ကျန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကိုယ့်ရဲ့ပြောင်းလဲမှု တိုးတက်မှုနဲ့ ရှေ့လျောက် ကိုယ့်ဘဝ ခရီးအကြောင်းတွေ sharing လုပ်ဖို့ ဒီပေချ့်လေးကို ပြန် အသက်သွင်းဖြစ်ပါတယ်။
Friday, December 15, 2023
My Life Update
Thursday, April 13, 2023
ကျေးဇူးတင်တဲ့စိတ်
ဒီနေ့ ငယ်တုန်းက ကိုယ့်ကို ထိန်းပေးခဲ့တဲ့ အဒေါ် အမေ့ ညီမက ကိုယ့်ကိုလာပြီး ကိုယ့်အဖေအမေက စလို့ ကိုယ့်ကိုပါ ကျေးဇူးတင် အမှတ်ရနေကြောင်း လာပြောတယ် .. အဲဒီ အချိန်မှာ ခံစားလိုက်ရတာက ရင်ထဲ နွေးသွားတဲ့ ခံစားမှုပဲ .. ကိုယ်ကလဲ တပြန် ငယ်တုန်းက ထိန်းကျောင်းပေးခဲ့ ချစ်ခင်ပေးခဲ့တာတွေ အတွက် ကျေးဇူးသိပ်တင်ကြောင်းနဲ့ အဖေနဲ့ အမေ ကိုဗစ် ဒဏ်ခံရတုန်းက အဒေါ် နဲ့ ညီအစ်မတွေ မိသားစုက ကြည့်ရှု စောင့်ရှောက်ကူညီပေးခဲ့တာတွေကို အမြဲ သတိရ ကျေးဇူးတင်နေကြောင်း အပြန်အလှန် ပြော ဖြစ်ကြတယ် .. သိပ်ကို ကြည်နူးကျေနပ် စရာကောင်းတဲ့ ခံစားချက်ပဲ .. မြန်မာနှစ်သစ်ကူးမှာ ကြည်နူးစရာတွေနဲ့ ကြိုဆိုလိုက်ပါတယ် ..
အဲဒီကနေ ဆက်စပ်တွေးမိတာက ကျေးဇူးတင်စိတ်နဲ့နေရတာ ကောင်းလိုက်တာပေါ့ .. ကျေးဇူးတရားတွေကို တစိမ့်စိမ့် တွေးရင် ကြည်နူးလာရတာ ..
တကယ်တမ်းစဥ်းစားကြည့်တော့လဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စရာတွေများလိုက်တာ .. အနီးအဝေးလူပုဂ္ဂိုလ်တွေ မိသားစု, ဆွေမျိုးသားချင်းတွေ, သူငယ်ချင်း မိတ်ဆွေတွေ, ဆရာတွေ ဒါတွေက ကိုယ်နဲ့ လူချင်း ပေါင်းသင်းဆက်ဆံကြပြီး ကျေးဇူးတင်ရတာ .. ခုဆို အွန်လိုင်းကနေ သင်ဆရာ မြင်ဆရာတွေ ပါရှိလာပါရော .. အဲလို ကမ္ဘာကို ကွန်ပျူတာကနေ ပတ်ပြီး သင်တန်းတွေ သင်ခွင့်ရတာ, ဘွဲ့ ဒီဂရီတွေ ယူခွင့်ရတဲ့ အခြေအနေကလဲ ကျေးဇူးတင်စရာ .. အဲလို လွယ်လွယ်လေး သင်ခွင့်ရဖို့ ပစ္စည်းတွေ application တွေ ရှိနေတာ တီထွင်ပေးကြ ထုတ်လုပ်ပေးကြသူတွေကလဲ ကျေးဇူးတင်စရာ .. အဲဒီ ပစ္စည်းတွေနဲ့ပဲ ကမ္ဘာအနှံ့ရောက်နေတဲ့ ချစ်ခင်ရသူတွေဆို ဆက်သွယ်ခွင့် မြင်တွေ့ခွင့်ရတာလဲ ကျေးဇူးတင်စရာ .. ခွေးလေး ကြောင်လေးတွေက အစ သစ်ပင်တွေအပါ သဘာဝ လောကကြီးကိုလဲ ကိုယ့်စိတ်ငြိမ်းချမ်းရာတွေ ခံစားမိစေလို့ ကျေးဇူးတင်ရပြန်တာ ..
မိဘတွေ မောင်နှမ သားချင်းတွေ ကျန်းမာနေတာ .. သူငယ်ချင်း မိတ်ဆွေ ကောင်းတွေ ရှိနေတာ .. ချစ်ရတဲ့ မိသားစုနဲ့ အတူရှိနေခွင့်ရတာ .. ကိုယ့် အပေါ် ချစ်ခင်ကြသူတွေ ပေါများတာ .. အိုး .. အသက်ရှုတိုင်း ကျေးဇူးတင်စရာတွေ ပြည့်နေတာပဲ .. အထူးသဖြင့် ကျေးဇူးတင်တတ်တဲ့စိတ်ကို ထားတတ်အောင် သင်ကြားပေးတဲ့ ဆရာတွေကိုလဲ သိပ်ကျေးဇူးတင်ရတာပါပဲ .. ကျေးဇူးဆိုတာ စိတ်ထဲ ဒီတိုင်း တင်နေရတာထက် ကာယကံရှင် ကို ကိုယ်တိုင် ဖွင့်ဟ ကျေးဇူးတင်ရတာ ၂ဦး၂ဖက်လုံးအတွက် အင်အားတွေ ပေးစေလို့ ထုတ်ဖော် ကျေးဇူးတင်ကြပါလို့ ဒီပို့စ်လေးနဲ့ တိုက်တွန်းချင်ပါတယ်ရှင် .. ကိုယ်လဲ ခုထက်ပိုပြီး ကျေးဇူးတရားတွေ ဆင်ခြင်ရင်း ထုတ်ဖော် ပြောသွားမယ်လို့ ဆုံးဖြတ်ထားပါတယ် ..
