Sunday, August 2, 2009

ဆုနဲ့ ဆူး

ကိုလူထွေးကြီးကတော့ ၀ါတွင်း အိမ်မလည်ရဘူး ဘယ်သူပြောတုန်းတဲ့ ပြောသွားဘီ ..း)

တကယ်က မိုးခါးတို့ ခုမှ အလုပ်စလုပ်နေရတယ်လေ .. ရုံးမှာ အင်တာနက်တောင် နပ်မှန်အောင် မသုံးနိုင်တဲ့ဘ၀ ရောက်နေလို့ပါဗျို့ ..

ရုံးက အက်ဒမင်က အမတယောက် ဇူလိုင်လကုန်ကစပြီး ကလေးမွေးဖို့ ခွင့်သွားတယ် .. အဲဒါ ခေါင်သူကြီးက (ဂျပန်ကြီးက) အက်ဒမင်အလုပ်တွေ ကူနိုင်လားဆိုတော့ ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာ အတိုင်း လုပ်ပေးမယ်ပြောလိုက်တယ် .. မပြောလို့လည်း မရဘူးလေ .. လုပ်ဆိုလုပ်ရမှာပဲ .. ကိုယ်တိုင်လည်း စမ်းလုပ်ကြည့်ချင်တာပါတာပေါ့ .. ဒီလိုနဲ့ အဲဒီ အမမသွားခင် သူလွှဲပေးတဲ့ အလုပ်တွေ သင်ရင်း အဲဒီတုန်းတည်းက စာလည်း ကောင်းကောင်း မရေးဖြစ် အွန်လိုင်းလည်း မတက်နိုင်ဖြစ်သွားတာပါ ..

ဒီကြားထဲ QS တယောက်ရဲ့ PO အလုပ်တွေ ကူပေးရပြန်ရော .. လှုပ်တောင် မလှုပ်အားတော့ဘူး .. ကောင်းတော့ ကောင်းပါတယ် .. အရင်က အလုပ်က တော်တော်ပါးတော့ အိပ်ငိုက်ငိုက်နေတာ .. ခုတော့ မငိုက်အားတော့ဘူး .. အချိန်တောင် ကုန်လို့ ကုန်သွားမှန် မသိဖြစ်သွားတယ် .. အဲဒါက ပိုကောင်းတယ်လေ .. ကိုယ်လည်း အတွေ့အကြုံရတာပေါ့ ..း))

အပေါ်က ကိစ္စတွေကြောင့် မိုးခါးတယောက် အိမ်လည်ကျဲခြင်း .. စာမရေးအားခြင်း ဖြစ်နေကြောင်းပါ .. :D (အားလုံးကိုတော့ ဒလိယနေတာပါဘဲ :P)

ခုတော့ ကြွေးကလည်း ၃ပုဒ် တင်နေတယ် .. တပုဒ်ဆပ်မယ်လို့ စဉ်းစားပြီး ကြိုးစား ရေးပါတော့မယ် ..

ကိုရီနိုကြီးက ကျောင်းတုန်းက အမှတ်တရတဲ့ .. ရဖူးတဲ့ ဆုတွေ ဆူးတွေတဲ့ တဂ်ပါတယ် ..

တကယ်တော့ ငယ်ငယ်က ကျောင်းနဲ့ပတ်သက်လို့ အမှတ်တရဆိုတာ သိပ်မရှိပါဘူး .. ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ခုပြန်တွေ့ရင်တောင် နာမည် မသိတော့တာနဲ့ နာမည်ကြားလို့ နင်သိတယ်မဟုတ်လားဆိုရင် ဘယ်သူမှန်း ဘယ်လိုမှ ပြန်ပုံဖော်လို့ မရတာနဲ့ .. လမ်းတွေ့လို့ လာခေါ်ရင်တောင် စကားသာပြောလိုက်တယ် ဘယ်သူမှန်း မသိတာနဲ့ အဲလို အမှတ်တရတွေ များပါတယ် ..

