Sunday, July 19, 2009

၂၀၀၉ ခုနှစ် အာဇာနည်နေ့ သတိရခြင်း

(၁၉-၀၇-၀၉) နေ့ (၆၂) နှစ်ပြည့် အာဇာနည်နေ့

နှစ်ပေါင်း ကြာရှည်နေပေမယ့် မြန်မာလူမျိုးတွေ အနေနဲ့ အာဇာနည်နေ့ကို အမှတ်ရနေတတ်ခဲ့ကြတယ် .. သတိရတိုင်းလည်း ၀မ်းနည်းမှု နှမြောတသမှု ယူကြုံးမရမှု ဆုံးရှုံးခံလိုက်ရမှု စတဲ့ ခံစားမှုတွေ ရောပြွန်းလျှက် .. ကျမတို့ အလင်းတိုင် ဆုံးရှုံးခဲ့တာ နှစ်ပေါင်း ဒီလောက်တောင် ရှိသွားခဲ့ပြီ ..

ငယ်စဉ်ကတည်းက မေကြီးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြတတ်ခဲ့တယ် .. အတွင်းဝန်ရုံးရှေ့က ဖြတ်တိုင်းလည်း ဒီရုံးကြီးမှာပေါ့ .. ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတာ .. ဘယ်လို ၀င်ရောက်လုပ်ကြံသွားတာ စသည်ဖြင့် ပြောပြတတ်တယ် .. အဲဒီချိန်ကတော့ ကြားရတိုင်း လုပ်ကြံခံရတယ်ဆိုတဲ့ အသိနဲ့ စိတ်မကောင်းဖြစ်ရုံလောက်သာ ခံစားခဲ့ရတယ် .. အရွယ်ရောက်လို့ ဗိုလ်ချုပ်အကြောင်းတွေ သိလာခဲ့ရတော့ လေးစားချစ်ခင်မိသလို နှမြောတသလည်း ဖြစ်ရတယ် .. ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ရွံရှာ မုန်းတီးတတ်ခဲ့တယ် ..

မေကြီးက ဗိုလ်ချုပ်ကို သိပ်ချစ်တယ် .. ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံ ကြီးငယ်တွေကို ခုထိသိမ်းထားတတ်တယ် .. စုထားတတ်ခဲ့တယ် .. ပိုက်ဆံပေါ်က ဗိုလ်ချုပ်သွင်ပြင်ကလည်း ခံညားစွာ နေရာယူခဲ့တယ် ..

ဗိုလ်ချုပ်ကို လူတိုင်းက ချစ်ကြတယ် .. (အချို့က လွဲရင်ပေါ့ ..) လူတန်းစားပေါင်းစုံရဲ့ ချစ်ခင်လေးစားမှုကို ခုချိန်တိုင် ခံစားနေရတုန်း .. အမြဲတမ်းလည်း အမှတ်ရနေတတ်ကြတယ် .. ဒါဟာ ဗိုလ်ချုပ်ရဲ့ ပြည်သူတွေအပေါ် ထားရှိခဲ့တဲ့ စိတ်ရင်း စေတနာကြောင့်သာ တန်ပြန်တဲ့ တုန့်ပြန်မှုတွေလို့ ကျမယုံကြည်မိတယ် ..

ကျမတို့ ငယ်ငယ်တုန်းတည်းက မနက်ဘက်ဆို ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်တတ်တယ် .. ဗိုလ်ချုပ်ကြေးရုပ်နားရောက်တိုင်း သတိတရနဲ့ ကြည့်မိတယ် .. ငယ်ငယ်က ဆော့ကစားပြီး အလေးပြုတာကို သတိရမိတယ် .. နားလည်တတ်တော့ ဒါဟာ ငါတို့ရဲ့ ခေါင်းဆောင်ဆိုတဲ့စိတ် လေးစားမှုအပြည့်နဲ့ ရင်ထဲက အလေးပြုဖြစ်တယ် ..

တချို့ကတော့ ဗိုလ်ချုပ်ရဲ့ အရေးပါမှုကို ပျောက်ကွယ်စေချင်စိတ်နဲ့ ဗိုလ်ချုပ်ရဲ့ အမှတ်တရတွေကို ကွယ်ပျောက်အောင် ပြုလုပ်နေကြတယ် .. လွန်ခဲ့တဲ့ နှစ်က ဗိုလ်ချုပ်ကြေးရုပ်ကို အပြင်ကနေ ခြံစည်းရိုးခတ်လိုက်တာကို တွေ့ရတယ် .. အရင်ကလို ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည့်တည့်က ၀င်လို့မရအောင် အသေပိတ်လိုက်တာ တွေ့ရတယ် ..

သနားမိတယ် .. ဗိုလ်ချုပ်ရဲ့ သက်မဲ့ရုပ်ထုကိုတောင် ကြောက်ရွံ့နေကြသူတွေကိုပါ .. အမှတ်တရတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတယ် ..

ဒါပေမယ့် ခုချိန်ထိ လူတိုင်းရင်ထဲမှာ ဗိုလ်ချုပ် ရှိနေခဲ့တယ် .. ဗိုလ်ချုပ်ရဲ့ အရှိန်အ၀ါကြီးတာကိုတော့ ဘယ်သူမှ ငြင်းမရပါဘူး ..

စိတ်မကောင်းစရာ တခုက ဗိုလ်ချုပ် အသက်နဲ့ရင်းပြီး ကြိုးစားပေးခဲ့တဲ့ လွတ်လပ်ရေးကို ဗိုလ်ချုပ်ရဲ့ သားသမီးတွေ မခံစားနိုင်သေးတာပါပဲ .. ခုချိန်ထိ စိတ်ဓါတ်တွေ အသိတွေ ချုပ်နှောင်ခံကြရတုန်း ..

