Saturday, January 9, 2010

စိတ်အခြေအနေ

တခါတလေ စကားတချို့က
ပုံမှန်ပေမယ့် ခါးတယ်

မမျှော်လင့်မိအောင် နေပါတယ်
တချက်တချက်ကျ နောက်ကြောင်းပြန်ငဲ့ကြည့်မိတယ်
နှမြောမိတယ်လား

မာနက သတိပေး
ခြေလှမ်းတွေ နောက်မဆုတ်နဲ့တဲ့

လွန်ဆွဲဆဲ ဒွိဟစိတ်တွေ
ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်းတွေကြား
ငါ တကယ်တမ်းတော့
မားမား မတ်မတ် မရပ်နိုင်ခဲ့

မကြည်လင်တဲ့ စိတ်ဓါတ်တွေ ဆေးချဖို့
ရေတွေကိုယ်တိုင်က နောက်လို့

မတတ်နိုင်ဘူးလေ
ရွေးချယ်ခွင့်မှ မရှိခဲ့ပဲ

အချိန်တခုက ငါ့ကို လှောင်တယ်
နင် ဘာကို စောင့်နေတာလဲ တဲ့

မလိုအပ်တာတွေ ကိုယ်တိုင်သိရဲ့နဲ့
ကိုယ်တိုင် ကိုယ်ကျ မိုက်မဲဆဲ

ကဲ ဒီလိုနဲ့ အချိန်တွေ ကုန်တယ်

အိမ်ရှေ့တခါးကိုထွက်
တံခါးမှာ ဆိုင်းဘုတ် တခု တင်လိုက်တယ်
"ဒီကနေ့ စိတ်အခြေအနေ မကောင်းပါ"

19 comments:

Anonymous said...

ဘယ့်နဲ့ ဆိုင်းဘုတ်ချင်းတူနေတာပါလိမ့်

မေလေး said...

ဆိုင်းဘုတ် ပိုမှာပေး
ငါလဲတင်မယ်

မေလေး said...
This comment has been removed by the author.
ဏီ(န်)ကင်း said...

မကြည်လင်တဲ့ စိတ်ဓါတ်တွေ ဆေးချဖို့
ရေတွေကိုယ်တိုင်က နောက်လို့

မတတ်နိုင်ဘူးလေ
ရွေးချယ်ခွင့်မှ မရှိခဲ့ပဲ

အချိန်တခုက ငါ့ကို လှောင်တယ်
နင် ဘာကို စောင့်နေတာလဲ တဲ့

မလိုအပ်တာတွေ ကိုယ်တိုင်သိရဲ့နဲ့
ကိုယ်တိုင် ကိုယ်ကျ မိုက်မဲဆဲ

အဲဒိအပိုဒ်လေးတွေကိုရေးထားတာမိုက်တယ်...
ပြောစမ်း..ဘယ်လိုစိတ်ကူးနဲ့လဲ...မှန်မှန်ဖြေနော်....

WWKM said...

ကဗျာလေးသေခြာဖတ်ပြီး ခံစားသွားပါတယ် ညီမငယ်ရေ.
ခံစားချက် ကဗျာလေး တကယ်ကောင်းပါတယ်.

ဒီနေ့ ဆိုင်းဘုတ် ချိတ်ဆွဲထားတယ်ပေါ့.း)

ညီမလေးပျော်ပါစေ.

ဆောင်းနှင်းရွက် said...

ရှေ့တိုးရမှာလားး
နောက်ဆုတ်ရမှာလားး
အလယ်မှာပဲ နေ ...
တရားမှတ်လေ ..
အခုလိုချိန် ဒွိဟ
ဖြစ်နေချိန်မှာ တရား မှတ် ရမယ် လေ ..
အရင်က ရေးတဲ့ တရားစာ တွေ
ဘယ်တွေ ရောက်ကုန်လဲ ..

ဒါနဲ့ ....
ဆိုင်းဘုတ် တွေ မှာ

"ယနေ့" လို့ သုံးတာပဲ တွေ့ဘူးတယ် ..
"ဒီကနေ့" လို့ မတွေ့ ဖူး ဘူး ကွယ် ..

အဟိ ..
အဟိ ..

Welcome said...

ဝမ်းတထွာကို သမုဒ္ဒရာနဲ့ ယှဉ်လိုက်ရင်
စိတ်လိုအင်ကို စကြာဝဠာနဲ့ နှိုင်းရမယ်ထင်တယ်။

ဆန္ဒနဲ့ ဘ၀ထပ်တူကျနိုင်ပါစေ သယ်ချင်း
ဆင်ဆင်ပြေပျော်ရွှင်ပါစေ

လင်းခေတ် said...

မမျှော်လင့်မိအောင် နေပါတယ်
တချက်တချက်ကျ နောက်ကြောင်းပြန်ငဲ့ကြည့်မိတယ်
နှမြောမိတယ်လား

မာနက သတိပေး
ခြေလှမ်းတွေ နောက်မဆုတ်နဲ့တဲ့

အချိန်တခုက ငါ့ကို လှောင်တယ်
နင် ဘာကို စောင့်နေတာလဲ တဲ့

ငါထင်တယ် နင်စိတ်တွေ အရမ်းလွန်ဆွဲ နေသလိုပဲ . . . အရင်ကလောက် နင်မပြတ်သားတော့ဘူး

johnmoeeain said...

ဟော့တော့......:(

မြန်မြန် စိတ်အခြေအနေ ကောင်းပါစေ....
ကောင်းလာတဲ့အခါ ဆိုင်းဘုတ်ကို ပြောင်းလိုက်ဦးနော် :D

ပိုးဟပ်လေး said...

ခံစားသွားပါတယ်

ပိုးဟပ်လေး said...

ခံစားသွားပါတယ်

flowerpoem said...

တူ၂ပါပဲ ခုတစ်လော အခြေအနေမကောင်းပါ.. :)

မျိုးထက်ဇော် said...

ကဗျာတွေကို မဖတ်တက်သေးဘူးဟာ နင့်တို့နဲ့တွေ့မှ လာလာလည်ရင်း အကျင့်ရအောင်ကြိုးစားရ အုံးမယ်

ကိုလူထွေး said...

ဆေးခန်းလေးဘာလေး လိုက်ပို့ဖို့ လိုအပ်ရင်လည်း ပြောအုံး...

းဝ)

နွေဆူးလင်္ကာ said...

ဟို ဆိုင်က ဆိုင်းဘုတ်တောင် သတိရသွားတယ်။ မနက်ဖြန် အကြွေးရောင်းမည် တဲ့။

နေ၀သန် said...

ဆိုင်းဘုတ်တင်ရင် အခွန်ဆောင်ရတယ်နော်... စိတ်အခြေအနေ ပိုဆိုးသွားမယ်...း))..

Sein Lyan Tun said...

နေသာသလိုလိုနဲ့ သာ

နေမသာ သလိုလိုနဲ့ မသာ

စိတ်အခြေအနေမကောင်းပါ

ဆောင်းချမ်းမိုး said...

ကဗျာလေးက ကောင်းတယ်
ကဗျာလေးပဲဖြစ်ပါစေ
ဘာပဲဖြစ်ဖြစ်ပါ
အလွန်အကျွံတော့ မခံစားပါနဲ့လေ..

ညလင်းအိမ် said...

စိတ်အခြေအနေ မကောင်းဘူးဆိုလို့ လစ်ပြီ..း))

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...