Wednesday, February 17, 2010

ကျမနှင့် ချစ်သော ........

- "သမီး အပျိုကြီး လုပ်မယ်ဆိုရင် တသက်လုံး ဖေကြီးက ရှာကျွေးထားမှာပေါ့" (ဆိုလိုတာက ယောကျာင်္းရရင်တော့ တာဝန်ထပ်ယူတော့မယ် မထင်နဲ့ပေါ့ .. :P)
"သမီး ဘာလုပ်ချင်လဲ .. သမီး လုပ်ချင်တာကို ဖေကြီးက ရှိသမျှ အကုန် ကုန်ချင်ကုန်ပါစေ ဖြစ်အောင် လုပ်ပေးမယ်" (ကျမ အရှုံးရမယ်ဆိုရင်တောင် ဘေးနားမှာ အမြဲတမ်း အားပေးနေမယ့် ဖေကြီးပေါ့ ..း))
"သမီးကို ဖေကြီးက ယုံပြီးသား" (ကျမ မဟုတ်တာ မလုပ်နိုင်အောင် ချုပ်တဲ့ စကားပေါ့ .. :D)
"သမီး အဆင်ပြေသလို စိတ်တိုင်းကျ လုပ်ပါ .. ဖေကြီးတို့က ရတယ် .." (လုပ်မယ့် အလုပ်တိုင်း အပေါ်ကို မစွက်ဖက်ပဲ ယုံကြည်မှုပေးတဲ့ ဖေကြီးပေါ့ ..း))
"သမီး နေကောင်းရဲ့လား .. ကျန်းမာရေး ဂရုစိုက်ပါ .. ကျန်းမာရေးက အရေးကြီးဆုံးပဲ .." (အမြဲတမ်း ဖုန်းဆက်တာနဲ့ သတိပေးနေကျ စကားတခွန်းပေါ့ ..း))
"အဆုံးစွန် .. သားသမီး အတွက်ဆိုရင် ဘာမှ မလုပ်နိုင်တော့လို့ လမ်းဘေးမှာ အထုပ်သယ်ရမယ် ဆိုရင်တောင် သားသမီးကို မသိစေရဘူး .. သားသမီးတွေ မျက်နှာငယ်ရမယ့် အဖြစ်မျိုး သူများ လက်ညှိုးထိုးခံရမယ့် အလုပ် ဘယ်တော့မှ မလုပ်ဘူး .." စသည်ဖြင့် ........

ကျမက အဖေ့သမီးတဲ့ .. ဖေကြီးက သမီးကြီးမို့ ပိုတယ် .. ယုံတယ် .. ငယ်ငယ်တည်းကပါ .. ကျမကလည်း ဖေကြီးကို အရမ်းကပ်တယ် .. ကျမအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် .. နွေးထွေးတဲ့ ရင်ခွင်တစုံ .. အကာအကွယ်ပေးမယ့် လက်နှစ်ဖက် .. သယ်ပိုးပေးမယ့် ပုခုံးနှစ်ဖက် .. သယ်ဆောင်သွားပေးမယ့် ခြေတစုံ .. ဖေကြီးမှာ ရှိတယ် .. အင်အားတွေ နဲပါးလာပြီ ဆိုပေမယ့်ပေါ့ .. သားသမီးအတွက် လွတ်လပ်မှုတွေ ဆုံးရှုံးတယ် .. လုပ်ပိုင်ခွင့်တွေလည်း ဆုံးရှုံးတယ် .. ဒါပေမယ့် ဒါ ငါ့သားသမီးအတွက်ဆိုတာနဲ့တင် ကျေနပ်တယ် .. 

- စကားကို သိပ် ချိုချိုသာသာ မပြောတတ်ပေမယ့် စကားတွေမှာ ကျမအတွက် စေတနာတွေ ပျော်ဝင်နေတယ် ဆိုတာ သိတယ် ..စကားတွေက ပုံမှန်ပေမယ့် မေတ္တာတရားရဲ့ နွေးထွေးမှုကို ခံစားရတယ် .. စကားလုံး အလှတွေနဲ့ သိပ် တီတီ တာတာ မပြောတတ်ပေမယ့် မျက်ဝန်းတစုံမှာ ကျမအတွက် ချစ်ခြင်းတွေ ရှိနေတယ်ဆိုတာလည်း ကျမခံစားလို့ရတယ် .. သူ့မှာ ကျမကို အားပေးတတ်တဲ့ လက်တစုံ ရှိတယ် .. စိတ်ညစ်မှုတွေကို ဖြေဖျောက် ပြောဆို ပေးနိုင်တဲ့ နှုတ်ခမ်း တစုံ ရှိတယ် .. ရိုးသားစွာနဲ့ ချစ်ခင်တတ်တဲ့ စိတ် ရှိတယ် .. 

