Sunday, May 31, 2009

တွေ့ခဲ့ဘူးသော ဘလော့ဂါများ


တွေ့ဘူးသောဘလော့ဂါများကို ပြောရမယ်ဆိုရင်တော့ .. ဘလော့မရေးခင်တည်းက ခင်တာ သူငယ်ချင်းကြီး ဗညားရှိန်ပါ .. အဝေးသင်တက်တုန်းက ခင်တာ .. နောက်ပိုင်း ဒီကိုရောက်ပြီးမှ သူလည်း ဘလော့ရေးဖြစ် .. မိုးခါးလည်း ဘလော့ရေးဖြစ်ခဲ့တာ ..

နောက် .. ဂျပန်ကောင်လေး .. ဆောင်းနှင်းရွက် .. ဘာတွေတုန်း တို့နဲ့ စုဗူးမှာ စာရေးရင်းခင်ခဲ့တယ် .. အပြင်မှာ တွေ့ကြရင်း နောက်ပိုင်းလည်း ဘလော့ရေးဖြစ်တော့ ဘလော့ မောင်နှမပေါ့ .. နောက်ပိုင်း လျှောက်လည်ရင်း ထပ်တွေ့ခဲ့တာက ဝေမင်းအိမ် ..

ဒီမှာနေပြီး ၁နှစ်နီးပါးမှာ ရန်ကုန်ပြန်ခဲ့တယ် .. အဲဒီမှာ တွေ့ဖြစ်တာ ပျိုခေတ်ပါ .. ပျိုခေတ် နဲ့လည်း စုဗူးမှာတည်းက ခင်လာတာပါ .. ရန်ကုန်ကျမှ တွေ့ဖြစ်ကြတယ် ..

ရန်ကုန်ကပြန်လာပြီး နောက်ပိုင်း အွန်လိုင်းမှာ မောင်နှမတွေနဲ့ စကားတွေပြောဖြစ်ကြတယ် .. စလုံးမှာ နေနေကြတဲ့ မောင်နှမတွေ စကားပြောရင်း ရင်းနှီးလာကြတယ် .. တကယ် ပြောဆိုနောက်ပြောင်ပြီး တကယ်ပျော်ဖို့ကောင်းတယ် .. ပုံတွေမြင်ရင် သိမှာပေါ့ ..

တခါကျတော့ မရောင်က နန်းကြီးသုတ်ကျွေးမယ်တဲ့ .. တွေ့ကြမယ်ပေါ့ .. မငြင်းပါဘူး .. မူလည်းမနေဘူး .. မသွားရင် ငတ်ရုံပေါ့ .. ဒါနဲ့ လာမယ်ဆိုပြီးသွားဖြစ်တယ် .. မရောင်ရဲ့ အိမ်မှာပါ .. အဲဒီတုန်းကတွေ့ဖြစ်တာတော့ မရောင်ရယ် .. မကြယ်ဖြူစင် ရယ် .. နေခြည်ရယ် မရောင်သုတ်ကျွေးတဲ့ နန်းကြီးသုတ်စားရင်း တွေ့ခဲ့တယ် .. အဲဒီမှာ တီချမ်း နဲ့လည်း အွန်လိုင်းကနေ ဆုံခဲ့တယ် .. ပျော်စရာကြီးတဲ့ တီချမ်းကကြည့်ပြီးပြောတယ် ..း) .. နောက်ထပ် ကိုရဲက အိပ်ချင်မူးတူးနဲ့ မျက်နှာပြပါတယ် .. ဒီတော့ မြင်ဘူးသွားတယ်ပေါ့ .. :D




နောက်တခေါက်ကျတော့ အဆိပ်က ရုပ်ရှင်ကြည့်မယ် ပူဆာရင်း ဆုံဖြစ်ကြပြန်ရော .. အဲဒီမှာ .. အောချပ် mrt မှာ စစချင်းတွေ့တာက ချစ်မမ ရောင် ရဲ့ ဘေးမှာ အကိုကြီးတယောက် .. မရောင်လှမ်းအော်လိုက်တဲ့ဘက် ကြည့်လိုက်တော့ တရုတ်ပေါက်စပုံနဲ့ အဆိပ်က လက်မှတ်ကို ရှေ့ပြေးအနေနဲ့သွားဝယ်မယ်တဲ့ .. နောက် မရောင်ဘေးက အကိုကြီးက မေးတယ် .. သူဘယ်သူလဲ သိလားတဲ့ .. သိဘူးလို့ ဆိုတော့ ပုံကြီးနဲ့ ဒီလောက်တင်ထားတာ မသိဘူးလားတဲ့ .. :P .. အသည်းနှလုံး မရှိဘူးကြေငြာနေတဲ့ ကိုရီနို ကြီးဖြစ်ပါတယ်ရှန် ..

