Tuesday, June 2, 2009

ပိုက်ဆံအိတ်ထဲက ပိုက်ဆံလေးတွေ


လစဉ်လတိုင်း လခထုတ်ရက်က ၂၅ ရက်နေ့ပါ .. လခထုတ်ပြီဆိုတာနဲ့ ဖုန်းဘေကို အပြေးအလွှားဆောင် .. မဟုတ်ရင် ရီမိုင်နာက လာတော့မယ် .. :D (နာမည်ပျက်လိုက်တာ :P)

ကံတခုကောင်းတာက လခက အမြဲ ၂၅ ၀င်တော့ အဲဒီချိန်က အမတွေ သူငယ်ချင်းတွေ ငွေကျပ်ကုန်တတ်တယ် .. အဲလိုအခါမျိုးကျတော့ မိုးခါးက ခဏပေးထားနိုင်တာပေါ့ .. ဒီလိုနဲ့လည်နေတာလေ .. အကြွေးလည်း ဆပ်စရာရှိရင် လခ၀င်ပြီဆိုတာနဲ့ အကျေဆပ် .. အကုန်ဆပ် .. လိုသေးလား .. သူငယ်ချင်းတို့ အမတို့က အသုံးလိုတယ်ဆို ပေးလိုက်တယ် .. ဘာလို့ပေးလဲသိလား .. ကိုယ့်လက်ထဲထားရင် ကုန်မှာလေ .. သူများပေးထားတော့ ပြန်ရမှာပဲလေ ..

အင်း .. ပေးပြီး ဆုံးသွားတာ ၂၀၀ ..း( .. စိတ်နာတယ် .. အဲဒီအကြောင်းပြောရင် .. ထားတော့ ရှိစေတော့ .. ကိုယ်သူ့ဆီက ဘယ်ဘ၀က ကြွေးယူပြီး ပြန်မပေးခဲ့မိလဲမသိဘူး .. ရေစက်သာ ချလိုက်တော့မယ် ..

ပေးထားတော့ ကိုယ်မသုံးဖြစ်ဘူးပေါ့ .. အဲဒါနဲ့ ပေးပေးထားလိုက်တယ် .. (နောက် ကုန်တော့မှ ပြန်တောင်းသုံးတာ တပိုင်း :D) .. ပြီး အိမ်လခက ၃၀၀ ပေးလိုက်တယ် .. အိမ်ကို လွှဲနေကျ ငွေ လွှဲလိုက်တယ် .. နောက်ဆုံးလက်ကျန် ဘဲလန့်စ်က ၃၀၀ ၄၀၀ ပတ်ဝန်းကျင်ပေါ့ .. ဟီး .. လတိုင်းလည်း ၂ကျပ် ဖြတ်ခံရတယ်လေ .. :D

လကုန်ရက် ၁ရက်နေ့ဆို saving က ၅၀ အော်တိုဖြတ်သွားရော .. ဒီကြားထဲ ဘယ်ကိုလည်ဦးမလဲ သွားဦးမလဲ .. မလှုပ်လိုက်နဲ့ ကုန်ပေါက် .. အင်း .. ငြီးတာတွေ များနေပြီ .. ခိုနဲ့မှားတော့မယ် ..



အလုပ်နဲ့အိမ်က သွားရတာဝေးတယ်လေ .. ကားတဆင့် အမ်အာတီ တဆင့် စီးရတယ် .. လမ်းစရိတ်ကကြီး ၁လကို ၂၀၀ လောက်ကျပြန်ရော .. ဒါက ကိုယ်တိုင်လည်း ခြေများတာပါပါတယ် ..း) .. ဖုန်းကဒ် .. ဖုန်းကဒ်ကလည်း ၀ယ်ရသေးတယ်ပေါ့နော် .. အိမ်ကိုလည်း တပတ် ၂ ခါလောက်မှမဆက်ရင် ဖေတို့ မေတို့က မျှော်နေတတ်တာလား .. ဒါတောင် ဦးလေးတွေ အဒေါ်တွေဆီ မဆက်ဖြစ်လို့ .. မဆက်ဖြစ်တာ တော်ကြာနေပြီ .. ခေါ်လိုက်ပီဆိုရင်လည်း တကဒ်က အသာလေး .. လူကများတယ်လေ .. လှည့်ပတ်ပြောနေရတာ .. အသည်းတုံးဆီခေါ်တာတော့ ပြောတော့ဘူး .. ရေးမိရင် ကိုယ်တိုင် မျက်ဖြူစိုက်နေမှာစိုးလို့ .. :P

