Thursday, June 18, 2009

ဝါသနာ


မိုးခါးမှာ ၀ါသနာတွေက ဟိုစပ်စပ် ဒီစပ်စပ် ခပ်များများရယ် .. တခုခု ကိုယ်မလုပ်ဖူးတာရှိရင်လည်း လုပ်လိုက်ရမှ .. အကုန်ကို လုပ်ချင်တာ .. စစချင်းလုပ်ခါစဆိုရင်တော့ အားကြိုးမန်တက်ပဲ .. လုပ်ချင်တာကအစုံ .. ပြီးရင် ကောက်ရိုးမီးလိုပဲ ..

အားကစားလုပ်ရတာလည်း ၀ါသနာပါတယ် .. ခရီးတွေလျှောက်ထွက်ရတာ တောထဲတောင်ထဲလျှောက်သွားရတာ .. သီချင်းဆိုတာ နားထောင်တာ .. စာလိုလို ပေလိုလိုတွေ ပေါက်ကရ လျှောက်ရေးတာ .. ဒါတွေကတော့ လုပ်ချင်နေတာမျိုး တခါတခါ လုပ်ဖြစ်နေတာမျိုးတွေပါ ..

ဟိုတလောကတင် သူငယ်ချင်းတွေ ရေကူးမယ် ကူးမယ်ဆိုတာနဲ့ ကူးဖြစ်တယ် .. ရေအရမ်းကူးချင်တာ .. အရပ်မြင့်ချင်လို့ .. :D .. ရန်ကုန်မှာတည်းက ရေကူး သင်မယ် သင်မယ်နဲ့ မတတ်လာခဲ့ဘူး .. ခု သူငယ်ချင်းက သင်ပေးမယ်ဆိုတော့ သင်မယ်သင်မယ်ပေါ့ .. သွားပါတယ် .. အပတ်တိုင်း စနေနေ့ တလလားပဲ .. ခုမသွားဖြစ်ပြန်ဘူး .. အကြောင်းအမျိုးမျိုးပြပြီး မသွားတာ ..



ပြီးရင် သီချင်းဆို သီချင်းနားထောင် .. ဒါကတော့ အချိန်ရှိသလို နားထောင်တယ် .. အခြေအနေပေးသလို သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီးဆိုတယ် .. အိမ်ပြန်ရောက်ရင် ကွန်ပျူတာဖွင့် သီချင်းတွေစုထားတဲ့ဆီသွား အကုန် select ပေးပြီးဖွင့်ထားတာ .. လာချင်တာလာပဲ .. နားညီးနေရင်ပြီးရော ..

သူငယ်ချင်းတွေနဲ့စုပြီး ဘယ်လိုနေရာ ဘယ်လိုခရီးမျိုးဖြစ်ဖြစ်သွားချင်တယ် .. နေရာစုံသွားချင်တယ် .. တခါတလေလဲ တယောက်တည်း ရောက်ရာပေါက်ရာ စိတ်ကူးတည့်ရာမျိုးကို ကိုယ့်စိတ်ကူးနဲ့ကိုယ်သွားချင်တယ် .. (ဒါကတော့ စိတ်ကူးပါပဲ အိမ်က မလွှတ်မှာသေချာတယ် .. :D)

အရင်တုန်းတည်းက စာရေးချင်ခဲ့တာ .. သေချာတော့ မရေးဖြစ်ခဲ့ပါဘူး .. ခုနောက်ပိုင်းကျမှ စာကို ရေးတယ်လို့ ပီပြင်အောင် ရေးဖြစ်ခဲ့တာ .. နဲနဲလည်း ရေးရဲလာသလိုပဲ .. စာကတော့ ရေးဖြစ်နေမှာပဲထင်ပါတယ် .. စိတ်ထဲက အကြောင်းအရာတွေကို ခုလိုချရေးလိုက်တာ တနည်းတဖုံ ခံစားရတာ သက်သာစေတယ်လို့ ထင်မိပါတယ် ..

