Wednesday, August 5, 2009

ခုတလော

တွေးနေမိတာက
ဘာလုပ်ရင်ကောင်းမလဲ .. တော်တော်ငြီးငွေ့ဖို့ကောင်းတဲ့ လောကကြီးပါလား ..
လူတွေ ဘာလို့ဟန်ဆောင်ကြတာလဲ .. ဟန်မဆောင်ရင် ပေါင်းရခက်တဲ့ လူ့ဂွစာဖြစ်ရောလား ..
တနေ့ တနေ့ ဖြတ်သန်းနေတဲ့ အချိန်တွေမှာ အဓိပ္ပါယ်ရှိတာတွေ ဘယ်လောက်များလုပ်မိပါလိမ့် .. လုပ်ရော လုပ်မိရဲ့လား ..

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အချိန်တွေ ဖြုန်းနေတယ် ..
ရင့်ကျက်ချင်ယောင်ဟန်ဆောင်နေပြီး တကယ်တမ်း ခံနိုင်ရည်ရှိဖို့ ကြိုးစားရတုန်းပဲ .. မတည်ငြိမ်နိုင်သေးပါ ..


ကျန်းမာရေး
ဒေါင်ဒေါင်မြည်ပါတယ် .. ရုံးမသွားချင်လို့တောင် နေမကောင်းဖြစ်ချင်ဟန်ဆောင်ပြီး အမ်စီရပါတယ် .. :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက
စာအုပ်တွေ မဖတ်ဖြစ်သေးပါ .. ဖတ်ရမယ် ဖတ်ရမယ် .. ဒီစကားလည်း ပြောနေတာကြာပေါ့ .. အပျင်းထူနေသေး၏ .. :D

ရောက်နေဖြစ်တာက
မမနော်နော်လိုပဲ Farm Town ထဲက လယ်တောအိမ်ကလေး (စိတ်ချမ်းသာတယ် .. အိမ်နှစ်လုံး ၀ယ်ထားတယ် .. (ကြွားတာ :P))


ရေးဖြစ်နေတာက
tag game တွေ .. တခြားစာတွေ စိတ်ကူးပေမယ့် ဖီးလ်ငုတ်နေသေးပါတယ် ..

နားထောင်ဖြစ်နေတာက
နားဆူနေပြီးရော အကုန်ဖွင့်ထားလိုက်တယ် .. လာချင်တာလာပါစေ ..

ရွတ်နေမိတဲ့ကဗျာက
ကဗျာမရွတ်ဖြစ်ပါ ..

ဖြစ်ချင်နေတာက
စိတ်ကူးတိုင်းသာဖြစ်မယ်ဆိုရင် .. လိုအပ်နေသူတွေအတွက် အားကိုးနိုင်သူတယောက်ဖြစ်ချင်တယ် .. သတ္တိတွေ ရှိချင်တယ် .. ပြီးတော့ ပြီးတော့ တွေ အများကြီးပဲ ..

စားဖြစ်နေတတ်တာက
ရုံးနောက်ဘက် ကန်တင်းက အသားနှစ်မျိုး အရွက်တမျိုး မရိုးနိုင်သော ထမင်းနဲ့ဟင်း .. သူတို့ချက်ထားတဲ့ နာမည်သာကွဲပြီး အရသာ တူနေသော ဟင်းများ ..

သနားနေမိတာက
စင်ကာပူက သက်ကြီးရွယ်အိုတွေ .. မြန်မာနိုင်ငံက ကလေးသူငယ်တွေ .. တနေ့တနေ့ စားဝတ်နေရေး အသက်အရွယ်နဲ့ မလိုက်အောင် ရုန်းကန်နေရသူတွေ .. ရောဂါဝေဒနာသည်တွေ .. မျှော်လင့်ချက် ကင်းမဲ့နေသူတွေ .. အသနားဆုံးကတော့ လမ်းဆုံးရောက်နေသူတွေ (တနည်း) နောက်ပြန်မလှည့်နိုင်သူတွေ (တနည်း) မောဟ အမှောင်မိုက်ထဲ ရောက်နေသူတွေ (တနည်း) ကိုယ့်လုပ်ရပ်ကို ဘာမှန်း မသိသူတွေ (တနည်း) အမှား အမှန် မခွဲခြားနိုင်သူတွေ (တနည်း) မှားမှန်းသိနေပေမယ့် အမှားကို လက်မခံနိုင်သူတွေ ..

