Saturday, January 2, 2010

သူငယ်ချင်း (ဗညားရှိန်)

သူငယ်ချင်း
ငါတို့ ခင်မင်ခဲ့ချိန်တွေ ကြာနေခဲ့ပြီ
ငါ့တို့ စိတ်တွေ နီးခဲ့ကြလား မသေချာဘူး .. ငါ့အကျင့်အတိုင်း ဘယ်အရာမှ သေချာခဲ့တာ မဟုတ်ခဲ့ဘဲ
ဒါပေမယ့် လိုအပ်ခဲ့ရင်တော့ နီးစပ်မယ်ဆိုတာ ယုံကြည်ပါတယ်

ရက်လေးကတော့ တရက်လေးပဲ
အဲဒီရက်လေးနဲ့ ကပ်ကပ်လေးမှာ နှစ်သစ်တခုရှိတယ်
အဲဒီလိုနဲ့ ရက်လေးတရက်တည်းနဲ့ နင်က ငါတို့ထက် နှစ်တနှစ် ကြီးခဲ့တယ် ..
အကိုကြီးပေါ့ .. :D

ငါခုတလော အလုပ်နဲနဲများနေတယ် .. အလုပ်များတယ် အကြောင်းပြမှန်း နင်သိပေမယ့် မသိချင်ယောင်သာ ဆောင်နေလိုက်ပါ .. :D

ငါတို့ နှစ်သစ်တွေ နောက်ထပ် ကြုံရဦးမယ် .. မျှော်လင့်ချက်တွေ ပြည့်ဝအောင် ဆောင်ယူလာပေးမယ့် နှစ်သစ်တွေ ဖြစ်နေမယ်လို့ ငါယုံကြည်တယ် .. နင်လည်း နင့်ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေကို မစွန့်လွှတ်နဲ့ .. ဆန္ဒသာ ရှိမယ်ဆို ဖြစ်လာရမှာပေါ့ .. ဖိုက်တင်း နော် ...း))

ငါတို့က သိပ်ရင်းနှီးခဲ့လားဆိုတော့လည်း မဟုတ်ခဲ့သလိုပဲ .. ဒါပေမယ့် တချို့ အကြောင်းအရာတွေကိုတော့ ငါတို့ ပြောဖြစ်ကြတယ် .. ဒီလိုနဲ့ ငါတို့ တယောက် စိတ်ကို တစ်ယောက် ၇၅ ရာခိုင်နှုန်းလောက်တော့ ဖတ်တတ်ကြမယ် ထင်တယ်နော် .. နင့် ဆန္ဒတွေ ငါသိနေလို့ နင့် ဆန္ဒတွေ တသွေမတိမ်း ဖြစ်မြောက်ပါစေလို့ နင့် နှစ်သစ်မှာ ဆုတောင်းပေးမယ် ..

နှစ်ကတော့ သိပ်မသစ်တော့ဘူး .. ဒါပေမယ့် မဟောင်းသေးတော့ နင် လက်ခံမယ် ထင်ပါတယ် .. (နှစ်သစ်လို့ သုံးတာကိုလေ)

ယုံကြည်တာကို မစွန့်လွှတ်နဲ့ .. ဘယ်လို အခက်အခဲတွေပဲ ကြုံရ ကြုံရ .. နောက်ဆုံး နင်တယောက်တည်းပဲ ကျန်နေပါစေ .. ရောက်အောင် သွားပါ .. ငါ့သူငယ်ချင်း နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ ပျော်ရွှင် ကြည်နူး နိုင်ပါစေ .. မျှော်လင့်ချက်တွေနဲ့ ပိုမို နီးစပ်ပါစေ .. Happy Birthday ဗညားရှိန် (ငါ့ရဲ့ နောက်ကျ လက်ဆောင်ပါ ..း))

မှတ်ချက် ။ ၃၁ ရက်နေ့က သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဗညားရှိန်ရဲ့ မွေးနေ့ပါ .. ခေါင်းစဉ် အမျိုးမျိုးနဲ့ သူငယ်ချင်းတွေအပေါ်မှာ ပျက်ကွက်တာတွေ များနေပြီ .. ခုလည်း နောက်ကျမှ မွေးနေ့ ဆုတောင်း ပို့စ်ကို တင်ရပါတယ် .. သွေ့ပုချီ ပါ .. :D ..

ပျော်ရွှင်စရာနေ့သစ်တွေ နှစ်သစ်တွေပေါင်းများစွာ ပိုင်ဆိုင်ပါစေ သူငယ်ချင်း ..

