Saturday, July 25, 2009

အတိတ်ရဲ့ အရောင်

သူငယ်ချင်း အပေါင်းအသင်းဆိုတာ ရင်ဘတ်ချင်း နီးစပ်သူတွေလို့ ကြားဖူး ဖတ်ဖူးပါတယ် .. သာမန်သူငယ်ချင်းပေါင်း များစွာ ရှိနိုင်ပေမယ့် တကယ်ကိုပဲ ရင်ဘတ်ချင်း နီးစပ်သူ ရာနှုန်းဘယ်လောက်များ ရှိလိမ့်မလဲ ..

တချို့ ငယ်ငယ်လေးတည်းက ခင်လာကြတယ် .. သူငယ်ချင်းကောင်းလို့ သူများတွေ အမြင်မှာ သိနေကြပေမယ့် စိတ်ထဲ အတွင်းထဲ ကြိတ်ပြီး ရန်လိုနေကြသူတွေလည်း ကြားဖူးခဲ့တာပါပဲ .. သေချာတာ တခုကတော့ ကိုယ့်ကိုကိုယ်ထက် တခြားသူတယောက်ကို ပိုချစ်ပါတယ်ဆိုတာ တော်တော်ကို ရှားပါးမယ့် ဖြစ်ရပ် တခုပါပဲ .. လူတိုင်း ကိုယ့် အတ္တနဲ့ ကိုယ်မို့လို့ တခြားတဦးတယောက်ကို ပိုချစ်ပါတယ်ဆိုတာ သိပ်လက်ခံနိုင်စရာမရှိပါဘူး .. မရှိဘူးလို့တော့ မဆိုလိုပါဘူး .. ရှိခဲ့ရင်လည်း တကယ်အကြောင်းတိုက်ဆိုင်လို့ အခက်အခဲဖြစ်လာတဲ့အခါ ကိုယ့်ခံစားချက်ထက်ပိုပြီး သူများကို နားလည်ပါတယ်ဆိုတာ ရှိနေနိုင်ပါဦးမလား ..

လူတွေနဲ့ ဆက်ဆံရတာ အဖြေရခက်တဲ့ ပုစ္ဆာတပုဒ်ကို ခေါင်းခြောက်ခြောက်နဲ့ တွက်နေရသလိုပါပဲ .. အဖြေကလည်း မျိုးစုံ တွက်နည်းကလည်း မျိုးစုံ .. အနီးစပ်ဆုံး မှန်ကန်အောင် ကြိုးစား အဖြေထုတ်ရပါတယ် .. အဖြေမှန်ချင်လည်း မှန်မယ် .. မှားသွားတဲ့အခါလည်း ရှိတယ် .. ဒါပေမယ့် နီးစပ်အောင်တော့ ကြိုးစားနေပါတယ် ..

လူတွေကို စိတ်နှစ် မပေါင်းတတ်တဲ့ ကျမအတွက် ဘယ်သူတဦးတယောက်ကမှ ကျမရဲ့ မရှိမဖြစ်ပုဂ္ဂိုလ် မဖြစ်ခဲ့ဘူးဘူး ..

လူတွေကို ရင်မဖွင့်တတ်တဲ့ ကျမအတွက် ဘယ်သူတဦးတယောက်ကမှ ကျမရဲ့ ရင်ဖွင့်ဖော် မဖြစ်ခဲ့ဘူးဘူး ..

လူတွေကို မယုံကြည်တဲ့အတွက် အဆိပ်အတောက် ဖြစ်နိုင်တယ် ဆိုရင်တောင် သာမန် ဆေးမြီးတိုနဲ့ ကုလို့ရလောက်တဲ့ အဆင့်ပဲ ဖြစ်နိုင်ပါတယ် ..

လူတွေကို ယုံကြည်မိလို့ အဆိပ်ခတ် ခံရရင်တော့ သေရာပါ ဖြစ်သွားနိုင်ပါတယ် ..