ကျောင်းတုန်းက ပေါင်းတဲ့သူငယ်ချင်း မှတ်မှတ်ရရဆိုလို့ ၇ ယောက်ပဲရှိပါတယ် .. ယောကျားလေး သူငယ်ချင်းလည်း သိပ်မထားတတ်ခဲ့ပါဘူး .. ခုထိလည်း အဲဒီ ၇ ယောက်တည်းက ဆက်တွဲဖြစ်တာဆိုလို့ ၄ယောက် တခါတလေ ၅ယောက်ပဲ ရှိတော့တာပါ .. ကျန်တာတွေက ခုဆို အိမ်ထောင်ကျတာနဲ့ ဘာနဲ့ ဆက်မတွဲဖြစ်တော့ပါဘူး ..

သူငယ်တန်းတည်းက ၅ တန်း ထိကတော့ သူငယ်ချင်း တယောက်ပဲရှိပြီး သူကလည်း စာတော်တော့ ကိုယ်ပါလိုက်ပြီး သူက ၁ဆို ကိုယ်က ၂ဆိုတာလောက်နဲ့ ပုံမှန် ချီတက်လာပါတယ် .. ၆ တန်းကျတော့ အိမ်ပြောင်းပြီး သူနဲ့ ကိုယ် ကွဲသွားတယ် .. ခုထိလည်း အဆက်အသွယ် သိပ်မရှိတော့သလို မှတ်မှတ်ရရ တခါတလေမှ သတိရဖြစ်ပါတော့တယ် ..

၆ တန်းနှစ်က စလို့ ခု လက်ရှိ ပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ စခင်ခဲ့တယ် .. တကယ်ကိုပဲ ပျော်ဖို့ ကောင်းခဲ့တယ် .. သူတို့နဲ့ ဘာပြိုင်ဖြစ်လဲဆိုရင် ၆ တန်းက ၁၀ တန်း အထိ တစိုက်မတ်မတ် ပြိုင်ဆိုင်လာခဲ့တာကတော့ အအိပ် အစားနဲ့ လည်ပတ်ခြင်းပေါ့ .. :P

၇ ယောက် စုလိုက်ပြီဆိုရင် ဘာလုပ်မလဲ .. ဘယ်သွားမလဲ .. ဘာလုပ်စားမလဲ .. တက်ညီလက်ညီပါပဲ ..

မိုးခါးအိမ်က နေ့လည်ဖက်ဆို အပေါ်ထပ်မှာ ဘယ်သူမှ မရှိတတ်ပါဘူး .. နေ့လည်ဆို အိမ်ကိုချီတက်ပြီး အာလူးကြော်စားကြတယ် .. ယမ်ယမ် ချဉ်စပ် ပြုတ်စားကြတယ် .. ပူတင်း ဖုတ်စားကြတယ် .. လ္ဘက်တွေ သုတ်စားကြတယ် .. ကော်ဖီတွေ ဖျော်သောက်ကြ သံပုရာရည် ဖျော်သောက်ကြ .. ဒါမှ အားမရသေးရင် အပြင်ကိုထွက် တွေ့တဲ့မုန့် ၀ယ်စားကြသေးတယ် .. (ဒီလို ပျော်ရွှင်မှုမျိုး ထပ်ရဖို့ ဘယ်လိုမှ မလွယ်တော့ပါဘူး .. တော်တော် လွမ်း သွားတယ် ..း)

ဘာခွေသစ်ထွက်လဲ ခွေငှားကြည့်ကြ (မီးက သိပ်မှန်တယ်ဆိုတော့လေ .. ကြည့်ရင် ဆန့် တငင်ငင်နဲ့ ကြည့်ရပြန်ရော ..) သီချင်းတွေ ဆိုကြတယ် .. ဒီလိုတွေလုပ်ရင် တနေ့တနေ့ အချိန်တွေ ကုန်သွားလိုက်တာ စာမေးပွဲနားနီးတဲ့ အထိပါ .. ဒီတော့ ဘယ်လိုဆုမျိုးရမလဲ စဉ်းစားသာ ကြည့်ကြပါတော့ :P

