Friday, January 29, 2010

ဟိုရောက် ဒီရောက် (၅)

တချို့ပြောကြတယ် .. ငါကတော့ သူ့အပေါ် ကောင်းလိုက်ရတာ .. သူကျတော့ ဆိုတာမျိုး .. ဒါဆို သူ့အပေါ်မှာ ကိုယ်က မျှော်လင့်ထားလို့ပေါ့ .. ဒါဆို ကိုယ်က သူ့အပေါ် စေတနာ သန့်သန့်နဲ့ ကောင်းခဲ့တာပါ ဆိုတာ .....

တချို့စကားတွေကို မြန်မာလို ပြောနေပေမယ့် နားမလည်တာတွေက များတယ် .. အပေါ်က စာသားလိုပေါ့ ..

ကိုယ်က သူပြန်ကောင်းဖို့ ကောင်းနေတာ ကောင်းပြနေတာလား .. ဒါကို ဘယ်သူက ဘယ်လောက်ရာခိုင်နှုန်းနဲ့ တိတိကျကျ ဝေခွဲပြနိုင်မလဲ .. မလိမ်မညာပဲနဲ့ပေါ့ ..

စေတနာဆိုတာ ရောင်ပြန်ဟပ်တယ် .. ရောင်ပြန်ဟပ်မယ့် စေတနာတွေအတွက် ကိုယ့်စေတနာတွေကို အရင်းအနှီးပြုလိုက်တာလား .. (ဒီညတော့ ဂွကျကျ တွေးပြီး ရေးပြီပဲ .. :D)

ကိုယ်တိုင်ဖြစ်ဘူးတော့ သိသလိုပဲ .. သိသလိုပဲ ပဲရှိသေးတော့ သေချာတယ် မပြောနိုင်သေးပြန်ဘူး ..

ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် မချစ်သလိုပဲ .. စာတွေဖတ်တယ် .. ဗေဒင်တွေ ဖတ်တယ် .. အဲဒီမှာတွေ့တယ် .. ကိုယ်ချစ်သူက ကိုယ့်ကို ပြန်ချစ်လာစေချင်ရင် မျက်နှာကို မြင်အောင် ကြည့်ပြီး မေတ္တာပို့ဖို့ .. လုပ်တာပဲ .. တကယ်လည်း စွမ်းတယ် .. စွမ်းလို့ နောက်ပိုင်း ဒုက္ခဖြစ်ပြန်ရော .. ဘယ်အရာမှ အလွန်အကျွံမဖြစ်တာ အကောင်းဆုံးပဲ .. မေတ္တာထားတယ်ဆိုတာလည်း မချင့်ချိန်တတ်ရင် အထားမတတ်ရင် တဖက်က နစ်နာစရာ ဖြစ်တတ်သေးတယ် .. (ရှုပ်တယ်နော် .. :D)

မေတ္တာတရားထားတာ မေတ္တာထားတတ်တာ လူချစ်လူခင်ပေါတယ် .. မေတ္တာထားနိုင်တာ အကောင်းဆုံးပါပဲ .. ဒါပေမယ့် ဖြူစင်သင့်တယ် သန့်ရှင်းနေသင့်တယ် .. ကိုယ့်အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာမျိုး မဖြစ်သင့်ဘူး .. ငါဒါလေး ပေးလိုက်ရင် သူ့ဆီက ဒါတော့ ပြန်ရမှာပဲ ဆိုတဲ့ အတွေးမျိုးပေါ့ .. ဒါက စီးပွားဆန်သွားပြီ ထင်တယ် ..

ငယ်ငယ်တုန်းကတော့ ရူးချာချာနဲ့ အကုန်လျှောက်လုပ်ဖူးတယ် .. ရီလည်းရီရတယ် .. ခုကျတော့ ရီစရာပေါ့နော် .. အချိန်က လူကို ရင့်ကျက်စေတယ် .. ခုတော့ ပေါချာချာ အလုပ်တွေ မလုပ်မိအောင် ကြိုးစားနေတယ် .. ဒါတောင် တချက်တချက် .......

