Monday, May 25, 2020

ရယ်မောခြင်း ပျော် ရွှင်မှု ရာခိုင်နှုန်း

ရယ်ခြင်း ဘယ်နှစ် မျိုး ရှိမလဲ .. ဟာသကို ရယ်တယ် စိတ်မြူးလို့ ရယ်တယ် သစ်ရွက်လှုပ်လို့ ရယ်တယ် လှောင်ရယ်တယ် ရွဲ့ရယ်တယ် ရယ်ချင်ဟန် ဆောင်တယ် ..
ကျမတို့ လူတွေ ရယ်မော ခြင်းဘယ်နှစ်မျိုးနဲ့များ ရင်းနှီး ကျွမ်းဝင် ကြလဲ နော် .. ရယ်ရင်း နဲ့ မောသွားရတဲ့အထိ နှစ်နှစ်လိုလို တ နေ့ ကို ဘယ်နှစ် ခေါက်များ ရယ်ဖြစ်ကြလဲရှင် ..
ကျမ က တော့ ထင်မိတယ် .. စိတ် ပျော် နေ မှသာ ရယ် စရာကို ရယ်မိမှာလို့လေ .. စိတ်သာ မပျော်နေတဲ့အချိန် ဘေးနားက လူတွေ ဘယ်လို ပျော်စရာတွေ နဲ့ ရယ်မော နေပါစေ ကိုယ့်စိတ်ရဲ့ အလိုမကျမှုကြောင့် တပါး သူရယ်သံဟာ ကိုယ့် အတွက် အ နှောင့် ယှက် တောင် ဖြစ် နေနိုင်တာမလား .. အဓိက က တော့ ကိုယ့် စိတ် ပဲနော် .. ကိုယ့် စိတ် ကျန်းမာဖို့လဲ ကိုယ့်မှာပဲ တာဝန် အပြည့် ရှိတာမဟုတ်ပါလား ..
ကျမက တော့ ဒီနှစ်ပိုင်းတွေ ပျော်ရွှင်ချိန် တွေ များတယ်ရှင့် .. ပျော်စရာတွေ များ နေလို့လား ဆိုတော့ စဉ်းစားကြည့် တာ မဟုတ်ဘူးနော် .. အရာ အားလုံးက ပုံမှန်ရယ် .. ပိုထူးခြားပျော်စရာ ရယ်လဲ မရှိရပါဘူး .. ဒါပေမယ့်လေ ကိုယ့်စိတ်ကိုယ် ပြောင်းလဲ ပြုပြင်မိလိုက်တဲ့အခါ အရာတော် တော်များများက နှစ်လိုဖွယ် ဖြစ် ချစ်ခင်စရာ ဖြစ် အ တွေးလေးတွေကလဲ ပျော်စရာတွေ ဖြစ်ရပါတယ် .. ကိုယ့်ရဲ့ စိတ်အင်အားကိုလဲ အနှုတ်ဘက်မှာ တာရှည် မ နေ စေပဲ အ ပေါင်း ဘက် ကို ဆွဲခေါ် နိုင် လေ လေ ကိုယ့်စိတ် သဘောလေးကလဲ ရွှင်မြူးသာယာနေ တော့တာပါပဲ ..
ကမ္ဘာကြီး သာယာဖို့ ကိုယ့် လုပ်ပိုင် ခွင့် နည်းနေ သေး တောင်မှ ကိုယ့် အနီးနား ဝန်းကျင်က သူတွေ စိတ်ချမ်းသာ ပျော်ရွှင်ဖို့ ကျမတို့ လုပ်နိုင် နေ သေး တယ် နော် .. ခန လေး နေရင် တောင် ဘာ ဖြစ်မယ် မသိ နိုင် တဲ့ ဘဝကြီးမှာ ကျမတို့ အားလုံး နေထိုင် ကြပါတယ် .. တ ယောက် နဲ့ တ ယောက် တူတူ ရယ် မော ကြရင်း ပျော်စရာ ရာခိုင်နှုန်းတွေ နေ့စဉ် များနေဖို့ တူတူ လေ့ကျင့်ကြရ အောင်ပါ .. ချစ်စရာ ပတ်ဝန်းကျင်က အရာလေးတွေ ကို တူတူ ရေတွက် ကြရင်းလေ .. ကျမ ဝန်းကျင်မှာလား ..
အိပ်ရာက နေ နေ့စဉ် အေးအေး ချမ်း ချမ်း နိုးထရတယ်
အခန်းထဲက အပင် လေးတွေ စိမ်း မြ ရှင်သန် နေတယ်
အခန်းပြင်ကို ပြူတင်းပေါက်က ကြည့်လိုက်ရင် စိမ်း စို နေတဲ့ သစ်ပင် တွေ မြင်ရတယ် ငှက် လေး တွေ မြင်ရတယ်
နေ ရောင်သာ တဲ့နေ့တွေ မှာ ကိုယ့် အသုံးဆောင် တွေကို နေပြ လို့ ရတယ်
မိုးအုံ့ မိုးရွာရင် အေးချမ်းနေလို့ နေလို့ အရမ်းကောင်းတယ်
မိဘ တွေ ကျန်းမာ နေလို့ အရမ်းဝမ်းသာစရာ ကောင်းတယ်
ကိုယ့် ချစ်ရ သူ တွေ နဲ့ ကိုယ်တိုင် ကျန်းမာနေလို့ ပျော်စရာကောင်း တယ်
အများကြီးပဲ ချစ်စရာတွေ ရေတွက်စရာ ရှိနေ သေးလို့ အရမ်း ပျော်စရာကောင်းတာပဲ
ဒီစာ ဖတ်ပြီးသွားသူတွေ ဆက်လက် ရေတွက် ပေး ကြပါနော် ..
ခုလို ပျော်စရာတွေ ရေတွက် တတ်ဖို့ လေ့ကျင့်ပေးတဲ့ ဆရာတွေအားလုံးကို ဦး ညွှတ်ပါတယ်ရှင် .. <3
မိုးခါး

No comments:

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...