တယောက်ကို တယောက် အကျိုးအမြတ်တွေ မတွက်ချက်ပဲ ချစ်တယ် .. ကျမအိပ်မက်ထဲက ပန်းရောင် အိမ်လေးမှာ သူနဲ့ကျမ အတူတူ ပန်းတွေ ပျိုးတယ် .. စိမ်းလန်းမယ့် သစ်ပင်တွေ စိုက်တယ် .. ငါးလေးတွေ မွေးတယ် .. အစာကျွေးတယ် .. သစ်သီးတွေ ခူးတယ် .. (ဘယ်လိုလဲ ကြည်နူးဖို့ ကောင်းတယ်ဟုတ် ..း)) ဆက်မက်ဦးမယ် .. အဲလို အိပ်မက် လှလှလေးတွေ .. အိပ်ရေး ပျက်ချင် ပျက်ပါစေ ..း)

- အပြန်အလှန် အားပေးကြတယ် .. အချိန်ပြည့်မဟုတ်ပေမယ့် တတ်နိုင်သလောက် .. အချိန်ကြာလေ အဖြူရောင် သံယောဇဉ်တွေနဲ့ ရင်းနှီးမှုတွေ ကူညီမှုတွေ အားပေးစကားတွေနဲ့ ကျမတို့ ရှေ့ဆက်ကြတယ် ..

သူတို့မှာ ရင်ဘတ်ချင်း နားလည်ပေးနိုင်တဲ့ ခံစားချက် တစုံစီ ရှိတယ် .. သူငယ်ချင်း (၀ါ) မောင်နှမလို့ စိတ်ထဲက သတ်မှတ်ထားမိတယ် .. လူ သိပ်များများ မဟုတ်ပါဘူး .. ၃ယောက် ၄ယောက် ၅ယောက် .. ပြောတတ်တဲ့စကားက နင် စကားတွေ ပြောချင်ရင် ငါတို့ နားထောင်ပေးချင်တယ် .. ဒါပေမယ့် ကျမ အကျင့်အတိုင်း လုံးစေ့ပတ်စေ့ မပြောဖြစ်သေးပါဘူး .. မခင်လို့ မဟုတ်ပေမယ့် ကျမ အကျင့်ကိုက ..

တယောက်ကို တယောက် ဘာတွေရှိလဲဆိုတာ မတွေးပဲ သူဘာလိုလဲ ဆိုတာမျိုး .. သူ ဘာလုပ်နေလဲဆိုတာထက် အဆင်ပြေရဲ့လား ဆိုတာမျိုး .. ဘာပေးပါဆိုတာထက် ဘာလိုအပ်လဲ ဆိုတာမျိုး .. ဒီလိုမျိုး ပြောင်းပြန် အချိုးကျ ကြတယ် .. တချို့နဲ့ တခါတလေတော့လည်း ခပ်ဝေးဝေးကနေပဲ အားပေးစကားပြောရတယ် .. ဒါပေမယ့် သေချာတာ လုံးဝ အပေါ်ယံ မဟုတ်ဘူး ..

လှတယ် .. အရောင်စုံတွေနဲ့ အစီစီ အရီရီနဲ့ ပန်းတွေက ပွင့်လို့ .. လောကကြီးက လှပါတယ် .. တခါတလေ ခံစားဖို့ မေ့နေလို့သာ ..

ဗညားက ကျမ ခင်မင်မြတ်နိုးတဲ့ သူတွေတဲ့ .. ဗညားရေ ငါနောက်ကျသွားတယ် .. ဆောရီး ဗြောတီး ဟေ့ .. :P

26 comments:

Sein Lyan Tun said...

အကို အဖေလဲ ဒီလိုစကားတွေနဲ့ ချုပ်ဖူးတယ်...

ဒီ စကားတွေ ကြားတော့ အဖေနဲ့ အမေ ကို မြင်ပြီးပြုံးမိတယ်..

အားပေးတတ်တဲ့ လက်တစ်စုံကို မြဲမြံစွာ ကိုင်ဆုပ်ထားနိုင်ပါစေ..

အဖြူရောင် သံစဉ်တွေကို ရေးရေးလေး ဆိုညည်းမိနေသမျှ သာယာနာပျော်ဖွယ် ကောင်းပါစေ။

မကုန်ဆုံးတဲ့ အိပ်မက်လှလှလေးတွေ အိပ်ရေးပျက်စွာ မနိုးတမ်းမက်ခွင့်ရပါစေ.