ဘာတခုမှ ရယူပိုင်ဆိုင်ချင်စိတ် မရှိတော့ရင် ပိုင်ဆိုင်ချင်စရာ မကောင်းတော့ရင် ကမ္ဘာကြီး ငြိမ်းချမ်းနေမလား .. မက်မောစရာတွေ ရှိနေလို့ပဲ လူတွေ ပူလောင်နေကြတာလား .. အပူဆိုတာ ကိုယ်တိုင်ရှာတာထင်ပါရဲ့ ..

တခါတခါ စိတ်က လူနောက်ကို လိုက် .. တခါတခါ လူက စိတ်နောက်ကို လိုက် ..

27 comments:

မြတ်မွန် said...

ရယူလိုစိတ်မရတော့ အရမ်းအေးချမ်းပြီ မိုးခါးရေ....
ရလိုစိတ်မရှိအောင် အရင်ကြိုးစားရမှာ..
လွယ်တော့မလွယ်ဘူးနော်.. တကယ်လုပ်ကြည့်တဲ့ အခါ..။
အပူဆိုတာ မရှာပဲလဲ ရောက်ရောက်လာတက်တယ်..။

မိုးခါးပျော်ရွှင်ပါစေ။
ခင်မင်လေးစားစွာဖြင့်။

ဝက်ဝံလေး said...

အိုးးးးးးးနီးးးးးးးးး မိုးခါးးးးးးးးး
ဘာတွေဖစ်နေလဲ အေ ပြောစမ်းးးးး ညလေး သွားချဲပေးမယ် အဟုတ်ပြောတာ ဟဲဟဲ
ဖိုက်တာလုပ်မလားလို့ စဉ်းစားနေပါ၏ ဟိဟိ

ဒါပေမယ့် အိုးပါး မိုးခါး လို့ခေါ်ရတာ ပိုကောင်းတယ်နော် ဟဲဟဲ

kaungkinpyar said...

လောင်စူးးးးးးးလေး
တခါတခါ စိတ်နောက်လိုက်လဲ လိုက်
တခါတခါ လူနောက် လိုက်လဲ လိုက်...
လုပ်ချင်တာသာ လုပ်...ဘာမှ မတွေးနဲ့ လုပ်ချင်တာ လုပ်ပြီးရင် တော့ နောင်တမရကျေးးးးအိုကေ...

Sein Lyan Tun said...

ပေးဆပ်ခြင်းမှာ ရယူခြင်းမပါတာ အကောင်းဆုံးပဲ..

မေတ္တာတရားမှာ ကိုင်တွယ်လို့ မရတဲ့ ချစ်ခြင်းတွေရှိပါတယ်.. ဒီချစ်ခြင်းတွေကို ပေးဆပ်ခြင်းနဲ့ သာ ဖြည့်ဆည်းကြပါ...

စိတ်က လူနောက်ကိုလိုက်တဲ့အချိန်ရယ်

လူက စိတ်နောက်ကိုလိုက်တဲ့အချိန်ရယ်.. အတူတူပဲလို့ ညီမျှခြင်းချလိုက်..


နေပါဦးး..

အခု အပူရှာမိနေတယ်ထင်တာလား

အပူထုပ်ကြီးပိနေတယ်ထင်တာလားး))

သူကြီးမင်း (တုံးဖလား) said...

ဒီလိုဘဲပေါ့ ညီမရယ်။
လူဆိုတာကလဲ အပူနဲ့ ပျော်နေကြရတာ မဟုတ်လား။
အပူမရှိရင် မနေတတ်မထိုင်တတ်ရယ်လေ။

ဒါကြောင့်ဆိုထားကြတာပေါ့။ ဘာတဲ့။
လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ ဆိုလားဘဲ။

အပူတွေ ငြိမ်းအေးနိုင်ပါစေ ညီမ။

Anonymous said...