ကိုယ့်ရဲ့ စိတ်က သံသယများတတ်လို့ ဒါဟာ မဖြစ်သင့်ဘူး ပြောလာခဲ့ရင် ယုံကြည်မိလို့ ဆုံးရှုံးသွားတဲ့ အဖြစ်ကို ဘယ်သူ တာဝန်ယူနိုင်လဲ မေးကြည့်ချင်ပါတယ် ..

အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့ လောက လူတွေရဲ့ စိတ်အခြေအနေတွေကြောင့်သာ ကျမ လူတွေကို မယုံကြည်ဖြစ်တော့တာပါ .. ဒါဟာလည်း ဘယ်သူ့မှတော့ ထိခိုက်လိမ့်မယ် မထင်မိပါဘူး .. ကိုယ့်ခံစားချက်နဲ့ ကိုယ် ကိုယ်ပိုင် ရပ်တည်နိုင်ခွင့် လူတိုင်းမှာ ရှိကြတာပဲမဟုတ်လား ..

လူတိုင်းနဲ့ ရင်းရင်းနှီးနှီး ပေါင်းတတ်လို့ ခင်ကြတယ်တဲ့ ..

ကျမ သူငယ်ချင်းတွေ ပေါင်းတဲ့အခါ သူတို့ရဲ့ စိတ်ကို သိနိုင်ဖို့ သူတို့ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ဖို့ ကြိုးစားမိတယ် .. သူဘာလိုလဲ သိနေမိလို့ ကိုယ်ပေးတာလဲ သူနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတတ်တယ် .. သူတို့ ခံစားရသမျှ နားထောင်ပေးတတ်တော့လည်း ကိုယ်ဟာ သူတို့ရဲ့ သူငယ်ချင်းကောင်းတဲ့လေ .. ကိုယ်က သူတို့ လိုတာ မပေးနိုင်တော့တဲ့ အခါ .. ကိုယ့်မှာ သူတို့ ခံစားချက်တွေ နားထောင်ပေးဖို့ အခြေအနေ မပေးတဲ့အခါ .. ကျမ ပြောင်းလဲသွားပါတယ်တဲ့ .. ထားပါတော့ ကျမ ပြောင်းလဲသွားတယ်လို့ပဲ ..

လူတွေက အတ္တများတယ် .. ကိုယ်ကသာ လိုချင်တတ်ကြတယ် .. ကိုယ်က စပေးနိုင်ဖို့ မေ့နေတတ်ကြတယ် ..

ကျမရော .. ကျမမှာလည်း အတ္တနဲ့မို့ ကိုယ့်လုပ်ရပ်ကြောင့် တခြားလူဘယ်လို ဖြစ်သွားမလဲ မစဉ်းစားပေးချင်တော့ပါဘူး ..

ကိုယ့်ခရီး ကိုယ်လျှောက်ရင်း
ကိုယ်သွားတဲ့ လမ်း
မှန်ဖို့ပဲ အာရုံစိုက်တယ်

လမ်းမှားရင် နောက်ပြန်လှည့်မယ်
လမ်းမှန်ရင် ရှေ့ဆက်လျှောက်မယ်
ဒါ ဘယ်သူ့ ပရောဂမှ မပါဘူး

ကိုယ့်ရပ်တည်မှုအတွက်
ကိုယ့်ကို ယုံကြည်မှုရှိမယ်
ကိုယ့်လုပ်ရပ်နဲ့
ကိုယ့်သမိုင်းကို လောင်းကြေးထပ်တယ်

ကိုယ့်သမိုင်း ကိုယ်ရေးကြသူချည်းပဲ
ကိုယ့်အတိတ်ဖြစ်မယ့် အရောင်ကို
ကိုယ်တိုင် ဆေးခြယ်ချင်တယ်

ဇာတ်လမ်း အဆုံးမှာ
အဖြေ တခုတော့ ရှိလိမ့်မယ်

24 comments:

kyalkalay said...