စေတနာတွေ ပျော်ဝင်နေပါတယ်. နွေးထွေးမှုကို ခံစားရတယ်. ခံစားတတ်သူတွေ သာ နားလည်မယ်ပေါ့..

kaungkinpyar said...

သားသမီးတွေ အပေါ် ထားတဲ့ ဖခင်တိုင်း ရဲ့ စိတ်လေးတွေပါ၊ ဖေကြီး စိတ်ချမ်းသာအောင် နေပါ၊

အိမ်မက်တွေလဲ ဆက်မက်ပါ...မက်ပါ...ဟောက်သံ တွေ ကြောင့် မနိုး စေနဲ့ ရအောင်သာ ဆက်မက်....

အဖြူ ရောင် သံယောဇဉ် တွေ ကြောင့် လှပတဲ့ အရောင်စုံ ပန်းတွေ အစီအရီ ပွင့်နေတာ အမှန်ပေါ့...ခံစားတတ်ဖို့လဲ မမေ့နဲ့ နော်.....

လင်းကြယ်ဖြူ said...

အမြဲမပြတ်စီးဆင်းနေတဲ့ ဖခင်မေတ္တာ ပေါ့နော...
ဒါကြောင်းလည်း တုနှိုင်းမဲ့ တတ်ကြတာပေါ့လေ...
ပြီးတော့ သူငယ်ချင်းဆိုတဲ့ ဝေါဟာရ က မိတ်ဆွေ
ဆိုတာထက် ပိုလေးနက်ပါတယ်..မျက်မှန်းတမ်းမိရင်းနှီး
ရုံဆိုရင်တော့ မိတ်ဆွေပေါ့...အဲ..ရင်ဘတ်ခြင်းတူ
ခံစားနားလည်နိုင်မှုတွေနဲ့ လက်တွဲမိကြပြီဆိုရင်တော့
သူငယ်ချင်းပေါ့.....
ခံစားဖတ်ရှုသွားပါတယ်...
ပျော်ပါစေ ဘော်ဒါရေ
*.*.*

ရေတမာ said...

ဖခင်တယောက်ရဲ့မေတ္တာတရားတွေဖတ်ရတော့ အားကျတယ်။ ကြည်နှုးတယ်။ မဟုတ်တာတွေ မလုပ်အောင်ချုပ်တာလို့တော့ မမြင်ပါဘူး။ တွေးခေါ်တတ်ပြီလို့ ယူဆပေးပုံပါ။

လက်တွဲဖော် တယောက်ရဲ့ အိပ်မက်တွေက ကြည်နှုးဝမ်းသာမှုနဲ့ ခွန်အားတွေ ဖြစ်စေမှာပါ။

ရောင်စုံပန်းလေးတွေလည်း ကြည်လင်လန်းဆန်းပြီး မိုးခါးရဲ့ရောင်စုံပန်းခင်းလေး လှနေမှာပါ။ ယုံကြည်တယ်း)))))

သူကြီးမင်း (တုံးဖလား) said...

ချစ်ခြင်းမေတ္တာတရားက အားလုံးထက်ပိုနွေးထွေးစေတယ်။ အေးမြစေတယ်။
မိဘချစ်၊ မောင်နှမချစ်၊ မိတ်ဆွေချစ်၊ သူငယ်ချင်းချစ်၊ စတဲ့စတဲ့ အချစ်တွေ အားလုံးဟာ သာယာကြည်နူးမှုကို ဆောင်တဲ့ မင်္ဂလာတစ်မျိုးပါဘဲ။

Ree Noe Mann said...

မိဘဆိတု သားသမီးအတွက် ဘာမှ မလုပ်ပေးနိုင်တောင်မှ
သူတို့ ရှိနေရင် သားသမီးတွေမှ ခွန်အားရှိနေတယ်။
အဲဒါ မိဘရဲ့ မေတ္တာတရားလို့ အကိုတော် တွေးထားတာ။

အကိုတော် အဖေ ရှိတုန်းက အိမ်ကို တစ်စက်မှ ပြန်မကြည့်ခဲ့ရဘူး။ အဖေလည်း ဆုံးပြီး ဆိုတဲ့
သတင်းလည်း ကြားရော အကိုမှာ ရင်ထဲမှာ တောင်ကြီး တစ်တောင်လုံး
ပြိုကျသွားသလိုပဲ ခံစားခဲ့ရတယ်။

