Thursday, October 4, 2012

ဟိုရောက် ဒီရောက် (၈)


ပုံမှာ မြင်ရတာကတော့ ဟိုတရက် စိတ်ရူးထပြီး အလုပ်ချိန်ကြီး စားချင်လွန်းလို့ ဆင်းဝယ်စားထားတဲ့ အာလူးကြော်ပါ .. ဘေးနားကတော့ ကော်ဖီပေါ့နော် :P ဟော .. အာလူးကြော်ထုတ်အောက်မှာ ဂဏန်းရှိတယ်လေ .. အဲဒါက 4D ပေါ့ :D

ခုရက်ပိုင်း ကုန်သွားခဲ့တဲ့ အချိန်တချို့ကို ပြန်သတိရသလိုလိုဆိုတော့ သူငယ်များပြန်ချင်နေလား မသိပါဘူး :P စာကလည်း ရေးချင်ပေမယ့် အဆုံးပျောက်ပြီး အစကရှာမရလေ .. ဒါနဲ့ မဖြစ်ချေဘူးဆို ဖြစ်ညှစ်ရေးမယ်ပေါ့ .. အဲဒါလည်း အိပ်ချိန်ရောက်ခါနီးထိ ဘာမှ အကောင်ထည်မပေါ် .. ဒါနဲ့ မြန်မာပြည်ပြန်တုန်း သံတောင်ရောက်တုန်းက ပုံတွေနဲ့ မျက်နှာလုပ်မယ်စဉ်းစားတော့လည်း ပုံတွေ ရွေးဖို့ပျင်းနေပြန်ရော .. ပျင်းဆို ဖဘ က ဂိမ်းထဲ စိတ်ရောက်နေတာကိုး .. ဒီလိုနဲ့ နောက်ဆုံးတော့ တပုံတည်းနဲ့ပြီးမယ့် အာလူးကြော်နဲ့ ကော်ဖီကို ရွေးလိုက်ရတာပါပဲ .. (တကယ်ပါ စာရေးဖို့ အာရုံမရလို့ စိတ်ညစ်)

တကယ်တမ်း စားချင်နေတဲ့ အာလူးကြော်က ဟိုး အရင်တုန်းက တိုးတိုးအာလူးကြော် .. ကိုယ်တွေ ငယ်ငယ်က ကျစ်ကျစ်လေးနဲ့ အရသာရှိရှိလေးဟာ .. ငရုတ်သီးဖတ်နဲ့ အချို့မှုန့်တွေ အသီးလိုက် အဖတ်လိုက်ပါတဲ့ဟာ .. အာလူးသားထူထူလေးနဲ့ စပ်စပ်လေးဟာ .. ကော်ဖီဆိုရင်လည်း ဆုကော်ဖီလို ကြံ့ကော်ဖီလို ကော်ဖီကြမ်းကို သကြားနဲ့ နို့ဆီနဲ့ နှပ်ပြီး ဖျော်ထားတဲ့ဟာ .. အဲလိုလေးပေါ့ .. ဒါပေမယ့်လည်း ဘ၀ပေးအခြေအနေအရ နီးနီးနားနားက တွေ့တဲ့ အာလူးကြော်နဲ့ 3+1 coffee mix ပဲပေါ့လေ .. ခုတော့ အချိန်တွေလည်း ကြာခဲ့သလို တိုးတိုး အာလူးကြော်လည်း လုံးပါး ပါးလာလိုက်တာ အထုပ်ထဲ လေပဲ များနေတော့တာကိုး .. ဒီတော့လည်း လွမ်းရုံပေါ့ ..

ခုရက်ပိုင်း ဖဘမှာ ဂိမ်းတွေ ပြန်ဆော့ပစ်လိုက်တယ် .. ဖဘ တက်လိုက်တိုင်း စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေချည်းမို့ .. ကိုယ်မတတ်နိုင်တဲ့ ကိစ္စအတွက် မြင်နေ တွေ့နေရင် စိတ်ဆင်းရဲရုံအပြင်လည်း အများကြီး ပိုမထူးနိုင် .. အကြောင်းတွေ ရှိခဲ့လို့ အကျိုးတွေဖြစ်လာပြီပဲလေ .. လူသားတိုင်း ကိုယ်စီ စောင့်ထိန်းရမယ့် ဗြဟ္မစိုရ်တရားတွေ မရှိတော့တဲ့ ဆုတ်ကပ်ကြီးပဲ .. လူတွေ ပိုပျက်စီးလေ ကမ္ဘာကြီးလည်း တနေကထက်တနေ့ ပိုပျက်နေဦးမှာပါပဲ .. ဟိုလူမကောင်းဘူး ဒီလူ မကောင်းဘူး မပြောနဲ့ မဟုတ်ပါဘူး .. ပြောပါ .. မပြောခင်လေး တချက်စဉ်းစား .. ကိုယ်ရောပေါ့ .. ပြီးတော့ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေး .. ကိုယ်သာ သူ့နေရာဆိုရင် ဆိုပြီးတော့ပေါ့ .. ကိုယ့်ဘက်အပိုင်း အားလုံးရှင်းပြီဆိုရင်တော့ ပြဿနာရဲ့ ဇစ်မြစ်က ဘာလဲ .. အဲဒါကိုယ် သိပြီလား ထပ်မစဉ်းစားသင့်ဘူးလား .. ဇစ်မြစ်ကိုသိမှ ပြဿနာကို အမြစ်က လှန်နိုင်တော့မှာပေါ့ .. အကောင်းဆုံးအဖြေတခု ကိုယ့်မှာ မရှိပဲ သူများကို ပြစ်တင်တာတော့ မဖြစ်သင့်ဘူးလို့ ထင်မိတာပါပဲ .. ပြီးတော့ ခုနေမြင်နေရတဲ့ ကြုံသလို ၀င်ဆဲတတ်သူများကိုလည်း စိတ်ကုန်မိပါတယ် .. ကိုယ်တိုင်လည်း ကာယကံရှင်မဟုတ်ဘူး .. မျက်မြင်မဟုတ်ဘူး .. သတင်းလေးတက်လာရုံနဲ့ ဆဲလိုက်ဆိုလိုက်ကြတာ မိုးကို မွှန်ရော .. အဲလိုလူတွေ မြင်ရင်တော့ တခုပဲ အတွေးရောက်တယ် .. သြော် .. သူတို့ စိတ်ထွက်ပေါက် ရှာသွားကြတာပဲ လို့လေ ..

