Sunday, December 20, 2009

ကျမနှင့် မိုးခါး

ကျမက နေ့ရက်တွေကို အမှတ်တရအနေနဲ့ မမှတ်မိတတ်တဲ့သူတယောက်ပါ .. အစပိုင်းကတော့ မှတ်မိတယ် ထင်ပါတယ် .. နောက်ပိုင်းတော့ ကိုယ်ကချည်း သတိရ အမှတ်ရနေရတာ မလိုချင်တာနဲ့ မေ့ပစ်တတ်ခဲ့တယ် .. အဲလိုနဲ့ ခုနောက်ပိုင်း ကျမအတွက် သိမ်းထားစရာ အမှတ်တရဆိုတာ သိပ်ကို နည်းပါးပါတယ် ..

မှတ်မိသလောက်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးလောက်မှာ သူငယ်ချင်းတယောက် မိတ်ဆက်ပေးလို့ စုဗူးဆိုက်လေးမှာ စာစရေးဖြစ်ပါတယ် .. တကယ်တော့ စစချင်း ကိုယ်တိုင်လည်း မရေးတတ် (ခုလည်း မရေးတတ်သေးပါဘူး..) ရေးလည်း သိပ်ရေးချင် (ပို့စ်တင်ချင်တာပါ :D) ဆိုတော့ မနိုင်နိုင်းစနေရဲ့ စာတွေကို ကျမက စုဗူးလေးမှာ တင်တင်ပေးတတ်ခဲ့ပါတယ် .. စုဗူးမှာ အများစုက မြန်မာနိုင်ငံက ဖြစ်လို့ ဘလော့စပေါ့ကို ၀င်ဖို့ အခက်အခဲတွေ ရှိတယ်ဆိုတာလည်း သိထားလို့ပါ .. မစနေရဲ့ စာတွေကို အရမ်းကြိုက်ပါတယ် .. စာတိုင်းမှာ တခုမဟုတ်တခု ရစေတတ်လို့ပါ .. ကျမ လေးစား အားကျတဲ့သူတွေထဲမှာ မစနေလည်း ပါပါတယ် .. ဖြစ်နိုင်ရင်တော့ မစနေလို သူတပါးအတွက် အင်အားဖြစ်စေမယ့်စာတွေ အတွေးတွေ ပေးနိုင်မယ့်စာတွေ ရေးဖြစ်ချင်ပါတယ် .. (ဖြစ် မဖြစ်ကတော့ ပါရမီပေါ့နော် .. :D)

စုဗူးက ကျမအတွက်တော့ စာကြည့်စင်ပါပဲ .. စုဗူးမှာ စာရေးကောင်းသူတွေ အလွန်များပါတယ် .. ပြီးတော့ ကျမအတွက် ညီမလေး တယောက်လည်း ရခဲ့တယ် .. သူကလည်း ကျမကို တွယ်တာသလို ကျမကလည်း သူ့အပေါ်ကို သံယောဇဉ်ဖြစ်မိတယ် .. ကျမ ရန်ကုန်ပြန်တုန်းက တွေ့ဖို့ ကြိုးစားပေမယ့် မတွေ့ခဲ့ရဘူး .. သူပို့ပေးတဲ့ စာအုပ်နဲ့ အခွေလေးတော့ ကျမမှာ ရှိနေပါတယ် ..

နောက်ပိုင်းတော့ စုဗူးမှာ စာတွေ မရေးဖြစ်တော့ပဲ ကိုယ့်အိမ်လေးနဲ့ ကိုယ် သပ်သပ် နေချင်လို့ ဘလော့စပေါ့က အိမ်လေးကို ဆောက်ဖြစ်ခဲ့ပါတယ် .. ကျမ ဘလော့စပေါ့ အိမ်လေးကို စဆောက်တုန်းက ယိုင်နဲ့နဲ့ပေါ့ .. ခုတော့ လူမြင်သူမြင် နဲနဲတော့ ကောင်းလာသလိုပါပဲ .. :D

စစချင်း ဘာမှမလုပ်တတ် (ခုလည်း ယောင်ဝါးဝါး :P)

