Monday, May 18, 2009

ပန်ပန်အမှု ရွာပတ်ခြင်း :P

တကယ်ပါ .. သူ့ထက်ခက်တာတောင် သူ့လောက်မခက်ဘူး .. ခုကိစ္စက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်အဖြစ်မျိုး .. ဟင်း .. စိတ်ကြီးရယ် ညစ်ပါပေ့ .. မရေးဘူးလို့တော့ စဉ်းစားမိသား .. ဒါလည်းမကောင်းပြန်ဘူးလေ ..

လွန်ခဲ့တဲ့ ရက်ပိုင်းက ပန်ပန်က တဂ်တယ် .. တော်တော်ခက်ခက်ခဲခဲမေးခွန်းပါ .. ထားခဲ့ဘူးသောရည်းစားများတဲ့ .. ပြောစရာလား .. မပြောဘူးဆိုတော့ ဒီထက်ဆိုးတာနဲ့တွေ့မယ်တဲ့ .. ဒီထက်ဆိုးစရာတော့ရှိတော့မယ်မထင်ပါဘူး .. ခုလိုလုပ်တာ ရန်တိုက်တာပေါ့ .. သူများတွေ အေးအေးချမ်းချမ်းဖြစ်နေတာကို .. ရက်ရက်စက်စက် သူမို့လို့နော် .. ပန်ပန် ငါတော့ရေးပြီနော် .. ပြသနာတက်ရင် နင်ပဲ ..

အင်း .. တကယ်တန်းရေးမယ်ဆိုတော့လည်း ကိုယ့်မှာ ရေးစရာမရှိပါဘူး .. ၈တန်း ၉ တန်း ၁၀ တန်း ဒါက ကလေးပဲရှိသေးတယ် .. ၁၀ တန်းပြီး တက္ကသိုလ်တက်တော့လည်း ဒို့က ဒါမျိုးဆို စိတ်မ၀င်စားဘူး .. ဟင်းဟင်း .. အချိန်တန်တော့မှ လက်ထပ်မယ့်သူတွေ့ပြီး ချစ်ကြလေသတည်းပေါ့ .. ဟဲဟဲ .. အဲလိုရေးရင်မကောင်းဘူးလား .. (ယုံမလားမသိဘူး .. :P)

စိတ်ညစ်တယ် စိတ်ညစ်တယ် .. တကယ်ပါပဲ .. တကယ်ကိုပဲရေးမှဖြစ်မှာလား .. မျက်ခုံးတော့ခပ်လှုပ်လှုပ်ရယ် .. စကားပြောတိုင်း အစပြန်မဖော်ပဲ နေနေပါတယ်ဆို .. မြင်ရင် ငါတော့သေပြီ .. ငိုချင်တယ် ..း(

အကိုကြီးတယောက်ထားဘူးတယ် .. အိမ်ရှေ့မျက်စောင်းထိုးက .. အဲဒီတုန်းက တက္ကသိုလ်တက်နေတယ် .. အဝေးသင်ပဲယူတယ်ဆိုတော့ အိမ်မှာ အားအားယားယားပေါ့ .. ကျူရှင်လေးတက်လိုက် .. သူငယ်ချင်းတွေနဲ့လစ်လိုက် .. အားရပါးရကဲနေတာ .. နောက် အဲ့အကိုကြီးက ကြိုက်တယ်ဆိုတော့ ငါလည်း အခြေအနေကြည့်လိုက်တယ်လေ .. အဟဲ မဆိုးဘူး .. အိုကေတယ်ပေါ့ .. အဲအကိုကြီးကို တော်တော်ကြိုက်တယ် .. ခါးခါးတို့က အရပ်မြင့်မြင့် အသားဖြူဖြူ ခြေတံလက်တံ လှလှလေးတွေဆို အရမ်းသဘောကျတာ .. အဲအကိုကြီးကို သတိထားမိတာ ကတ္တီပါဖိနပ် အနီရင့်လေးနဲ့ သူ့ ခြေထောက်ကို တွေ့ပြီး ကြိုက်တာ .. ဟီး .. ပါးချိုင့်လည်းပါသေးတယ် .. :P (ငါတော့ နာတော့မယ် .. သိနေတယ် ..း( )

အဲ့အကိုကြီးက ရှုပ်တယ် .. ပါးချိုင့်ကစားတာကိုး .. :D .. သူက သူနဲ့ သင်တန်းတူတူတက်တဲ့အမကြီး သူနဲ့ရွယ်တူပေါ့ .. အဲတယောက်နဲ့ ငြိတယ် .. သိတော့ ပြသနာရှာတာပေါ့ .. နောက်တော့ ရန်ဖြစ်ပြီး ပြတ်ရော .. တကယ်တော့ မဆုံးသေးဘူး .. ဒါပေမယ့် လိုရင်းက အဲဒါပဲဆိုတော့ ရပ်လိုက်တော့မယ် .. အဆင်ပြေရင်တော့ ကိုယ့်ကြောင်းကိုယ်ဝတ္တုတပုဒ်လောက်ရေးမလားလို့ .. ကိုယ့်ကိုယ်မင်းသမီးတင်မလို့လေ .. :P

ဒါကတော့ ထားခဲ့ဘူးတဲ့ရည်းစားပေါ့ .. တော်ပီ တယောက်ပဲပြောပြမယ် .. (လူအထင်ကြီးမလားလို့ :P)

တော်ပီဟေ့ .. ပန်ပန် .. ပြသနာတက်ရင်နင်ပဲနော် .. ငါပြောပြီးပြီ .. သူများတွေကိုတော့ ဆက်မတဂ်တော့ဘူး .. ကိုယ့်လိုခံစားရမှာစိုးလို့ .. :P (အဲလိုစိတ်ကောင်းရှိတာ .. ပန်ပန်လိုမဟုတ်ဘူး .. :D) .. ယခုလိုပြုရ ကုသလကြောင့် ချစ်သူ၏ စိတ်ဆိုးခြင်းမှ ကင်းဝေးရပါလို၏ .. :P




နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...