Tuesday, May 19, 2009

အမှတ်တရ နစ်ခ်

သူများနိုင်ငံမှာ နေထိုင်ရတာ အနည်းနဲ့အများတော့ စိတ်ခံစားချက် ရှိကြမယ်လို့ ထင်ပါတယ် .. ကျမမှာလည်း ကြီးကြီးမားမားမဟုတ်ပေမယ့် တခါတခါတော့လည်း အမြင်မကြည်တာ စိတ်ထဲမှာ မထားပဲ ပေါက်ကွဲပြစ်ချင်တာမျိုး .. ကိုယ်စိတ်ထဲရှိတာတွေကို လက်တွေ့မဟုတ်ရင်တောင် စိတ်ကူးနဲ့ ပုံဖော် လျှောက်ခြစ်ကြည့်ချင်မိတယ် .. ဒီလိုနဲ့ပဲ ဒီဘလော့ကလေးကို လုပ်ဖြစ်ပါတယ် ..

အသိတယောက်မှလည်း ဒီလောကမှာမရှိ .. ကိုယ်လုပ်ချင်တဲ့စိတ်တခုနဲ့ ဒီဘလော့လေးကို ဖန်တီးမိတယ် .. စပြီး ဘလော့တခုလုပ်မယ်ဆိုကတည်းက စဉ်းစားရတာ နာမည်ပေါ့ .. ဘာနာမည်ပေးရင်ကောင်းမလဲ .. စဉ်းစားရင်းနဲ့ eternal star ဆိုတာကို ရွေးလိုက်မိတယ် ..

စစချင်းဘယ်လိုလုပ်ရတယ် သုံးရတယ်ဆိုတာမသိခဲ့ဘူး .. အဖြစ်ပေါ့ .. ကိုယ်ရေးချင်တာ ရေးရဖို့ပဲ စဉ်းစားခဲ့တယ် ..

နောက်တော့ ဗညားရှိန်က သူလည်း ဘလော့လုပ်နေတယ် .. လုပ်မယ်တဲ့ .. ကျမကလည်း လုပ်ထားတယ်ဆိုတော့ သူပြင်စရာရှိတာပြင်ပေးမယ်တဲ့ .. အကြိုက်ပေါ့ .. ဒါမျိုးစောင့်နေတာ .. :D


ဒင်းက ကြည့်ပြီးတော့ နင့်နာမည်က ဘာကြီးလဲတဲ့ .. အင်ဂလိ လိုကြီးတဲ့ .. ဟုတ်တော့ဟုတ်တယ် .. ကျမကိုယ်တိုင်ရွေးပြီး တကယ်တမ်း မကြိုက်ဘူး .. ပြောင်းချင်နေတာ .. အသစ်လုပ်ရမလားပေါ့ .. စဉ်းစားနေတာ .. ပြောင်းလို့ရတယ်ဆိုတာမှမသိပဲ .. အဲဒါ ဗညားက ပြောင်းချင် ဒီအတိုင်းပြောင်းလို့ရတယ်တဲ့ .. ဒါနဲ့ပဲ မိုးခါးဖြစ်သွားတယ် .. အဲဒီတုန်းကလည်း မိုးခါးကို ဘာလို့စိတ်ထဲစွဲသွားမှန်းမသိလိုက်ဘူး .. တော်တော်ကိုကြိုက်နေတာ .. ဒါနဲ့ မိုးခါးပေါ့ .. အစတည်းက ရည်ရွယ်ထားတဲ့ ထာဝရကြယ်စင် နာမည်ကိုပါ ထပ်ယူသုံးလိုက်သေးတယ် ..

အဓိပ္ပါယ်ဆိုရင်တော့ ဘာပြောရမှန်းမသိဘူး .. ထာဝရ ဆိုတော့ အစဉ် တည်တံ့နေစေချင်တယ်ပေါ့ .. အစဉ်တည်တံ့နေမယ့် ကြယ်စင်ပေါ့ .. အစဉ် အမြဲတမ်း တည်တံ့နေမယ့်အရာဆိုတာ မရှိပါဘူး .. တာတာရှည်ရှည်လေး တည်တံ့နေစေချင်တဲ့သဘောပါ ..

ဒီဘလော့လေးမှာ ကျမခံယူထားတာလေးတွေရေးချင်တယ် .. စိတ်ထဲရှိတာလေးတွေရေးချင်တယ် .. တကယ်ရေးချင်တာက အကျိုးရှိမယ့် စာမျိုးပါ .. ဒါပေမယ့် အဲလောက် မရဘူး .. :D .. ဒါပေမယ့် ကြိုးစားကြည့်ချင်သေးတယ် .. ဖြစ်လာမှာပေါ့နော့ ..း)

ကိုရီနိုက ကိုယ့်ရဲ့ နစ်ခ် အကြောင်းမေးလို့သာ ဖြေနေရတယ် .. တကယ်က ဘာမှ မယ်မယ်ရရမရှိ .. ဒီလိုပဲ စိတ်ကူးပေါက်ရာ လုပ်နေကျဆိုတော့ ကိုယ်အခုစိတ်ကူးလိုက်တဲ့အတိုင်း အတည်ဖြစ်သွားခဲ့တာပါ .. မိုးခါးဆိုတဲ့နာမည်ကိုတော့ ဘာလို့ကြိုက်မှန်းမသိ ကြိုက်တယ် ..

ကဲကိုရီနိုရေ ကျေနပ်မယ်ထင်ပါတယ် .. ညီမရေးတော့ရေးလိုက်ပြီ .. ဒါပေမယ့် မြင်တဲ့အတိုင်းပဲ .. :D နောက်ဆုံးအဖြေကတော့ စိတ်ရူးပေါက်ခြင်းပေါ့ .. :P

ဆက်တဂ်ရင်ကောင်းမလား .. တဂ်ရအောင်ကလည်း ကိုရီနိုတဂ်ထားတာတင် ၁၇ ယောက် .. အားရပါးရကိုတဂ်ထည့်လိုက်တာ .. :D
ဆက်တဂ်ပါမယ် .. သူမပါဘူးဆိုပြီးပျော်နေတဲ့ အိုက်ခီလောက် .. ကိုဇူလိုင် .. ပြီးတော့ ကိုပြာသို .. ရေးပေးပါဦး .. တဂ်ခံရလို့ဆိုပြီး ငြိုတော့ မငြိုငြင်လိုက်ပါနဲ့ဦး .. တကယ်က ကိုရီနိုတရားခံ .. ဒို့ပါဘူး .. :P


နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...