ကိုယ်သဘောကျတဲ့ ကိစ္စလေးတခုများ လုပ်ပြလိုက်ရင် .. အို အမလေးး နဲ့ ချစ်သွားကြတာ .. ချက်ချင်း .. ကိုယ်မကြိုက်တာလေး တခုလောက်လည်း မလုပ်လိုက်နဲ့ ဆဲလိုက်မှာ ရစရာကို မရှိတော့ဘူး .. တကယ်တမ်းတော့ ကိုယ်တွေက ကွန်ပျူတာလေးရှေ့မှာထိုင် ဆဲစရာတကွက်တွေ့ ဆဲလိုက် ၀မ်းနည်းစရာတခုတွေ့ ၀မ်းနည်းလိုက် .. ခဏပါပဲ .. မိနစ်ပိုင်း အလွန်ဆုံး နာရီပိုင်းပေါ့ .. ပြီးတော့ သူငယ်ချင်းနဲ့တွေ့ ဟီးဟီး ဟားဟား .. ဘာလဲကို မသိဘူး ..

အဲ .. အာလူးကြော် ကော်ဖီနဲ့ 4D ကနေ ဘယ်လိုလုပ် နိုင်ငံရေးတွေ ပါကုန်ပါလိမ့်နော် .. :D လွန်တာရှိရင် ၀န္တာမိပါ .. ဘာမှ မသိပဲ လျှောက်ရေးမိပါတယ် .. ရန်လည်း မဖြစ်ရဲပါဘူး .. အရှုံးလည်း အားလုံးကို ပေးထားပါတယ် .. အားလုံးကိုလည်း ကြောက်ပါတယ် .. :D

တခုပဲ ထပ်လျှာရှည်ချင်တာက .. လူမှာ မျက်စိနှစ်လုံး နားနှစ်ဖက် နှာခေါင်းနှစ်ပေါက်ပါပေမယ့် ပါးစပ်တပေါက်ပဲပါပါတယ် .. သဘောက များများကြည့် များများနားထောင် (နှစ်ဖက်လုံးနဲ့ နားထောင်) အသက်များများ ရှူပါ .. စကားကိုတော့ လျော့ပြောပါ တဲ့ .. ဖတ်ဖူးထားတာလေး ပြန်သတိရသွားအောင် သတိပေးတာပါ .. (လက်နှစ်ဖက်နဲ့မို့ ဖဘမှာ များများရိုက်တယ်လို့များ ပြောကြဦးမလား မသိဘူးနော် ..) အဲဒါဆိုလည်း လက်နှစ်ဖက် ခြေထောက် နှစ်ဖက်မို့ ဖြစ်နိုင်ရင် ကိုယ်လည်း စိတ်ရှိရင် လိုတဲ့နေရာကို အမြန်ဆုံး ရောက်အောင် သွားပြီး ရှိတဲ့လက်နှစ်ဖက်နဲ့ အလုပ်တွေ များများ လုပ်ပြလိုက်ကြစမ်းပါလို့ပဲ ကြောက်ကြောက်နဲ့ ပြောချင်ပါတယ် .. အားလုံးကို ကြောက်ပါတယ်နော် .. :D

4 comments:

Anonymous said...

တွေ့လား ..
ပေါ်ပြီ ..
အလုပ်မှာ တစ်နေ့ တစ်နေ့
အလုပ်မလုပ်ဘဲ စားသောက်နေတာ .. :P

ခင်မင်လျှက်
ဆောင်းနှင်းရွက်



mstint said...

ဖဘထဲဝင်လို့ ဂိမ်းဘက်ကို ဦးတည်လိုက်လို့ကတော့ တစ်နေ့တာအချိန်တွေ ဝါမြိုသွားလိုက်သလိုပဲ မိုးခါးရေ။ တီတင့်လည်း စာရေးပျင်းရင်ဂိမ်းကစားတယ်လေး))
သားနှစ်ယောက်လည်း တိုးတိုးအားလူးကြော်က သူတို့ရဲ့ ဖေးဖရိတ်ထဲမှာပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

တိုးတိုးလား.....ကြိုက်တယ်..ကြိုက်တယ်..အာလူးကြော်ဆို အကုန်ကြိုက်...တိုးတိုးကတော့ အကြိုက်ဆုံးပဲ
ခုမှ အကြိုက်တူတွေတွေ့ပြီ..ဂိမ်းတော့ မဆော့ဖြစ်တာကြာပြီ..တနေ့..တနေ့ ကိုယ့်အိမ်လေးပဲ
ကိုယ်စိတ်ရောက်နေတာ...:P
ခင်မင်လျက်...မိုးနတ်

Angelhlaing(May everybody be happy and healthy! said...

ရဘူးနော်မမ..ပြောတုန်းကပြောပြီး ဘာခုမှ ကြောက်ပါပြီလဲ... :P သွားဖွလိုက်မယ် ဖဘ မှာ...:)))

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...