လွမ်းနေမိတာက
မေကြီးချက်တဲ့ ပုဇွန်ဆီပြန် .. ကြက်သားပြုတ်ကြော် .. ကန်စွန်းရွက်ကြော် .. (စားချင်တယ် ....)

မေ့လျော့ပစ်နေမိတာက
နောင်ဖြစ်လာမယ့် အနာဂတ် ..

ခါးသက်နေမိတာက
စိတ်မပါပဲနဲ့ ပြောဆိုဆက်ဆံနေတာတွေ .. အတင်းတွေ ..

တမ်းတနေမိတာက
ဖေကြီး မေကြီး .. ချစ်လှစွာသော သူငယ်ချင်းတွေ ..

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်ကျိုးမပါပဲ အမှန်တရားအတွက် တိုက်ပွဲဝင်ရဲသူတွေ .. (အကျိုးမျှော်နေသူတွေ မပါ)

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်လုပ်ရပ်ကို တာဝန်မယူနိုင်သူတွေ .. တာဝန်မယူရဲသူတွေ .. သူများအတွက် ခေါင်းစဉ်တပ်ပြီး ကိုယ့်ကျိုးရှာသူတွေ .. သူများနှာခေါင်းပေါက်နဲ့ အသက်ရှုလိုသူတွေ .. အထင်ကြီးစရာ မကောင်းသူတွေ ..

ဆန္ဒမရှိတဲ့နေရာ
စင်ကာပူ

ဆန္ဒရှိနေတဲ့ကိစ္စ
မြန်မာနိုင်ငံအနှံ .. ကမ္ဘာအနှံ လျှောက်သွားချင်တယ် .. ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ..

မုန်းတီးနေမိတာက
ကြမ်းပိုး (ခုတလော သောင်းကျန်းလွန်းလို့ ..)
မနက် ပေးထားတဲ့ အလန်း သံ ..

ချစ်နေတာက
ကိုယ့်ကိုကိုယ်ပဲ ဖြစ်မှာ :P

စိတ်ပျက်နေမိတာက
မနက် အလုပ်သွားဖို့ ထရတာ .. (ကြီးပွားဦးမယ် .. :P)

စွဲလန်းနေမိတာက
အကျင့်ပါနေတယ်လို့ပြောရင် ပိုသင့်တော်မလားပဲ .. ဘာလဲဆိုတာ မပြောပြဘူး .. :D

လိုအပ်နေတာက
ရှာသမျှကုန်နေတဲ့ ပိုက်ဆံ :D

တောင်းနေမိတဲ့ဆု
ကိုယ့်စိတ်ကိုယ်သိပြီး ကိုယ့်လုပ်ရပ်တွေလည်း မှန်ကန်ဖို့ .. နောင်တကင်းကင်း ရှင်သန်နိုင်ဖို့ ..

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူတွေကို ယုံကြည်ချင်တယ် ..

ဝန်ခံချင်တာက
ဟန်ဆောင်ခြင်းအလုပ်ကို မုန်းမုန်းနဲ့ ပီပြင်အောင် လေ့ကျင့်ပြီး လူတွေနဲ့ ဆက်ဆံနေရတယ် ..

မမနော်နော် တဂ်တဲ့ပို့စ်လေးပါ .. မမနော်ရေ စိတ်ထဲလက်ရှိ ရှိနေတာတွေ ချရေးလိုက်တယ် ..း))

ဆက်တဂ်မယ် .. အဆိပ်ခွက် .. ဗညားရှိန် ..း)




26 comments:

MANORHARY said...