သူငယ်ချင်းတွေ မိတ်ဆွေတွေ အားလုံးကိုလည်း ဒီကနေပဲ ဆုတောင်းပေးပါတယ် .. နှစ်သစ်မှာ စိတ်တွေ အသစ်နဲ့ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ ရှိရာကို အမြန်ဆုံး လျှောက်လှမ်းရောက်ရှိနိုင်ကြပါစေ .. *_*happy new year *_*................

8 comments:

Anonymous said...

ဟင်း.. အခုမှလာဖားမနေနဲ့...

ဂျပန်ကောင်လေး

Anonymous said...

Happy Brithday ပါ
မွေးနေ့ရှင်ရော မွေးနေ့
ပို့စ်လေးလက်ဆောင်ပေးသူရော
နှစ်သစ်မှာ အရာရာအဆင်ပြေပျော်ရွှင်ပါစေ

မိုးစက်အိမ် said...

Happy Birthday ပါကိုဗညားရေ နောက်ကျနေပေမဲ့ 
ရင်ထဲက စေတနာဆုတောင်းကတော့ နောက်ကျမယ်
မထင်ပါဘူး . . . မိုးခါးလည်း ပျော်ရွှင်ပါစေ

Ree Noe said...

ပျော်ရွှင်စရာ နှစ်သစ်နဲ့ အတူ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျာ

မြတ်မွန် said...

မိုးခါးရေ..မွေးနေ့ပိုစ့်လေးကလည်း ဖတ်လို့ကောင်းတယ်..။
ကိုဗညားကိုလည်း ဆုတောင်းပေးပါတယ်..။ 生日快樂 (Happy Birthday)

Anonymous said...

ငါ့တို့ စိတ်တွေ နီးခဲ့ကြလား မသေချာဘူး .. ငါ့အကျင့်အတိုင်း ဘယ်အရာမှ သေချာခဲ့တာ မဟုတ်ခဲ့ဘဲ
ဒါပေမယ့် လိုအပ်ခဲ့ရင်တော့ နီးစပ်မယ်ဆိုတာ ယုံကြည်ပါတယ်

ငါတို့ စိတ်တွေ နီးခဲ့ကြတယ် . . . လိုအပ်ရင်လည်း ဒီထက်နီးကြဦးမှာပေါ့ . . . .

ငါခုတလော အလုပ်နဲနဲများနေတယ် .. အလုပ်များတယ် အကြောင်းပြမှန်း နင်သိပေမယ့် မသိချင်ယောင်သာ ဆောင်နေလိုက်ပါ .. :D

ငါသိပေမဲ့ မသိချင်ဟန်ဆောင်နေခဲ့တယ်နော် သူငယ်ချင်း နောက်လဲ မသိချင်ဟန်ဆောင်နေရဦးပေးရဦးမှာပေါ့ . . .

ဒီလိုနဲ့ ငါတို့ တယောက် စိတ်ကို တစ်ယောက် ၇၅ ရာခိုင်နှုန်းလောက်တော့ ဖတ်တတ်ကြမယ် ထင်တယ်နော် ..

ဒါက တော့ မသေချာမှု တစ်ခုပဲ . . . တစ်ခါတစ်လေ နင့်စိတ်ကို ငါ 90 % ဖတ်နိုင်ခဲ့ပေမဲ့ တစ်ခါတစ်လေ 1 % တောင် မှန်အောင်မဖတ်နိင်ခဲ့ဘူး . . .

နင့် ဆန္ဒတွေ ငါသိနေလို့ နင့် ဆန္ဒတွေ တသွေမတိမ်း ဖြစ်မြောက်ပါစေလို့ နင့် နှစ်သစ်မှာ ဆုတောင်းပေးမယ် ..

နင်တောင်းပေးတဲ့ ဆုနဲ့ ငါပြည့်လိမ့်မယ်လို့ ငါယုံကြည်တယ် . . . .

ငါ့မွေးနေ့အမှတ်တရ နင်တင်ပေးတာ ငါဝမ်းသာတယ် . . . ( . . . . ) ကွင်းထဲက စကားလုံး မလိုအပ်ဘူးလို့ ပြောနေကြစကားလုံးမို့ မပြောခဲ့ပေမဲ့ ငါ ဒီထက် ပိုပြီးပြောခဲ့တယ် . . . .

ခင်မင်သော သူငယ်ချင်း
ဗညား

မေလေး said...

ယုံလိုက်ပါ ဗညားရယ်
သူ့ခမျာ ဟိုပြေးဒီပြေးးနဲ့
အိပ်ရေးမဝတဲ့ကြားထဲက
ကြိုးစားပမ်းစားတင်ရှာတာ :D

Welcome said...

း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...