူတို့ ဒီနေရာကို ဘယ်လိုရောက်လာကြသလဲ" တဲ့ .. ဖတ်ချင်တယ်ဆို တပုဒ်ချင်း ပုံအနေနဲ့တင်ပေးမယ်နော် ..





Sunday, May 24, 2009

မောင်နှမတွေရဲ့ လက်ဆောင်

တင်ချင်လွန်းလို့လေ .. ရောက်ရောက်ချင်း ကင်မရာအားသွင်းပြီး ရိုက်ထားတာ .. မောင်နှမတွေ ပေးတဲ့ လက်ဆောင်လေးပါ .. အမှတ်တရပေါ့ ..း) မှောင်တော့မှောင်နေတယ် .. 


ဒီနေ့ သွားလာစားသောက်လာတာကိုတော့ နောက်နေ့မှ တင်တော့မယ် .. ခုတော့ လူက ဒေါင်းနေပြီလေ .. အားလုံးပဲ ပျော်ရွှင်ကြပါစေ .. မောင်နှမတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဒီကနေပဲ ပြောလိုက်ပါမယ်နော် .. "အရမ်းကျေးဇူးတင်ပါတယ်" .. ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံတရားကိုရောပေါ့ ..း)







Thursday, May 21, 2009

ဂယက်

တယောက်တည်း
တိတ်ဆိတ်လွန်းတယ်
ကိုယ့်ရင်ခုန်သံကို
ကိုယ်ပြန်လန့်နေတဲ့အဖြစ်မျိုး

ငါရင်မခုန်ပါရစေနဲ့
တည်ငြိမ်နေတဲ့ကန်ပြင်ကို
ငေးကြည့်ရတာကို ကြိုက်တယ်
သူ့ဟာသူ ငြိမ်သက်နေပါစေလား

ခဲလုံးလေး ပြုတ်ကျသွားချိန်
ကန်ရေပြင်က
တခဏသာ လှုပ်ရှားသွားတတ်ပေမယ့်
ငါ့ရင်ထဲက ဂယက်ကတော့
အခါအခွင့်သင့်တိုင်း
ဆူပွက် လှုပ်ရှားနေဦးမယ်

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့

ရင်ထဲမှာ ရှိနေခဲ့ဘူးတဲ့
အချစ်စိတ်
ပြောင်းလဲသွားခဲ့တဲ့
အမုန်းစိတ်
တမ်းတနေမိတုန်းဖြစ်တဲ့
ငါမသိတဲ့စိတ်

ကိုယ်တိုင်လည်း
တည်ငြိမ်နိုင်ဖို့ကြိုးစားနေဆဲ
ကန်ရေပြင်ကြီး ငြိမ်သက်နေပါစေလေ ..

မှတ်ချက် ။ သူငယ်ချင်းတယောက်တင်ထားတဲ့ MESSAGE ကိုဖတ်ပြီး ရေးဖြစ်သွားတာပါ .. သူ့ခံစားချက်ကိုလည်း သိနေတော့ ၀င်ရောက်ခံစားတယ်ပေါ့ ..း) လူတိုင်းနောင်တတွေ ကင်းဝေးပါစေ ..



Wednesday, May 20, 2009

အနာ နဲ့ ဆေး

လူတိုင်းကိုနားလည်မပေးနဲ့ ..
တကယ်လည်း နားမလည်ပဲနဲ့ ..

အကုန် သိတယ် တတ်တယ် မထင်နဲ့ ..
ခုသိတယ်ဆိုတာ ပါးပါးလေးရယ် ..

ကူညီပေးချင်တယ် ??
ဘယ်လိုအင်အားနဲ့ ကူမှာလဲ ..
ပါးစပ်နဲ့ ကူတာလောက်တော့ လူတိုင်းလုပ်နိုင်ပါတယ် ..

ကိုယ်ပေးချင်တာ ဖြေဆေးတခွက်ပါ ..
အဆိပ်ကို အဆိပ်နဲ့ ဖြေတဲ့ ဖြေဆေးတော့ မဖြစ်စေနဲ့ ..

ဆေးဆိုတာလဲ တည့်တဲ့လူ မတည့်တဲ့လူရှိသေးတယ်လေ ..
မတည့်တဲ့ဆေးပေးမိရင် စေတနာ ဝေဒနာဖြစ်လိမ့်မယ် ..

ဆုံးဖြတ်ပြီးပြီလား ??..
ဒါဆို နောက်လှည့်မကြည့်နဲ့တော့ ..

ထားခဲ့လိုက်ပါ ..
အရာရာက လွမ်းစရာကို မရှိဘူး ..






Tuesday, May 19, 2009

အမှတ်တရ နစ်ခ်

သူများနိုင်ငံမှာ နေထိုင်ရတာ အနည်းနဲ့အများတော့ စိတ်ခံစားချက် ရှိကြမယ်လို့ ထင်ပါတယ် .. ကျမမှာလည်း ကြီးကြီးမားမားမဟုတ်ပေမယ့် တခါတခါတော့လည်း အမြင်မကြည်တာ စိတ်ထဲမှာ မထားပဲ ပေါက်ကွဲပြစ်ချင်တာမျိုး .. ကိုယ်စိတ်ထဲရှိတာတွေကို လက်တွေ့မဟုတ်ရင်တောင် စိတ်ကူးနဲ့ ပုံဖော် လျှောက်ခြစ်ကြည့်ချင်မိတယ် .. ဒီလိုနဲ့ပဲ ဒီဘလော့ကလေးကို လုပ်ဖြစ်ပါတယ် ..

အသိတယောက်မှလည်း ဒီလောကမှာမရှိ .. ကိုယ်လုပ်ချင်တဲ့စိတ်တခုနဲ့ ဒီဘလော့လေးကို ဖန်တီးမိတယ် .. စပြီး ဘလော့တခုလုပ်မယ်ဆိုကတည်းက စဉ်းစားရတာ နာမည်ပေါ့ .. ဘာနာမည်ပေးရင်ကောင်းမလဲ .. စဉ်းစားရင်းနဲ့ eternal star ဆိုတာကို ရွေးလိုက်မိတယ် ..

စစချင်းဘယ်လိုလုပ်ရတယ် သုံးရတယ်ဆိုတာမသိခဲ့ဘူး .. အဖြစ်ပေါ့ .. ကိုယ်ရေးချင်တာ ရေးရဖို့ပဲ စဉ်းစားခဲ့တယ် ..

နောက်တော့ ဗညားရှိန်က သူလည်း ဘလော့လုပ်နေတယ် .. လုပ်မယ်တဲ့ .. ကျမကလည်း လုပ်ထားတယ်ဆိုတော့ သူပြင်စရာရှိတာပြင်ပေးမယ်တဲ့ .. အကြိုက်ပေါ့ .. ဒါမျိုးစောင့်နေတာ .. :D


ဒင်းက ကြည့်ပြီးတော့ နင့်နာမည်က ဘာကြီးလဲတဲ့ .. အင်ဂလိ လိုကြီးတဲ့ .. ဟုတ်တော့ဟုတ်တယ် .. ကျမကိုယ်တိုင်ရွေးပြီး တကယ်တမ်း မကြိုက်ဘူး .. ပြောင်းချင်နေတာ .. အသစ်လုပ်ရမလားပေါ့ .. စဉ်းစားနေတာ .. ပြောင်းလို့ရတယ်ဆိုတာမှမသိပဲ .. အဲဒါ ဗညားက ပြောင်းချင် ဒီအတိုင်းပြောင်းလို့ရတယ်တဲ့ .. ဒါနဲ့ပဲ မိုးခါးဖြစ်သွားတယ် .. အဲဒီတုန်းကလည်း မိုးခါးကို ဘာလို့စိတ်ထဲစွဲသွားမှန်းမသိလိုက်ဘူး .. တော်တော်ကိုကြိုက်နေတာ .. ဒါနဲ့ မိုးခါးပေါ့ .. အစတည်းက ရည်ရွယ်ထားတဲ့ ထာဝရကြယ်စင် နာမည်ကိုပါ ထပ်ယူသုံးလိုက်သေးတယ် ..

အဓိပ္ပါယ်ဆိုရင်တော့ ဘာပြောရမှန်းမသိဘူး .. ထာဝရ ဆိုတော့ အစဉ် တည်တံ့နေစေချင်တယ်ပေါ့ .. အစဉ်တည်တံ့နေမယ့် ကြယ်စင်ပေါ့ .. အစဉ် အမြဲတမ်း တည်တံ့နေမယ့်အရာဆိုတာ မရှိပါဘူး .. တာတာရှည်ရှည်လေး တည်တံ့နေစေချင်တဲ့သဘောပါ ..

ဒီဘလော့လေးမှာ ကျမခံယူထားတာလေးတွေရေးချင်တယ် .. စိတ်ထဲရှိတာလေးတွေရေးချင်တယ် .. တကယ်ရေးချင်တာက အကျိုးရှိမယ့် စာမျိုးပါ .. ဒါပေမယ့် အဲလောက် မရဘူး .. :D .. ဒါပေမယ့် ကြိုးစားကြည့်ချင်သေးတယ် .. ဖြစ်လာမှာပေါ့နော့ ..း)

ကိုရီနိုက ကိုယ့်ရဲ့ နစ်ခ် အကြောင်းမေးလို့သာ ဖြေနေရတယ် .. တကယ်က ဘာမှ မယ်မယ်ရရမရှိ .. ဒီလိုပဲ စိတ်ကူးပေါက်ရာ လုပ်နေကျဆိုတော့ ကိုယ်အခုစိတ်ကူးလိုက်တဲ့အတိုင်း အတည်ဖြစ်သွားခဲ့တာပါ .. မိုးခါးဆိုတဲ့နာမည်ကိုတော့ ဘာလို့ကြိုက်မှန်းမသိ ကြိုက်တယ် ..

ကဲကိုရီနိုရေ ကျေနပ်မယ်ထင်ပါတယ် .. ညီမရေးတော့ရေးလိုက်ပြီ .. ဒါပေမယ့် မြင်တဲ့အတိုင်းပဲ .. :D နောက်ဆုံးအဖြေကတော့ စိတ်ရူးပေါက်ခြင်းပေါ့ .. :P

ဆက်တဂ်ရင်ကောင်းမလား .. တဂ်ရအောင်ကလည်း ကိုရီနိုတဂ်ထားတာတင် ၁၇ ယောက် .. အားရပါးရကိုတဂ်ထည့်လိုက်တာ .. :D
ဆက်တဂ်ပါမယ် .. သူမပါဘူးဆိုပြီးပျော်နေတဲ့ အိုက်ခီလောက် .. ကိုဇူလိုင် .. ပြီးတော့ ကိုပြာသို .. ရေးပေးပါဦး .. တဂ်ခံရလို့ဆိုပြီး ငြိုတော့ မငြိုငြင်လိုက်ပါနဲ့ဦး .. တကယ်က ကိုရီနိုတရားခံ .. ဒို့ပါဘူး .. :P


Monday, May 18, 2009

ပန်ပန်အမှု ရွာပတ်ခြင်း :P

တကယ်ပါ .. သူ့ထက်ခက်တာတောင် သူ့လောက်မခက်ဘူး .. ခုကိစ္စက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်အဖြစ်မျိုး .. ဟင်း .. စိတ်ကြီးရယ် ညစ်ပါပေ့ .. မရေးဘူးလို့တော့ စဉ်းစားမိသား .. ဒါလည်းမကောင်းပြန်ဘူးလေ ..

လွန်ခဲ့တဲ့ ရက်ပိုင်းက ပန်ပန်က တဂ်တယ် .. တော်တော်ခက်ခက်ခဲခဲမေးခွန်းပါ .. ထားခဲ့ဘူးသောရည်းစားများတဲ့ .. ပြောစရာလား .. မပြောဘူးဆိုတော့ ဒီထက်ဆိုးတာနဲ့တွေ့မယ်တဲ့ .. ဒီထက်ဆိုးစရာတော့ရှိတော့မယ်မထင်ပါဘူး .. ခုလိုလုပ်တာ ရန်တိုက်တာပေါ့ .. သူများတွေ အေးအေးချမ်းချမ်းဖြစ်နေတာကို .. ရက်ရက်စက်စက် သူမို့လို့နော် .. ပန်ပန် ငါတော့ရေးပြီနော် .. ပြသနာတက်ရင် နင်ပဲ ..