ပန်းချီဆွဲတာလည်း ၀ါသနာပါပြန်ရော .. ဒါပေမယ့် မတတ် .. ဒီတော့ ကွန်ပျူတာနဲ့ စိတ်ကူးနဲ့ ဖြတ်ညှပ်ကပ် .. ဒါတော့ရတယ် .. ကွန်ပျူတာရှေ့ထိုင်နေရရင် အကုန်လုံးကိုမေ့သွားရော .. ကိုယ့်စိတ်ကူးနဲ့ စာရေးမလား ပုံလုပ်မလား .. ဒါမိုးခါးအတွက် ငြိမ်ဆေးပဲ ..

စာဖတ်တာဝါသနာပါသေးတယ် .. စာဖတ်တယ် .. ဘယ်လိုစာအမျိုးအစားဖြစ်ဖြစ် ကောက်ကိုင်တာပဲ .. အစပိုင်းဖတ်ပြီးစိတ်ဝင်စားရင် ဆက်ဖတ်တယ် .. မဟုတ်ရင်တော့ အမြန်ဝရုန်းသုန်းကား အဆုံးကိုရောက်အောင်ကျော်ဖတ်တယ် ..း)

ဝါသနာလုံးဝမပါတာကတော့ အိမ်မှုကိစ္စပါပဲ .. :P .. မိန်းကလေးပီပီသသ ဟင်းထမင်းချက်ဖို့ လုံးဝ ၀ါသနာမပါ .. မီးဖိုချောင်ကိစ္စလုံးဝ ၀ါသနာမပါ .. တတ်တော့တတ်ပေမယ့် ဒီလိုဘ၀ကြီးမနေချင်ဘူး .. (တတ်တာတော့ထည့်ပြောရတာပေါ့နော် .. :P) စိတ်ပါရင်လုပ်တယ် စိတ်မပါရင်မလုပ်ဘူး .. (မိုးခါးနဲ့ရတဲ့လူတော့ ကံဆိုးပြီ :D)

အဆုံးသတ်လိုက်တော့ ၀ါသနာက ဟိုစပ်စပ်ဒီစပ်စပ် ၀ါသနာ .. ပြီးတော့ ကောက်ရိုးမီး .. သေသေချာချာစွဲစွဲမြဲမြဲလုပ်ဖြစ်နေတာဆိုလို့ ခုစာရေးစာဖတ်နဲ့ သီချင်းနားထောင်တာ .. ကွန်ပျူတာမှာ ပုံတွေကလိတာ .. စိတ်ကူးထပ်ပေါက်သေးရင် ကွန်ပျူတာကိုပါ မတတ်ပဲ ကလိပါသေးတယ် ..

ကိုယ့်စိတ်ကိုယ်အစိုးမရတဲ့ မိုးခါးရဲ့ ၀ါသနာတွေကတော့ အဲဒါတွေပါပဲ ..း)

ကိုလင်းဦးကြီး တဂ်တဲ့ ၀ါသနာပါသည်တဲ့ .. ရေးတော့ရေးလိုက်ပြီ .. မိုးခါးတို့ အချက်အပြုတ် အိမ်တွင်းမှုအလုပ်တွေ ပျင်းတာသိပြီး ယူမယ့်လူမရှိတော့ရင်တော့ ပြသနာ .. :P အကိုရေ ကျေနပ်မယ်ထင်ပါတယ်နော် .. ဟဲဟဲ .. ခုက ဖက်ဆစ်ခေတ်ကို ညီမရောက်နေတယ်လေ .. ကိုရွာသားပြောသလို .. :P ပတ်ပတ်လည် ဂျပန်တွေဝိုင်းနေလို့ပါ :D နောက်ကျသွားတာကို တောင်းပန်ချင်တာပါ :D .. မောင်လေး အဆိပ်ခွက်ကို မကျေမနပ် ဆက်တဂ်ပါတယ် .. ရေးပေး .. မဟုတ်ရင်ပိုဆိုးမယ် .. :P

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...