အဓိက ပြောချင်မိတာက အင်အားတွေ နဲပါးလာပြီ ဆိုပေမယ့်
အဖေရှိနေသေးတဲ့ ဆိုတဲ့ ခွန်အားကို ညီမတော် ပိုင်ဆိုင်ထားတာ လောကမှာ ဘာနဲ့မှ လဲလို့ မရတဲ့
အရာတွေထဲက အမြင့်မြတ်ဆုံး ပါ။

ငါ့နှမရဲ့ မျက်နှာက ချိုတယ်၊ ကြည်တယ်၊ ပြတ်သားတယ်။ ဒါကြောင့် အောက်မှာရေးထားတဲ့
၃ ၄ ၅ ယောက်အတွက်တော့ အများကြီး ပြောစရာ မရှိ။

တောင်ပေါ်သား said...

အပေါ်ဆုံးက ၂ ယောက် ကွန်ပြူတာ တလုံးထဲနဲ့ ၂ယောက် ဆက်မရေးနဲ့ ဒါပဲး)

မိဘကို သိတတ်တဲ့ သမီးရတနာလေး ဖြစ်ပါစေဗျာ ချစ်သောသူနဲ့ တသက်လုံး ပျော်ရွှင်စွာ ပေါင်းစည်းနိုင်ပါစေ ခင်မင်သူ မိတ်ဆွေများနဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေကြောင်း ကျွန်ုပ် တောင်ပေါ် ဆုတောင်းပေးလိုက်ပါတယ် ခုတော့ အိပ်ဦးမယ် ခူးးးးးးး ခလော....... ခူးးးးးးး ခလော.. အဟေးဟေး


လေးစားလျက်
တောင်ပေါ်သား

ဆောင်းနှင်းရွက် said...

ပျော်ရွှင်သော
မိသားစု လေး အဖြစ်
အစဉ်အမြဲ
နေထိုင် သွားနိုင်ပါစေ ...

myoehtet said...

အဲ့လိုမျိုးအိပ်မက်တွေ မက်ဖို့ဆိုရင်တော့ ကိုယ့်အိမ်မှာကိုယ် အိပ်မှရမယ်ထင်တယ်နော့်း)

Anonymous said...

:):):):)

Mogok Thar said...

အဖြူရောင် မိသားစု သံယောဇဉ်တွေနဲ့ လှပတဲ့ ဘဝကို ချစ်သောသူတွေနဲ့ အတူ ဖြတ်သန်းခွင့်ရတာဟာ မင်္ဂလာတစ်ပါးပေါ့။

အပေါ်ယံမဟုတ်... ရင်ထဲစစ်စစ်က လာတဲ့ မေတ္တာတရားများနဲ့သာ ဆုံတွေ့ရခြင်းဟာလဲ မင်္ဂလာတစ်ပါး ပါပဲ။

တိကျပြတ်သားပြီး စိတ်ကောင်းရှိတဲ့ ညီမငယ်လေးဘဝ...

လုံခြုံနွေးထွေးတဲ့ ဘဝထဲမှာ ထာဝရ ပျော်ရွှင်နေနိုင်မယ်ဆိုတာ....

ဆက်မက်ချင်တဲ့ အိပ်မက်လေးတွေ.. (အိပ်ရေးဝဝနဲ့) ဆက်မက်နိုင်ပါစေဗျား....။

;-)

noblemoe said...

စာဖတ်ရင်း အဖေ့ကိုလွမ်းမိတယ်။ပြောရမယ်ဆိုရင် သတိရဆုံးကလည်း အဖေပါပဲ။ အဖေ နဲ့ တူတူနေဖူးတာ
သိပ်ကိုနည်းခဲ့ တယ်လေ။ခုလို မိဘနဲ့ ပျော်ရွှင်တဲ့ ဘဝ
လေးကိုပိုင်ဆိုင်ခွင့် ရတာကံကောင်းခြင်းတစ်မျိုးပါပဲ
အိမ်မက်ထဲက လက်တွေ့ ဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ။
သာယာချမ်းမြေ့ပါစေနော်
မိုး

ဒဏ္ဍာရီ said...

ဗညားဆီက တဆင့် လာလည်တာပါ ညီမလေး...။ အဖေ ချစ်တဲ့ သမီးချင်းတူလို့ ချစ်သွားတယ်။း)
မမနွယ်လည်း အဖေကို အရမ်းချစ်တယ်..။ ဒီတက်ပိုစ့်လေးက ဗညားလည်း မမကို ရေးခိုင်းဘူးလို့လေ။

ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

ရေးထားတဲ့ ပုံစံလေးမိုက်တယ် ..း)

kiki said...