ဒါတွေကိုသာ သိနိုင်မယ်ဆိုရင် တာဝန်မကျေဘူးလို့များ ခံစားနေရမလား .. တကယ်တော့ တာဝန်ကျေသူတွေ ကျေကုန်ကြပါပြီ .. ကျမ အပါအ၀င် တာဝန်မကျေသူတွေသာ တတ်နိုင်သလောက် ကိုယ့်တာဝန်ကိုယ်ကျေဖို့ ကြိုးစားရမှာ မဟုတ်ပါလား ..

စဉ်းစားကြည့်စေချင်တယ် .. ကိုယ် လုပ်နေတဲ့အလုပ်က ဘာလဲ ..
ရှက်တတ်စေချင်တယ် .. ကိုယ် အခုရောက်နေတဲ့ အဆင့်က ဘာလဲ ..

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

ဒီကဗျာလေးက ငယ်စဉ်တည်းက သိခဲ့ မှတ်ခဲ့ ရွတ်ခဲ့ဘူးတဲ့ ကဗျာလေးပါ ..

ဗိုလ်ချုပ်သမိုင်းကြောင်း ဘလော့ တခုမှ ဒေါင်းလုတ် လုပ်ထားခြင်း ဖြစ်ပါတယ် ..

15 comments:

Sein Lyan Tun said...

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးလာပြုပါတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ဧရာဝတီသား said...

ဗိုလ်ချုပ် က မြန်မာပြည်သူတွေအားလုံးရဲ့ နှလုံးသားမှာ မမေ့ပျောက်နိုင်ပါဘူး ခင်ဗျာ။ နောက်ကလေး တွေ ဗိုလ်ချုပ်တို့အကြောင်း သိနားလည်ပြီး လေးစားတတ်အောင်တော့ ကျွန်တော်တို့ ကြိုးစားရမှာပဲ။

သိပ်မှန်ပါတယ် ..ဗိုလ်ချုပ်ရဲ့ အရှိန်အ၀ါကြီးတာကိုတော့ ဘယ်သူမှ ငြင်းမရပါဘူး ..

Sein Lyan Tun said...

ပထမဆုံး တိတ်တိတ်ဆိတ်ဆိတ်လေး အလေးပြုရတာ အနားမှာဘယ်သူမှလဲရှိဖူးး)

kyalkalay said...

လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

လင်းကြယ်ဖြူ said...

ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား...

တကယ်ကို မမေ့နိုင်တဲ့နေ့လေး ကို အမှတ်တရရှိနေတဲ့ ညီမကို
လေးစားစ္ဂာ နဲ့ တင်ပြမှုလေးကို ခံစားသ္ဂားပါတယ်ခင်ဗျာ
ပျော်ပါစေ..

သူကြီးမင်း (တုံးဖလား) said...

အာဇာနည်နေ့အကြောင်းလေးတွေဖတ်မိတိုင်း လုံးဝ စိတ်မကောင်း ၀မ်းနည်းခြင်း အလီလီဖြစ်မိပါတယ်။

စိုင်းစိုင်းလားရှိုး said...

မေ့လို့မရနိုင်တဲ့ ရက်စွဲတစ်ခုပါ

ဂျပန်ကောင်လေး said...

ကဲ.. ဒီနေ့မှာ ကျဆုံးလေပြီးတဲ့ အာဇာနည်တွေကို အလေးပြုရအောင်ပါ..

Anonymous said...

ကျဆုံးလေပြီးသော အာဇာနည် တွေကို ဒီကနေ တဆင့် ဂုဏ်ပြု ဦးညွတ်မိပါတယ် ။ လေးစားအားကျ အတုယူခဲ့တဲ့ အာဇာနည်တွေ စောစီးစွာ
ကျဆုံးသွားတဲ့အတွက်လည်း အတိုင်းမသိ ၀မ်းနည်းမိခဲ့ပါတယ်

မေဇင် said...

ဟုတ်တယ် ... နောင့် တို့တာဝန် မကျေဘူး....ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်တွေအတွက် အရမ်းစိတ်မကောင်း ၀မ်းနည်းရတယ်...။ အပြင်ရောက်လာတော့ မှ ပိုသိလာတယ်...။

Unknown said...

မသမာသူတွေက သမိုင်းကြောင်းတွေ ဘယ်လိုပဲဖျောက်ဖျောက်ပါ...

သမိုင်းအစစ်အမှန်တွေက ဘယ်တော့မှ မပျောက်ပါဘူး...

အားလုံးရဲ့ ရင်ထဲ ရှင်သန်နေဆဲပါ....

နားထဲ ဥသြဆွဲသံကြားလိုက်ရတယ်...

မိုးစက်အိမ် said...

အမရေ အာဇာနည်နေ.ကို လာခံစား
ဦးညွှတ်သွားပါတယ် အမရေးထားတဲ.
အကြောင်းအရာတွေ ဖတ်ရတာ တကယ်
စိတ်မကောင်းရဘူးဗျာ...

မငုံ said...

မိုးခါးရေ ထပ်တူတွေးမိသွားပါတယ်။ အာဇာနည်တွေကို မေ့ထားလို့မရသလို မမေ့သင့်ပါဘူး။

JulyDream said...

အာဇာနည်တိုင်း သမိုင်းမသေ... ဆိုပေမယ့်
မသေ သေအောင် သတ်နေကြတုန်းပဲဗျ။

Demon said...

ဗိုလ်ချုပ်အကြောင်း ရေးကြ ပြောကြ သူတွေ နည်းသွားချိန်မှာ သယ်ရင်းစာလေး တွေ့လိုက်လို့ ဂုဏ်ယူမိပါတယ်ဗျာ ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...