Thursday, May 21, 2009

ဂယက်

တယောက်တည်း
တိတ်ဆိတ်လွန်းတယ်
ကိုယ့်ရင်ခုန်သံကို
ကိုယ်ပြန်လန့်နေတဲ့အဖြစ်မျိုး

ငါရင်မခုန်ပါရစေနဲ့
တည်ငြိမ်နေတဲ့ကန်ပြင်ကို
ငေးကြည့်ရတာကို ကြိုက်တယ်
သူ့ဟာသူ ငြိမ်သက်နေပါစေလား

ခဲလုံးလေး ပြုတ်ကျသွားချိန်
ကန်ရေပြင်က
တခဏသာ လှုပ်ရှားသွားတတ်ပေမယ့်
ငါ့ရင်ထဲက ဂယက်ကတော့
အခါအခွင့်သင့်တိုင်း
ဆူပွက် လှုပ်ရှားနေဦးမယ်

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့

ရင်ထဲမှာ ရှိနေခဲ့ဘူးတဲ့
အချစ်စိတ်
ပြောင်းလဲသွားခဲ့တဲ့
အမုန်းစိတ်
တမ်းတနေမိတုန်းဖြစ်တဲ့
ငါမသိတဲ့စိတ်

ကိုယ်တိုင်လည်း
တည်ငြိမ်နိုင်ဖို့ကြိုးစားနေဆဲ
ကန်ရေပြင်ကြီး ငြိမ်သက်နေပါစေလေ ..

မှတ်ချက် ။ သူငယ်ချင်းတယောက်တင်ထားတဲ့ MESSAGE ကိုဖတ်ပြီး ရေးဖြစ်သွားတာပါ .. သူ့ခံစားချက်ကိုလည်း သိနေတော့ ၀င်ရောက်ခံစားတယ်ပေါ့ ..း) လူတိုင်းနောင်တတွေ ကင်းဝေးပါစေ ..



32 comments:

Banyarshein said...

ငါကတော့ ခဲလုံးနဲ့ပေါက်မှာပဲ ... ဟိဟိ
တော်တော်ညစ်စုတ်တဲ့ စိတ်ပဲနော် ဟဲဟဲ

hninzaw said...

“ရင်ထဲမှာ ရှိနေခဲ့ဘူးတဲ့
အချစ်စိတ်
ပြောင်းလဲသွားခဲ့တဲ့
အမုန်းစိတ်
တမ်းတနေမိတုန်းဖြစ်တဲ့
ငါမသိတဲ့စိတ်”
ဒီနေရာလေး သဘောအကျဆုံးပဲ …. အစ်မ ကတော့ မပြောင်းလဲသေးဘူး … ချစ်နေဆဲပါပဲ။

ကြယ်ဖြူစင် said...

ခွင့်လွှတ်ရင်ရောအရင်အတိုင်းပြန်ဖြစ်မှာလား.. အပြစ်ပေးရင်ရောပြီးသွားမှာလား..စဉ်းစားကြည့် တာပါ...ကဗျာလေးကိုဖတ်ပြီးတော့

ကြယ်ဖြူစင်

မေတ္တာရောင်ပြန် said...

ညီမလေးရေ

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့

ဒီအပိုဒ်လေးက ရင်ထဲကိုရောက်သွားပြီနော်။

ပျောရွင်ပါစေ
ချစ်မ
မရောင်

ဖိုးစိန် said...

လေပြေလေးတိုက်ရင်တောင်မှ
ကန်ရေပြင်ကြီး ကအနည်းနဲ့အများ
ဂယက်ရိုက်ပါလိမ့်မယ်
တည်ငြိမ်ဖို့ဆိုတာက
လေပြေလေးတွေကိုမောင်းထုတ်လိုက်ပေါ့
ခင်တဲ့
ဖိုးစိန်

ရှင်ရဲထွတ် said...

ကဗျာကောင်းလေးပါ

တောင်ပေါ်သား said...

နောင်တကင်းဝေးပြီး ပျော်ရွှင်မူ အပေါင်းနဲ့ ပြည့်စုံပါစေသောဝ်... ကန်ရေပြင်လို တည်ငြိမ်ပြီး ခိုင်မြဲတဲ့ အချစ်များ ဆက်လက် ထူထောင်နိုင်စေသောဝ်...


လေးစားလျက်
တောင်ပေါ်သား

ကောင်းကင်ပြာ said...

အားလုံး နောင်တတွေ ကင်းနိုင်ရင် အကောင်းဆုံးပေါ့ မိုးခါးလေးရေ

flowerpoem said...

လူတိုင်း နောင်တတွေ၊ဂယက်တွေ ကင်းဝေးနိုင်ပါစေရှင်..

tg.nwai said...