နောက် ဆက်စောင့်နေရင်း mrt အောက်ဆင်းပြီးတော့ ဖုန်းတဂွမ်ဂွမ်ဆက်ရင်းရောက်လာသူတွေက ဦးရှင်ကြီး နဲ့ ကိုတောင်ပေါ် .. နောက်တော့ ရုပ်ရှင်ရုံကို ချီတက်ကြတယ် .. ဒီလိုနေ့ အဲဒီနေ့လေးကလည်း အမှတ်တရပါပဲ .. :D

တခါကျတော့ မိုးခါးမွေးနေ့ရောက်လာပြီလေ .. မရောင်အိမ်မှာ စားကြမယ်ဆိုပြီး ချိန်းကြတယ် .. အသစ်တွေ့ဘူးသူတွေကတော့ .. mrt မှာချိန်းထားပြီး ဆုံကြတာက ကိုသီဟသစ် .. ကိုနေးတစ် .. (သစ်နဲ့တစ်ပါလား :P) .. နောက် မရောင်အိမ်ကို လိုက်လာကြသူတွေက ဖိုးဂျယ်နဲ့ စနေသား .. ကွန်ပျူတာတွေဖွင့်ပြီး မွေးနေ့ကို တူတူ ဆင်နွဲပေးသူကတော့ ကိုဖိုးစိန် .. အားလုံးရဲ့ ကျေးဇူးကြောင့် ပျော်ရွှင်စရာနေ့လေးဖြစ်ခဲ့ပါတယ် ..

ညနေဖက်ကျတော့ မုန့်ထပ်စားရင်း တွေ့ဖြစ်တာက ပီအမ်ပါ ..

ဒီမောင်နှမတွေက တော်တော်ရေစက်ပါတယ်ထင်ပါတယ် .. တယောက်က သွားမယ်ဟေ့ဆို နောက်က လိုက်ပြီးသားပဲ .. ဘယ်လိုမှ မအားလို့ မလာနိုင်သူတွေကလွဲရင် ဆုံဖြစ်ကြပါတယ် .. ရှေးဘ၀က ရေစက်တွေပေါ့ ..း)

တရက်တော့ ကိုတောင်ပေါ်နဲ့ စကားပြောရင်း တို့ဖူးနွေးစားချင်တယ်ဖြစ်ပါတယ် .. ဒီလိုနဲ့ လူလိုက်စုလိုက်တာ ညနေဘက်ဆုံဖြစ်ကြပြန်ရော .. အဲဒီမှာ မကောင်းကင်ပြာက လာချင်ပေမယ့် အလုပ်ကိစ္စကြောင့် မလာနိုင်ခဲ့ပါဘူး .. အသံလေးတော့ကြားလိုက်ရတယ် .. နောက် တွေ့ချင်တယ်ဆိုပြီး တက်စီငှားလာသူက နွေးနွေး ပါ .. ပါဆင်နယ် ဘော့စ်နဲ့ အတူ :D .. အဲဒီနေ့ကလည်း တ၀ါးဝါး တဟားဟားနဲ့ ည ကိုးနာရီ ခွဲသွားပါတယ် .. :D

ခု စနေနေ့က World Blood Donor Day အတွက် သွားရင်း တွေ့ဖြစ်တာက ကိုဇူလိုင်နဲ့ ကိုရွာသားလေးဝိုင်တီယူပါ ..

ကုန်ပြီထင်တယ် .. စဉ်းစားရတာ ခေါင်းခြောက်သွားတယ် .. ကျန်သွားရင်လည်း အကြောင်းကြားပေးနော် .. အိပ်ချင်မူးတူးနဲ့ ကြွေးဆပ်နေတာမို့ပါ .. အဆိပ်ခွက်တဂ်တဲ့ ကြွေးတော့ ကျေပါပြီ .. နောက် နှစ်ခု ကျန်ပါသေးတယ် .. ကိုဝသန်ကြီး ရေးပေးမယ်နော် .. အပျိုကြီးဖြစ်အောင်တော့ ကြိမ်စာမတိုက်ပါနဲ့ .. :P

ဘယ်သူ့ကိုဆက် ဒုက္ခပေးရမလဲ .. ကိုဝသန်ကြီးကို လက်စားချေပါ့မယ် .. သဘောတူရင် လက်ခုပ်တီးကြပါ .. :P

အားလုံးပဲ ဂွတ်တညပါ .. အိပ်ပျော် စားဝင်ကြပါစေ .. :D




19 comments:

မသက်ဇင် said...