11111111111111

kyalkalay said...

သူမကတော့ ပြောသွားတယ်
နင်တော်တော် အတ္တကြီးတယ်တဲ့

လင်းကြယ်ဖြူ said...

ဇာတ်လမ်း အဆုံးမှာ
အဖြေ တခုတော့ ရှိလိမ့်မယ် ....
အဲ့ဒီ့အဖြေတ္ဂေက ...ရင်ထဲကို တိုးဝင်ရင်း..ပျော်နိုင်ပါစေ..လို့...

Anonymous said...

တစ်လောကပဲ ပြောမိတယ် လူတွေကိုဆက်ဆံတာ ခပ်ဆိုးဆိုးဆိုရင် အဲ့ဒီလိုဖြစ်အောင် ကျနော့ကို သူတို့ပဲအရောင်ဆိုးသွားကြတာလို့.........

Anonymous said...

ကိုယ့်သမိုင်း ကိုယ်ရေးကြသူချည်းပဲ
ကိုယ့်အတိတ်ဖြစ်မယ့် အရောင်ကို
ကိုယ်တိုင် ဆေးခြယ်ချင်တယ်

နင်ကို ငါလိုက်မမှီအောင်ကို နင်တော်လာတယ် လေးစားမိသည် မိဝတ်ရည် လို့တောင် ငါပြောရမလိုပါပဲလား . . . . . . . . .

Beauty Studio USA Branded Store said...

နားလည်မှုအဖြေ တူသူအတော်ရှားပါတယ်။

Yu Ya said...

“လမ်းမှားရင် နောက်ပြန်လှည့်မယ်
လမ်းမှန်ရင် ရှေ့ဆက်လျှောက်မယ်
ဒါ ဘယ်သူ့ ပရောဂမှ မပါဘူး..”

မမိုးခါးရေ.... သံစဉ်တွေ ပြင်းနေပါရော့လား....။

လမ်းမမှားပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ဘာလို့လဲဆိုရင် တစ်ချို့ လမ်းမှားတွေက နောက်ပြန်လှည့်လို့မရအောင်ကို ဆိုးဆိုးရွားရွားတွေ ဖြစ်နေကြတယ်ဆိုတာ တွေ့ဘူးလို့ပါ။ ဘာပဲဖြစ်ဖြစ် ပညာအသိဥာဏ်နဲ့ ယှဉ်တဲ့ ဆုံးဖြတ်ချက်မျိုးကိုပဲ ထပ်ခါထပ်ခါ စဉ်းစားရင် နောက်ဆုံးတော့ Best Solution ထွက်လာတတ်ပါတယ်ဗျာ။

အစစအရာရာ အဆင်ပြေပြီး ရွှင်လန်းချမ်းမြေ့ပါစေ။

yu ya

သီဟသစ် said...

ခါးခါးရေ

ကိုယ့်သမိုင်းကိုယ်ရေးကြတာတော့ အမှန်ပါပဲကွယ်
သူများကို နားလည်နိုင်တယ်ဆိုတာလဲ အတိုင်းအတာတစ်ခု ထိပါပဲလေ

ခင်မင်စွာဖြင့်
သီဟသစ်

မြစ်ကျိုးအင်း said...

လက်ရှိလုပ်ရပ်က အနာဂါတ်ကို ရိုက်ခတ်နိင်သလို ကျန်ခဲ့မယ့် အတိတ်
အတွက် ဖျောက်လို့ မရနိင်ဘူး....။အချိန်တိုင်း ကောင်းအောင် မှန်အောင်
ကြိုးစားရမှာပဲ...။
သံယောဇဉ်များလေ အမှိုက်ရှုပ်လေတဲ့...။
စိတ်နှစ်ပြီး မပေါင်းတော့ ဘေးထွက်ဆိုးကျိုးရဲ့ဒဏ်ကို ခံရတာ သက်သာ တယ်...။
အဲဒီလို ထင်မိ မြင်မိတယ်...။

တလနွန် said...