သူငယ်ချင်းတယောက်က ၁၀ တန်းမှာ နယ်မှာ ဘော်ဒါသွားတက်တယ် .. သူအဝေးကနေ ရေးပြီး ပို့ပေးလိုက်တဲ့စာကြောင့်လည်း သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်ကြရသေးတယ် .. သူကတယောက်တည်းဆိုတော့ သူငယ်ချင်းတွေကို သိပ်လွမ်းတယ်တဲ့ .. သူ့အိမ်က ကျပ်တော့ အပြင်သိပ်ထွက်ခွင့်မရဘူး .. တခါပဲ မိုးခါးအိမ်ကို ရောက်ဖူးတယ် .. ရောက်တဲ့နေ့က မုန့်တွေလုပ်စား .. သူက ခရမ်းချဉ်သီးတွေကို အစိမ်းလိုက် ဒီတိုင်း ကိုက်စားတယ် .. တ၀ါးဝါး တဟားဟားနဲ့ပေါ့ .. သူအဲဒီနေ့ကို လုံးဝ မမေ့ဘူးတဲ့ .. ဒီလိုမျိုးလည်း တခါမှ မပျော်ဘူးဘူးပေါ့ .. သူ့စာထဲ ရေးထားတာ .. ခုတော့လည်း အိမ်ထောင်ကျသွားတာတောင် မသိလိုက်ပါဘူး .. ဝေးသွားခဲ့ပြီပေါ့ .. သူလည်း အဲဒီအချိန်တုန်းကလိုပဲ သတိရနိုင်ဦးမလား မပြောတတ်တော့ပါဘူး ..

ကျောင်းတုန်းက အဖြစ်အပျက်တွေက ရင်ထဲမှာ ဆူးအနေနဲ့တော့ မရှိခဲ့ပါဘူး .. စိတ်ထားတွေလဲ တော်တော်များများ ဖြူစင်နေသေးတယ် .. လုပ်ရပ်တွေလည်း တော်တော်များများ အပြစ်ကင်းသေးတယ် .. ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ မနီးစပ်သေးပဲ ကျောင်းဝင်းထဲမှာပဲ ကျင်လည်နေတုန်းမို့ လွတ်လပ်ပေါ့ပါးစွာနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေပါ ..

မိုးခါးတို့ သူငယ်ချင်း တအုပ်စုလုံး လူလည်းညီသလို တယောက်ဘာလိုအပ်လဲ ရိုင်းပင်းတတ်သေးတယ် .. ဒီသူငယ်ချင်းတွေကြားမှာ စကားလုံးတွေ မလိုအပ်ခဲ့ဘူး .. ဒါကို ဆုလာဘ်လို့ ပြောလို့ရနိုင်မယ်ထင်ပါတယ် ..

၁၀တန်းတုန်းက စာမသင်ချင်တာနဲ့ ဘုရားခန်းသွားပြီး ဓမ္မစင်္ကြာရွတ်သေးတယ် .. ပြိုင်ပွဲဝင်တော့ မိုးခါးတို့ ကျောင်းက ဒုတိယပေါ့ ..

စာကျက်ရမှာပျင်းသလို စာလည်း သေချာမကျက်ခဲ့ဘူး .. အမေက စာလုပ်လို့ ပြောရင် သချာင်္ပဲ ထိုင်တွက်တွက်နေလို့ အကျိုးလေးတခုက ၁၀ တန်းမှာ သချာင်္ ဂုဏ်ထူးရခဲ့တာလေးပဲ ရှိပါတယ် .. ကျန်တာတွေ ချာတူးလန်နေလို့ မပြောတော့ပါဘူး :P

တက္ကသိုလ်ကျတော့လည်း အဝေးသင်နဲ့ ပြီးတာ .. သူများယောင်လို့ ကိုယ်ပါလိုက်ယောင်ပြီး အီကိုတက်ခဲ့တယ် .. ခုတော့ ဘီအေ (အီကို) လက်မှတ် ကိုင်ထားပါတယ် .. တတ်တာတော့ မတတ်ဘူး .. :P

ဘ၀တလျှောက်လုံး ကြုံတွေ့ခဲ့သမျှ ပျော်ရွှင်စရာတွေ အကုန်လုံးက မိုးခါးအတွက် ဆု တွေပါပဲ .. သူငယ်ချင်း ချစ်သူ ခင်သူ မိတ်ဆွေ အပေါင်းအသင်းတွေ တွေ့ကြုံဘူးတဲ့ သင်ခန်းစာ အတွေ့အကြုံတွေ အားလုံးဟာ ဆုလာဘ်တွေပါပဲ ..