ဒီတော့ ပိုက်ဆံအိတ်ထဲမှာ ဘယ်လောက်ကျန်သေးလဲ .. ဇီးရိုးဘဲလန့်စ် :P .. ဒီလိုဆိုလဲ ဘာအရေးလဲ .. ထုံးစံအတိုင်း ပြန်တောင်းပြီး သုံးမှာပေါ့ .. ကိုယ်ပေးထားတာကုန်ရင် သူ့ဆီကထပ်ချီးမှာပေါ့ .. ခက်တာလိုက်လို့ .. လူမသေငွေမရှားပဲ .. :P

ကိုယ်တိုင်ကလည်း လက်ကဖွာတယ် .. ပိုက်ဆံမရှိပဲလဲ အပြင်မထွက်ချင်ဘူး .. အဲလိုအချိန်မျိုး ဆိုရင်တော့ အိမ်ထဲမှာ ကွန်ပျူတာတလုံးနဲ့ နေ့ရက်တွေကို ဖြတ်သန်းလိုက်တယ် .. သူငယ်ချင်းခေါ်လို့ လိုက်ရမယ်ဆိုရင်လည်း မျက်လုံးကို ရှေ့တူရှုပဲကြည့်တယ် .. မြင်ရင် လိုချင်မှာစိုးလို့ .. အိနြေ္ဒရနေတယ်မထင်နဲ့ .. ငြိမ်နေရတာ .. အခြေအနေအရ .. ဒါကြောင့် အသိတွေက ပြောပြောတတ်တယ် .. ငါ့ကို မသိချင်ယောင်ဆောင်သွားတယ် .. မမြင်ချင်ယောင်ဆောင်သွားတယ်နဲ့ .. တကယ်ကိုမမြင်ဘူး .. ဘယ်မှမကြည့်ပဲ လေပွားနေတယ်လေ ..း)

ပိုက်ဆံအိပ်ကတော့ ဖောင်းတယ်ဆိုတာလား လခထုတ်ပြီး တပတ်လောက်ပဲ .. ဖောင်းဖူးတယ်တော့ရှိတာပေါ့ .. (ခဏ) .. အိမ်လခက ၅ ရက်နေ့ ပေးရတာဆိုတော့ အဲဒီနောက်ပိုင်းကတော့ ပိန်တလှည့် လိမ်တလှည့် .. ခုရော ဘဏ်အကောင့်ထဲမှာ ဘယ်လောက်ကျန်မလဲ .. ကြည့်ချင်စိတ်တောင်မရှိဘူး ..း) .. ပြောလည်းမပြောတော့ပါဘူး .. မသမာသူတယောက်ယောက်များ မြင်သွားခဲ့သည်ရှိသော်ပေါ့ .. လာများခိုးမိရင် နောင်တရင်ဝယ်ပိုက်သွားမယ် .. :D

ရွှေထိုက်သီချင်းပဲ ဆိုပြလိုက်တော့မယ် (ကိုသီဟကြီးလို ဘောနပ်စ်)
(သဝေထိုး င၀ဆွဲ ငွေ .. ရေးရေးရေးရေ .. သဝေထိုး င၀ဆွဲ ငွေ .. ရေးရေးရေးရေ .. ငွေ .. သဝေထိုး င၀ဆွဲ ငွေ .. :P)

ဂုဏ်ဆိုတာငွေကိုခေါ်တယ်ဆိုတာတော့ မဆိုတော့ဘူး .. ယောက်ခမ မျက်နှာချိုတာ မယားစေတနာပိုတာ .. အဲဒီသီချင်းတွေမကြိုက်လို့ ..

ကဲ .. ပိုက်ဆံအိတ်ထဲက ပိုက်ဆံအလေးတွေအကြောင်း တဂ်တဲ့ ကိုဝသန်ကြီးရေ .. ပိုက်ပိုက်ရှိဘူးပြောပြီးပြီနော် .. မေးပြီးရင်တော့ ချီးရမယ် .. :P

ဘယ်သူ့ကို လက်ဆင့်ကမ်းရပ .. ဂျပန်ကောင်လေး ကို လက်ဆင့်ကမ်းလိုက်မယ် ..း)




နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...