ကိုယ်လမ်းကိုယ်လျှောက် ကိုယ်သမိုင်း ကိုယ်ရေးကြရမဲ့သူတွေကြီးပါပဲလေ။
မှန်မှန်ကန်ကန် စိတ်ထားမှန်မှန်နှင့် လျှောက်ကြဖို့ ပဲ အရေးကြီးတယ်မဟုတ်လား။ အရာအားလုံး ပျော်ရွင်နိုင်ပါစေ

မေဇင် said...

မှန်တာပေါ့ မမရယ်... လူတွေက ကိုယ့်သမိုင်းကိုယ်ရေးကြတာချည်းပါပဲ.. အဲ့လိုရေးနိုင်ဖို့ မှန်ကန်တဲ့ ၀န်းကျင်ကောင်းလဲ လိုအပ်မယ်ထင်တယ်နော်..။ သူတို့ က ကိုယ့်သမိုင်းကို ၀င်မစွက်ဖတ်မယ့်သူတွေပေါ့...။

Phyo Maw said...

Knowing other is wisdom.
Knowing ourselves is superior wisdom.
ဖတ်ဖူးတာပါ။

လူတွေကိုအကဲခတ်နေရင် သူတို့ကိုချစ်ဖို့ ကိုယ့်မှာအချိန်မရှိတော့ဘူးတဲ့
ဒါလည်း ဖတ်ဖူးတာပါပဲ။

ဟိဟိ အပေါင်းအသင်းတွေနဲ့ ပက်သက်တုန်းက ဆက်ဆံရေးအတွက်
ရှာဖတ်ခဲ့ဖူးတာတွေပဲ ပြန်ရေးသွားသည်။
pm ဘာမှမသိပါ မမမိုးခါးရေ။

Ree Noe Mann said...

ညီမလေးရေ

ပြောတာမှန်တယ်။
ဘာပဲဖြစ်ဖြစ် ဘုရားဟောတရား နဲ့ အညီနေနိုင်ရင်
အကောင်းဆုံးဖြစ်မှာပါ။

အကို ရီနို

အားနေလို့ မထင်နဲ့နော် ညီမ မရောက်တာကြာလို့
လာတာ။ ညီမလဲ မရောက်တာ ကြာပြီနော်။
သတိပေးသွားတယ်( အိမ်လာမလည်လို့) ဟွန့်

Sein Lyan Tun said...

တိုက်ဆိုင်သလားလို့


ခံစားချက်တွေ...

ကောင်းတယ်... မှန်တယ် ညီမလေးး


များများတော့ မပြောတော့ဘူးနော်းးးး


ချစ်တဲ့

ဖိုးစိန်

ကိုလူထွေး said...

လူတိုင်းက အတ္တရဲ့သားကောင်တွေပါ...

ကိုယ့်အတ္တအတွက်တော့ သူများရဲ့ မျက်ခုံးမွှေးမှာ စင်္ကြန် မလျှောက်တတ်ဘူး မဟုတ်လား...

ဘယ်သူနဲ့ ဘာတွေစိတ်အလိုမကျ ဖြစ်ခဲ့သလဲ...

မငုံ said...

ကိုယ့်စိတ်နဲ့သူများစိတ် တထပ်တည်း ကျဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်။ သူငယ်ချင်းတွေရှိတာ ကောင်းပါတယ်။ မိုးခါးရေ အဆုံးတစ်နေရာမှာတော့ ပျော်ရွှင်ပါစေနော့။

Angel Shaper said...