ပထမ နာမည်ပေါ့ စဉ်းစားတယ် .. ဘာပေးရမလဲ .. နောက်ဆုံးတော့ eternal star ဆိုပြီး စဉ်းစားပြီး ပေးလိုက်တယ် .. စာကတော့ မရေးတတ်သေးပါဘူး .. ဘလော့နာမည်တော့ရလာပြီဆိုပြီး စာတွေလိုက်ရှာဖတ် ဘလော့လုပ်နည်းတွေလိုက်ဖတ် .. နောက်ဆုံး မနောသားဘလော့ကိုရောက်ပြီး သူ့မေးကို အက်ဖြစ်တယ် .. ပြီးတော့ ကျမ မသိတာတွေ သူ့ကိုမေး .. မနောသားကူညီပေးလို့ အိမ်တလုံး သပ်သပ်ရပ်ရပ်တော့ ဖြစ်လာပြီ .. မနောသားကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ..း))

ကျမရဲ့ ပထမပို့စ်က နိုဝင်ဘာလ ၂၀ လို့ ပြထားပါတယ် .. တကယ်က ကျမ ဒီဘလော့ကို လုပ်ထားတာ ဒီထက်စောပါတယ် .. နာမည်စိတ်တိုင်း မကျတာနဲ့ ဟိုဟာအလိုမကျ ဒီဟာအလိုမကျပေါ့ ..

ကျမစိတ်က ဒါကို လုပ်ချင်ပြီဆို ချက်ချင်း .. ကမန်းကတမ်းလုပ်တဲ့အတွက်လည်း လုပ်ပြီးရင် စိတ်တိုင်းက မကျချင်ဘူး .. ဒီလိုနဲ့ နာမည်ပေးပြီး ထုံးစံအတိုင်း စိတ်တိုင်းမကျဘူးပေါ့ .. နောက်တော့ နာမည်ထပ်စဉ်းစား စဉ်းစားရင်းနဲ့ မိုးခါး ဆိုတဲ့ နာမည်ကို ကြိုက်မိတယ် .. ဒါပေမယ့် ပြောင်းလို့ရတယ် မရဘူးဆိုတာကို မသိဘူး .. ဒါကို ဗညားရှိန်က ပြောင်းလို့ရတဲ့အကြောင်း ပြောပြတော့မှ မိုးခါး (ထာဝရကြယ်စင်) ဆိုပြီး အတည်ပြုဖြစ်သွားတာပါ ..

တချို့က ပြောတယ် .. မိုးခါး ဆိုတာ မကောင်းဘူးတဲ့ .. ကောင်းတဲ့ အဓိပ္ပါယ် မဟုတ်ဘူးပေါ့ .. ဒါပေမယ့် ကြိုက်ပါတယ် .. ဘာလို့ ကြိုက်လဲ ဆိုတာ သိပေမယ့် မပြောပြတတ်ပါဘူး .. :D

ကျမ စိတ်ကူးကတော့ ကိုယ့် ကိုယ်ပိုင် အိမ်လေးမှာ စိတ်ကူးနဲ့ စာရေးမယ် .. တတ်သလောက် မှတ်သလောက်ပေါ့ .. :D

လူတိုင်းမှာ ဖြတ်သန်းရတဲ့ ဘ၀ပုံစံ အမျိုးမျိုးမျိုး ကျင်လည်ရာ ပတ်ဝန်းကျင့် အမျိုးမျိုး နဲ့ ကိုယ့်စိတ်ကူး ကိုယ့်ခံစားချက် ကိုယ့်ခံယူချက် ကိုယ်စီ ရှိကြပါတယ် .. တယောက်နဲ့ တယောက် ဦးတည်ချက် မတူနိုင်သလို အဆုံးသတ်လည်း တူညီနိုင်မယ် မဟုတ်ပါဘူး .. ဘလော့မှာ စာရေးတဲ့သူတွေကလည်း ပုံသဏ္ဍာန် အမျိုးမျိုး ဦးတည်ချက်အမျိုးမျိုး စိတ်ခံစားချက် အမျိုးမျိုးနဲ့ ရေးကြတယ် .. အနည်းဆုံးတော့ တခြားသူအတွက် အကျိုး မရှိခဲ့ရင်တောင် စာရေးတဲ့သူအတွက် အကျိုးရှိလိမ့်မယ်လို့ ထင်မိပါတယ် .. စိတ်တွေ မွန်းကျပ်နေတယ် .. စာတွေ ချရေးလိုက်လို့ ပေါ့သွားမယ် .. ကိုယ်နဲ့ ခံစားချက် တူသူတွေ ခင်မင်သူတွေ အချင်းချင်း အားပေးနှစ်သိမ့်ပေးကြလို့ ခံစားချက်တွေ သက်သာသွားမယ် .. အနည်းဆုံးတော့ စာရေးသူအတွက် စိတ်ထွက်ပေါက်တခုအနေနဲ့တော့ အကျိုးရှိမှာပါ .. အဲလိုပဲ ထင်မြင်မိပါတယ် ..