ကိုယ့်လုပ်ရပ်ကို တာဝန်မယူနိုင်သူတွေ .. တာဝန်မယူရဲသူတွေ .. သူများအတွက် ခေါင်းစဉ်တပ်ပြီး ကိုယ့်ကျိုးရှာသူတွေ .. သူများနှာခေါင်းပေါက်နဲ့ အသက်ရှုလိုသူတွေ .. အထင်ကြီးစရာ မကောင်းသူတွေ ..
..........................မှန်လိုက်တာ ညီမရေ..
စိတ်ထဲမှာ အဲလိုလေးကိုခံစားနေရတယ် သူတစ်ပါးဆီကအသက်ကြိုးမျှင်တွေ ကိုဖြတ်တောက် ကိုယ်ရည်သွေးတီးလုံးတွေကိုတီးပြနေသူတွေကိုပိုမုန်းသေးးးးး

မေလေး said...

ဘာမှမလုပ်နဲ့ အိပ်နေ။ အမ်စီထပ်ယူဟယ်။
ပုဇွန်ဆီပြန် .. ကြက်သားပြုတ်ကြော် .. ကန်စွန်းရွက်ကြော် (နာ့ချက်ကျွေးမယ်။အိမ်လာခဲ့)
မြန်မာနိုင်ငံအနှံ .. ကမ္ဘာအနှံ လျှောက်သွားချင်တယ် .. ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ..
(နာ့တိုတို ထိုးထားတယ်။ပေါက်ရင်တူတူလျှောက်တွားမယ်)
ကိုယ့်စိတ်ကိုယ်သိပြီး ကိုယ့်လုပ်ရပ်တွေလည်း မှန်ကန်ဖို့ .. နောင်တကင်းကင်း ရှင်သန်နိုင်ဖို့ .. (မှန်လိုက်တာ။ သူများကိုလိမ်လို့ရမယ်။ ကိုယ်ကို့ကိုယ်တော့လိမ်လို့ မရဘူးလေ)
မမနော်ပြောတာ ထောက်ခံတယ်။

နွေးနေခြည် said...

မှန်လိုက်လေ.. မိုးခါးရေ

ကိုရေတမာ said...

မိုးဦးကျ ပေါက်တဲ့ မှိုလိုပဲ.. သူလည်းဒါပဲ ကိုယ်လည်းဒါပဲ (တက်ပိုစ့်တွေ)
ဟဲဟဲ ရေးလို့ကောင်းတယ်နော် :P

မမသီရိ said...

စကာင်္ပူမှာလဲ ကြမ်းပိုးရှိလား ညီမလေး

Sein Lyan Tun said...

ခုတလော

ရင်ထဲက ခံစားချက် အမှန်တွေကို ချချရေးတဲ့

ညီမလေး မိုးခါးချိုချဉ်စပ် လေးကို ကြိတ်ပြီး သဘောကျနေတာ...

မှန်လွန်းလို့...စကားလုံးတွေကို ပြောတာ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

mysterysnow said...

မိုးခါးရေ
တူတာများတယ်နော်
လောလောဆယ်မှာ...
ပုဇွန်ကြော်လဲ ကြိုက်တယ်...
အမ်စီခဏခဏ ရပါစေနော်...

မေဇင် said...

မမမိုးခါးရေ..... ဟန်ဆောင်ခြင်း ကင်းချင်တာကစ တော်တော်များများ တူနေပါလား ဝေ....။ ခုတလော စိတ်ကူလေး တွေ သိသိနေရတာ ကျေနပ်တယ်...း)

ZT said...

ကြမ်းပိုးကတော့ အိမ်ပြောင်းပြေးရင်ပြေး မပြေးရင်တော့ ပရော်ဖက်ရှင်နယ် ဆားဗစ် ခေါ်ပြီး သတ်မှ ရမယ်။ :D

WWKM said...