အင်း .. တကယ်တန်းရေးမယ်ဆိုတော့လည်း ကိုယ့်မှာ ရေးစရာမရှိပါဘူး .. ၈တန်း ၉ တန်း ၁၀ တန်း ဒါက ကလေးပဲရှိသေးတယ် .. ၁၀ တန်းပြီး တက္ကသိုလ်တက်တော့လည်း ဒို့က ဒါမျိုးဆို စိတ်မ၀င်စားဘူး .. ဟင်းဟင်း .. အချိန်တန်တော့မှ လက်ထပ်မယ့်သူတွေ့ပြီး ချစ်ကြလေသတည်းပေါ့ .. ဟဲဟဲ .. အဲလိုရေးရင်မကောင်းဘူးလား .. (ယုံမလားမသိဘူး .. :P)

စိတ်ညစ်တယ် စိတ်ညစ်တယ် .. တကယ်ပါပဲ .. တကယ်ကိုပဲရေးမှဖြစ်မှာလား .. မျက်ခုံးတော့ခပ်လှုပ်လှုပ်ရယ် .. စကားပြောတိုင်း အစပြန်မဖော်ပဲ နေနေပါတယ်ဆို .. မြင်ရင် ငါတော့သေပြီ .. ငိုချင်တယ် ..း(

အကိုကြီးတယောက်ထားဘူးတယ် .. အိမ်ရှေ့မျက်စောင်းထိုးက .. အဲဒီတုန်းက တက္ကသိုလ်တက်နေတယ် .. အဝေးသင်ပဲယူတယ်ဆိုတော့ အိမ်မှာ အားအားယားယားပေါ့ .. ကျူရှင်လေးတက်လိုက် .. သူငယ်ချင်းတွေနဲ့လစ်လိုက် .. အားရပါးရကဲနေတာ .. နောက် အဲ့အကိုကြီးက ကြိုက်တယ်ဆိုတော့ ငါလည်း အခြေအနေကြည့်လိုက်တယ်လေ .. အဟဲ မဆိုးဘူး .. အိုကေတယ်ပေါ့ .. အဲအကိုကြီးကို တော်တော်ကြိုက်တယ် .. ခါးခါးတို့က အရပ်မြင့်မြင့် အသားဖြူဖြူ ခြေတံလက်တံ လှလှလေးတွေဆို အရမ်းသဘောကျတာ .. အဲအကိုကြီးကို သတိထားမိတာ ကတ္တီပါဖိနပ် အနီရင့်လေးနဲ့ သူ့ ခြေထောက်ကို တွေ့ပြီး ကြိုက်တာ .. ဟီး .. ပါးချိုင့်လည်းပါသေးတယ် .. :P (ငါတော့ နာတော့မယ် .. သိနေတယ် ..း( )

အဲ့အကိုကြီးက ရှုပ်တယ် .. ပါးချိုင့်ကစားတာကိုး .. :D .. သူက သူနဲ့ သင်တန်းတူတူတက်တဲ့အမကြီး သူနဲ့ရွယ်တူပေါ့ .. အဲတယောက်နဲ့ ငြိတယ် .. သိတော့ ပြသနာရှာတာပေါ့ .. နောက်တော့ ရန်ဖြစ်ပြီး ပြတ်ရော .. တကယ်တော့ မဆုံးသေးဘူး .. ဒါပေမယ့် လိုရင်းက အဲဒါပဲဆိုတော့ ရပ်လိုက်တော့မယ် .. အဆင်ပြေရင်တော့ ကိုယ့်ကြောင်းကိုယ်ဝတ္တုတပုဒ်လောက်ရေးမလားလို့ .. ကိုယ့်ကိုယ်မင်းသမီးတင်မလို့လေ .. :P

ဒါကတော့ ထားခဲ့ဘူးတဲ့ရည်းစားပေါ့ .. တော်ပီ တယောက်ပဲပြောပြမယ် .. (လူအထင်ကြီးမလားလို့ :P)

တော်ပီဟေ့ .. ပန်ပန် .. ပြသနာတက်ရင်နင်ပဲနော် .. ငါပြောပြီးပြီ .. သူများတွေကိုတော့ ဆက်မတဂ်တော့ဘူး .. ကိုယ့်လိုခံစားရမှာစိုးလို့ .. :P (အဲလိုစိတ်ကောင်းရှိတာ .. ပန်ပန်လိုမဟုတ်ဘူး .. :D) .. ယခုလိုပြုရ ကုသလကြောင့် ချစ်သူ၏ စိတ်ဆိုးခြင်းမှ ကင်းဝေးရပါလို၏ .. :P




Friday, May 15, 2009

၂၄ နှစ်ပြည့်

မင်္ဂလာရှိသော နေ့ရက်လေးပါ .. ဒီနေ့က ခါးခါးရဲ့ အသက် ၂၄ နှစ်မြောက်မွေးနေ့ပေါ့ .. ၂၄ ပြည့်ပြီဆိုတော့ ၂၅ လို့ မှတ်ရတော့မယ်လေ .. ၂၅ ဆို အပျိုကြီးဖြစ်ပြီတဲ့ ..

တကယ်တော့ မွေးနေ့အတွက် သပ်သပ် ပို့စ်မတင်တော့ဘူးလို့ စဉ်းစားထားတာ .. လူက စိတ်သိပ်မကြည်ဘူးပေါ့နော် .. တယောက်တည်းနဲ့ အူကြောင်ကြောင်ဖြစ်ချင်နေတာ .. :D

မနေ့က အိမ်ပြန်ရောက်တော့ စောစောအိပ်မယ်လို့စဉ်းစားထားတယ် .. ဘလော့လေးခဏ၀င်ပြီး အိပ်မယ်ပေါ့ .. ခဏပါပဲ .. ၈နာရီလောက်ကနေ ၁၂ နာရီလောက်ထိပဲ .. :P .. မောင်နှမတွေ အကုန်လုံး ၀ိုင်းပြီးဆုတောင်းပေးလိုက်တာ .. မထင်မှတ်ပဲ မွေးနေ့အကြိုက စည်ကားသွားပါတယ် .. အဲဒီအတွက် အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ် ..

မွေးနေ့ဆုတောင်းနဲ့လက်ဆောင်တွေကို အောက်မှာ ဖော်ပြပေးမယ်နော် ..း)



မနေ့က ပွဲစည်သွားတယ် .. ကိုဖိုးစိန် နဲ့ တီတို့ပေါ့ .. ကိုဖိုးစိန်က နံပါတ်ဆို ၁ မှတဲ့ .. နံပါတ် ၁ လိုချင်တယ်တဲ့ .. ကဗျာကို အမြန်စပ်ပေးတယ် .. ဒါနဲ့ ကိုဖိုးစိန်ကို နံပါတ် ၁ မှာ ထားပြီး ဖော်ပြပေးလိုက်ပါတယ် .. အားလုံးလည်း တူတူပျော်ရအောင် ..း)

မိုးခါးရေ
အဖြူရောင်ပန်းကလေးတွေကပြောနေတယ်
လေကကြီးမှာ မင်းလေးက ဖြူစင်တဲ့နှလုံသားကိုပိုင်ဆိုင်တယ်တဲ့
အနီရောင်ပန်းလေးကပြောပြန်တယ်
လောကကိုသတ္တိရှိရှိ ရဲရဲရင်ဆိုင်နေတာမင်းပါတဲ့
အဝါရောင်ပန်းလေးတွေကပြောတယ်
လောကကြီးကမင်းကိုထွေးပိုက်ထားနေဆဲပဲတဲ့
အပြာရောင်ပန်းလေးကတော့ အားကျမခံ
ဘာပြောပြော မင်းလေးမွေးနေ့ရောက်ပြီးတဲ့လေ
လောကကြီးကတော့ မင်းကိုပြုံးပြရင်း
ထာဝရပျော်ရွှင်စေဖို့
မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေရဲ့
ထာဝရငြိမ်းချမ်းပျော်ရွှင်ပါစေတဲ့ (ဒါကတော့ ကိုဖိုးစိန်ပို့ပေးတာပါ .. ဒုတိယကဗျာပါ .. ပထမကဗျာက ကိုယ်နဲ့မလိုက်ဘူးထင်လို့ ဒီကဗျာကို အရင်တင်လိုက်တာပါ .. ) 


ချစ်တီက ချစ်တူမအတွက် ကဗျာနဲ့စာလေး အပြင် ကြော်ငြာပါ ထည့်ပေးပါတယ် ..း) ဆက်လက်ရှုစားပါ .. :D

မနက်ဖြန်မှာ ကျရောက်မယ့် တီ့တူမ မိုးခါးလေးအတွက် မွေးနေ့ (ဒေါ်ရီတာထောက်ပြလို့ ထပ်ထည့်သည်။ အဲ့လိုပဲ ဆရာမကြီးစကားနားထောင်ရတယ်ရှင့် ခိခိပါရှင့် ကျန်သွားတာဆော်ရီးရှင့်) အမှတ်တရ ကဗျာပါရှင့်
အသိပေးသူချစ်တူမ မိရောင်ကိုကျေးဇူးအထူး အာဘွားပါတယ်ရှင့်
အမှန်ကတော့ ရိုးရိုးရေးမလို့ပါရှင့် ဒါပေမယ့် တူမတော်ကလှတပတကလေးဆိုတော့
မျောက်တွေရန်ကိုကြောက်တာနဲ့ ဒီပုံလေးနဲ့တင်လိုက်ရပါတယ်ရှင့် ပိုင်ရှင်ရှိတယ်ပေါ့ရှင့်
ဒူးရင်သီး သရက်သီး နာနတ်သီး တွေကိုသောကြာနေ့တိုင်း မရောင်းချင်ရင် လက်ရှောင်ပါပေါ့နော်ရှင့်
(ဒု သ န သော ကိုပြောချင်တာပါရှင့်)
ခိခိရှင့်
ပြီးတော့ အောက်ဆုံးမှာ ကိုကိုကာကာ ကိုအားကျလို့ဘောနပ်စ် ထည့်ပေးထားပါတယ် ရှင့်
ဖတ်ဖြစ်အောင်ဖတ်သွားကြပါနော်
ခိခိခိပါရှင့်
ချစ်စရာလေးနော် သူတို့အတွဲလေးက၊
အိုအောင်မင်းအောင်ပေါင်းကြရပါစေရှင့်
မျောက်တွေရန်ကလဲကင်းဝေးပါစေရှင့်
တီချမ်း ဆုတောင်းပေးပါတယ်ရှင့်




ထာဝရ ကြယ်စင်

ထာဝရ ကြယ်စင်
နာမည်က မမိုးခါး
ကိုမိုးခါးမဟုတ်ဘူးရှင့်
သိကြရဲ့လား

ကြိုက်တဲ့မုန့်တွေ
အချဉ်ရယ်ချောကလက်ပြား
မစ်ရှိတ် နဲ့ကော်ဖီ
သူမ အမြဲစား

အသက်က ဒွေး နဲ့ လေး
“သက်သက်” တဲ့လား
နေတာက ဂျပန်မှာ
သူမ ရည်းစား

ပြိဿခွင် ရာသီနဲ့
နွားနှစ်မှာဖွား
ကဗျာတွေ စာတွေ စပ်စပ်
ရေးချင်ပြန်သား

စာဆိုရင် အကုန်ဝါး
ဝတ္ထုတွေလဲ အကုန်လာထား
ဖတ်နိုင်လိုက်တဲ့ မိမိခါး
ဝါးစားတဲ့အလား

စိတ်ပြောင်းလဲတကယ်မြန်
လှစ်နေတဲ့အလား
ခုနက ဆီထမင်း
အခု စာကလေးစား

ဝါသနာက တော်တော်များ
စာဖတ်မယ်တအား
ခရီးကထွက်ချင်ပြန်တယ်
သီချင်းဆိုမလား
လာထား…လာထား
တကယ့်ပြိုင်စံရှား
အဲ့တာက “ဘူလေးရဲ”
တီ့တူမ “မိမိုးခါး”
သိကြရဲ့လား။ ။