များသောအားဖြင့် ဘလော့မှာ စာရေးကြတဲ့သူတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေကြသူတွေ များပါတယ် .. ကိုယ်စီ ကိုယ်စီ စိတ်ခံစားချက်တွေ ရှိကြမယ် .. ကိုယ့်ခံစားချက်ကို ပြောပြဖို့အတွက် နားထောင်ပေးမယ့်သူ နားထောင်ဖို့ အချိန်ပေးနိုင်တဲ့သူက ရှားပါးပါတယ် .. ဒီလိုနဲ့ပဲ စာတွေ ရေးဖြစ်ကြတာလားလို့ စဉ်းစားမိတယ် .. ခံစားချက် ပင်ကိုဗီဇ အခြေအနေ စတာတွေ ပေါင်းစုံသွားလို့ စာတွေစရေးဖြစ်ကြတယ်လို့ ထင်မိတယ် ..

ဘယ်လို စိတ်မျိုးနဲ့ပဲ စာရေးဖြစ် ရေးဖြစ် ဘလော့မှာ စာရေးတဲ့သူတယောက် အတွက် အချိန်ဆိုတာ ဘလော့အတွက် ပေးရပါတယ် .. ကိုယ်ပိုင်အိမ်လေး သပ်သပ်ရပ်ရပ် လှလှပပ ဖြစ်ဖို့လည်း အချိန်ပေးရပါတယ် .. ကိုယ့်ဘလော့လေး အသက်ဝင်နေဖို့လည်း အချိန်ပေးပြီး ကြိုးစားရေးရပါတယ် .. ဒါကြောင့်လည်း လူတိုင်း ကိုယ့်ဘလော့ ကိုယ့်အိမ်လေးကို အနည်းနဲ့ အများတော့ သံယောဇဉ်ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ..

ကျမကိုယ်တိုင်လည်း စာရေးချင်စိတ်ရှိလို့ ဘလော့ကို စရေးပါတယ် .. ကိုယ့်ကိုကိုယ် ဘလော့ဂါလို့ မခံယူနိုင်သေးပါဘူး .. ကိုယ့်ရဲ့ အတွေ့အကြုံကနေ သင်ခန်းစာတွေ ပေးရလောက်အောင်လဲ ၀မ်းစာက မပြည့်သေးပါဘူး .. ဒါပေမယ့် စာရေးချင်စိတ်ရှိလို့ ရေးဖြစ်ပါတယ် .. ဒီဘလော့အိမ်လေးက ကျမအတွက် နေ့စဉ်ဖြတ်သန်းမှုတွေထဲက အစိတ်အပိုင်းတခုပါပဲ .. သူငယ်ချင်းတွေလည်း ဒီဘလော့လေးကြောင့် အများကြီး ပိုင်ဆိုင်ခွင့်ရခဲ့တယ် .. ညီအကို မောင်နှမ စိတ်ဓါတ်နဲ့ လိုအပ်မယ်ဆို ကူညီပေးမယ့်သူတွေလည်း တွေ့ခဲ့ရတယ် .. ဒါတွေက အကျိုး အမြတ်လို့ပဲ တွက်ပါတယ် .. ရှေ့ဆက်ပြီးတော့လည်း ကျမ သံယောဇဉ်ရှိတဲ့ ဘလော့လေးမှာ မိုးခါးနာမည်နဲ့ မတတ်တတတ် စာတွေ ရေးနေပါဦးမယ် ..း))

ဏီကင်းက ကျနော်နဲ့ကျနော့ဘလော့ ဆိုတဲ့ ပို့စ်နဲ့ တဂ်ပါတယ် .. ဒါကြောင့် ကျမကလည်း ရေးလိုက်ပါတယ် .. ကျမနှင့် မိုးခါး ဆိုပြီးတော့ ..း)) ဏီကင်းကျေနပ်မယ် ထင်ပါတယ် ..း))

25 comments:

Ree Noe Mann said...