မိုးခါးလေးရေ
စင်္ကာပူလာလည်ရင် တွေ့ရမှာပေါ့နော်
ချစ်ခင်လျက်

ကိုလူထွေး said...

ပျော်စရာကြီးပါလား... သူတို့များကျတော့...း)

ကောင်းကင်ပြာ said...

ဒီတခါ မဖြစ်ဖြစ်အောင် လာတွေ့ပါ့မယ် ညီမငယ်၊

ဖိုးစိန် said...

အကိုလဲ ကိုယ် ခင်တဲ့ အမတွေ ညီမတွေ
အကိုတွေ ညီတွေကို ခင်မင်ခွင့်ရတာဟာ အတိုင်းမသိတဲ့ ပျော်ရွှင်မှုပါ ပျော်ပါတယ်
ကျေနပ်တယ် ဂုဏ်ယူပါတယ်ညီမရေ
ပျော်ရွှင်ပါစေ ညီမငယ်မိုးခါး
ချစ်ခင်စွာဖြင့်
ဖိုးစိန်

WWKM said...

ဟာ....ညီမလေးတွေ့ဘူးတဲ့သူတွေကအများကြီးပဲ.
ပျော်စရာကြီး... မမလာရင်လဲ အားလုံးနဲ့တွေ့ကြမယ်
နော်..း)))

reenoemann said...

ပျော်စရာကြီးနော် ညီမလေး

ကိုရီနို

စိတ်စမ်းရေ said...

ပျော်စရာကြီးပါလားဟေ့...။

အရုပ်လေးရဲ့အဆိပ်ခွက် said...

တရုတ်ပေါက်စ အဆိပ် တဲ့ ပြောရက်လိုက်တာ အဟင့်.....

ခင်မင်လျှက်
အဆိပ်ခွက်

နွေးနွေးသဲမွန် said...

ပျော်စရာကြီးပါ...မနေ့ က လဲတွေ့ ပါသေးတယ်နော်... Topayoh မှာ...ဟီးး

မဆုမွန် said...

မမဆုမွန်နဲ့ တွေ့ဖူးတယ်လေ အိမ်မက်ထဲမှာ..

ရွာသားလေးဝိုင်တီယူ said...

လက်တို့လိုက်ရောပေါ့ဗျာ။ တွေ့တယ်သူတိုင်းကို မုန့်ဝယ်ကျွေးတယ်ဆိုလို့ :P

သက်ပိုင်သူ said...

ပင်နီဆူးလားမှာ တွေ့မယ်လေဗျာ

Dream said...

:D

မီးမီးချစ် said...

မုန့် ဝယ်ကျွေးမယ် ဆို တို့ လဲ ပါမယ်..း)

သီဟသစ် said...

မိုးခါးရေ...

ပျော်စရာကြီးပါ့ကွယ်...
ဆုံကြမယ်ဟေ့ ဖုန်းဆက်ရင် ငါလာခဲ့မယ် ချည်းပြောမိနေလို့ နောက်တစ်ခါဆို မအားချင်ယောင်ဆောင်မှလားမသိ :D

ခင်မင်စွာဖြင့်
သီဟသစ်

ဖိုးဂျယ် said...

ဟုတ်တယ် ပြန်၇တော့မယ်ကွယ်
လွမ်းစရာတွေ ဖြစ်ကုန်ပီ

ဆောင်းနှင်းရွက် said...

အရေမရ ၊ အဖတ်မရတွေ ရေးတဲ့ သဲလို blogger တစ်ယောက် နဲ့ တွေ့ရတာ နဲနဲနှောနှော မဟုတ်ဘူးနော် . . ။
ဌဲ . . ဌဲ . . ဌဲ . . !

မေတ္တာရောင်ပြန် said...

ပျောစရာ နေ့ရက်တွေပါ ညီမလေးရေ.. ဘယ်တော့မှ မေ့လို့မရနိုင်တော့တဲ့ မောင်နှမတွေပါနော်... ထာဝရပေါ့။

ခင်မင်လျှက်
မရောင်

ဝသန်မိုး said...

အောက်ဆုံးနှစ်ကြောင်းမရောက်ခင်ထိ ပျော်သေးတယ်
အခုတော့ အခုတော့
း(
ရေးဆိုတော့လည်းရေးရမှာပေါ့။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...