ခုလို မွေးနေ့အမှတ်တရဖြစ်စေတဲ့ တီကိုလည်း ကျေးဇူးတင်ပါတယ် .. အပြည့်အစုံ ဘောနပ်စ်ပါဖတ်ချင်ရင် ဒီက လင့်လေးကို သွားပေးပါနော် .. ပျော်ရွှင်ပါလိမ့်မယ် .. :D

ခု ကိုဖိုးစိန်ရဲ့ နောက်ကဗျာလေး ထပ်တင်ပေးပါမယ် .. ကိုယ်တိုင်က ဒီလောက် မတော်မကောင်းတာသိနေလို့ သည်းခံဖတ်ပေးပါနော် .. :D

နွေးထွေးမေတ္တာ အေးမြသစ္စာ
ပြည့်ဝစွာနဲ့ ကမ္ဘာတစ်ခုလုံး
စိမ်းလန်းသွားအောင်
ဖန်ဆင်းခဲ့တာ …မိုးပါ…

သောကမီးတောက် အစက်ပျောက်မျှ
ခါးသီးမှုတွေ မကျရောက်အောင်
သူ့စွမ်းအားနှင့် ဖန်ဆင်းပေးခဲ့။

သင်၏မေတ္တာအထူးသိပါ၍
သင်၏မွေးနေ့အား
ကျွန်ုပ်၏ နှလုံးသားဖြင့်
ရေးစပ်ပါသည်

ညီမမိုးခါး ဘဝလမ်းမှာ
ထာဝရငြိမ်းချမ်း မေတ္တာလမ်းကို
အပြုံးပန်းဝေဝေ လျှောက်လှမ်းနိုင်ပါစေ…
ခင်မင်စွာဖြင့်
ဖိုးစိန်

ဒါက မရောင်ရဲ့ လက်ဆောင်လေးပါ ..



ချစ်သောညီမလေး မိုးခါး ရေ ......


အမှတ်တစ်ရ ဆုံတွေခွင့်ရ
သည်လိုဘ၀ စာတွေရေးရင်း
ဝေမျှမေတ္တာ ထပ်တူခံစား
အမြဲနားလည် လာရောက်လည်ပတ်
မထင်မှတ် ....

ခဏတာနှင့် ခင်မင်ရသော်
ရင်မှာရင်းနှီး ညီမရင်းသဖွယ်
ချင်ခင်ရ၏ .....

15 မေ မှ 2009 တွင်
ကျရောက်ခဲ့သော ထိုမွေးနေ့မှ
စလို့ရေတွက် နှစ်ပေါင်းရှည်ကြာ
တွဲလက်မဖြုတ် ချစ်သောသူနှင့်
မြဲမြံတွဲကာ လျှောက်လှမ်းနိုင်စေ
တဘ၀လုံး အပြုံးတွေနှင့်
ဆန္ဒဘ၀ ထပ်တူကြကာ
နှစ်ဖြာအကျိုး သယ်ပိုးနိုင်စေ
ထာဝရကြယ်စင် အလင်းရောင်နှင့်
တောက်ပနိုင်စေ ဆုတောင်းချွေ၏
မေတ္တာရောင်ပြန် ပေးခဲ့ပါသည်
ထာဝရပျော်ရွှင်နိုင်စေသော်.....



ခင်မင်ခြင်းများစွာဖြင့်
မမမေတ္တာရောင်ပြန်

မရောင်က ဘလော့မှာလည်း တင်ပေးထားတယ် .. ဒီမှာပါ 

ချစ်ပါးလုံးလေးကလည်း သူများထက်နောက်မကျချင်လို့တဲ့ ဆုတောင်းပေးသွားပါတယ် ..
ပါးလုံး: မမ
ဟက်ပီဘက်ဒေးအကြို
me: ဝေ
ပါးလုံး: နော်
me:း)
ပါးလုံး: ပျော်ရွှင်ပါစေ
me: သိုင်းကျူး ညလေး
ပါးလုံး: ဘုရားသခင်ကောင်းချီးပေးပါစေ
me:း)
ပါးလုံး: မနက်ဖြန်
9:35 PM ကျောင်းသွားရင်အရင်ဆုံးမပြောရမှာစိုးလို့

မမရေ မွေးနေ့လက်ဆောင်နော်။ မနက်ဖြန်မှဆို ကျောင်းသွားရမှာမို့လို့ ပျော်ရွှင်ပါစေ။

http://s283.photobucket.com/albums/kk311/impimg/flash/bday/01.swf

ဒါက ဂျပန်ရဲ့ ဆုတောင်းလေးပါ
ဂျပန်: ၀တ်ရည်မိုးခါးမေသဲလေး ..... ထာဝရပျော်ရွှင်မှုတွေနဲ့
ဒီမွေးနေ့မှ
နှစ်တစ်ရာတိုင်
ချစ်ခင်ကြည်နူးမှုအပေါင်းနဲ့
ဆက်လက်ခရီးဆက်နိုင်ပါစေ
လို့
နာကာမူရာရန်ရန်ဂျပန်ကောင်လေးပန်ပန်က
ဆုတောင်းပေးပါတယ်

ဒီဒီဆုတောင်းလေးပါ
မေဒီ: Happy Birthday မမ
me: နက်ဖြန်မှ
း))
မေဒီ: ကြိုပြောထားတာလေ...
ဒီဒီက နက်ဖြန် အားမအားမသိသေးလို့...ညကျောင်းလည်း တက်ကဦးမှာဆိုတော့ ကြိုပြောထားရတာပေါ့

ပြာသိုလက်ဆောင် မိုးခါးပုံပါ :D



ကိုရီနိုရဲ့ ဆုတောင်းလေးပါ

မွေးနေဆုတောင်း

တစ်ခါတွေ့ဖူးယုံနဲ့
တစ်သက်ခင်သွားမဲ့
ထာဝရ ကြယ်စင်
ညီမလေး မိုးခါး ... ရေ

၂၄နှစ်ဆိုတဲ့ ဘဝကို
ဖြတ်သန်းလို့လာခဲ့ပါပြီ
ဒီကာလတွေမှာ
ပျော်ရွှင်ကောင်း ပျော်ရွှင်မယ်
ဝမ်းနည်းကောင်း ဝမ်းနည်းခဲ့ရလိမ့်မယ်

သို့ပင်မဲ့ ဒီနေ့မှစ၍
နောက်လာမဲ့ ၂၅ နှစ်ထိ
ဘဝရဲ့ အမော
သောကဒဏ်တွေကို
မပွေ့ဖက်ပဲ
စိတ်တူ ကိုယ်တူ ရှိလှတဲ့
ချစ်သူနှင့် အတူ
ပျော်ရွင်နိုင်ပါစေဗျာ.........

အကို ရီနိုး

ကိုတောင်ပေါ်ကဒီလိုဆုတောင်းပေးထားပါတယ် ..

မင်္ဂလာပါ။ မနက်ဖြန်ဟာ ၀တ်ရည်ရဲ့ မွေးနေ့လို့သိရပါတယ်။ ကျနော်တို့ သိပ်မကြာသေးတဲ့ အချိန်အတောအတွင်းမှာပဲ ခင်မင်ခွင့်ရခဲ့ပါတယ်။
ဒီအတွက် အတော့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။ ၀တ်ရည်ရဲ့ မွေးနေ့ကို ကျနော် အမှတ်မမှားဘူးဆိုရင်တော့ (၂၃) နှစ်မြောက် မွေးနေ့လို့ ထင်ပါတယ်။
မှားသွားရင်တော့ ခွင့်လွတ်ပေါ့နော်... မွေးနေ့အမှတ်တရလေး ကျနော် ရေးပြီး ပို့ပေးလိုက်ပါတယ်။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
ချစ်သော မိသားစု၊ ချစ်သူ နဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေလို့ ကျနော် ရင်ထဲကနေ ဆုမွန်ကောင်းတောင်းပေးပါတယ်။ အလုပ်အကိုင်လဲ အဆင်ပြေပါစေဗျာ....



မိဘမေတ္တာ သိတတ်လွန်တဲ့လူတယောက်
အသက် (၂၃) ဆိုတဲ့ အရွယ်မှာ
ဘ၀ရဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြတ်ခဲ့ဖူးတဲ့
ညီမကိုကြည့်လို့ ဂုဏ်ယူပါတယ်
ဘ၀ရဲ့ တဆစ်ချိုး အကွေ့အကောက်မျိုးစုံ
ရင်ဆိုင်ကျော်ဖြတ်လို့ အားမာန်မလျှော့
ရင်ဆိုင်ရဲတဲ့ စိတ်သတ္တိမျိုး
မွေးနိုင်ပါစေ..

ချစ်သောမိဘ အသိုင်းအ၀ိုင်း
ပျော်ရွှင်စွာနဲ့ သက်ဆုံးတိုင်ထိ
အများအကျိုး သယ်ပိုးရင်းနဲ့
ကိုယ့်ဘ၀ရဲ့ ဘ၀လက်တွဲဖော်မွန်
အမျိုးသားကောင်းနှင့် သက်တူထက်မျှ
ချစ်ခင်စွာဖြင့် ကလေးများစွာ
မွေးနိုင်ပါစေ..... :P


လေးစားလျက်
တောင်ပေါ်သား

ကိုတောင်ပေါ်က ၁နှစ်ငယ်ပေးထားပါတယ် .. ငြိမ်နေလိုက်ရကောင်းသား .. :D

အငယ်ဆုံးမောင်လေး အဆိပ်ရဲ့ ဆုတောင်းလေးပါ
မကြီး မိုးခါးရေ......

မနက်ဖြန် မိုးလေး ဝသ သတင်း ကိုကြေညာပါတော့မယ် မနက်ဖြန်တွင် .. ပျော်စရာမွေးနေ့ဆိုတဲ့ ရာသီဥတုလေးထွက်ပေါ်လာ ပါမည်...ထို ရာသီဥတုသည် လူတကာ တိုင်းကို လိုက် လံ ပေါ်ပေါက်လျှက်ရှိရာ ... ယခုအခါဆိုရင်... မနက်ဖြန် မှာ မွေးနေ့ရာသီဥတု ကိုခံစားရမည့်သူမှာ ကျနော် တို့ရဲ့ ဘလော့ဂါမမကြီး

မိုးခါး

ရဲ့မွေးနေ့ဖြစ်ပါတယ်......


ကျနော် ဒီကနေဘဲဆုတောင်ပေးလိုက်မယ်... လိုအင်ဆန္ဒ တစ်လုံးတစ်ဝကြီးပြည့်ပါစေ......... ဟတ်ပီဗာတ်ဒေးပါ
မောင်လေး
အဆိပ်ခွက်

သူ့ခမျာ စိတ်ညစ်နေတဲ့ကြားက ဆုတောင်းပေးတာပါ ..း) .. သူ့ပို့စ်လေးက ဒီမှာ ပါ .. ကိုယ့်ကိုယ် ဘလော့ဂါလို့တော့ မထင်ရဲသေးဘူး မောင်လေးရေ ..

သူငယ်ချင်းကြီး ဗညားရှိန်ရဲ့ လက်ဆောင်ပါ

ငါအမြန်ရေးလိုက်လို့ ကဗျာလေး မကောင်းရင် နည်းနည်းသည်းခံပေးပါ သူငယ်ချင်းလေးရေ ။


ထာဝရ ကြယ်စင် . . .
ကြယ်တာရာ နက္ခတ်ကောင်းကင်မှာ
လင်းလက် စူးရှနေတဲ့ ကြယ်တစ်စင်း
တောက်ပတဲ့ ပျိုမြစ်ခြင်း အရေးအသားတွေနဲ့
တို့တွေရဲ့ အာရုံကို ဖမ်းစားနိုင်သူ . . . . . . .