နှစ်သစ်မှာ ကျေးဇူးတရားနဲ့ နားလည်မှုတွေ ပိုမိုထားရှိနိုင်ကြပါစေ ..
Friday, March 24, 2023
လနဲ့ ကြယ် နီးတဲ့ နေ့ (၂၄-၃-၂၃)
ဒီနေ့ သောကြာကြယ် Venus နဲ့ လတို့ ကောင်းကင်မှာ တော်တော် နီးစပ် နီးကပ်နေကြောင်း လူအများကြီး ရှဲကြတယ် .. အဲထဲမှာ ဘယ်လိုထပ်တွေ့ရလဲဆိုရင် တချို့က ကောင်းသော အပြောင်းလဲ ကောင်းသော အရာတွေ လာနေပြီ ရှေ့မှာ ကြိုနေပီလို့ ဆိုကြပြီး တချို့ကျ ဒါ မကောင်းတာ ပျက်စီးရာတခုခု ဖြစ်တော့မယ့် နိမိတ်လို့ ဆိုကြပြန်တယ် .. အဲလိုတွေ မြင်ပြီး ကိုယ့်စိတ်ထဲ ဖြစ်လာတာကတော့ ကိုယ်ကြိုဆိုနေတဲ့ အရာတွေ ရှေ့မှာ စောင့်နေမှာပဲ ဒါကြောင့် ကိုယ့်စိတ်ကို ကောင်းသော အတွေး အမြင် ဝန်းကျင်မှာ ရှိနေမှပဲ ဆိုတဲ့ သတိရစေတယ် .. ပြီးတော့ ဒီနှစ်ပိုင်းတွေထဲ လုပ်မိတဲ့ အလေ့အကျင့်တွေ အရ လဲ ကိုယ့်စိတ်ရဲ့ ထူးဆန်းပုံတွေကို သတိထားမိလာတယ် .. ကိုယ့်စိတ်ထဲ ရှေ့မှာ ကောင်းခြင်းတွေပဲလို့ ယုံကြည်ထားတဲ့သူအတွက် သူ့စိတ်ဟာ ကြည်နူးတက်ကြွနေမယ် .. ဒါဟာကောင်းတဲ့ frequency မှာ ရှိနေတဲ့သဘောမို့ ကောင်းသော အရာတွေကို ဆွဲဆောင်ပြီး ဖြစ်နေတယ် .. ဒုက္ခတွေတော့ ဖြစ်တော့မယ်လို့ တွေးမိသူတွေအတွက်ကျ ပူပန်သောကတွေများတဲ့ စိတ်ဖြစ်နေတဲ့အတွက် အကျိုးမပြုတဲ့ အရာတွေကို အလိုလို ဆွဲဆောင်မိပြီး ဖြစ်နေပြန်တယ် .. ဘယ်အရာကို ရွေးချယ်မယ်ဆိုတာ ကိုယ်စီရွေးချယ်ခွင့်ပါပဲ ..
ကျမတို့က ကိုယ်တိုင်ကစလို့ ပြုပြင် ပြင်ဆင်ပြီးမှ တပါးသူကို ကူညီနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့်စိတ်အင်အားကို အားကောင်းနေအောင် အရင်လုပ်ဖို့လိုအပ်ပါတယ် .. သူများကို ကူချင်ရင် ကိုယ်တိုင်က အရင် သန်မာနေရပါမယ် .. အဲဒီကနေတဆင့် ကိုယ့် မိသားစု အသိုင်းဝိုင်း ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်ကို ချဲ့ထွင်ကူညီနိုင်မှာ ဖြစ်တယ် .. ကိုယ့် ကိုယ်နဲ့စိတ် အခြေနေ မြင့်နေမှ တပါးသူကို ဆွဲတင်နိုင်မှာ ဖြစ်ပြီး ကိုယ်မသန်မာရင် သူများဆွဲချတာ ခံရနိုင်သလို အောက်ကို ပြုတ်ကျသွားနိုင်ပါတယ် ..
ကျမတို့ ချစ်တဲ့ ဝန်းကျင်က သူတွေကို ကူညီနိုင်ဖို့ ကိုယ့်ကို အရင် ကုစားကြရအောင် .. ကိုယ့်အတွေးတွေကို ကောင်းသော ပြောင်းလဲခြင်းတွေဆီပဲ စိတ်နှစ်ထားပြီး နိုင်တဲ့တာဝန်ကို အစွမ်းကုန် ထမ်းကြရအောင် ..
"ဘယ်အရာကို ရွေးချယ်မယ်ဆိုတာ ကိုယ်စီရွေးချယ်ခွင့်ပါပဲ .."