ကောင်းပ ကောင်းပ
၅၂၈ ရော .. ၁၅၀၀ ပါ .. အားလုံးရှိနေတာ ကောင်းလေစွ....ကောင်းလေစွ ....

နွေဆူးလင်္ကာ said...

ဖခင်တစ်ယောက်ရဲ့ မေတ္တာဟာ အရမ်းကြီးမာကြောင်း ကျနော်လည်း သိပါတယ်

Flower said...

ဖခင်နဲ့သမီးတစ်ယောက်ရဲ့ သံယောဇဉ်လေးကို
ပေါ်ပေါ်လွင်လွင်လေးရေးဖွဲ့ထားတာ
ချစ်ဖို့ကောင်းတယ်.. ကြည်နူးစရာလေးလဲဖြစ်ပါတယ်..
အရေးအသားလေးတွေအရမ်းကောင်းပါတယ်..
အားကျမိတယ်..

မြစ်ကျိုးအင်း said...

အဖေရော အမေရော နှိုင်းမရတဲ့ ချစ်ခြင်းတွေနဲ့ ချစ်ကြတယ်။
အဖြူရောင်သံယောဇဉ်တွေ ကြောင့်လည်း နွေးထွေးခဲ့ရတာ တွေဟာ တန်ဖိုးရှိတဲ့ ခံစားချက်လေးတွေပါပဲ။

မိုးစက်အိမ် said...

ဝမ်းသာတယ်ဟေ့ ခုလိုဖတ်ရတာ ဟိုနေ့ ကပို့ စ်ဖတ်ရတော့
စိတ်မကောင်းဖြစ်နေတာ နင်ကအင်ထုရေးတာကိုးများနေပြီ
အဖေကတော့နှိုင်းမရပေါ့ဟာ ကျန်တဲ့သံယောဇဉ်ကတော့
နာလည်းသိဘူး :P

~ဏီလင်းညို~ said...

မိုးခါးရေ...
(နာမည်ခေါ်ပြောရတာ ပိုအားရလို့နော်...း))
အပေါ်ဆုံးက အဖေအကြောင်းလေးကိုဖတ်ရတော့ အစ်ကို့ဖေဖေကိုတောင် အရမ်းသတိရသွားတယ်...။
ချစ်ခင်ရသူတွေနဲ့ ပျော်ရွှင်နိုင်ပါစေဗျားးးး
ခင်မင်တဲ့
ဏီလင်းညို

Angel Shaper said...

အဖြူရောင် သံယောဇဉ်တွေ၊ အပြာရောင် သံယောဇဉ်တွေ၊ ပန်းနုရောင် သံယောဇဉ်တွေနဲ့ ချစ်မ တစ်ယောက် ကြီးပွား ကံကောင်းနေပါလားဗျိုးးးးးး
အဲဒီသံယောဇဉ်တွေနဲ့ပဲ ဘဝမှာ ပျော်ရွှင်ငြိမ်းချမ်းပါစေနော်။

Ideal Idea said...

Good Idea!
I wonder what you will pay to your Dad and, how and why.
What is the best way to reply our parents' loving-kindness, from your point of view?
You are doing a good job.

ဇွန်မိုးစက် said...

အရောင်စုံဖူးဖွင့်ဝေဆာနေတဲ့ ပန်းခင်းထဲ အလည်လာသွားတယ်။ ညီမကိုယ်တိုင်ကလည်း အဲဒီ့ပန်းခင်းထဲက ပန်းလေးတစ်ပွင့်ပေါ့။ ရနံ့လေးက သင်းသင်းလေး။း)

chocothazin said...

"သမီး ဘာလုပ်ချင်လဲ .. သမီး လုပ်ချင်တာကို ဖေကြီးက ရှိသမျှ အကုန် ကုန်ချင်ကုန်ပါစေ ဖြစ်အောင် လုပ်ပေးမယ်" .... သိပ်ကိုနွေးထွေးတဲ့ အဖေကို ပိုင်ဆိုင်ထားသူ မိုးခါးရေ ပျော်ရွှင်ပါစေနော်။

Anonymous said...

tixgd footprints

Libratun said...

ညလေး ရေးထားတာ မိုက်တယ်။ (သူများတွေပြောသလို လိုက်ပြောကြည့်တာ) ခွိ။ အရမ်းကောင်းတယ်။
ဒါနဲ့ ငါ့အပေါ်က ကွန်မန့်တွေဖျက်လိုက်ဦး။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...