Monday, May 11, 2009

ရက်လေး ၁ရက်

မိတ်ဆွေသူငယ်ချင်းပေါများခြင်းကလည်း မင်္ဂလာတပါးပါပဲ .. တဦးတည်း အထီးကျန်နေမယ်ဆို ဘယ်လောက်တောင်ပျင်းဖို့ကောင်းလိုက်မလဲနော် .. ဒီကို ရောက်ခါစကတော့ သူငယ်ချင်းဆိုလို့ လက်တဖက်တောင်မပြည့်ပါဘူး .. ခုနောက်ပိုင်းတော့သူငယ်ချင်းတွေ အမတွေ ညီမတွေ မောင်လေးတွေ အကိုတွေနဲ့ စိုစိုပြေပြေဖြစ်လာပြီဆိုပါတော့ ..း)

တနင်္ဂနွေနေ့ဆို စောစောစီးစီး ထလေ့ကိုမရှိပါဘူး .. မနက်ဖြန်ရုံးပိတ်ပြီဆိုတာနဲ့ အင်တာနက်ကို ညလုံးပေါက်သုံးရမယ်လို့ ဆုံးဖြတ်ချက် ချထားတာနဲ့အညီ ကျန်ခဲ့တဲ့စနေ (၉.၅.၀၉) ကလည်း ဘလော့ကို ပြင်ရင်း ကလိရင်း မနက် ၅နာရီထိုးပါတယ် .. နောက်နေ့မနက် အမေများနေ့ကျတော့ အမက အပြင်ထွက်ဖို့လုပ်နေသံကြားတာနဲ့ နိုးသွားတယ် .. ဒီလိုနဲ့ မျက်လုံးပွင့်ရင် အထီးကျန်မနေတတ်လို့ ကွန်ပျူတာခလုတ်လေး အသာဖွင့်လိုက်တယ် .. အမက မအိပ်တော့ဘူးလားတဲ့ .. နိုးမှတော့ သိပ်လည်း အိပ်ချင်စိတ်ကမရှိ .. ဒီလိုနဲ့ ဒီဇာတ်လမ်းလေးဖြစ်လာတာပေါ့ ..

ဘလော့စွဲနေသူတွေ ထုံးစံအတိုင်း ကွန်ပျူတာပွင့်တာနဲ့ အရင်ဖွင့်ဖြစ်တာ ဘလော့ပါပဲ .. ကိုယ့်ဘလော့ကိုဖွင့်လိုက်တော့ အဆိပ်ခွက်ရဲ့ အော်သံကျယ်ကျယ်ကိုကြားရတယ် .. သီချင်းလိုချင်လို့အက်ထားပါတယ်တဲ့ .. ခုသူလိုချင်တဲ့သီချင်း ရပြီဆိုတော့ ခုပြန်ဖြုတ်ရတော့မယ်ထင်တယ် .. :P .. ဒါနဲ့ ဒီလိုနဲ့ မနက်စောစော (၁၀ နာရီ) ကို အဆိပ်ခွက်အော်ဂျက်နဲ့ စဖွင့်လိုက်တယ် ..

ဒီလိုနဲ့တဆက်တည်း ချစ်မမ မရောင်က တက်လာပြန်ရော .. သူနဲ့လည်း ဆက်ပွားတာပေါ့ .. ပွားရင်းနဲ့ ရုပ်ရှင်ကြည့်မယ်တဲ့ .. ဒီက ပြန်အိပ်ဖို့ချောင်းနေတာ .. ရာသီဥတုက ကိုယ့်ဘက်မှာရှိနေတာကို အပြင်ထွက်ရင် ကိုယ့်လောက်မိုက်တဲ့လူရှိပါ့မလား .. ဒါပေမယ့် မိုက်ဇာတ်ပဲ ခင်းလိုက်တယ် .. :P သိပ်တော့ မခေါ်လိုက်ရပါဘူး .. ဒီကလည်း ပျင်းပျင်းနဲ့ ဘာလုပ်ရပါ့ စဉ်းစားနေတဲ့လူဆိုတော့ .. သွားမယ် လာလေ ပေါ့ ..