လူက ဆိတ်နောက်ကို လိုက်ရင် သတိထား.. ဆိတ်ချေးနင်းမိတယ်.. ဆိတ်က လူနောက်ကို လိုက်ရင် သတိထား.. ခွေ့လိမ့်မယ်.. ပြေး ပြေး .. ပြေး......
(ဒါနဲ့ ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ပိုချစ်လာအောင် ဘာတွေလုပ်ခဲတာလဲဟင်.... သားသားမသိလို့.....း)))

ခင်မင်တဲ့
ဂျပန်ကောင်လေး

တောင်ပေါ်သား said...

ဘာတွေရေးထားမှန်း သေချာကို မသိဘူးရယ် နားမလည်ဘူးဝေးးးးးး ပိန်းတယ်ဗျး) စကားမစပ် ဂျပန်မေးခွန်းလေး ပြန်မေးချင်တယ်း)

ဘာဖြစ်ဖြစ် အမြဲပျော်ရွှင်နေပါစေ


လေးစားလျက်
တောင်ပေါ်သား

kiki said...

စေတနာ ၊ မေတ္တာ တွေ....
မေတ္တာ ၊ စေတနာ တွေ...
ရောင်ပြန်ဟပ်တာတွေ ...
တခုခုတော့ ၊တခုခု ပဲ နော် ၊

တောထွက်ချင်စိတ်ပေါက်လာပြီလား လို့  မိုးခါးရေ ..ဘယ်တောကြိုက်သလဲ ပြောနော ..ဒလက်တော ၊ သရက်တော ၊ ငပုတော .. ကြိုက်ရာရွေး ..ဟေးဟေး

အိုက်ခီလောက် said...

တွေးချင်တာတွေး သွားချင်တာသွားဗျာ
လူချစ်လူခင်ပေါတယ် ဆိုတာတော့ယုံတယ်
ဘယ်နေရာကြည့်ကြည့် ဓါတ်ပုံထဲမှာမပါမပြီးဘူး:D
အင်းရှေ့က ပြောသွားတဲ့ နှစ်ယောက်လိုပဲ
ဘယ်လိုများကြည့်ပြီး ဘယ်လိုများလုပ်ပါလိမ့်

Anonymous said...

ငါ့ကိုများ ရေးနေတာလားလို့ တောင် ငါထင်မိတယ် မိုးခါး ဟုတ်တယ် မက်မောစရာတွေ ရှိလို့ ပူလောင်နေတယ် ပူလောင်မှုတွေနဲ့ ငါ့ရင်ဘတ် မီးတိုက်ခံ နေရတယ် တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို လောကအပြင်ဘက် လွှင့်ပစ်လိုက်ချင်တယ်း(

ရွှေရတုမှတ်တမ်း said...

အလို....စိတ်ရော..လူရော..နောက်နေပြီလား..
ဒါလေးများ...ဝါဆေးစား..အဟဲ..
ငါ့တူမရာ..ဘာတွေကြုံရကြုံရ..ဘဝကို စိတ်အေးသက်သာစွာ ဖြတ်သန်းနိုင်ပါစေဗျာ

flowerpoem said...

ဘယ်လိုလုပ်ရမှန်းကိုသိတော့ဘူး ချစ်တဲ့လူဆီက အချစ်ကို မျှောလင့်တာမျိုးကြတော့ ဒါလည်း လိုချင်တာပဲနော် မလိုချင်တဲ့လူတော့ လောကမှာ ရှိမှာမဟုတ်ပါဘူး အနည်းနဲ့ အများပဲကွာမှာပါနော်. .

ကြယ်ပြာ said...

ဘာမှမမျှော်လင့်ရင် တကယ်ငြိမ်းချမ်းတာပေါ့ ... ဒါပေမယ့် ပုထုဇဉ်ဖြစ်နေလေတော့ ဘာမှမမျှော်လင့်လို့လဲ မဖြစ်ပြန်ဘူး ...း)

ဇွန်မိုးစက် said...

