Saturday, December 15, 2012

အဆုံးသတ်ပေးပါ .....

တော်ကြပါတော့
တိုက်နေကြတဲ့ စစ်တွေ ...။

တော်ကြပါတော့
ထားရှိနေတဲ့ အမုန်းတရားတွေ ...။

တော်ကြပါတော့
လွဲမှားနေတဲ့ နားလည်မှုတွေ ...။

တော်ကြပါတော့
ကြားခံနေတဲ့ တွေဝေခြင်းတွေ ...။

တော်ကြပါတော့
ကြီးမားနေတဲ့ အာဃာတတွေ ...။

တော်ကြပါတော့
မဆုံးနိုင်တဲ့ တုန့်ပြန်မှုတွေ ...။

တော်ကြပါတော့
ထောင်လွှားနေတဲ့ မာန်မာနတွေ ...။

တော်ကြပါတော့
ပြသနေတဲ့ အာဏာကြီးမှုတွေ ...။

တော်ကြပါတော့
ကြွားဝါနေတဲ့ မရှိခြင်းတွေ ...။

တော်ကြပါတော့ ...။
တော်ကြပါတော့ ...။
တော်ကြပါတော့ ...။

တချက်လေး နားစွင့်ကြည့်ပါ
မိဘမဲ့သွားတဲ့ ကလေးတွေရဲ့ ငိုကြွေးသံ ...။

တချက်လေး နားစွင့်ကြည့်ပါ
သားသမီးမဲ့သွားတဲ့ မိဘတွေရဲ့ ငိုရှိုက်သံ ...။

တခဏလေး ခံစားကြည့်ပါ
ဓါးစားခံ ဘ၀လေးတွေရဲ့ နာကြင်ငိုညည်းသံ ...။

တခဏလေး ခံစားကြည့်ပါ
မြေစာပင်လေးတွေရဲ့ အနင်းခံ ဘ၀ဒဏ် ...။

တချက်လေးပဲ တွေးကြည့်ပေးပါ
ကိုယ်သာ
သူတို့နေရာ
တခဏတာ ...။

ဘာအတွက် ရန်တွေဖြစ်ကြသလဲ
ဘာအတွက် နားလည်မှုတွေလွဲကြသလဲ
ဘာအတွက် မျက်ရည်ကျငိုကြွေးကြရသလဲ ...။

တချို့တွေအတွက်ကတော့
တိုတောင်းလွန်းတဲ့ လူ့ဘ၀ခဏတာဆိုတာကိုပဲ
ခက်ခဲပင်ပန်းလွန်းစွာ
မချိမဆန့်လွန်းစွာ
နာကြင်နုံးခွေလွန်းစွာ ...။

ကျေးဇူးပြုပြီး
နှလုံးသားနဲ့ ခံစား
မတရားမှုတွေကို အဆုံးသတ်ပေးပါ ...။

8 comments:

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ် အဆုံးသတ်ပေးသင့်တာ ကြာပြီ။
အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေလဲ ရပ်နားဖို့ အချိန် ရောက်နေပါပြီ။

ကောင်းလိုက်တဲ့ ကဗျာလေးနော်။


mstint said...

အမှန်လေးတွေမို့ ထပ်တူထပ်မျှ တောင်းဆိုသွားတယ် မိုးခါးရေ။ မတွေ့တာကြာပေါ့ အလုပ်များနေတယ်ထင်ပါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဇွန်မိုးစက် said...

ညီမရေ... အမှန်တရားတွေနဲ့ ဖော်ကျူးထားတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ကို အစ်မ သေချာခံစားပြီး ဖတ်သွားတယ်ဆိုတာ ယုံနော်။


ချစ်တဲ့
မဇွန်

Anonymous said...

တချက်လေးပဲ တွေးကြည့်ပေးပါ
ကိုယ်သာ
သူတို့နေရာ
တခဏတာ ...။
...........
...........
...........
ကျေးဇူးပြုပြီး
နှလုံးသားနဲ့ ခံစား
မတရားမှုတွေကို အဆုံးသတ်ပေးပါ ...။


ခံစားချက်တွေထပ်တူပါပဲ

(၇)ရက်သားသမီးများအားလုံးဘေးကင်းပြီးကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ...

သာယာချမ်းမြေ့ပါစေညီမရေ
မိုး

witch83 said...

တချက်လေးပဲ တွေးကြည့်ပေးပါ
ကိုယ်သာ
သူတို့နေရာ....
.......ကျေးဇူးပြုပြီး
နှလုံးသားနဲ့ ခံစား
မတရားမှုတွေကို အဆုံးသတ်ပေးပါ။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးခါးလိုဘဲ အဆုံးသတ်ပေးဖို့ ရင်ထဲက နှစ်နှစ်ကာကာ တောင်းဆိုမိပါတယ်။
စစ်ဖြစ်တဲ့နေရာမှာ ကြီးပြင်းလာသူတစ်ယောက်မို့ စစ်ဆိုတာကို မကြားချင်လောက်အောင်ဖြစ်မိပါတယ်။
ဒါပေမဲ့ ခုချိန်ထိ ရှောင်လွဲလို့ မရနိုင်တဲ့ မရပ်နိုင်တဲ့ စစ်ဖြစ်တဲ့နေရာမှာ မိသားစုကရှိနေခဲ့တယ်။
ကလေးတွေရော လူကြီးတွေပါ ကျီးလန့်စာစား.. တကယ်ကို သနားစရာပါ..

Angelhlaing(May everybody be happy and healthy! said...

ရပ်သင့်နေတာ ကြာပါပြီမမရေ... စစ်ဒဏ်ကြောင့် အရာရာ ပြိုကွဲပျက်စီးကုန်တဲ့ ဘဝတွေ ..နည်းမှမနည်းတော့တာ.. :(

စံပယ်ချို said...

ဟုတ်တယ်မိုးခါးရေ----အဲတာတွေအအဆုံးသတ်သင့်နေပါပြီနော်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...