သူငယ်ချင်း မင်းရပ်ရတော့မယ့် ဘ၀မှတ်တိုင် ၂၅
လောကဇာတ်ဆရာ အကြောင်းသိသင့်သလောက်သိလို့
အမိမြေကို မာန်တင်းကာ ခွဲခွါခဲ့ပြီး ရေမြေခြားမှာ
ကြုံတွေ့ရတာတွေလည် စုံနေလောက်ပြီး
ချစ်ခြင်း မုန်းခြင်း ပျော်ရွင်ခြင်း ၀မ်းနည်းခြင်း
ဘ၀ ဆူးခင်းလမ်းကို ဖြတ်ကျော်ရင်းနဲ့ပဲ
သူငယ်ချင်း မင်းစိုက်ထူခဲ့တဲ့ မှတ်တိုင် ၂၄ ခုပြည့်ခဲ့ပြီး . . . . . . . . .

ဘ၀ကို ပျော်ပျော်နေတတ်တဲ့ ကောင်မလေး
သူငယ်ချင်း ခင်တတ်လွန်းတဲ့ ကောင်မလေး
စိတ်ကလေးက ခုဆီထမင်းကျော် . .
ခုစာကလေးကြော် . . ဖြစ်တတ်တဲ့ ကောင်မလေး
အဲဒီစိတ်ကလေကို မင်ရင်းနဲ့ပဲ တို့တွေ မင်းကို ခင်တတ်ခဲ့တယ် . . . . . . . .

အရောင်တွေ လင်းလက်နေတဲ့ ကြယ်တစ်စင်း
စာရေးစာဖတ် ၀ါသနာပါတဲ့ သူမ
နောင် အနှစ် ၂၀ မှာ
စာရေးဆရာကြီး “ ဟင်နရီဂျိမ်း ”လိုမဖြစ်ဘူးလို့
ဘယ်သူပြောနိုင်မလဲ . . . . . . . . .
စာရေးဆရာမ “ ဂျေကေ ရိုးလင်း ” လိုမဖြစ်ဘူးလို့
ဘယ်သူပြောနိုင်မလဲ . . . . . . . . .
ဘယ်အရာမဆို ဇွဲမလျှော့ စိတ်ဓာတ်ပြင်းတဲ့ သူ
သူမလှော်တဲ့ လှေတက်မကျိုးသရွေ့
သူမသွေးတဲ့ ကလောင် မကျိုးသရွေ့
အနာဂတ် လမ်းတွေ တောင်ပနေတဲ့ သူ . . . . . . . . . .

သူငယ်ချင်းရေ . . .
၁၅ ရက်နေ့ မှာ ကျရောက်မယ် မွေးနေ့မှစ၍
ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ ဖြစ်လာတာတွေ တစ်ထပ်တည်းကျ
ရည်ရွယ်တဲ့ ဘ၀ပန်းတိုင်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်လို့
မိဘ အားကိုရတဲ့ သမီးလိမ္မာလေးဖြစ်ပြီး
ချစ်သူ ခင်သူများနဲ့ သက်ဆုံးတိုင် ပျော်ရွင်သွားနိုင်ပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ငယ်ချင်းရေ . . . . . . . . . . . . . .

ဗညားရှိန် . . . . . . . .

စီဗုံးမှာ ဆုတောင်းပေးသွားတဲ့ မောင်နှမ များ

ညခင်း: မနက်ဖြန်မွေးနေ့မှာ ဘာကျွေးမှာလည်း ....မိုးခါးရေ လာချောင်းကြည့်သွားတယ်။
15 May 09, 07:34
ကိုကိုမောင်: ရောက်ပါတယ် မိုးခါးရေ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
15 May 09, 05:34
အိုက်ခီလောက်: မွေးနေ့ ဆိုလို့ ဆုတောင်းပေးလိုက်ပါတယ် ပျော်ရွှင်တဲ့ဘဝလေးကို အမြဲပိုင်နိုင်ပါစေ ချစ်ခင်သူတွေပေါများပါစေနော် အရက်တော့တိုက်တော့ဘူး အားမှလင့်တော့မယ်
15 May 09, 05:05
ကြယ်ဖြူစင်: ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ.. ချစ်သူနဲ့ ထာဝရလက်တွဲနိုင်ပါစေ.. ကြွားနိုင်သူတွေ ကြွားထားပေါ့...အားကျ ပါတယ်ဆိုမှ...
15 May 09, 02:14
ဖိုးဂျယ်: hAppY bIrThDay ပါ အမရေ ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေဗျာ
15 May 09, 02:05
မိုးကုတ်သား: Happy Birthday!!! မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ထာဝရ ပျော်ရွှင်နိုင်ပါစေ
15 May 09, 01:28
မနောသား: Tom : ဘာရှိလဲဟေးးးးး နာသိတယ်နော် .... :P
15 May 09, 00:52
ပြာသို: မောင်နဲ့ တူတူ ရိုက်ထားတဲ့ပုံ တီချမ်းဆီမှာသွားကြည့်ပြီး၂ ကြွားပေါ့ ရှင်တို့ခေတ်ပဲ ဟိဟိ
15 May 09, 00:49
ပြာသို: Happy Birthday အပျိုကြီးးးး :P
15 May 09, 00:40
မြစ်ကျိုးအင်း: မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေနော်.။
15 May 09, 00:11
reenoemann: ပျော်ရွင်စရာ မွေးနေ့လေနဲ့ အတု ဒီမောင်နှမတွေမနဲ့ ထာဝရကြယ်စင်ဆိုတဲ့ အတိုင်း ထာဝရ အတူ လက်တွဲနိုင်ပါစေ။
15 May 09, 00:08
dew: စပယ်ရှယ် ဆုတောင်းပေးသွားတယ်နော် ..။ ဒါကြောင့် သဲ ကို 9 star hotel မှာ လိုက်ကျွေးရမယ် ..။ 9 star hotel မဟုတ်ရင် လိုက်စားဘူးးးး ဒါဗြဲ ..! :lol:
15 May 09, 00:06
dew: မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေနော်.။ ရုံးမှာလည်း အလုပ်များများ မပိပါစေနဲ့ .။ ရုံးချိန်အတွင်း ချက်တင်များများ ထိုင်နိုင်ပါစေ .။ တစ်လကို လစာ 10000 $ ရလာပါစေ ..။ (....) မြန်မြန် ဆုံတွေ့နိုင်ပါစေ ။ အဟိ :glad:
14 May 09, 23:54
chitpalone: http://s283.photobucket.com/albums/kk311/impimg/flash/bday/01.swf
14 May 09, 23:53
chitpalone: မွေးနေ့လက်ဆောင်http://s283.photobucket.com/albums/kk311/impimg/flash/bday/01.swf
14 May 09, 23:53
chitpalone: မမရေ မနက်ကျောင်းက ပြန်ရောက်မှပဲ စားတော့မယ်နော်။ အဟိ ဘုရားသခင်ကောင်းချီးပေးပါစေ။
14 May 09, 23:38
ဘာတွေတုန်း: ချစ်မကြီး..မနက်ဖြန်မွေးနေ့ဆို...စားရ၀ါးရတော့မယ်ပေါ့.. :D မနက်ဖြန်မှ မွေးနေ့ဆုတောင်ူရင် နောက်ကျနေမှာ ဆိုးလို့ခုထဲက လာပြောတာ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ.။ ချစ်ခင်သူတွေနဲ့ နှစ်တိုင်းဖြတ်သန်းနိုင်ပါစေ
14 May 09, 21:46
reenoemann: ညခင်း ဖွလို့ အစ်ကို သိရတာပါကွာ EVE Birthday ပါ
14 May 09, 21:39
mgnge: မွေးနေ့ မှာဘာကျွေးမှာလည်း။။။ ငါကျောင်းပိတ်တယ် အပီ လာဆွဲ မယ်..။နေရာသာပြော :P
14 May 09, 21:38
နွေး: မမ tomw ညနေ ဘယ်မှာစောင့်နေ ရမလဲ.. ;-)

နေခြည် ကလည်း လှမ်းပြီး ဆုတောင်းပေးပါတယ် ..း)

ဖုံးနဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ် စိတ်ထဲကနေပဲဖြစ်ဖြစ် ဆုတောင်းပေးသူအားလုံးကို ခင်မင်မှုအတွက် အလေးအနက် ကျေးဇူးတင်ပါတယ် .. ကောင်းကင်ကြီးက ကြည်လင်နေပါတယ် .. ဒီလိုပဲ ကျမစိတ်တွေလည်း ကြည်လင်နေခဲ့တယ် .. အဲဒါ အားလုံးရဲ့ မေတ္တာစေတနာကြောင့်ပါ .. ချစ်ခင်သူများအားလုံးကို ရင်ထဲကနေ ကျေးဇူးတင်ပါတယ် ..

မေတ္တာတရားက မထိ မတွေ့ မမြင်နိုင်ပေမယ့် အင်အားကြီးမားပါတယ် .. မဲ့နေသူကို ပြုံးလာအောင်လုပ်နိုင်တယ် .. နွမ်းနေတာကို လန်းဆန်းအောင် ပြုနိုင်တယ် .. ငိုနေသူအတွက် ပုဝါတစပါ .. အားလုံးကို အထူးကျေးဇူးတင်ပါတယ် .. အားလုံးလည်း ပြုံးပျော်ရွှင်နိုင်ကြပါစေ ..း)

မွေးနေ့ကို မသိလိုက်ဘူး မပြောဘူး ဆိုပြီးတော့တော့ စိတ်မဆိုးကြပါနဲ့နော် .. လိုအပ်ချက်တွေရှိခဲ့ရင်လည်း ကြိုတင် တောင်းပန်ပါတယ် ..

ညက ချစ်သူနဲ့ဖုန်းပြောတာ ၁နာရီကျော်သွားတယ် .. ကျမဘ၀လေးကို ငြိမ်းချမ်းစေမယ့် ငြိမ်းချမ်းစေချင်တဲ့ သူ့ကို ကျေးဇူးတင်ပါတယ် ..

မနက်မိုးလင်းတော့ ဖေနဲ့ မေက ဖုန်းလှမ်းခေါ်တယ် .. သမီးအတွက် အဆုံးစွန် ပေးခဲ့တဲ့ မေတ္တာ စေတနာ နဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် .. ဖေကြီးနဲ့ မေကြီးကို အရမ်းချစ်ပါတယ် ..

မနက်ဖြန် စနေနေ့ကို မွေးနေ့အတွက် တခုခုစီစဉ်ဖို့ရှိပါတယ် .. အားလုံး အဆင်ပြေမယ်ဆို လာစေချင်ပါတယ် .. အားလုံးကို ဖိတ်ပါတယ်နော် ..
စနေနေ့ နေ့လည် ၁၂ နာရီ (၁၆-၅-၀၉)
Hougang ave 3, Blk 248, #06-426,sg, 530248.

(လက်ဆောင် ပစ္စည်း ယူမလာဖို့ မေတ္တာရပ်ပါတယ်နော် .. ကျေးဇူးအများကြီးကို တင်ပါတယ် .. အားလုံး ပျော်ရွှင်ကြပါစေ ..း)


နောက်ဆက်တွဲပါ .. ချစ်ရတဲ့ ညီမလေး နိုနို နဲ့ မယဉ်မင်းက လှမ်းဆုတောင်းပေးထားတာပါ ..