ဘယ်သူတွေလဲ ဘယ်လဲ ဘာလဲ ဘယ်ချိန်လဲ ဘယ်နေရာလဲ နဲ့ မေးခွန်းများစွာကို ဆွေးနွေးအဖြေရှာပြီးတဲ့နောက်မှာ နောက်ဆုံးသတင်းကတော့ ၂နာရီခွဲ အောချပ် အမ်အာတီပါတဲ့ ..

ထုံးစံအတိုင်းမိုးခါးတို့ အချိန်မှန် ၂နာရီခွဲချိန်းတာ ၁၅ မိနစ်လောက်နောက်ကျသွားတယ် .. ချိန်းထားတဲ့နေရာရောက်တော့ မရောင်ရယ် .. ကိုရီနိုရယ်က ရောက်နေပြီ .. အဆိပ်ခွက်ကိုလည်း မြင်လိုက်တယ် လှစ်ခနဲ .. သူက လက်မှတ်ကို ရှေ့တော်ပြေးသွားဝယ်ပါတယ်တဲ့ .. နောက်တော့ ဂျပန်ကောင်လေးနဲ့တွေ့ (သူက အရင်ရောက်နေတာပါ .. သူငယ်ချင်းနှစ်ယောက်နဲ့ ..) ဘယ်သူကျန်သေးလဲဆိုတော့ တောင်ပေါ်သား ဦးရှင်ကြီးနဲ့ မကြယ်တို့ကို စောင့်ရမယ်ဆိုပြီး စောင့် .. အတိုချုပ်ရရင်တော့ နောက်ဆုံး လူစုံသွားတယ်ပေါ့ .. ဒီလိုနဲ့ ရုပ်ရှင်ကြည့်တယ် .. ဗီဗိုးစီးတီးသွားထိုင်တယ် .. ဟိုကြည့်ဒီကြည့် ကြည့်တယ် .. ဒီလောက်ပါပဲ .. :D

နောက်ဆုံးတော့ the end ပေါ့နော် .. :P

ခွဲခွာချိန်တိုင်လို့ ခွဲရမယ်ဆိုတော့ ပြုံးပျော်ရွှင်စွာနဲ့ပဲ ခွဲခွာလာခဲ့ကြတယ်ပေါ့ .. နောက်တချိန်အတွက်လည်း တခါတည်း ဘွတ်လိုက်သေးတယ် .. နောက်တပတ်အတွက်ကိုလေ .. ဒါတော့ မကြာမီ လာမည် မျှော်ပေါ့ .. အဲဒီအခါကျ ထပ်ရေးမယ်နော် .. ခုတော့ တော်သေးပြီ ..

အောက်က လင့်တွေမှာလည်း သူတို့တွေရေးထားတာရှိသေးတယ် .. တွေ့ဖြစ်ခဲ့ကြတဲ့ မောင်နှမတွေပေါ့ .. အားလုံးပျော်ရွှင်ကြပါစေ .. ပုံတွေလည်းတင်ထားကြတယ် .. အဲဒါကြောင့် အပျင်းထူပြီး မတင်တော့ပါနော် ..း)



အဲဒီနေ့က တကယ်ပျော်ရပါတယ် .. ခြေကိုလည်းတိုရောပဲ .. အိမ်ရောက်တော့လည်း တုံးကနဲပဲ .. မနက် ရုံးသွားဖို့အလန်းမြည်တော့တောင် အိပ်မက်မှတ်နေတာ .. (အဲလိုနိုးကြားပါတယ် ..:D)



မရောင်

မကြယ်
ဦးရှင်ကြီး
ကိုရီနို
တောင်ပေါ်
ဂျပန်
အဆိပ်



နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...