Monday, March 15, 2010

မိုးခါး အကြိုက်

ကော်ဖီ

ကော်ဖီကို စွဲစွဲလန်းလန်း သောက်ဖြစ်နေတာ ကြာခဲ့ပြီ .. အချိန်အားတိုင်း .. စိတ်ကူးပေါက်တိုင်း .. သတိရတိုင်း ကော်ဖီကို သောက်ဖြစ်တယ် .. (သတိရတိုင်းဆိုတာ တခြားမတွေးပါနဲ့ .. ကော်ဖီသောက်ဖို့ သတိရတာကို ဆိုလိုတာပါ .. :D .. ဒီတိုင်း သတိရတတ်တဲ့သူကတော့ ကော်ဖီကို မစွဲလန်းသလို သောက်လေ့ သောက်ထလည်း မရှိပါဘူး .. ဤကား ကြော်ငြာ :P)

ကော်ဖီကို အိမ်က ဖေကြီးတို့မေကြီးတို့ကလည်း သောက်တတ်တော့ ငယ်ငယ်တည်းက သောက်ဖြစ် သောက်တတ်ခဲ့ပါတယ် .. ကော်ဖီသောက်ပြီး အိပ်မပျော်ခြင်းအဖြစ်ကိုလည်း မကြုံတွေ့ဘူးလို့ စာမေးပွဲရက်တွင်းမှာတောင် ကော်ဖီ သောက်ကောင်း အိပ်ကောင်း ဖြစ်ခဲ့ပါတယ် ..

ကော်ဖီကို ဘာလို့ ကြိုက်လဲ .. ကျမအတွက် ကော်ဖီက ကိုယ် ချိုချင်ရင် ချိုတဲ့အရသာ ပေါ်အောင် ဖျော်နိုင်သလို ခါးချင်ရင်လည်း ခါးတဲ့အရသာ ပေါ်အောင် ဖျော်ပြီး စိတ်ကြိုက် သောက်နိုင်ပါတယ် .. တခါတလေ အချိုလွန်ပြီး ပျက်သွားတဲ့အခါ သွန်ပစ်လိုက်ရုံကလွဲပြီး တခြားဆိုးကျိုးလည်း မပေးပါဘူး .. ခါးသက်တဲ့ အရသာကို မနှစ်သက်ပေမယ့် တခါတလေ ခါးသက်သက်အရသာကလည်း ကျမကို ဆွဲဆောင်တတ်ပါသေးတယ် ..

စာအုပ်စာတမ်း လှလှလေးများ .. ဘောလ်ပင် ရောင်စုံ လှလှလေးများ ..

စာအုပ်လှလှလေးတွေ ဘောလ်ပင်ရောင်စုံလေးတွေ မြင်ရင် ကျမစိတ်က ၀ယ်ချင်တဲ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ် .. ဒါကလည်း ငယ်တည်းက ကျမ အကျင့် တခုပါပဲ ..

ကျောင်းတက်တုန်းကတော့ စာအုပ်လှလှလေးတွေမှာ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ ရေးကူးတတ်တယ် .. ရောင်စုံတွေနဲ့လည်း ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်ပေါ့ .. လက်ရေးကတော့ မလှပါဘူး .. :P

နောက် .. ကျမမှာ ရင်ဖွင့်ဖော် သူငယ်ချင်း မရှိပေမယ့် စာအုပ်လှလှလေးတွေမှာ စိတ်ချ လက်ချ ရင်ဖွင့်နိုင်ပါတယ် .. သူက နှုတ်လုံတယ် .. သူတပါး မသိစေချင်တဲ့ကိစ္စကို ကျမခွင့်ပြုချက် မရပဲ ဘယ်သူမှ မသိစေရဘူး .. ဒါပေမယ့် ကျမ ဘေးနားက စာအုပ် လှလှလေးတွေက စုတ်ပြတ်သတ်နေတတ်တယ် .. အဖုံးသာလှပြီး အထဲကစာရွက်တွေကတော့ အမြဲတမ်း စုတ်ဖြဲ ခံရတတ်တယ် ..

ကွန်ပျူတာ

ကွန်ပျူတာကတော့ ကျမအတွက် မရှိမဖြစ်ကို လိုအပ်တဲ့ အရာပါပဲ .. ကွန်ပျူတာနဲ့အတူ တွဲရက်လိုအပ်တာကတော့ အင်တာနက်ပေါ့ .. ခုလို စာတွေရေးဖို့ သူငယ်ချင်းတွေနဲ့ စကားပြောဖို့ .. အလုပ်ချိန်မှာ ပျင်းရင် သူငယ်ချင်းတွေကို လှမ်းနားပူဖို့ .. အင်တာနက်က မရှိမဖြစ်ပါ ..