နိုနို: Happy Birthday မ ..
မွေးနေ့မှာ ပျော်ပျော်နေ...း)
အသက်တနှစ်ပိုကြီးသွားပီနော်(ယောက်ျားယူသင့်ပီ..):P
အိမ်ကို လွမ်း နေ လား
နောက်တော့ အဆင်ပြေသွားမှာပေါ့ မ ရယ်...
wish u to be a very very happy girl from 15th May,2009 to infinity ...
မ ဘေးမှာ နို အမြဲရှိတယ်...ဟဲဟဲ...
(မယုံရင် ဘေးကို လှည့်ကြည့်လိုက်ပါလား )

မွေးနေ့မှာပျော်ရွှင်နိုင်ပါစေ
ဒီနေ့မွေးနေ့လေးမှသည်နောင်နှစ်ပေါင်း များစွာပျော်ရွှင်နိုင်ပါစေ
အောင်မြင်မှုတွေရ၇ှိနိုင်ပါစေလို့ဆုတောင်းပေးပါတယ်

မေသဲရေ နိုနဲ့ အမနဲ့ဆုတောင်းပေးပါတယ်
နိုကသူရဲ့ဆုတောင်းလေးကိုပို့ပေးပါလို့ပြောလို့ပို့လိုက်တယ်နော်




ကျေးဇူးတင်ပါတယ်နော် ..း)



ဥပသကာ: မွေးနေ့ဆိုတော့ ရောက် လာတယ်၊ မန်ံ လိုံ မရဘူး ဖြစ်နေတယ် ငြိမ်း ချမ်း ပါစေ ညီမငယ် ရေ

ဒီမွန်ပေးတဲ့လက်ဆောင်ပါ .. ပေးတဲ့ဆုနဲ့ပြည့်ပါစေ .. နင့်စာထဲကလောက်မကောင်းတာ ကိုယ်တိုင်သိတယ် .. :D

ညနေက သယ်ရင်းကို အွန်လိုင်းမှာ ဖျတ်ခနဲ တွေ့လိုက်ရတော့ 'နက်ဖန် ငါ့မွေးနေ့' ဆိုလို့ အမှတ်တရ မဖြစ်ညစ်ကျယ် စာလေး ရေးမယ်လုပ်ပါတယ် မီးကရုတ်တရက်ပျက် ချက်ခြင်းပဲ အပြင်ထွက်ပြီး ဆိုင်ကိုပြေးတော့လဲ ၁၀ နာရီကျော်ပြီဆိုပြီး ကုလားတွေက ကွန်ပျူတာ ပေးမသုံးတော့ပြန်ဘူး။ ဒါနဲ့ပဲ မဖြစ်ချေဘူးဟ ဆိုပြီး အိမ်ကိုပြန် ကသုတ်ကရက်နဲ့ အေဖိုး စာရွက်လေး စွဲပြီး ဒုန်းဆိုင်းလိုက်ရတာရယ်..။ (မှားတာရှိလည်း ကိုယ့်ချင်း ကိုယ့်ချင်းတွေပဲ အားနာတော့ဘူး နော် .. ဟီး)
ကျွန်တော့ ရဲ့ Blog လေး စလုပ်ဖြစ်တုန်းက ပေါ့ဗျာ။ မှတ်မိပါသေးတယ် အိမ်ကိုလာပြီး စာအုပ်တွေ ဘတ် သွားပါတယ် ဆိုလို့ စာအုပ်ဖိုးလိုက်တောင်းရင်း စပြီးရင်းနှီးခဲ့ ကြတာ။ အဲဒီတုန်းက လူကလည်း သိတဲ့အတိုင်းပဲ fresher လေးဆိုတော့ ဘာမှလည်း မလုပ်တတ်ဘူးရယ်။ အွန်လိုင်းကစာအုပ်လေးတွေ ဒေါင်းပြီး အိမ်မှာတင် ၊ပြီးတော့ youtube ကသူမျုားသီချင်းတွေ တင်နဲ့ ဒါလောက်ပဲ လုပ်တတ်တာရယ် ..။အဲဒီမှာ ချိုကိုသဇင် တို့ နွေးနွေးသဲမွန် တို့ မိုးခါး တို့ ဆိုတဲ့ မောင်နှမတွေ နဲ့ စရင်းနှီးလာခဲ့တာပေါ့..။ဒီကောင်မလေးတွေရဲ့ အားပေးမှုတွေ နဲ့ ကျွန်တော့ရဲ့ အိမ်လေးကို အသက်သွင်းနိုင်တယ် ဆိုရင် မမှားပါဘူး ။ နောက်ပိုင်း Gtalk မှာ တွေ့တော့မှ ဒီသယ်ရင်းမလေး မိုးခါး ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓါတ်ကို ပိုပြီး သိခွင့်ရ ခဲ့တယ် ( အဟဲ ကိုယ့်ချင်း ကိုယ့်ချင်းမို့ ပြောတာဟုတ်ဘူးနော် )။ ကျွန်တော်က ကိုယ့်ဖာသာကိုယ် အပျင်းကြီးပြီး အလုပ်မလုပ်ချင် ၊ အလုပ်မလုပ်တော့ ဘိုင်ပြတ် (အဟီး) ၊ ဘိုင်ပြတ်တော့ ဟိုကိုပဲသတိရတာလိုလို ဒီကိုပဲလွမ်းတာလိုလိုနဲ့ စိတ်ဓါတ်ကကျ ။အဲလိုအချိန်မျိုးမှာ အလုပ်တွေနဲ့ ပင်ပန်းနေတဲ့ကြားကပဲ ကျွန်တော်ညည်းသမျှ စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး အားပေးစကားပြောတတ်တဲ့ ကျွန်တော့ရဲ့ ပေါ်လီယာနာလေး မိုခါးအတွက် စောစောကပြော သလိုပဲ မဖြစ်ညစ်ကျယ် စာလေးတစ်ပုဒ်ရေးဖြစ်လိုက်တယ် ။သယ်ရင်းမိုးခါး တစ်ယောက် ယနေ့ မှသည် အသက် ၁၂၀ ကျော် ရှည်စေသော်ဝ်..။

ရာသီတစ်ခု
အို ဟောင်းခဲ့ပြန်ပြီ
စက်ဝန်း တစ်ခုလို
လည်ပတ်နေဆဲ အချိန်ကုန်
ခုန်မင်စရာလည်း ပျောက်နေရဲ့..။

စိတ်ဟာ
အတိတ်ဆီပြန်သွား
အမှန်အမှားတွေ
ဆန်းစစ်ကြည့်လိုက်တဲ့ အခါ
ရေရာခြင်းမရှိတဲ့
မသေချာခြင်းတွေသာ များပြားနေခဲ့ပေါ့..။

ဝေဆာတဲ့ အခက်အလက်တွေ
တဖြုတ်ဖြုတ်နဲ့ ကြွေကျနေ
အဖြေဟာ ဘာလဲ
တွေ့အောင်ရှာ လွတ်အောင်ရုန်း
အဆုံးမရှိတဲ့ အစခရီး
ပန်းတိုင်နဲ့ မနီးခင် အားပျော့ချင်ပြီလား..။

တွေဝေနေရင်တော့
ရေရှည်မှာ ကျန်ခဲ့ လိမ့်မယ်
စဉ်းစားလေ
မင်းလည်းသိ ငါလည်းသိ
အညှိခက်တဲ့ ပုစ္ဆာတွေ
မရှိခဲ့တဲ့ သစ္စာတွေမှ မဟုတ်ဘဲ
သရုပ်ခွဲ လိုက်တဲ့ အခါ
အနာသိ ဆေးရှိရမယ် သူငယ်ချင်း...။

ပန်းချီဆရာရဲ့ လက်ဟာ
ဆွဲလက်စ ပန်းချီကားရဲ့
အဆုံးသတ် စုတ်ချက်ကို
အလိုအလျောက် သိနိုင်စွမ်းတယ်တဲ့
ဖတ်ဖူးတဲ့ စာတစ်ခု
အခုပြောတာ နားလည်ပါ..။

ညီညွတ်ရေးလမ်းကြောင်း
မတိမ်းစောင်းဖို့
"အစွဲ" တွေ မောင်းထုတ်ဖို့တော့ လိုမယ်
တိုက်ပွဲတစ်ခု ရှုံးတဲ့အခါ
လူတစ်ချို့ဟာ
"ဆန္ဒစွဲ" လို့ တံဆိပ်ကပ်
"၁၁" လက်မပေတံနဲ့ တိုင်းထွာပြတတ်ရဲ့..။

ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း
ဝေဖန်ခြင်း လေကန်ခြင်းတွေကြားမှာ
မွန်းကြပ်လာတဲ့ အခါ
ပေါ်လီယာနာ ကိုတမ်းတရင်း
သောကတွေကိုလည်း
ချေဖျက်တတ်ခဲ့တယ်...။

အမိမြန်မာနိုင်ငံတော်ရဲ့ အားထားရတဲ့ သမီးကောင်း ရတနာလေး တစ်ယောက်ဖြစ်ဖို့ ဆုတောင်းပေးပါတယ်..။

--
ဖိုးသား

မိုးစက်အိမ်: Happy Birthday မမိုးခါး...မွေးနေ.မှာပျော်ရွှင်ချမ်းမြေပါစေအမရေ...
15 May 09, 12:01

15 May 09, 12:52
ပျိုခေတ်: ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေ မမိုးခါးရေ
15 May 09, 12:43
flowerpoem:့ Happy Birthday မိုးခါးရေ ပျော်ရွှင်ပါစေ...
15 May 09, 12:30
သူရဿဝါ: မမမိုးခါးရေ .... မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ .....
15 May 09, 12:30
နှင်းစက်: H@PpY B!rThdAy မိုးခါးလေး

15 May 09, 14:17
ကဗျာမလေး: Happy Birthday ပါ ညီမလေး ..... သက်ဆုံးတိုင် ပျော်ရွှင်နိုင်ပါစေ :)
15 May 09, 14:12
ဝလုံးဝိုင်းဝိုင်း: happy birthday ! May b happy n pleased at the coming days !
15 May 09, 13:51
poohgallery: HAPPY BIRTHDAY
15 May 09, 13:43
အိုက်ခီလောက်: နေ့ လည်တရေးနိုးပြီးမွေးနေ့ ပွဲလာတာ ကျန်သေးလားဟင် မိုးခါး

ဝါ၀ါက အမှတ်တရ

မမမေသဲရေ ...
မွေးနေ့ကဗျာရေးပေးလိုက်တယ်
အဲ.. တစ်ခုရှိတယ်နော်
သူများတွေက ဆုတွေတောင်းပေးကြ
အညွန့်အဖူးတွေ ရေးပေးကြပြီးပြီ
ကျနော့်ကဗျာက မွေးနေ့ကဗျာတောင် ဆန်ချင်မှဆန်ပါလိမ့်မယ်
ဒဿနဘက်ကိုယိမ်းနေတယ်
ဘာပဲဖြစ်ဖြစ် အမှတ်တရတစ်ခုအနေနဲ့ပဲ လက်ခံပေးပါနော်

ခင်မင်စွာ ...
သူရဿဝါ

ဇာတ်ဝင်ခန်း ၂၄


ဒါဟာ

လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း ထိတွေ့ကြတာမဟုတ်ဘူး

လူတစ်ယောက်ရဲ့ ဆန္ဒတွေနဲ့ လောကရဲ့ဇာတ်ဝင်ခန်းများ ထိပ်တိုက်တွေ့ကြတာ

ကြည့်လို့တော့ကောင်းလာပါလိမ့်မယ်

အခုပဲ ဇာတ်ဝင်ခန်း ၂၄



တခါတလေတော့လည်း `ဒီလိုပါပဲ´ အမရယ်

အမြဲတမ်းလည်း `ဒီလိုပါပဲ´ အမရယ်

ဘ၀ဆိုတဲ့ကောင်က သူ့ကြိုးဝိုင်းထဲပဲ ကျနော်တို့ကို

အတင်းဆွဲ ဆွဲခေါ်သွားတတ်တာ



ပေါ်လာလိုက် … မြုပ်သွားလိုက်

မြုပ်သွားလိုက် … ပေါ်လာလိုက်နဲ့

ကျနော်တို့ ရေကူးနေကြတာလား

ခပ်ဆင်ဆင်တော့ တူပါတယ်

ဘ၀ကို အလျားလိုက်ကြီး ဖြတ်ကူးနေရတာ



အခုလိုမျိုး မွေးနေ့ပွဲတွေလည်းပါ၊

အိမ်ယာထူထောင်ခြင်းတွေလည်းပါ၊

စိတ်ကျရောဂါတွေလည်းပါ၊

လက်ခုပ်လက်ဝါးတီးသံတွေလည်းပါ၊

ဘာများကွဲပြားခဲ့ကြလို့လဲ



သိပ်လည်းမပူပန်ပါနဲ့ အမရယ်

ကံဆိုးတယ်ဆိုတာလည်း တကယ်တမ်းတော့

ပန်းက ရနံ့ကို လွှင့်ပစ်လိုက်သလောက်လေးပါ



……………………………..

