Friday, May 29, 2009

နိုင်ဂံဂျားပြန်တယောက်၏ ညည်းချင်း


ဟိုးလွန်ခဲ့တဲ့ ၁၀စုနှစ် ၁ခုကျော်ကျော်လောက် .. ကျမရဲ့ ဦးလေးတွေ ခေတ်တုန်းကတော့ နိုင်ငံခြားသွား သဘောင်္သားဆို လူတွေ တော်တော်အထင်ကြီးကြတယ် .. သဘောင်္တခေါက်ထွက်ဖို့လည်း မလွယ်သလို လူလိမ်တွေလဲပေါများတယ် .. (ခုလည်း များနေတာပါပဲ ..) တကယ်ကိုပဲ သဘောင်္သားဖြစ်ပြီဆိုရင်တော့ အိမ်ပြန်လမ်းမှာ တိုက်ခန်းတခန်းလား .. ကားတစီးလား .. စုမိဆောင်းမိတော့ ဖြစ်တာပါပဲ .. (ဟိုမှာ ဒုက္ခခံရတာကတော့ တပိုင်းပေါ့ ..) အဲဒီချိန်တုန်းကတော့ ပင်ပင်ပန်းပန်းအလုပ်လုပ်ရပေမယ့် ရှာတဲ့ပိုက်ဆံကို ပိုပိုလျှံလျှံ စုနိုင် ဆောင်းနိုင်ကြတယ် .. (ဒါက ကြာခဲ့ပြီပဲ ..)

အမေတို့ကပြောတယ် .. သူတို့ခေတ်တုန်းက ရွှေဈေးဆိုတာ ကျပ်ငွေ ဆယ်ဂဏန်းတင်ပဲရှိတယ်တဲ့ .. ကျမစဉ်းစားမိတယ် .. ဘာလို့ အဲဒီတုန်းက များများမစုထားပါလိမ့်လို့ .. :P (ဒါက ကျမအတွေး ..)

ရှိစေတော့ ငြီးချင်းလေးစပြီ .. :D

ကျမ စလုံးကိုရောက်တာ ၁နှစ်ကျော်ပီ .. သူဌေးဖြစ်မယ့်စကားတော့ ဒီမှာနေသရွေ့မပြောတော့ဘူးလို့ .. :D .. နေစရိတ် စားစရိတ် သွားစရိတ် .. သိကြတဲ့အတိုင်းပဲ .. :D



လက်ထဲမှာလဲပိုက်ဆံကို ထုတ်ပြီးမကိုင်ထားရဲဘူး .. လက်က လွယ်လွန်းလို့ .. မထုတ်ထားပြန်တော့ ကဒ်ြပားနဲ့ရှင်းတာပေါ့ .. ဘယ်ရမလဲ .. စိတ်ကြီးတာ .. ဒီလို ..

ပြီးတော့ ဖုန်းဘေ .. ဘေလာရင် မျက်ခုံးလှုပ်တယ် .. ရန်ကုန်ကိုတမျိုး ဂျပန်ကိုတမျိုး သူငယ်ချင်းတွေရှိတဲ့နေရာကိုတမျိုး မရိုးနိုင်အောင်ခေါ်တယ် .. ခေါ်ဘူးတယ်ရှိအောင်ပါ .. ဗဟုသုတပေါ့ .. :D

တခုတော့ စုမိဆောင်းမိပေါ့နော် .. ဘဏ်သွားတုန်းက saving အကောင့်တခုလုပ်လိုက်မိတယ် .. တလကို များများစားစား S$50 ကြီးများတောင်စုထားတာ .. (သူဌိန်းဖြစ်ခါနီးပြီ .. ကပ်ထားနော် .. :P)

ကျမစုဗူးကတော့ အစာအိမ်ပါပဲလို့ ပြောလို့ရအောင် စားတယ် ..

ဒီလိုနဲ့ တရုတ်နှစ်ကူးကိုရောက်လာပါရော .. သူငယ်ချင်းက ပြန်မယ် ပြန်မယ်ဆိုတော့ ကိုယ်လည်းလိုက်ပြန်ချင်တယ် .. ပြန်မယ်ဆို သိတဲ့အတိုင်း အခွန်လေ အခွန် .. သွားလိုက်ဦး .. မသွားနိုင်တော့ အေးဂျင့် .. အဲဒီက ၁၆ ခေါက်လောက်ချိုးထားတဲ့မျက်နှာတွေကို မမြင်ချင်တာအမှန် (မှန်တာပြော ချမ်းသာပါစေ :D) ဒါနဲ့ အေးဂျင့်နဲ့ပဲ ကိစ္စရှင်းလိုက်တယ် ..