သီချင်း

သီချင်းတွေကို အရမ်းကြိုက်ပါတယ် .. တခါတလေ ကိုယ်လွမ်းတဲ့အချိန် သူက လိုက်လွမ်းပေးတယ် .. ကိုယ်စိတ်ညစ်တဲ့အချိန် အတူလိုက်ပြီး ပေါက်ကွဲပေးတတ်သလို တခါတလေ စိတ်ဖြေဆေး တခုလိုပဲ .. သီချင်းတွေကလည်း ကျမအတွက် မရှိမဖြစ်တခုပါပဲ ..

ဒီလိုတွေးလိုက်တော့လည်း ကျမမှာ အဖော်တွေ များမှ များပဲ .. ကျမအနားမှာ တခုမဟုတ်တခု (သို့မဟုတ်) အားလုံးက ရှိနေခဲ့တယ် ..

မဇွန်တဂ်တဲ့ တဂ်ပို့စ်လေးပါ .. မိုးခါး အကြိုက်တွေ များလွန်းလို့ ခုချက်ချင်း ပေါ်လာတဲ့ အကြိုက်တွေကို စာစီရေးလိုက်ပါတယ် .. မကြိုက်တာတွေလည်း များမှ များပါပဲ .. :D ရေးတာ နောက်ကျလို့ စိတ်မဆိုးဘူး ထင်ပါတယ် ..း)) စိတ်ဆိုးနဲ့နော် ..း)) အရှုပ်တွေ များလွန်းနေလို့ပါ .. :D

21 comments:

သူကြီးမင်း (တုံးဖလား) said...

ကော်ဖီကြိုက်တာနဲ့ ကွန်ပျူတာအင်တာနက်ကြိုက်တာ တူသွားပြီ။
ကြိုက်စရာတွေတွေ့ရင် ကြိုက်တတ်ကြတာသဘာဝပေမဲ့ ညီမမိုးခါးရဲ့ ပိုကြိုက်တတ်တဲ့အရာတွေထဲက အချို့ ကို သိသွားပြီ။

ပျော်ရွှင်ပါစေ။

လင်းကြယ်ဖြူ said...

ကိုယ်ကြိုက်တဲ့ ဟာလေးတွေနဲ့ နေရတော့
ကောင်းတာပေါ့ဗျာ...း )
စိတ်အာဟာရ တစ်ခုပါပဲနော...
ပျော်ပါစေ
*.*.*

ရေတမာ said...

သြော် ကြော်ငြာ ကြော်ငြားP (ဒီမှာလည်း မလွတ်ဘူးနော်)
စာရွက်တွေက ဘာလို့ စုတ်ဖြဲ ခံရတာလဲ

ဒဏ္ဍာရီ said...

ဟုတ်တယ် ညီမလေးရေ...... မမနွယ်ဆိုရင် ကော်ဖီမသောက်ရရင် ခေါင်းကိုက်လာ သလိုလို စိတ်တို သလိုလို ဖြစ်လာတယ်။း) အရမ်းကြိုက်တာကိုးးး ညီမလေးနဲ့ အကြိုက်ချင်းတူတယ်။

ခင်မင်လေးစားလျှက်

ဇွန်မိုးစက် said...

နောက်ကျလို့ စိတ်မဆိုးပါဘူး...မိုးခါးရေ။ ညီမလေး အလုပ်တွေ ရှုပ်နေမယ်ဆိုတာ မဇွန်သိတယ်။ အရှုပ်တွေကြားထဲက ရေးပေးလို့ ကျေးဇူးတင်ပါတယ်။

အကြိုက်လေးတွေ မှတ်ထားလိုက်ပြီနော်။း)

Anonymous said...

အရေးထဲ ကြော်ငြာကပါသေးတယ် မြန်မာ့အသံ အယ် မမိုးခါးရယ် . . . . . သိပ်မသောက်နဲ့ဟ နှလုံးအထူးကုနဲ့ ဆက်သွယ်နေရမယ်

chocothazin said...

ဒီမယ် ငါ့ကို ကော်ဖီအကြောင်းလာမပြောနဲ့။

ငါကော်ဖီဖြတ်လိုက်ပြီ။

ငါ ကော်ဖီမသောက်တာ သဘက်ခါဆို ၂ ရက်ပြည့်ပြီ။

သံလွင် HeRo said...

မိုးခါးရေ...ဘာကြိုက်... စူပါကြိုက်း)

noblemoe said...