မမနဲ့အတွေးလေးတွေတူနေတယ်..မမက ရေးလက်စတန်းလန်းလေ.
သမီးလေးနဲ့မအားဘူးဖြစ်နေတာ.ပြီးအောင်ရေးဘို့ အတွေးတွေက ဟိုရောက် ၊ဒီရောက်.း)

မိုးစက်အိမ် said...

ဆန္ဒမရှိတဲ့နေရာ
စင်ကာပူ...(မှန်တယ်) :)
ချစ်နေတာက
ကိုယ့်ကိုကိုယ်ပဲ ဖြစ်မှာ :P(မှားတယ်)
မယုံဘူး :P

Beauty Studio USA Branded Store said...

ခုတလော ဒါတွေပဲ ခေတ်စားနေတာလား? ခေတ်ဆန်နေတာလား? အတော်ပဲ ဖတ်လို့ကောင်းပါတယ်။ ရင်ထဲက အကြောင်းလေးတွေပေါ့။ကိုယ်စီကိုယ်စီတွေးဖြစ်ကြတာလေးတွေ...............

Ree Noe Mann said...

ဆန္ဒမရှိတဲ့နေရာ ... စင်ကာပူလို့ ရေးထားတာတွေ့
တော့ အသံတောင်ထွက်သွားတယ် (ရယ်တာ ပြောပါတယ်)

အမှန်တွေကို ရေးနေတော့လည်း ဖတ်လို့က ကောင်းပြန်ရော
ညီမလေးရေ။

ကိုရီနို

ဝသန်မိုး said...

အတွေးလေးတွေ က ကောင်းပါတယ် မိုးခါးရေ

ခင်တဲ့
ဝသန်မိုး

ကိုလူထွေး said...

"ဟန်ဆောင်ခြင်းအလုပ်ကို မုန်းမုန်းနဲ့ ပီပြင်အောင် လေ့ကျင့်ပြီး လူတွေနဲ့ ဆက်ဆံနေရတယ်"

မျက်နှာဖုံးချွတ်ပြီး ဝင်လာတယ်...

းဝ)

လင်းကြယ်ဖြူ said...

ဟုတ်တယ်ဟေး...
အားလုံးက ကွက်တိပဲ..
ပျော်ပါစေ..သူငယ်ချင်း

Waing said...

လိုအပ်နေတာက
ရှာသမျှကုန်နေတဲ့ ပိုက်ဆံ :D အဲ့ဒါကတော့ ၀ိုင်းနဲ့တူတယ် :)

စိတ်ပျက်နေမိတာက
ရုံးမှာ မတူတဲ့ ဘာသာစကားပေါင်းစုံကို နေ့တိုင်းအချိန်နဲ့အမျှ ကြားနေရတာပဲ
(အင်ဒိုစကား၊ မလေးစကား၊ ကုလားစကား၊ ဖုကျန့်စကား)

လာဖတ်သွားပါတယ် မိုးခါးရေ...
ပျော်ရွှင်နိုင်ပါစေ

Libratun said...

home 2 lone tg buy htar tal...??
may you can help everyone while free from everything...

Mogok Thar said...

ညီမလေး မိုးခါးးး

ခုတလောလေးတွေ ဖတ်ပြီး ပြုံးမိတယ်။

၁။ တော်တော်ငြီးငွေ့ဖို့ကောင်းတဲ့ လောကကြီး ဆိုတာ ဟုတ်ပါတယ်။
( အသိ၊ ဥာဏ် ရဖို့ ဒို့တွေ ဒီ ခန္ဒာကိုယ်ကြီး ရထားတာ လို့ မြင်ကြည့်ရင်တော့ တစ်မျိုး ပြောင်းသွားကော )
ဟန်မဆောင်ရင် ပေါင်းရခက်တဲ့ လူ့ဂွစာတော့ မဖြစ်ဘူး ထင်ရဲ့။