ဆူးအနေနဲ့တော့ ရင်ထဲမှာ တဘ၀စာ နာကျင်စေမယ့် ဆူးရယ်လို့ မရှိခဲ့ဘူးသေးပါဘူး .. ၀မ်းနည်းဘူးပါတယ် .. ဆုံးရှုံးဘူးပါတယ် .. ဒါပေမယ့် နောင်တနဲ့တော့ မရင်းခဲ့ရဘူးပါဘူး .. တသသနဲ့ နှမြောတသလည်း မဖြစ်ခဲ့ဘူးပါဘူး .. အချိန် အတိုင်း အတာ တခု အပြီးမှာ အရာအားလုံး ပြီးဆုံးသွားခဲ့တာချည်းပါပဲ .. ကိုယ်ပိုင်မဟုတ်တဲ့ အရာတွေ ဆုံးရှုံးသွားတာ ကိုယ့်အတွက် ဆုံးရှုံးမှုလို့ သတ်မှတ်လို့မှ မရနိုင်တာပဲ .. ကိုယ့်ကိုကိုယ်တောင် မပိုင်တာ အခြား အရာဝတ္တု လူ နဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုလုပ် ကိုယ့်ဟာလို့ သတ်မှတ်ရနိုင်ပါ့မလဲ ..

လက်ရှိအချိန်တွေကို တန်ဖိုးထားပါတယ် .. လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား နေထိုင်ပါတယ် .. နောင်တဆိုတာနဲ့ အဝေးနိုင်ဆုံး ဝေးအောင် ကြိုးစားပါတယ် .. ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာရဲ့ ကြား အသင့်တော်ဆုံးနေရာမှာ နေထိုင်မိအောင် ကြိုးစားပါတယ် .. ရင်ထဲက ဆုတွေကို တန်ဖိုးထား သိမ်းဆည်းပြီး ဆူးတွေကို မရှိအောင် ရှိခဲ့ရင်လည်း ရှင်းလင်းပစ်နိုင်အောင် ကြိုးစားပါတယ် .. ဆုလာဘ်တွေအတွက် ပျော်ရွှင်ကျေနပ်နေမှာဖြစ်သလို ဆူးတွေအတွက်လည်း သင်ခန်းစာတွေ ဆက်လက် ယူနေမှာ ဖြစ်ပါတယ် ..

ကိုရီနိုကြီး ကျေနပ်မယ်ထင်ပါတယ် .. ကိုရီနိုက သူများတကာကို လိုက်တဂ်ပါတယ် .. ပြီးတော့ သူမှာလည်း စာဖတ်ဖို့ အချိန်မရှိပါ .. မဖတ်ပဲ ကျော်သွားရင်စိတ်ဆိုးမည် (မှတ်ချက် :P)

လက်ဆင့်ကမ်းပါဦးမယ် .. နှင်းနဲ့ မာယာ .. ဆောင်းနှင်းရွက် တို့ကို ရေးပေးပါလို့ အပူကပ်ပါမယ် ..း)

ကျမ ချစ်သော ကျမကို ချစ်သော ကျမကို မချစ်သော ကျမအပေါ် ဘယ်လိုမှမနေသော ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ..

17 comments:

Anonymous said...

၁ ၁ ၁ ၁ ကွ

Anonymous said...