ညီမရေ ကော်ဖီသောက်တာလည်းသောက်ပေါ့ 
သတိရတိုင်းလည်းမသောက်နဲ့ (ကော်ဖီကိုပြောတာနော်)
းp
အမကတော့ ကော်ဖီအရမ်းကြိုက်တယ် ဒါပေမဲ့  ဆိုးကျိုးလေး ခံစားလာလို့  တစ်နေ့ တစ်ကြိမ်လောက်ပဲ
သောက်ဖြစ်တော့ တယ်။ဒီမှာနှလုံးရောဂါဖြစ်ရင် ရှာတာနဲ့ ကာမိမှာမဟုတ်ဖူးလေ။ကော်ဖီက နှလုံးကိုထိခိုက်တာတော့ သေချာတယ် နော်ညီမ လျှော့ သောက်စေချင်တယ် ဖြစ်နိုင်ရင်ပေါ့ လေ ................
ညီမ ဘဝ တစ်လျှောက်လုံး သာယာချမ်းမြေ့ပါစေနော်
မိုး

ကာရံဆူး said...

ကော်ဖီကို ကြိုက်ပေမဲ့ မတည့်လို့ မသောက်ရပါ... သောက်နိုင်တဲ့ သူတွေကို အားကျပါတယ်..

ဏီလင်းညို said...

ညီမလေးရေ.....
အကြိုက်တွေသိရတော့ မကြိုက်တာတွေကိုစပ်စုချင်လာရော.....း))
ကဲ ဘာတွေမကြိုက်တုန်းဟ.........း))
ခင်မင်တဲ့
ဏီလင်းညို

ချိုကျ said...

geoje ကျွန်းကိုတော့ ၂၁ရက်လောက်ရောက်ခဲ့ပါ၏ အဲဒီတုန်းက သိမှသိဘဲကို။သိရင်တော့ ကော်ဖီတောင်းသောက်မိမလားပဲ..:)

ရွှေရတုမှတ်တမ်း said...

လူကမိုးခါး...ကော်ဖီကလဲခါးခါးလား

Mogok Thar said...

ကော်ဖီ
စာအုပ်
သီချင်း.....

ပိုးဟပ်လေး said...

ဟားဟား ပိုးဟပ်ကတော့ ကော်ကော် ကြိုက်ဘူး
၁၀ တန်း စာမေးပွဲဖြေခါနီးတုန်းက အမေက သားမအိပ်ချင်အောင် ဆိုပြီး ကော်ဖီကို မက်ခွက်ကြီးနဲ့ ဖျော်လာပေးတယ်.. ၁၁ နာရီ ကျော်ကျော်လေးပဲရှိတယ်
မျက်လုံးက စင်းလာတာနဲ့ အိပ်တာ ပျော်တာပဲ :D

ပိုးဟပ်လေး said...

ဟားဟား ပိုးဟပ်ကတော့ ကော်ကော် ကြိုက်ဘူး
၁၀ တန်း စာမေးပွဲဖြေခါနီးတုန်းက အမေက သားမအိပ်ချင်အောင် ဆိုပြီး ကော်ဖီကို မက်ခွက်ကြီးနဲ့ ဖျော်လာပေးတယ်.. ၁၁ နာရီ ကျော်ကျော်လေးပဲရှိတယ်
မျက်လုံးက စင်းလာတာနဲ့ အိပ်တာ ပျော်တာပဲ :D

flowerpoem said...

ကော်ဖီအကြိုက်တူတယ် ခါး၂ရေ

ကြယ်ပြာ said...

ကော်ဖီကြိုက်တာ တော်တော် တူကြတယ်နော် ... အစ်မလဲ ကော်ဖီကြိုက်တယ် ...း)

လင်းဦး(စိတ်ပညာ) said...

တစ်နေ့ ၁၃ ခွက်သောက်ပါတယ်..
အကြိုက်ချင်း တူပါတယ်... ရောဂါဖြစ်လာတာမို့ အခုနောက်ပိုင်း လျှော့သောက်နေပါတယ်...

မြရေလျဉ် said...

ငါ့ကို အချိန်တိုင်းသတိရတယ်လား
ငါလဲကော်ဖီမသောက်ဘူးလေ..

အဟက်
......:D

မိုးခါးအကြိုက် ဆိုလို့ မွန်းလိုက်လားလို့...ခွိခွိ..

ကိုလူထွေး said...

ရင်ဖွင့်ချင်တာရှိရင် ဘလော့ပေါ်သာတင်လိုက်ပါ
သူလည်း နှုတ်လုံပါတယ်လေ...

းဝ)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...