……………………………………. ဟိုတစ်ဖက်ကမ်းကို ရောက်ခါနီးတဲ့အခါ

ဒဏ်ရာအနာတရတွေအကြောင်းသိလာတဲ့အခါ

အတုတွေ အစစ်တွေအကြောင်းသိလာတဲ့အခါ

`လူဆိုတာ ……..´ လို့ နောင်လာနောက်သားတွေကို ပြောပြလာနိုင်တဲ့အခါ

အဲဒီအခါကျရင်

လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း

ဖြည်းဖြည်းညင်းညင်း ထိလာလိမ့်မယ်



အခုက …

ဇာတ်ဝင်ခန်း ၂၄

ကြည့်လို့တော့ကောင်းလာပါလိမ့်မယ်

ရှေ့လျှောက် လူတစ်ယောက်ရဲ့ဆန္ဒတွေနဲ့ ဇာတ်ဝင်ခန်းများထိပ်တိုက်တွေ့ကြပုံ

သဇင်မှ
Picture Captions

Picture Captions

ကောင်းကင်ယံမှ

သူငယ်ချင်းအတွက်စာစု

လူ့ဘ၀မှာတွေ့ဆုံကြုံကွဲ ဘ၀ဓမ္မာတာ

ဆုံတွေ့အခိုက်ဝယ် ခင်မင်ရင်းနှီးခြင်းက

တန်းဖိုးရှိလှသည်...။

ဝေးရမယ်ဆိုစိတ်မှာဆွေးမြေ့ ၀မ်းနည်းပူဆွေး၊

အမှတ်တရလေးတွေကို…………. သတိတရ

နဲ့တမ်းတလွမ်းသူတစ်ယောက်ပေါ့….။

သူငယ်ချင်း…

လောကမှာ ငါတို့နှစ်ယောက်သိကျွမ်းခဲ့တာ

လူချင်းမတွေ့ပေမဲ့ စိတ်ရင်းကောင်းစွာနဲ့

ရိုးသားမှုတွေရှိခဲ့ကြတယ်…။

သူငယ်ချင်း….ဆိုတဲ့သံယောဇဉ်နဲ့မင်းငါ့ကို

အကူအညီတွေပေးခဲ့တယ်နော် ကျေးဇူးလို့

ပြောနေရတာ သူစိမ်းဆန်းပါတယ်…။

တစ်ခုတော့ ပြောနိုင်တယ်အမြဲတမ်းထာဝရ

အတွက် သူငယ်ချင်းကောင်းတစ်ယောက်

အဖြစ်နဲ့……..မင်းဘေးမှာရပ်တည်ပေးမယ်

သူငယ်ချင်း………….. ၂၄ နှစ်ဆိုတဲ့ အရွယ်က

ရင့်ကျက်ပြီး အဆိုးအကောင်းခွဲခြားတတ်တော့

ချစ်သူ သက်ထားရခဲ့ရင်လည်း ပျော်ရွှင်သော

ခရီးလမ်းဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်….။

မွေးနေ့ကို ကိုယ်တိုင် မလာနိုင်ပေမဲ့ အထူး

လက်ဆောင်တစ်ခုတော့ ပေးနိုင်တယ်

သူငယ်ချင်း… မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ…

မေတ္တာလက်ဆောင်ပေါ့ နှစ်သက်မှာပါ…….

နောက်ဆုံး အလိုဆန္ဒကတော့ မွေးမိခင်နှင့်

ကျွေးဖခင်တို့ရှိလို့ မွေးနေ့ဖြစ်လာတာ

ဒါကြောင့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ

မိဘကိုကျေးဇူးဆပ်နိုင်စေသာ သမီးကောင်းလေး

တစ်ယောက် ဖြစ်ပါစေလို့ သူငယ်ချင်းတစ်ယောက်

အနေ့နဲ့ အဝေးတစ်နေရာက ဆုတောင်းပေးလိုက်ပါတယ်……။

(အလင်းရောင်)

လူကျန်မှာစိုးလို့စစ်နေတာ .. :D လစ်ဟာမှုရှိရင် နားလည်ခွင့်လွှတ်နိုင်မယ်ထင်ပါတယ် ..


Tuesday, May 12, 2009

လိုအပ်ချက် နှင့် အလိုအပ်ဆုံး

လူတန်းစားပေါင်းစုံအတွက် လိုအပ်ချက်တွေ တော်တော်များများရှိပါတယ် .. မလိုအပ်တဲ့အရာရယ်လို့ကို မရှိဘူး .. အကုန်လုံးတနေရာရာမှာတော့လိုအပ်နေတာပါပဲ .. ကိုယ်တိုင်ကိုက လောဘကြီးလို့လည်းဖြစ်နိုင်ပါတယ် .. ခု လိုနေတယ်ဆိုတာတွေ အကုန်လုံး မဖြစ်မနေလိုအပ်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး .. မရှိလို့လည်း ရနေပြန်ရော .. (ရှုပ်နေတာပဲနော် ..)

လောလောဆည် ကျမအတွက် ဘာလိုအပ်လဲ .. ကိုယ့်ဘ၀ရပ်တည်ဖို့အတွက် အလုပ်တခုလိုအပ်ပါတယ် .. ဘ၀ကို ရပ်တည်နိုင်ဖို့ လမ်းခင်းပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျမ လိုအပ်ပါတယ် .. (ခုလောလောဆည်တော့ အနားမှာရှိမပေးနိုင်ပါဘူး ..) ပင်ပန်း နွမ်းနယ်လာတဲ့အခါ လက်တွဲခေါ်ယူအားပေးမယ့် လက်တစုံလိုအပ်ပါတယ် .. ပြီးတော့ ကျမချစ်တဲ့သူငယ်ချင်းတွေကို ကျမလိုအပ်ပြန်ပါတယ် .. ဒါက ရင်ထဲက လိုအပ်ချက်တွေပေါ့ ..

နောက်တခု ရုပ်ဝတ္တုပစ္စည်းတွေအနေနဲ့လည်း လိုအပ်ပြန်ပါရောလား .. သူများတန်းတူဆိုတဲ့စကားအတိုင်း အသက်ရှင်နေသရွေ့ နေထိုင်ရပ်တည်နိုင်ဖို့ လိုအပ်ချက်တွေလည်း များပါတယ် .. လိုအပ်တယ်လို့ တွေးနေရင် အရာတိုင်းက လိုအပ်နေမှာပါပဲ .. လူပဲ လောဘရဲ့ သားကောင်တွေပဲလေ .. သူများဝတ်ရင် ၀တ်ချင်မယ် .. သူများစားရင် စားချင်မယ် .. သူများသုံးသလို သုံးချင်တယ် .. လောကီမှာကျင်လည်နေသရွေ့တော့ ဒါတွေကို လိုချင်တပ်မက်နေဦးမှာပါပဲ .. ၀န်ခံရရင်တော့ ကျမက လောဘကြီးတယ် .. ထိလို့တွေ့လို့ရတဲ့ အရာဝတ္တုတွေကအစ ရင်ထဲက မေတ္တာတရားအဆုံး အားလုံးအပေါ်မှာ ကျမ လောဘကြီးပါတယ် ..

ဒါပေမယ့် ကျမ တွေးမိတယ် .. ဒါတွေက လိုအပ်ချက်တွေဆိုတာမှန်ပေမယ့် အမြဲတမ်းတော့ လိုအပ်နိုင်ပါ့မလား ..

ဘ၀ရပ်တည်ဖို့ အလုပ်တခုလိုအပ်တယ် .. မဖြစ်မနေလုပ်ရမယ် .. ဒါပေမယ့် လုပ်ချင်လို့တော့မဟုတ်ဘူး .. လုပ်သင့်လို့လုပ်နေရတာပါ .. မိဘနှစ်ပါးကို စိတ်ထဲက လိုအပ်နေပါတယ် .. ဒါပေမယ့် တချိန်ချိန်ကျရင် ကျမ မိဘတွေမရှိပဲ ဆက်လက်ရှင်သန်ရဦးမှာပဲ .. ခုလည်း ဝေးနေသေးတယ် .. တွဲခေါ်မယ့် လက်တစုံကရော အမြဲတမ်း တွဲခေါ်နိုင်မယ်တဲ့လား .. တွဲခေါ်နိုင်တယ်ထားဦး ခွဲခွာခြင်းဆိုတာ တချိန်မှာတော့ ကြုံရဦးမှာပါပဲ .. သူငယ်ချင်း မိတ်ဆွေဆိုတာရော ထိုနည်းလည်းကောင်းပေါ့ ..

လိုအပ်နေတဲ့ ရုပ်ဝတ္တုပစ္စည်းတွေ ဒါတွေကရော .. လိုအပ်ချက်တွေမှန်ပေမယ့် အလိုအပ်ဆုံးတွေတော့ မဟုတ်တာ အမှန်အကန်ပါပဲ .. ပိုက်ဆံတွေဘယ်လောက်ရှိရှိ အသက်ကို မ၀ယ်နိုင်ပါဘူး .. ဒါပေမယ့် အသက်ရှင်နေသရွေ့တော့ ပိုက်ဆံဆိုတဲ့အရာကို ရအောင်ရှာဖွေရဦးမယ် .. လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရဦးမှာပါ ..

အလိုအပ်ဆုံးဆိုတဲ့အရာကို တွေးမိတယ် .. ကျမအတွက်ကတော့ ဘာသာတရားပါပဲ .. ကျမကိုးကွယ်ယုံကြည်တဲ့ ဘာသာတရား .. အဆုံးမတွေ .. ဒါတွေကို သိနေ နားလည်နေမှ ရှေ့မှာ ကြုံရမယ့် အကောင်းအဆိုးဒဏ်တွေ ဆုံးရှုံးမှုဒဏ်တွေကို ခံနိုင်ရည်ရှိမှာပါ .. စိတ်ထားတတ်မှ ခံနိုင်ရည်ရှိမယ် .. စိတ်ထားတတ်အောင်လည်း ကိုယ့်ဘက်က လေ့ကျင့်ပေးမှရမယ် .. အကောင်းအဆိုးသိမှ ခွဲခြားနိုင်မယ် .. သိမှ မကောင်းတာကို လျော့ပြီး လုပ်ဖြစ်မယ် .. ဒီလိုခွဲခြားနိုင်ဖို့ ဥာဏ်ရှိမှရမယ် .. ဥာဏ်ရှိအောင်လည်း ကျင့်ယူရမယ် .. ဒါပေမယ့် ခုထိ လုပ်သင့်တယ် လုပ်ရမယ်ဆိုတဲ့ နေရာမှာတင် ရပ်နေသေးတယ် .. တကယ် မလုပ်ဖြစ်သေးဘူး .. ဥာဏ်နဲနေပါသေးတယ် ..

ဒီတော့ ကျမအထင် (ကျမတဦးတည်းအတွက်ပါ ..) ဘာသာတရားအဆုံးအမ လိုအပ်ပါတယ် .. အလိုအပ်ဆုံးလားဆိုတာတော့ ပြောရခက်တယ် .. တယောက်နဲ့တယောက်လည်း ခံယူပုံချင်းတူမှာမဟုတ်သလို လုပ်ဆောင်ချက်လည်းတူမှာမဟုတ်လို့ပါ .. ကျမအတွက် ခုလောလောဆည် အလိုအပ်ဆုံးထင်တာကတော့ စိတ်ထားမှန်ဖို့ .. ဥာဏ်ရှိဖို့ လို့ပဲ ထင်မိပါတယ် ..