မအိပ်ကျသေးဘူးပေါ့လေ။

Ree Noe Mann said...

မိုးခါး ဆိုတဲ့နာမည်နဲ့ ထာဝရကြယ်စင်ကို ဆက်ပြီးထိန်းသိမ်းနိုင်ပါစေဗျာ။
စာရေးချင်တဲ့ စိတ်ကြောင့်သာ ရေးနေတာပါ။
ကိုယ်ကိုကိုယ် ဘလော့ဂ်ဂါလို့ ထင်မထားပါဘူး။
ဘာပဲပြောပြော ဒီဘလော့ဂ်လေးကြောင့်ပဲ ခင်မင်စရာကောင်း
တဲ့ ညီအကိုမောင်နှမတွေ ရလိုက်ရတာ အမြတ်ပါပဲ။

အကိုတော် ရီနို

မိုးစက်အိမ် said...

မိုးခါးဖြစ်ပေါ်လာပုံသမိုင်းကြောင်းလေး သိသွား
တာပေါ့ဗျာ . . . ဘလော့က ရင်ဖွင့်ရာလေးတစ်နေရာ
ဆိုလည်းမမှားပါဘူး အားပေးနေပါမယ်ဗျာ . . . :)

Unknown said...

အင်း..အစ်မပြောသလိုပဲဗျ..blog လေးက ရင်ဖွင့်ရာနေရာလေးပါပဲ

ရေတမာ said...

မိုးခါးနံမည် တဲ့ နှာခေါင်းပိတ်ထားကြပါးP ပြောချင်နေတာကြာပြီ ဘယ်အရာမှ မတည်မြဲပါဘူးဆို ထာဝရကြယ်စင်တဲ့။ အိမ်မည်းမည်းကြီးလည်း ပြောင်းပါတော့ဗျို့။

ညလင်းအိမ် said...

ဟုတ်တယ်ဗျာ...
ဘလော့ဂ်ဆိုတာ ကျွန်တော်တို့ အတွက်
တကယ်ရင်ဖွင့်ရာ စိတ်ဖြေရာနေရာလေးပါပဲ...
စာတွေကို ဆက်လက်အားပေးနေပါမယ်...

ခင်မင်မှုဖြင့်
ညရဲ့ကောင်းကင်

တောင်ပေါ်သား said...

မိုးခါးရဲ့ သမိုင်းကို လာဖတ်တယ်ဝေးးးးးး အော် သူလဲ ရေးချင်လို့ ရေးတာကိုး ကောင်း၏


လေးစားလျက်
တောင်ပေါ်သား

ပုံ့မေ said...

အင်း မိုးခါး နာလဲ ထပ်တူခံစားရတယ်...

ခုဆို သူငယ်ချင်းတွေအများကြီးပြီးး တွဲကူဖေးမမဲ့သူတွေ တပုံတပင်ရတာ အမြတ်ပေါ့.....

မွ... =*

khin oo may said...

ရေးချင်တာရေးပါ ဖတ်နေပါတယ်။

သံလွင် HeRo said...

အထူးတန်းကအားပေးနေပါသည်း)

ရွှေရတုမှတ်တမ်း said...

မိုးခါးရဲ့ သမိုင်းပြီးတော့...ဘုရားလမ်းအုတ်ကျင်း...ကမာရွတ်....

မြတ်မွန် said...

ခံစားချက်ခြင်းတူလို့ အားပေးပါတယ် မိုးခါးရေ..

Anonymous said...

အားပေးနေပါသည်။ ဆက်လက်ကြိုးစားပါရန် :DDD

ဏီ(န်)ကင်း said...