အင်း.. တခါတလေကျတော့ အပေးအယူမမျှတတ်တော့ အဲလိုပဲ ဖြစ်တတ်ကြပါတယ်။ မှားတတ်တဲ့သူနဲ့ မှားတာကို ခွင့်မလွှတ်တတ်တဲ့သူ။ တကယ်တမ်း နှစ်ဦးနှစ်ဖက် တကယ်ချစ်တယ်ဆိုရင်တော့ ခွင့်လွှတ်လို့ရတဲ့ အပြစ်မျိုးဆို ခွင့်လွှတ်လိုက်... ခွင့်လွှတ်လို့ မရလည်း မုန်းပစ်လိုက်..မုန်းပြီးမှတော့ ပြန်သတိရနေရင်တော့လည်း ပင်ပန်းတာပေါ့။ ဒါပေမယ့် ခံစားမှုနဲ့လူတွေကိုး။

မိုးခါးကဗျာလေးဖတ်ပြီး ၀င်ခံစားသွားတာပါ...။

နွေးနွေးသဲမွန် said...

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့<--- ကြိုက်တယ်

WWKM said...

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့....

ကြိုက်တယ်.း)

မိုးစက်အိမ် said...

ကောင်းတယ်ဗျို. ကဗျာရေးတာလဲ မမိုးခါးက ...
စာသားလေးက ငြိမ်ပြီး ထိတယ်ဗျ...ခဲလုံးလေး ပြုတ်ကျသွားချိန်
ကန်ရေပြင်က
တခဏသာ လှုပ်ရှားသွားတတ်ပေမယ့်
ငါ့ရင်ထဲက ဂယက်ကတော့
အခါအခွင့်သင့်တိုင်း
ဆူပွက် လှုပ်ရှားနေဦးမယ်
အဲနားလေး ကြိုက်တယ် ဗျာ

သီဟသစ် said...

မိုးခါးရေ..

ကဗျာလေးတွေ အရမ်းကောင်းနေပါလား..
ကန်ရေပြင်ကြီး ငြိမ်သက်နေပါစေကြောင်း ဆုတွေတောင်းသွားတယ်...

ခင်မင်စွာဖြင့်..
သီဟသစ်

ကောင်းကင်ကို said...

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ

အဲဒီ့နေရာလေး နဲ့ ပထမဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ။

Phyo Maw said...

ဝင်ရောက်ခံစားသူတွေ များလာပါလား
အဟဲ
အနော်လည်း ဝင်ရောက်ခံစား မိပါသည်။

မသက်ဇင် said...

မိုးခါးလေးရေ
ကဗျာစပ်လည်းတော်တာပါပဲလား
ကဗျာတွေဆက်ရေးအုံးနော်
ချစ်ခင်လျက်

ကြည်ဖြူပိုင် said...

အရမ်းကောင်းတဲ့ ကဗျာလေးပဲ မိုးခါးရေ။ တစ်လုံးချင်းစီကို သေချာဖတ်ပြီး ရင်ထဲမှာငြိသွားတယ်။ သိပ်ကြိုက်တယ်။

မငုံ said...

မိုးခါးရေ ကဗျာလေးကောင်းတယ်။ ခံစားချက်ချင်းတူသွားတယ်။ နောက်ဆုံးအပိုဒ်လေး
" ကိုယ်တိုင်လည်း တည်ငြိမ်နိုင်ဖို့ကြိုးစားနေဆဲ
ကန်ရေပြင်ကြီး ငြိမ်သက်နေပါစေ။"
အကြိုက်ဆုံးအပိုဒ်လေးပါ။

ဝသန်မိုး said...

ကန်ရေပြင်ကြီး ငြိမ်သက် နိုင်ပါစေလို့
ဆုတောင်းပေးပါတယ် မိုးခါးရေ
ကဗျာလေးကောင်းတယ်
ခင်တဲ့
ဝသန်

reenoemann said...

အချစ်စိတ် နဲ့ အမုန်းစိတ်ကို
မပေါ်တပေါ်လေးရေးထားတာ
ကောင်းတယ် လို့ ပြောရမယ် ညီမရေ။

သူငယ်ချင်းရဲ့ ခံစားချက်ကို
ကဗျာအဖြစ် ဖန်းတီးသွားပုံက တော့ မိုက်ပါ့

ခင်တဲ့
ကိုရီနို

မင်းအိမ် said...

ပထမဆုံးရောက်ပါတယ်၊၊
ကဗျာလေးလာဖတ်သွားပါတယ်၊၊

ပျော်ရွှင်ပါစေ...........

အန်တီချမ်း said...