ပြန်ပြီဟေ့ဆို ၀ယ်စရာခြမ်းစရာနဲ့ လူကြုံပစ္စည်း လက်ဆောင်ပစ္စည်းထည့်တာနဲ့တင့် ကိုယ့်ပစ္စည်းအတွက် နေရာကမရှိတော့ဘူး .. ဘုမသိဘမသိနဲ့ ပါတိတ်တွေ အဒေါ်တွေဖို့ဆိုဝယ်လိုက်တာ ၁၀ ကီလိုနီးပါးဖစ်တွားတယ် ..း( .. ဒီလိုနဲ့ မနိုင်မနင်း လေဆိပ်ဆင်းချလာ .. နောက်ဆုံးတော့ ရန်ကုန်ပြန်ရောက်ရောပေါ့ .. (ပြန်မှတော့ ရောက်ပီပေါ့ ..)

ဟိုကျတော့လည်း လာကြိုတယ် အိမ်လုံးကျွတ် .. ပြန်ရတဲ့ရက်လေး သူငယ်ချင်းတွေနဲ့ သွားလာလည်ပတ်လိုက်တာ ရှိသမျှလေးပြောင် .. တရားစခန်းလည်းမရောက် အပျော်အပါးပဲ စိတ်ကရောက်နေတယ် .. အကျင့်က အဲလိုပျက်တာ ..

ပြန်ဖို့ရက်နီးမှ လက်ဆောင် လက်ဆောင် ဆိုပြီး ပြေးလွှားသွားဝယ်ရပြန်ရော .. အဲဒီတော့လည်း ပိုက်ပိုက်က လျှောကနဲ လျှောကနဲ ..

ဒီလိုနဲ့ နေလာလိုက်တာ ပြန်ရမယ့်ရက်ကို ရောက်လာ .. မျက်ရည်စက်လက်နဲ့ ပြန်လာရပြန်ရော .. စက်ရုပ်တိုင်းပြည်ကို .. ချန်ဂီလေဆိပ်ရောက်တော့ မုန်းလိုက်တာ .. ကြည့်ကိုမကြည့်ချင် .. နောက်နေ့ကရုံးတက်ရဦးမယ် .. သူငယ်ချင်းနဲ့နှစ်ယောက်သာ အီးပိတ်တဲ့မျက်နှာနဲ့ .. နောက်ဆုံးတော့လည်း ပျော်ရာမှာ မနေရ တော်ရာမှာနေလိုက်ရတာပါပဲ ..

ခုလည်း တော်ရာ ကုမ္ပဏီက အလုပ်စားပွဲမှာ အချိန်ကိုအကျိုးရှိအောင် အသုံးချရင်း ဒီတဂ်ပို့စ်ကို ရေးလိုက်ပါတယ် .. ကိုတောင်ပေါ်ကြီး ကျေနပ်ပါစေကုန် .. :D

ဆုလည်းဝိုင်းတောင်းပေးကြပါဦး .. မပျော်ပေမယ့် ဒီမှာနေမှရမှာဆိုတော့ကာ ကုတ်ကပ်ပြီးနေရပေဦးတော့မယ်လေ .. ခုလုပ်နေတဲ့ ပရောဂျက်က ပြီးခါနီးနေပြီ .. မျက်ခုံးက ခပ်လှုပ်လှုပ် .. ဒီကစီးပွားရေး အခြေအနေကလည်းမကောင်း .. ကိုယ့်ဆက်ခေါ်ပါစေ ဆုတောင်းနေရတယ် .. ဆုတောင်းပေးကြနော် .. (အားကိုးပါတယ် ..း))

လက်ဆောင်ပေးမယ့်လူကတော့ ကိုပြာသို .. ဖိုးဂျယ် တို့ကို လက်ဆောင်ပေးပါတယ် .. ရေးပေးကြပါနော် .. အဆင်ပြေမယ်ဆိုရင် ..း)


နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...