မရေ... အရမ်းမှန်တဲ့ စကားလုံးလေးတွေပါ။
လူ၏အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တခါ ရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူ၏။ ဆိုတဲ့ ငယ်ငယ်က မှတ်ထားခဲ့ဖူးတဲ့ စကားပုံလေး ပြန်အမှတ်ရသွားတယ်။ ခက်ခဲတဲ့ ပုစ္ဆာလေးအတွက် စိတ်မကောင်းဘူး။ တို့ တွေလဲ ကြုံနေရပါတယ် မရယ်။ ဘာပဲဖြစ်ဖြစ် ခက်ခဲတဲ့ ပုစ္ဆာတွေကြားမှာ မမိုးခါးတစ်ယောက် ထာဝရပျော်ရွှင်ပါစေလို့ ။

မေလေး said...

မိုးခါးရေ

သူများကိုသာ လိမ်လို့ရချင် ရမယ်.
ကိုယ်သမိုင်းကို ကိုယ်လိမ်မရတာ လူတွေကမေ့နေတာဟ။

စိုင်းစိုင်းလားရှိုး said...

တန်ဖိုးရှိတဲ့ ခံယူချက်ပါပဲ

ကြည်ဖြူပိုင် said...

မိုးခါးရေ.လူတွေကို စိတ်ရောကိုယ်ပါ နှစ်ပြီး ခင်ခင်မင်မင်ဆက်ဆံမိတော့ နောက်ဆုံးခံစားရတာကိုယ်ပဲ
ဒါတွေကိုသိသိကြီးနဲ့လဲ မနေနိုင်တဲ့စိတ်နဲ့ လူတွေကိုစိတ်ရောကိုယ်ပါခင်မိနေတုန်း
ညီမလေးရေ.........နောက်ဆုံးတော့ ညီမလေးရေးခဲ့သလိုပဲ
(ကိုယ့်ရပ်တည်မှုအတွက်
ကိုယ့်ကို ယုံကြည်မှုရှိမယ်
ကိုယ့်လုပ်ရပ်နဲ့
ကိုယ့်သမိုင်းကို လောင်းကြေးထပ်တယ်

ကိုယ့်သမိုင်း ကိုယ်ရေးကြသူချည်းပဲ
ကိုယ့်အတိတ်ဖြစ်မယ့် အရောင်ကို
ကိုယ်တိုင် ဆေးခြယ်ချင်တယ်)
အဲဒါသာအကောင်းဆုံးပါပဲ။ အမရဲ့ခံစားချက်လေးနဲ့လဲအပ်ချမတ်ချကိုက်ညီတယ်

Libratun said...

that's right. one more, don't go two poles.
wish you the best.

TnT (Libratun)

ကောင်းကင်ပြာ said...

လူ အမျိုးမျိုး စိတ် အထွေထွေပေါ့ ညီမလေးရယ်၊

Dream said...

အယ်...ဘာတွေ ထပ်တူမကျဖြစ်နေသလဲ...
လူချင်းတူပေမယ့် အသက်ရှုချင်း ကွာတယ်..အသက်ရှုခြင်း တူပေမယ့်
စိတ်ဓာတ်ခြင်း စရိုက်ခြင်း ကွာတတ်ကြပါတယ်....
လူတွေဟာအတ္တသားကောင်တွေကြီးပါပဲ..ဒါပေမယ့် သူများပေါ်နင်းပြီးမှ အပေါ်ရောက်တဲ့ သားကောင်တော့ မဖြစ်စေနဲ့တဲ့ စာအုပ်ထဲမယ် ဖတ်ဖူးတယ်....

ကိုယ့်သမိုင်းကိုယ်ရေး ကိုယ်လမ်းကိုယ်လျှောက်ရတာမှန်လိုက်တာ..လမ်းဆုံးတော့ ရွာတွေ့မယ်...အိမ်လည်ဝင်ခဲ့ဦးနော်... ဟိဟိ

ဘာတွေပေါက်ကွဲ နေတာလဲသယ်ရင်းရေ....

ခင်တဲ့
မက်မက်

Anonymous said...

Hello Guru, what entice you to post an article. This article was extremely interesting, especially since I was searching for thoughts on this subject last Thursday.

rH3uYcBX

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...