တဂ်တာလေးကိုဂရုတစိုက်နဲ့အသေအချာရေးပေးတဲ့အတွက် ကျေးဇူးပါ။ ရေးထားတာတွေကလဲအမှန်တွေချည်းပါပဲ။ ခံစားချက်ခြင်းတူပါတယ်။ အားလုံးအတူတူညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်ကြရုံပေါ့။ စာဖတ်သူတွေအတွက်ကောင်းကျိုးပေးနိုင် တဲ့ရသစာပေမျိုးတွေလည်း ရေးနိုင်တော့မှာပါ... အားပေးလျက်

ဏီ(န်)ကင်း

မြစ်ကျိုးအင်း said...

ခံယူချက်လေးကို ဖတ်သွား ပါတယ်။
ဒီလိုပဲ ရောက်နိင်သလောက် ရှေ့ဆက်ကြတာ ပေါ့။

ခင်မင်သောအားဖြင့်....

ပွင့်မြုးဇင် said...

ဖတ်ကောင်းတဲ့ ကဗျာလေးတွေကို အမြဲတမ်းစောင့်စား အားပေးနေပါတယ်နော်...

Anonymous said...

ရေးချင်တာလေးတွေကို
လာအားပေးနေမယ်နော်..မမ

အင်ကြင်း said...

ဟုတ်တယ်နော်....မိုးခါးရေ...ဘလော့ဂါမဖြစ်ရရင်လည်းနေပါစေ၊ ကိုယ်ရေးချင်တာလေးတွေရေးနေခွင့်ရရင်ပဲကျေနပ်ပါပြီ

ညီညီ said...

မမိုးခါးကိုကျေးဇူးတင်ပါတယ်.။ ကျွန်တော်တို့ ကို ဘလော့ဂ်ပေါ်ဆွဲခေါ်ခဲ့တဲ့အတွက်။ ကျွန်တော်က မမိုးခါး ကို စုဘူးက စာအရေးကောင်းတဲ့ မမေသဲ အနေနဲ့ စသိခဲ့တာပါ။ အခုတော့ အဟဲ. ဘလော့ဂ်လောကမှာ ရှန်းရှန်းတောက်. မိုးခါး(ထာဝရကြယ်စင်) ဘလော့ဂ်ပိုင်ရှင်ပေါ့. :P ။
ဘာပဲဖြစ်ဖြစ်ပေါ့ ဒီဘလော့ဂ် ပေါ်ရောက်လာတော့ ကိုယ်ပိုင်ဆိုင်တာလေးတစ်ခု ရှိလာသလို သူငယ်ချင်းမိတ်ဆွေကောင်းတွေလည်း အများကြီးပိုင်ဆိုင်ခဲ့ရပါတယ်။ မမိုးခါး ရဲ့စာတွေကို လက်လှမ်းမှီသ၍ လာရောက်အားပေးနေပါကြောင်း.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဆောင်းနှင်းရွက် said...

လာဖတ်သွားတယ် ...း)

မိုးခါး said...

အမလေး
ညီညီတို့ကတော့ ငါ့ကိုအဆဲခံရအောင် ပို့သွားသေးတယ် .. :P

ညီညီ said...

မဟုတ်ရပါဘူးဗျာ.။ ကိုယ့်စိတ်ထဲရှိတာအမှန်အတိုင်းပြောတာပါ :P ။

သုခုမလေဒီ said...

ကိုယ့်စိတ်ထဲရှိတာတွေကို ဘလော့မှာသာဖော်ပြလို့ရတာ လေ။ တနည်းပြောရရင် ဘလော့ကလည်း ဒိုင်ယာရီလေး တစ်အုပ်လိုပါပဲ။ ဒါပေမယ့် အများလည်းဖတ်ခွင့်ရှိတယ် လေ။

Phyo Maw said...

နာမည်ရင်းတောင် မေ့နေပြီ။
အရင်တုန်းကလည်း ကိုမိုးခါး
ခုလည်း ကိုမိုးခါး
နောင်လည်း ကိုမိုးခါး =P

kaungkinpyar said...

ရေးပါ ရေးပါ...အစဉ်အမြဲ အားပေးလျှက်ပါ...း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...