မောင်လေး အဆိပ်ခွက်က တဂ်ထားတာပါ .. ထင်တာတွေချရေးမိတယ် .. တကယ်တော့ ယောင်ဝါးဝါးပဲ .. ကိုယ့်စိတ်ကိုယ်သေချာမသိနိုင်သေးလို့ပါ .. ကျေနပ်မယ်ထင်တာပဲ .. (မကျေနပ်လည်း မတတ်နိုင်ဘူး .. ရန်စတာ :P)

အစက ထပ်မတဂ်တော့ဘူးလို့ .. ခုတော့ တဂ်လိုက်ဦးမယ် .. ဂျပန်ကောင်လေး ရေးပေးပါ .. စိတ်မပါလက်မပါဖြစ်နေတဲ့ ကိုပြာသိုကိုလည်း တက်ချင်ပါတယ် .. ရေးပေးပါနော် .. မဆုမွန်ကိုတော့ အားရင်တဂ်ချင်ပါတယ် .. အဆင်ပြေရင်ပေါ့ .. မပြေရင်ရပါတယ်လို့ ..း)




Monday, May 11, 2009

ရက်လေး ၁ရက်

မိတ်ဆွေသူငယ်ချင်းပေါများခြင်းကလည်း မင်္ဂလာတပါးပါပဲ .. တဦးတည်း အထီးကျန်နေမယ်ဆို ဘယ်လောက်တောင်ပျင်းဖို့ကောင်းလိုက်မလဲနော် .. ဒီကို ရောက်ခါစကတော့ သူငယ်ချင်းဆိုလို့ လက်တဖက်တောင်မပြည့်ပါဘူး .. ခုနောက်ပိုင်းတော့သူငယ်ချင်းတွေ အမတွေ ညီမတွေ မောင်လေးတွေ အကိုတွေနဲ့ စိုစိုပြေပြေဖြစ်လာပြီဆိုပါတော့ ..း)

တနင်္ဂနွေနေ့ဆို စောစောစီးစီး ထလေ့ကိုမရှိပါဘူး .. မနက်ဖြန်ရုံးပိတ်ပြီဆိုတာနဲ့ အင်တာနက်ကို ညလုံးပေါက်သုံးရမယ်လို့ ဆုံးဖြတ်ချက် ချထားတာနဲ့အညီ ကျန်ခဲ့တဲ့စနေ (၉.၅.၀၉) ကလည်း ဘလော့ကို ပြင်ရင်း ကလိရင်း မနက် ၅နာရီထိုးပါတယ် .. နောက်နေ့မနက် အမေများနေ့ကျတော့ အမက အပြင်ထွက်ဖို့လုပ်နေသံကြားတာနဲ့ နိုးသွားတယ် .. ဒီလိုနဲ့ မျက်လုံးပွင့်ရင် အထီးကျန်မနေတတ်လို့ ကွန်ပျူတာခလုတ်လေး အသာဖွင့်လိုက်တယ် .. အမက မအိပ်တော့ဘူးလားတဲ့ .. နိုးမှတော့ သိပ်လည်း အိပ်ချင်စိတ်ကမရှိ .. ဒီလိုနဲ့ ဒီဇာတ်လမ်းလေးဖြစ်လာတာပေါ့ ..

ဘလော့စွဲနေသူတွေ ထုံးစံအတိုင်း ကွန်ပျူတာပွင့်တာနဲ့ အရင်ဖွင့်ဖြစ်တာ ဘလော့ပါပဲ .. ကိုယ့်ဘလော့ကိုဖွင့်လိုက်တော့ အဆိပ်ခွက်ရဲ့ အော်သံကျယ်ကျယ်ကိုကြားရတယ် .. သီချင်းလိုချင်လို့အက်ထားပါတယ်တဲ့ .. ခုသူလိုချင်တဲ့သီချင်း ရပြီဆိုတော့ ခုပြန်ဖြုတ်ရတော့မယ်ထင်တယ် .. :P .. ဒါနဲ့ ဒီလိုနဲ့ မနက်စောစော (၁၀ နာရီ) ကို အဆိပ်ခွက်အော်ဂျက်နဲ့ စဖွင့်လိုက်တယ် ..

ဒီလိုနဲ့တဆက်တည်း ချစ်မမ မရောင်က တက်လာပြန်ရော .. သူနဲ့လည်း ဆက်ပွားတာပေါ့ .. ပွားရင်းနဲ့ ရုပ်ရှင်ကြည့်မယ်တဲ့ .. ဒီက ပြန်အိပ်ဖို့ချောင်းနေတာ .. ရာသီဥတုက ကိုယ့်ဘက်မှာရှိနေတာကို အပြင်ထွက်ရင် ကိုယ့်လောက်မိုက်တဲ့လူရှိပါ့မလား .. ဒါပေမယ့် မိုက်ဇာတ်ပဲ ခင်းလိုက်တယ် .. :P သိပ်တော့ မခေါ်လိုက်ရပါဘူး .. ဒီကလည်း ပျင်းပျင်းနဲ့ ဘာလုပ်ရပါ့ စဉ်းစားနေတဲ့လူဆိုတော့ .. သွားမယ် လာလေ ပေါ့ ..

ဘယ်သူတွေလဲ ဘယ်လဲ ဘာလဲ ဘယ်ချိန်လဲ ဘယ်နေရာလဲ နဲ့ မေးခွန်းများစွာကို ဆွေးနွေးအဖြေရှာပြီးတဲ့နောက်မှာ နောက်ဆုံးသတင်းကတော့ ၂နာရီခွဲ အောချပ် အမ်အာတီပါတဲ့ ..

ထုံးစံအတိုင်းမိုးခါးတို့ အချိန်မှန် ၂နာရီခွဲချိန်းတာ ၁၅ မိနစ်လောက်နောက်ကျသွားတယ် .. ချိန်းထားတဲ့နေရာရောက်တော့ မရောင်ရယ် .. ကိုရီနိုရယ်က ရောက်နေပြီ .. အဆိပ်ခွက်ကိုလည်း မြင်လိုက်တယ် လှစ်ခနဲ .. သူက လက်မှတ်ကို ရှေ့တော်ပြေးသွားဝယ်ပါတယ်တဲ့ .. နောက်တော့ ဂျပန်ကောင်လေးနဲ့တွေ့ (သူက အရင်ရောက်နေတာပါ .. သူငယ်ချင်းနှစ်ယောက်နဲ့ ..) ဘယ်သူကျန်သေးလဲဆိုတော့ တောင်ပေါ်သား ဦးရှင်ကြီးနဲ့ မကြယ်တို့ကို စောင့်ရမယ်ဆိုပြီး စောင့် .. အတိုချုပ်ရရင်တော့ နောက်ဆုံး လူစုံသွားတယ်ပေါ့ .. ဒီလိုနဲ့ ရုပ်ရှင်ကြည့်တယ် .. ဗီဗိုးစီးတီးသွားထိုင်တယ် .. ဟိုကြည့်ဒီကြည့် ကြည့်တယ် .. ဒီလောက်ပါပဲ .. :D

နောက်ဆုံးတော့ the end ပေါ့နော် .. :P

ခွဲခွာချိန်တိုင်လို့ ခွဲရမယ်ဆိုတော့ ပြုံးပျော်ရွှင်စွာနဲ့ပဲ ခွဲခွာလာခဲ့ကြတယ်ပေါ့ .. နောက်တချိန်အတွက်လည်း တခါတည်း ဘွတ်လိုက်သေးတယ် .. နောက်တပတ်အတွက်ကိုလေ .. ဒါတော့ မကြာမီ လာမည် မျှော်ပေါ့ .. အဲဒီအခါကျ ထပ်ရေးမယ်နော် .. ခုတော့ တော်သေးပြီ ..

အောက်က လင့်တွေမှာလည်း သူတို့တွေရေးထားတာရှိသေးတယ် .. တွေ့ဖြစ်ခဲ့ကြတဲ့ မောင်နှမတွေပေါ့ .. အားလုံးပျော်ရွှင်ကြပါစေ .. ပုံတွေလည်းတင်ထားကြတယ် .. အဲဒါကြောင့် အပျင်းထူပြီး မတင်တော့ပါနော် ..း)



အဲဒီနေ့က တကယ်ပျော်ရပါတယ် .. ခြေကိုလည်းတိုရောပဲ .. အိမ်ရောက်တော့လည်း တုံးကနဲပဲ .. မနက် ရုံးသွားဖို့အလန်းမြည်တော့တောင် အိပ်မက်မှတ်နေတာ .. (အဲလိုနိုးကြားပါတယ် ..:D)



မရောင်

မကြယ်
ဦးရှင်ကြီး
ကိုရီနို
တောင်ပေါ်
ဂျပန်
အဆိပ်



Saturday, May 9, 2009

နားစွဲနေသောစကားလုံးများ

ငယ်ငယ်တုန်းကကြည့်ဘူးတဲ့ ဇာတ်လမ်းတပုဒ် .. သားက ငယ်ငယ်က သူများပစ္စည်းတွေယူယူလာတတ်တယ် .. အမေလုပ်သူက ဘာမှဆိုဆုံးမခြင်းမရှိဘူး .. ငယ်ငယ်တည်းက သူများပစ္စည်းယူတတ်တဲ့အကျင့်ရှိသူက ကြီးတော့ သူခိုးဖြစ်ရော .. နောက်ဆုံးကျတော့ ဘုရင်ကဖမ်းမိ .. အဆုံးသတ်ကျတော့ တောင်စွယ်နေကွယ်ရင် သတ်စေပေါ့ .. မသေခင် သားလုပ်သူက အမေကိုပြောတယ် .. သားနားကိုခဏလာပါ .. တိုးတိုးပြောစရာရှိတယ်တဲ့ .. အမေက နားနားကပ်ပြီးသားပြောတာနားထောင်တော့ သားလုပ်သူက အမေ့နားရွက်ကို ကိုက်ဖြတ်ပါလေရော .. ပြီးတော့ပြောတယ် .. အမေ သားငယ်ငယ်က ဆိုဆုံးမတာမရှိလို့ သူခုလို သူခိုးဖြစ်ပြီး သေဒဏ်သင့်ရတယ်ပေါ့ ..

ဒီဇာတ်လမ်းကို ငယ်ငယ်တုန်းက တီဗွီမှာလာတာကြည့်ဘူးတယ် .. နောက်ပိုင်း အမေက ပြောဆိုဆုံးမလို့ ကျမတို့မောင်နှမ နားထောင်ဘူး ကလန်ကဆန်လုပ်ပြီဆို အမေပြောလေ့ရှိတာက "နားရွက်ကိုက်ဖြတ်ခံရတဲ့ မိန်းမကြီးလိုဖြစ်မှာစိုးတယ်"တဲ့ .. ဒါကြောင့်ပြောဆို ဆုံးမနေရတာတဲ့ .. ဒီစကားက ခုထိ ကျမနားထဲစွဲနေတဲ့စကား .. ငယ်ငယ်တုန်းကတော့ မဖြစ်မနေမို့လို့ နားထောင်ခဲ့ရတယ် .. ခုတော့ ငယ်ငယ်တုန်းက ဆုံးမထားတဲ့ စကားတွေ ကြားယောင်မိတိုင်း မေကြီးကို ကျေးဇူးတင်မိတယ် .. ခုထိလည်းဆုံးမရင် သိပ်လွယ်လွယ်နဲ့တော့ လက်ခံတတ်တာမျိုးမဟုတ်ပေမယ့် နောက်ဆုံးတော့လည်း ဖြစ်သင့်တဲ့ကိစ္စပဲဆိုပြီး အမြဲနာခံတတ်ခဲ့တယ် .. နည်းမျိုးစုံနဲ့ စိတ်ပင်ပန်းခံ မနာခံတိုင်းလည်း စိတ်ဆင်းရဲခံပြီး မဖြစ်မနေ ဆုံးမပေးခဲ့တဲ့ မေကြီးကို အရမ်းကျေးဇူးတင်ပါတယ် ..