ခါးရေ ကဗျာလေး ကိုဖတ်ပြီး သတိရမိတာလေး ရှယ်မယ်

ုရေအိုင်ကြီးပါလား
အလိုရွှေဖားခုန်ဆင်းသွား
“ပလုပ်”

တဲ့
အဲ့တာ မူရင်းက ဟိုက္ကူပုံစံပါ
ဆရာမင်းသုဝဏ်ထင်တယ်
တီ က ကိုတာရာရဲ့စာအုပ်ထဲမှာ ဖတ်ဖူးတာ
ခုရေးတာက ဒုတိယ ဗာရှင်း
ပထမ ဗာရှင်းက ဒီလို

ုရေအိုင်ကြီးပါလား
အလိုရွှေဖားခုန်ဆင်းသွား
ပလုံရေသံကြား

ဒါက ဟိုက္ကူရဲ့စည်း ကိုပိုလိုက်နာထားတယ်ပြောလို့ရတယ် ၅ ၇ ၅ လေ
သိတယ်မှလား
၇ ၈ ၆ မဟုတ်ဘူးလေနော်
ဟဟဟ

တီလျှာရှည်နေတာနဲ့ပြောချင်တာတောင် ပျောက်တော့မယ်
ပြောချင်တာက အရာရာ ဟာ ရေပွက်ပမာ ခဏတာပါတဲ့
အလွန်ဆုံးမှာ ပလုပ် (သို့) ပလုံ ပေါ့ကွယ် နော်
ထားလိုက်ပါ
တီတောင်ထားထားလိုက်ပြီ အကြွေးတွေ
ခိခိခိ

မောင်မျိုး (ပြာသို) said...

သူများ ခံစားချက်နဲ့ လုပ်စားတယ်ပေါ့လေ ဘာပဲဖြစ်ဖြစ် ကဗျာ ကောင်းတစ်ပုဒ်ထွက်တာပေါ့ ။

ကိုလူထွေး said...

စာတွေ စုပြီး ဖတ်သွားပေးလို့  ကျေးဇူးပါ ညီမရေ

တလနွန် said...

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့

ဒီအပိုဒ်လေးကို ၇င်ထဲထိတယ်ဗျာ....
ကဗျာလေး ကောင်းတယ်

ခင်မင်ခြင်းနှင့်
တလနွန်

Welcome said...

အရောင်ညှိ မလား
သံစဉ်ညှိ မလား
စိတ်တူကိုယ်တူ
နှစ်ဦးသား သဘောချင်း တိုက်ဆိုင်နေပါမှ
လှပတဲ့
တူနှစ်ကိုယ်တိုင်းပြည် ဖြစ်လာနိုင်မှာပါ ..
ဘာဖြစ်ဖြစ် လူတိုင်းကို ပျော်ရွှင်စေချင်ပါတယ်။

(ခဏပြန်လာတာပါ)

mgnge said...

နောင်မှ ရတဲ့ နောင် တ ကတော့မကောင်းဘူး ကွာ

အိုက်ခီလောက် said...

ပြောချင်တာအူကိုယားလို့  လိုင်းမကောင်းလို့ သက်သာသွားတယ်မှတ်ပါ ဘာမှဟုတ်ပါဘူး
ကန်ရေပြင် လှိုင်းမထအောင်လေ မြေကြီးဖို့ မလားလို့ ပါ ဒါမှမဟုတ်ရင် ရေအကုန်စုပ်ထုတ်လိုက်မယ်လေ
သဘောတူမှပါ အတင်းလုပ်ပါဘူးလေ

ကြည်ဖြူပိုင် said...

ဟေးးးးးးးးးးးးးးမိုးခါး။။ ဒီဇိုင်းတွေပြောင်းထားတယ်ပေါ့။ ကောင်းတယ်။မိုက်တယ်။ကြိုက်တယ်

ဝေလေး said...

ခွင့်လွှတ်ပေးပါ
မဟုတ်ရင်လည်း
အပြစ်တခုပေးပါ
ဒီလိုသာဆို
တနည်းနည်းနဲ့
သက်သာသွားနိုင်လောက်ပါရဲ့

ဒီအပိုဒ်လေးကြိုက်တယ်

ဒေါင်းဖြူသား said...

ဟုတ်ကဲ့...
မမိုးခါးရေ
ကျွန်တော်လည်း...
အဲလိုမျိုး Custom Message လေး
တင်ဘူးတယ်ဗျ.
ကိုယ်တိုင် ခံစားပြီးတင်ထားတာလေ။
ကျေးဇူးဗျာ...
ကျွန်တော့်ရဲ့ ရင်တွင်းကအကြောင်းလေးကို
အကျယ်ချဲ့ပေးသလိုပါပဲဗျာ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...