၂။ အကိုကတော့ မိုးခါး အိမ်လေးက သီချင်းလေးတွေ မကြာခဏ နားထောင် ဖြစ်တယ်။

၃။ ကြမ်းပိုးက တစ်အိမ်လုံး နှံနေတယ် ဆိုရင်တော့ တစ်အိမ်လုံး တပြိုင်တည်း အက်ရှင်ယူမှ ဖြစ်မယ်။ အိပ်တဲ့ နေရာတွေမှန်သမျှ၊ န့ရံတွေ မကျန် ဆေးဖြန်း၊ မွေ့ယာ၊ စောင်တွေ အကုန် နေပူပူမှာ ထုတ်လှန်း၊ ပီးရင် အရုပ်လုံးတွေ အမှုန့်ခြေပြီး အကုန် လျှောက်ဖြူးထား။ အ၀တ်ဗီဒိုတွေ၊ ခြင်းတွေ နေရာအနှံ့ပေါ့။ အဲလိုမှ ရှင်းမရင်တော့ ပြောင်းပြေးပေတော့။ :-P

၎။ လူတွေကို ယုံကြည်ဖို့ထက် ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ပဲ ကြိုးစားလိုက်တယ်။ တစ်ဖက်သား ဟန်ဆောင်သည်ဖြစ်စေ၊ လိမ်ညာသည်ဖြစ်စေ၊ ကိုယ့်ကို သူတို့ နှစ်ခါ လာညာလို့ မရပါဘူး။

( ငါ့ညီမ ဧာတ်ပုံလှလှလေးတွေ ရိုက်မပေးလိုက်ရတာ စိတ်မကောင်းဘူး။ တကယ် :-P )

Mogok Thar said...

၁။ မှာ ကျန်နေရစ်လို့ ဖြည့်ဖတ်ပေးပါ။
( အသိ၊ ဥာဏ် ရဖို့ ဒို့တွေ ဒီ ခန္ဒာကိုယ်ကြီး ရထားပြီး ဒီလောကကြီးထဲ ရောက်နေတာ လို့ မြင်ကြည့်ရင်တော့ တစ်မျိုး ပြောင်းသွားကော )

kiki said...

ဒီဂျပိုးလေးတွေက ဘာအရေးလဲ လို့  မိုးခါးရေ ..
ရှင်းရတာ လွယ်ပါတယ် ။။

ဒို့ ရွှေပြည်ကြီးက ဂျပိုးကြီးတွေ သောင်းကျန်းနေတာမှ နှစ် ၂၀ ကို ၂ခါ ပြန်ကျော့ နေပြီ .. လူတွေကို မတရားသွေးစုပ်နေကြတာ အားမရကြသေးဘူး ။
အရောင်မွဲတဲ့  ဒို့ ပြည်သူတွေလည်း မြော့ နေကြပြီ ကွယ်....

desertraindrops said...

မိုးခါးရေ..ကြမ်းပိုးတွေ သောင်းကျန်းနေသလား။ ဆေးဖျန်းလိုက်
လွမ်းနေတဲ့အစားနဲ့ တမ်းတတဲ့နေရာလေးဆီ အမြန်ပြန်ရောက်နိုင်ပါစေလို့နော့

ခင်တဲ့
မငုံ

ကြည်ဖြူပိုင် said...

အမုန်းဆုံးက ကြမ်းပိုးတွေလား။။ဟီးဟီးသဘောကျသွားတယ်

လေပြေ said...

အစ်မမိုးခါးရေ...ကျွန်တော်လည်းခုတစ်လောကလူတွေကိုယုံကြည်ချင်တယ်လို့ အော်အော်ဖြစ်နေတယ်ဗျာ။

စိုင်းစိုင်းလားရှိုး said...

ကောင်းမွန်တဲ့ အတွေးတွေ ယုံကြည်ချက်တွေ ပါဝင်နေတယ်

ရန်ကုန်သား said...

ခုတလော အိမ်ပဲ ပြန်ချင်နေတာ ဟိုတလောက လည်း အဲလိုပဲ ကန်စွန်းရွက်ကို လွမ်းတယ် ငရုတ်သီး စိမ်းနဲ့ ဆိုပိုကောင်း မယ် :)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...