အပူအများစုက ကိုယ်တိုင်ရှာယင်း ရတာများပါတယ်။ ကိုယ်တိုင်မရှာဘဲ သူ့ဖာသာလာတာမျိုးလည်း ရှိပါတယ်။ မိုးခါးရေ...လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့။ အရာရာကို တရားသဘောနဲ့ မြင်ကြည့်လိုက်ရင် အားလုံးအေးချမ်းသွားပါလိမ့်မယ် ညီမလေး။

အစ်မဖေဖေအတွက် ဆုတောင်းလေး ကျေးဇူးပါ ညီမရေ။ ညီမဖေဖေအတွက်တော့ Happy belated birthday ပေါ့နော်။ :)

ဏီ(န်)ကင်း said...

စာတွေဖတ်ပြီးခပ်ကြောင်ကြောင်တွေတွေးမိကုန်ပြီ...
ပြီးရင်ပေါချာချာဖြစ်ပြီးလုပ်ချင်တာလုပ်မိရင်....
မိုးခါးတာဝန်ယူရမယ်..
ဒါဗြဲ..

ဆောင်းချမ်းမိုး said...

မေတ္တာတရားဆိုတာ အေးချမ်းလှပါတယ် ညီမလေးမိုးခါးရေ..

Mogok Thar said...

မေတ္တာဆိုတာ “အသွားအပြန်” ရှိတယ် လို့ ဆိုကြတယ်...

“အသွား” သာ ရှိပြီး “အပြန်” မရှိတဲ့ မေတ္တာတွေ...
ကိုယ့်ဘက်က “အသွား” သာ ကိုယ့်ဘာသာ မြင်နိုင်ပြီး သူ့ဘက်က “အလာ” ကို ကိုယ်မမြင်နိုင်တာမျိုးတွေ... လဲ ရှိတတ်ပြန်ရော...

ဘာပဲဖြစ်ဖြစ် အပေးအယူဆန်တဲ့ ချစ်ခြင်းမေတ္တာဆိုရင်တော့ ပူလောင်ရတာပါပဲ..

ကိုယ်ပေးသလို ပြန်မရ. ကိုယ်မျှော်လင့်သလိုကလဲ ဖြစ်မလာ.. ဆိုတာတွေ ခံစားရတဲ့အခါပေါ့.....

အေးချမ်းပါတယ် ဆိုတဲ့ “မေတ္တာတရား” မှာတောင် စိတ်လေး နဲနဲ.. အထားအသို မှားတာနဲ့ ပူလောင်ရတော့တာ...

“ချစ်ခြင်း” နဲ့ လုံခြုံပြီး “မေတ္တာ” နဲ့ အေးချမ်းနိုင်ကြပါစေ...။

ခင်မင်လျက်

နွေဆူးလင်္ကာ said...

တခါက ကျနော် လောဘ ဒေါသ မောဟ အချစ် အမုန်း ဘာမှ မရှိတဲ့ ကမ္ဘာကို ရောက်သွားဖူးတယ်။ တစ်ပတ်လောက်တောင် မနေခဲ့ပါဘူးဗျာ။ ပြန်လာခဲ့လိုက်တယ်။ ပျင်းစရာကြီး။

ဆောင်းနှင်းရွက် said...

အာရို့ ရို့ ...
ချာလပတ်လည် နေပါတယ် ဆိုမှ
သူ့စာဖတ်လိုက်ရတာ
ပိုတောင် လည်ထွက်သွားတယ် ..

ဘယ်နောက်မှ မလိုက်နဲ့ ..
ဘာမှ လည်း မစဉ်းစားနဲ့ ..
ပုံမှန် အတိုင်းလေးပဲ သွားတာ
အကောင်းဆုံးပဲ .. ။

ညလင်းအိမ် said...

ဟုတ်တယ်ဗျာ...
ပုထုဇဉ်တွေဆိုတော့လည်း ရယူလိုမှုတွေကို မလွန်ဆန်နိုင်ဖူးပေါ့ မိုးခါးရေ...း)
သိပ်မတွေးပါနဲ့ ... အလိုက်သင့်လေးပဲ နေသွားလိုက်...