နောက်ပိုင်း အသက်အရွယ်အရ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ်မျိုးကျပြန်တော့ ကိုယ့်ကိုယ်ထိန်းသိမ်းတတ်အောင် ထိန်းသိမ်းနိုင်အောင် စကားတွေနဲ့ဆုံးမတတ်ပြန်ပါတယ် .. "ကိုယ့်ကိုယ့်တန်ဖိုးထားမှ သူများက တန်ဖိုးထားမယ်"တဲ့ .. ကိုယ်တိုင် အမြင့်ကိုရောက်ဖို့အရင်ကြိုးစားပါ .. အချိန်တန်ရင်တော့ ယောကျာင်္းတယောက် ရမှာပဲ .. ဒီအတွက်ပူနေစရာမလိုဘူးတဲ့ .. ကိုယ်အဆင့်အတန်းနဲ့လိုက်ပြီး ကိုယ်နဲ့ အဆင်ပြေ လိုက်ဖက်မယ့်သူတွေ့လိမ့်မယ်တဲ့ ..

အဲဒီတုန်းကတော့ သမီးကလည်း ယောကျာင်္းလိုချင်နေတာမဟုတ်ပါဘူးလို့ ကတ်ကတ်လန်ပြောဖူးခဲ့တာပဲ .. တကယ်တန်းခုနေစဉ်းစားမိတော့ မိခင်တယောက်က သမီးတယောက်အပေါ်ထားတဲ့ ဂရုဏာဒေါသ၊ မဖြစ်သင့်တာမဖြစ်စေချင်တဲ့ စေတနာ၊ အကာအကွယ်ပေးလိုတဲ့ စိတ် တွေနဲ့ ဒီစကားထွက်လာခဲ့တာပဲလို့ စဉ်းစားမိတယ် .. မိခင်တိုင်းက ကိုယ်သာအနာခံလိုက်မယ် ကိုယ့်သားသမီးကိုတော့ စိတ်ရော လူရော နာကျင်မှာစိုးတတ်တာပါပဲ .. ဒါပေမယ့် ကျမလို မီးဆိုတာပူတယ်လို့ ဘယ်သူက ဘယ်လိုပြောပြော ဟုတ်ရဲ့လား သေချာအောင် စမ်းသပ်ချင်စိတ်ရှိပြီး ကိုယ်တိုင်အပူလောင်မှ သြော် ပူတာပဲလို့ လက်ခံတတ်တဲ့စိတ်ရှိသူကိုတော့ ဒီလိုနည်းနဲ့ နာအောင်ပြောမှ မှတ်မယ် နာမယ်ဆိုတာ မေကြီးစိတ်ထဲက သိနေပါလိမ့်မယ် .. ခုတော့ ဒီစကားအတွက် ကျေးဇူးတင်နေမိပါတယ် ..



လုပ်ငန်းခွင်ကို ၀င်ရတော့မယ် .. ကိုယ့်ရင်ခွင်ထဲမှာ ထည့်ထားဖို့မဖြစ်နိုင်တော့တဲ့အချိန်မှာလည်း အမေက ကျမကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ် .. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်အတောင်ကိုယ်ဖွင့်ပြီး သွားခိုင်းခဲ့တယ် .. ဒါပေမယ့် ရှေ့လျှောက်မှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နိုင်တယ် .. ဘယ်လိုစိတ်ဓါတ်မျိုးထားပြီး ကျော်ဖြတ်သင့်တယ် .. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အမေတို့ အိမ်ကတော့ သမီးအတွက် အမြဲတမ်းအဆင့်သင့်တခါးဖွင့်ထားမယ့်အိမ်ပဲလို့ စကားလုံးနဲ့တမျိုး အပြုအမူနဲ့တဖုံ ပြသခဲ့တယ် .. တကယ်တမ်းခွဲရမယ့်အချိန်မှာတော့ ဟန်မဆောင်နိုင်ပဲ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တယ် .. အဲဒီညကိုလည်း ကျမဘယ်တော့မှ မေ့လိမ့်မယ်မဟုတ်ဘူး ..

"ပျားသာအစဉ်ချိုတယ် လူအစဉ်မချိုဘူး"တဲ့ .. လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ လူ့စရိုက်မျိုးစုံနဲ့ ကြုံတွေ့နိုင်လို့ ဒီလူ့ကြောင့် စိတ်ဆင်းရဲရင်ရဲရမယ် စိတ်ချမ်းသာရင် စိတ်ချမ်းသာရမယ် .. ဒီစိတ်ဆင်းရဲခြင်း ပျော်ရွှင်ခြင်းတွေကလည်း တည်မြဲမှာမဟုတ်ဘူး .. သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း လူတန်းစားမျိုးစုံနဲ့ အဆင်ပြေအောင်နေရမှာပဲ .. ခု ချစ်ခင်နေတယ်ဆိုရင်တောင် တချိန် အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာတာမျိုး ရန်ငြိုးဖွဲ့ အမုန်းပွားတာမျိုးဖြစ်လာနိုင်တယ် .. ဒီလိုအခါမျိုးဆိုရင်လည်း ကိုယ့်စိတ်ကို ထားတတ်အောင်နေရမယ် .. မွေးကတည်းက တယောက်တည်းဖြစ်လို့ သူရှိမှဖြစ်မယ်ဆိုတာမျိုး မဖြစ်စေရဘူး ဆိုတဲ့စိတ်ဓါတ်မျိုး ကျမမှာ ကိန်းအောင်လာအောင် လုပ်နိုင်စွမ်းရှိခဲ့တယ် .. ဒါက စေတနာ မေတ္တာတွေရဲ့ စွမ်းအားတွေဖြစ်လိမ့်မယ်လို့ ကျမယုံကြည်တယ် ..

ယုံကြည်မိတယ်
အမေ့ရင်ခွင်က
ဘယ်တော့မှ မပိတ်မယ့်တံခါး
အမေ့အိမ်က
ထာဝရအတွက်
အေးမြမှုပေးစွမ်းမယ့်နေရာ
ဘယ်လိုမှ နှိုင်းမရတဲ့
မိခင်ရင်ခွင်ကို
ခြေစုံမကန်ခဲ့ပေမယ့်
ဥပက္ခာတော့ပြုခဲ့တာပဲ
ဒီရင်ခွင်တံခါး
အေးမြမယ်မှန်း
သေချာသိပေမယ့်
ပူလောင်မှုတွေကို
မက်မောနေမိတာပဲ
အရာရာတိုင်းအတွက်
အမေကအသင့်ဖြစ်နေပေမယ့်
သမီးတယောက်အနေနဲ့
အမေ့အတွက် အသင့်ဖြစ်ပေးနိုင်ဖို့
သေချာပါ့မလား

မိခင်တယောက်အတွက် ရေးပေးတယ်ဆိုတဲ့စာက အဲဒီမိခင်ရင်ထဲက စေတနာ မေတ္တာ ချစ်ချင်း ဘာတခုနဲ့မှ အပြည့်အ၀ နိုင်းယှဉ်ဖော်ပြနိုင်မယ်မထင်ပါဘူး .. အမေပြောတတ်တဲ့စကားတခွန်းရှိသေးတယ် .. "မိခင်နေရာ မရောက်သရွေ့ မိခင်ရဲ့ စိတ်ထားကို ကိုယ်ချင်းစာတတ်ဦးမှာ မဟုတ်ဘူး"တဲ့ ..

အားလုံးပဲ အချိန်ရှိတုန်းလေး မိခင်ရင်ခွင်ကို တန်ဖိုးထားကြရအောင်နော် .. အဝေးရောက် သားသမီးတွေ အကုန်လုံး တောင့်တတဲ့ အိမ်ပြန်ချိန်ကို အမြန်ဆုံးရောက်နိုင်ကြပါစေ .. အားလုံးပျော်ရွှင်စွာ ဆုံတွေ့ကြလေသတည်းပေါ့ ..း)

မှတ်ချက် - အမေများနေ့အတွက် အမှတ်တရ


Sunday, May 3, 2009

ကြယ်လေး

ကြယ်လေးရေ
ငေးမောရင်း လိုချင်လာတယ်
ဝေးကွာလွန်းတယ်
မိုင်ပေါင်းများစွာ
မင်းက မိုးထက်မှာ
ကြွေကျလာမလား
မျှော်လင့်မိတယ်
တကယ်များ ကြွေကျသွားမလား
စိုးထိတ်မိတယ်
ကိုယ့်စိတ်က ဒွိဟနဲ့
လိုချင်တယ်
ပိုင်ချင်တယ်
ဒါပေမယ့်
ကြယ်လေး နာကျင်မှာစိုးမိတယ်
စွန့်လွှတ်လိုက်ရမလား
စွန့်လွှတ်နိုင်သလား
တယောက်ကပိုင်ဆိုင်ပြီး
တယောက်ကဆုံးရှုံးရမယ်ဆို
ဘယ်တရားပါ့မလဲနော်
ဒီတော့
ကောင်းကင်ပေါ်က
ကြယ်လေးကို
မြင်ရယုံနဲ့
ကျေနပ်လိုက်တယ်

မိုးမိုးရဲ့ ကြယ်သီချင်း နားထောင်ရင်း ဒီစာလေးကို ရေးလိုက်မိပါတယ် .. တကယ်တော့ သီချင်းစာသားနဲ့ ဒီကဗျာ သိပ်တော့မဆိုင်ပါဘူး.. (ကြို ကန်ထားတာ :D) နားထောင်ကြည့်ချင်ရင် ဒီမှာ ပါ



Friday, May 1, 2009

မြန်မာ "ရေသူမ"



ရေသူမ တကယ်ရှိတယ်လို့ ယုံကြည်ကြလား .. ဟုတ်သော်ရှိ မဟုတ်သော်ရှိ စိတ်ကူးယဉ်လို့တော့ကောင်းတဲ့ကိစ္စပဲ .. ငယ်ငယ်ကတော့ ရေသူမဇာတ်လမ်းကို တခါပဲကြည့်ဖူးတယ် .. လူကြီးတွေက မကြည့်ခိုင်းဘူးလေ .. နောက်ပိုင်းလည်းမကြည့်ဖြစ်ဘူး .. ကြည့်ဖူးသလောက်ကိုတော့ မှတ်မိနေတယ် .. ကြည်ဖူးတယ်ပေါ့ .. သူငယ်ချင်းတစ်ယောက်ကပြောတယ် .. မြန်မာရေသူမကားရှိတယ်တဲ့ .. ဟုတ်ရဲ့လားပေါ့ .. ဟုတ်တယ်ဆို ဘယ်လိုရိုက်လဲ သိချင်မိတယ် .. ဒါနဲ့ ဟိုရှာဒီရှာ ရှာကြည့်မိတယ် ..

အောင်ရဲလင်းနဲ့ သဉ္ဖာဝင့်ကျော် တို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ကြည်ဖြူရှင်ရိုက်ကူးထားတဲ့ ရေသူမကားကို ခုပဲကြည့်ပြီးတယ် .. စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ်ပေါ့ .. ဒါပေမယ့် ကြည့်ကောင်းပါတယ် .. ဇာတ်လမ်းကို အတင်းဖြတ်လိုက်တာတော့ ရှိတယ် .. မြင်နေကျကားတွေလိုမဟုတ်ပဲ တမျိုးလေးပေါ့ .. ဒါရိုက်တာကိုယ်တိုင်လည်း တခြားကားတွေထက် ပိုအားထုတ်ကြိုးစားထားတယ်လို့ပြောထားတယ် .. အားပေးသင့်တယ်ထင်ပါတယ် .. ဒါမှလည်း မြန်မာ ရုပ်ရှင်လောက ဗီဒီယိုလောက တိုးတက်လာလိမ့်မယ်ထင်တယ် .. ပြောင်းလဲသင့်ပြီ ခွဲထွက်သင့်ပြီလေ ..

ခုဒီကားမှာ ကွန်ပျူတာ animation တွေသုံးထားပါတယ် .. မဆိုးပါဘူး ကြည့်ရတာ .. ကြည့်ကြည့်ချင်တယ်ဆို အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်..

http://www.mayhninaye.com/movie_458a.html

ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖတ်ချင်ရင် အောက်ကလင့်မှာ ဖတ်နိုင်ပါတယ် ..
http://www.thanzinhlaing.com/forums/showthread.php?t=469

(လျှပ်တပြက်ဂျာနယ်မှ သတင်း) http://snapshot-news.com/modules.php?name=News&file=article&sid=14768




နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...