ငါသိတယ် နင်တို့အုပ်စု ဘာလုပ်ကြလဲ ဘယ်လိုကျောင်းပြေးကြလဲဆိုတာ
ဟဟဟဟဟ .......
အင်း တော်သေးတာပေါ့ ငါ့ကိုမတဂ်လိုက်လို့

မြစ်ကျိုးအင်း said...

အကြွေးဆပ်ပြီးသွားပြီပေါ့....
ကျောင်းသားဘ၀က လတ်ဆတ်မှုမျိုးက ပြန်ရဘို့ မလွယ်တော့ပါဘူး
သူငယ်ချင်းတွေလည်း ကိုယ့်လမ်းကိုယ် လျှောက်နေကြရတော့ လမ်းတွေ့
ရင်တောင် စကားကြာကြာမပြောနိင်တော့ဘူးလေ...။
ဒါဟာ ဘ၀ပါပဲ...။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျောင်းတုန်းက အချစ်ကြောင်းလည်းပါဘူး P:

ပျော်ပါစေ

Angel Shaper said...

ကျောင်းတုန်းက မပျော်ဘူးထင်ခဲ့တဲ့ အပျော်တွေက ခုတော့ ပျော်စရာအကောင်းဆုံး အချိန်လေးတွေထဲက တစ်ခုပဲ ဆိုတာ နားလည်လာရတာပါပဲနော်။
မဆုံဖြစ်ရင်တောင် တွေ့ရင် မှတ်မိတတ်ပါတယ်နော်။
ပျော်ရွှင်ပါစေနော်။

Anonymous said...

တော်ပြီပေါ့ ငါ့ညီမရယ် ဒီလောက်မှတ်မိတာပဲ ကံကောင်း :P

လင်းကြယ်ဖြူ said...

Today is the first day of rest of my life ပေါ့
လက်ရှိအချိန်က အကောင်းဆုံးဆိုတာပေါ့.....ကောင်းတယ်..

မငုံ said...

မိုးခါးရေ ကျောင်းသားဘ၀လေးရဲ့ ဖြူဖြူစင်စင် ပျော်ရွှင်မှု့ကို ပြန်မရနိုင်တော့ဘူးနော်။ သူငယ်ချင်းတွေလဲ တွေ့ရင်တော့ ခဏတဖြုတ်လေးပဲ ပြောဆိုနိုင်တော့တယ်နော်။

Ree Noe Mann said...

ရေး ငါ့ညီမ က နောက်ဆုံးမှာ အကို့ကိုပြောသွားသေးတယ်ပေါ့။
ဖတ်ပါတယ်။ ပြီးအောင်ကိုဖတ်ပါတယ်။
အသစ်တင်တဲ့ သူငယ်ချင်းပိုစ့် တော်တော်များများကို
ဖတ်ဖြစ်တယ်။ ကော်မန့် မရေးဖြစ်လို့ မဖတ်ဘူးလို့ ထင်နေတာပါ။

ဘာပဲပြောပြော ငါ့ညီမကိုတော့ ငါးယောက်မြှောက် ကျေးဇူး
တင်ခြင်းပေါ့ကွာ။

ငါးယောက်မြှောက် အကြွေးဆပ်တဲ့ လူစရင်းထဲထည့်ထား
လိုက်ပါတော့မယ် ညီမလေးရေ။

ခုလို အကိုအပေါ် အရေးထားပြီး အကိုတက်ခ်ကို ဂရုတစိုက်
နဲ့ ရေးပေးတာ ကျေးဇူးထပ်တင်ပါတယ်။ ပျော်စရာကောင်းတဲ့ ကျောင်းသားဘဝကို ပိုင်ဆိုင်ခဲ့ရတာပဲကိုး။

အကိုရီနို

Phyo Maw said...