ခင်မင်စွာဖြင့်

လင်းကြယ်ဖြူ said...

စိတ်နဲ့လူနဲ့ လိုက်တမ်းပြေးတမ်း ကစားပွဲက
ဘယ်တော့မှ မရပ်ခဲ့သေးဖူးနော်...
အားလုံးအဆင်ပြေပါစေခင်ဗျာ
*.*.*

မြရေလျဉ် said...

ဘာလဲကွယ်
ချစ်ခြင်းလား
မေတ္တာလား
အားလုံးမှာ တုံ့ပြန်တဲ့ အားတစ်ခုခုတော့ ရှိပါတယ် ချစ်ညီမရယ်

အဲဒီ့အားရဲ့ ပြင်းအားကသာ........................

Anonymous said...

ညီမလေး အရေးသားလေးကောင်းပါတယ်။
မှန်တော့ မှန်တယ် လိုက်နာဖို့ တော့ခက်နေပါတယ်။
ဘာလို့ လဲဆိုတော့ နေ့ တိုင်း အလုပ်ရှင်ကို မေတ်တာပို့ နေရတယ် ။အလုပ်မြဲဖို့ အတွက်
သာယာချမ်းမြေ့ ပါစေ
မိုး

mabaydar said...

လူတစ်ယောက်ကို ကူညီပြီး သူ့ဘက်က မမျှော်ကိုးနဲ့ ဆိုတာ မှန်ကန်တဲ့ အလုပ်... အဲလို တကယ်လိုက်နာနိုင်ရင် ကိုယ်လဲတကယ်အေးချမ်းပါတယ်... ဒါပေမဲ့ တော်တော်များများကတော့ မလုပ်နိုင်ကြပါဘူး... လူပေါ်တော့မူတည်မှာပေါ့နော်... မဗေဒါဆိုရင် တချို့ကို ကူညီလိုက်ရင်တော့ ပြန်မျှော်ကိုးတာတွေရှိတယ်... တချို့အရမ်းခင်တဲ့သူငယ်ချင်းတွေကို ဆိုရင်တော့ ဘာမှ မမျှော်ကိုးပဲ ကူညီလိုက်တာတွေရှိတယ်... ဒီတော့ လူတစ်ယောက်ထဲမှာကို အဲလိုမျိုးစိတ်တွေ ကွဲပြားတယ်... အမှန်တော့ ကိုယ်အေးအေးချမ်းချမ်းနေချင်ရင် မမျှော်ကိုးတာကောင်းတယ်... High expectation တွေရှိရင် higher disappointment တွေနဲ့ ကြုံရတတ်တယ်... မဗေဒါ လျှာဝင်ရှည်တာ ပိုစ့်လောက်နီးနီးရှိသွားတယ်...

မငုံ said...

မှန်တယ် မိုးခါးရေ..ရယူလိုတာပေါ့နော်။ ဒါက လူသားပေမို့ အပြစ်ရယ်လို့ ပြောလို့မရဘူးလေ။

ကိုလူထွေး said...

ဟိုရောက်ဒီရောက်က ဘယ်ကိုရောက်လို့ရောက်မှန်းတောင် မသိတော့ဘူး...

ဆိတ်က ကြိုးနဲ့ဆွဲခေါ်သွားရင်တော့ ကိုယ့်နောက်ကပဲ လိုက်မယ်နဲ့တူပါတယ်...

းဝ)

Angel Shaper said...

ဟိုကောင်လေး... ဂျပန်ကောင်လေးးးး
ငပန်... မင်းနော် ဘာကိစ္စ ဆိတ်ကိုပဲ ထိခိုက်ပြောဆိုနေတာလဲ ဟမ်..... ခိခိ

ချစ်မရေ.. ရင်ထဲက အပူတွေငြိမ်းပါစေ။
ဘာမှ မပြောတတ်လို့နော်။
အဆင်ပြေပျော်ရွှင်ပါစေနော်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...