ဟုတ်ကဲ့ အားပေးပါတယ်။
အကြီးတွေ လွမ်းတာကို ဖတ်ရတော့ အငယ်တွေလည်း
လိုက်လွမ်းရပါတယ်။ သူငယ်ချင်းတစ်ယောက်တော့ မိန်းမယူသွားပြီ။
မမမိုးခါးဆီကလည်း ဘယ်တော့ စားရမလဲဆိုပြီး
မျှော်နေပါတယ် ဖိတ်စာကို။ ဆိုင်လဲမဆိုင်ဘူး ကြိုပြောတယ်မှတ်ပါ။
အီကိုသမားဆိုတော့ အတွက်အချက်ကောင်းကောင်းနဲ့သာ
မြန်မြန်ရွေးပါ။ ထပ်ပြောမိပြန်ပြီ မဆိုင်တာတွေ။

အညီအမျှ ခြစ်တဲ့
PM

မေဇင် said...

မမမိုးခါး ရေ.... ကျောင်းသူဘ၀ကတော့ တကယ်ပဲပျော်စရာကြီးနော်....။ အဟီး..... သူငယ်ချင်းနာမည်တွေတောင် မေ့ ကုန်ပြီးဆိုလို့ ပြုံးရသေးတယ်... ဒူဒူပဲ...။း)

မိုးစက်အိမ် said...

ကျောင်းတုန်းက အကြောင်းတွေကလည်းဗျာ
အစားတွေ ချည်းလှိမ်.စားနေတယ် :P အဲငါ.အမ
အတွက်အချက်ကတော. တော်ပ အနော်က သင်လေ
ချာလေ ဖြစ်တဲ. သင်္ချာကို အမက ဂန်ဒူး အဲလေ ဂုဏ်ထူး
ထွက်တာတော. လေးစားတယ် ငါးပြန်တယ် ခြောက်
ရော်တယ်ဗျာ :D :P

ဆောင်းနှင်းရွက် said...

မ မေသဲ ရေ . . !
လာဖတ်သွားတယ် ။
တစ်ချို့ ကိစ္စတွေမှာ
ဆုတွေကနေ ဆူးတွေ ပြောင်းသွားတာ
တော်တော် စိတ်မကောင်းမိတယ် ။
သဲ နောက် အပတ်ထဲ လောက် ရေးပေးမယ်နော် ။
ခုတော့ ကိစ္စရှိလို့ ၁ ပတ် လောက်
online မတတ်နိုင်မှာ သေချာတယ် ။

မမေသဲ ရဲ့
တစ်ဥတည်းသော
ချစ်ညီမလေး
ဌဲဌဲ
(ဟုတ်ပါဘူး)
သဲသဲ ပါ ။

ဇော် said...

ဒေါ်လေးခါးရေ ..
ဖတ်တယ်ခင်ဗျ။ မန့်တယ်ခင်ဗျ။ ပြန်ပြီ ခင်ဗျ။ ဟီး။ =P

JulyDream said...

တခြားအလုပ်တွေ ကူလုပ်တာ ကောင်းတယ်။ သူတို့တွေ လုပ်တာကို ကိုယ်ပါ တတ်သွားရော။ တနေ့နေ့ တချိန်ချိန်မှာ အကျိုးရှိမဲ့ အရာတွေပဲ။ အလုပ်တော့ များသွားတာပေါ့။ ဒါပေမယ့် တကယ် အားပေးတယ်။ လုပ်သာ လုပ်...

WWKM said...

ညီမလေးရေ..

ညီမလေးရဲ့ဆုတွေ နဲ့ ဆူးလေးတွေအကြောင်းလာဖတ်သွားပါတယ်.
ကြွေးကျေသွားပြီပေါ့...
ငယ်ဘ၀အကြောင်းလေးတွေကိုပြန်ရေးရမှာပျော်စရာပါ။း)
မမလည်းအကြွေးဆပ်ရဦးမယ်.

ကိုလူထွေး said...

"သင်ခန်းစာတွေ ဆက်လက် ယူနေမှာ ဖြစ်ပါတယ်"

အဲလိုသင်ယူတတ်တာကောင်းတယ်...

နေကောင်းရက်နဲ့ နေမကောင်းချင်ယောင်ဆောင်ပြီး ခွင့်ယူတတ်တာတော့ မကောင်းသလိုပဲ...

(မျက်နှာဖုံးချွတ်ပြီး ရေးပါသည်)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...