Thursday, March 25, 2010

ဒိုင်ယာရီ တအုပ်

ပျော်ရွှင်မှုတွေ ခြုံလွှမ်းဘူးတဲ့
ဒီ စာမျက်နှာတွေ
အလွမ်း တရွက်
အဆွေး တရွက်
တဖျတ်ဖျတ်နဲ့ လေအဟုန်မှာ လွင့်မျော
ဒါတွေက တကယ် အတိတ်တဲ့

အတိတ်ရဲ့ ပုံရိပ်တွေမှာ
မြက်ခင်းစိမ်းနဲ့ ထိုင်ခုံလေး နှစ်ခုပါတယ်
စမ်းချောင်းလေး ကွေ့ကွေ့ ကောက်ကောက်စီးတယ်
သာယာချိုမြိန်ဖွယ် ရယ်သံတချို့ စွက်တယ်
စာတိုက်ပုံးလေးလည်း မအိပ်ရဘူးတဲ့

ပြောင်းလဲခြင်း စာမျက်နှာအလယ်မှာ
ငိုသံတချို့နဲ့ မျက်ရည်စ တချို့အလည်လာတယ်
ဒေါသသံတွေနဲ့ တံခါးပိတ်သံ ကြမ်းကြမ်း တချို့
တချို့စာမျက်နှာတွေက အနားသတ်တွေ စုတ်ပြဲလို့

နောက်ဆုံးရဲ့ ရှေ့တရွက်မှာ
တည်ငြိမ်တဲ့ အပြုံးတ၀က် စူးစမ်းခြင်းတ၀က်
သံယောဇဉ် တစ နာကျင်ခြင်း တစ
နှမြောတသခြင်းတွေကို မာနတစုံနဲ့ ဖုံးတယ်

နောက်ဆုံးစာမျက်နှာကိုရောက်ပြီ
ဒါက ဒီစာအုပ်ရဲ့ အဆုံးသတ်
ဟန်ဆောင်ခြင်းကင်းကင်းနဲ့
အဖြူထည် သက်သက် ဖြစ်ဖို့
တစုံတခုမှ မရေးခြစ်မိအောင် ကြိုးစားမှ ထင်တယ်

စိတ်ကူးလေးပါ .. ဘ၀တခုက ဒိုင်ယာရီတအုပ်ဆိုရင် စာအုပ်ထဲက တမ်းတစရာတွေကို ရှာဖွေ တမ်းတပြီး ရေးလိုက်ပါတယ် ..း) တချို့အတွက်ကတော့ ဇာတ်လမ်းတပုဒ် ဒိုင်ယာရီ တအုပ်လည်း ဖြစ်နိုင်ပါသေးတယ် .. ကိုယ်တိုင် စာအုပ်ရဲ့ နောက်ဆုံးစာရွက်ကို ရေးရတော့မယ့်အချိန် ရောက်လာခဲ့ရင် ... "The End" ဆိုပြီးတော့သာ ပိတ်လိုက်ပါတော့မယ် .. :D

17 comments:

ဆောင်းနှင်းရွက် said...

ဘ၀ ဆိုတာ
ငိုလိုက်ကြ ၊
ပျော်လိုက်ကြ ၊
နောက်လိုက်ကြ ၊
ရယ်လိုက်ကြ ၊
ချစ်လိုက်ကြ ၊
မုန်းလိုက်ကြ ၊
အလွမ်းတွေ ရော ၊ အဆွေးတွေရော
အို ....
ရသ မျိုးစုံ နဲ့ပေါ့ ...
နောက်ဆုံးတော့လည်းးးးးး

ပို့စ်က ထပ်ထပ်ဖတ်လေ
တရားသဘော လေးတွေ ပါနေသလိုပဲ ..

kaungkinpyar said...

တရား သဘောတွေ ပါတာပေါ့....ည ည ဆို တရားတွေဖွင့်ဖွင့် အိပ်တာကိုးးးးးး

း)
The End လို့ မရေးပဲ Fini လို့ ရေးလိုက်ပါ မီး ရေ...

Sein Lyan Tun said...

အကိုကြီး နောက်တစ်အုပ်ထပ်ပေးမယ်လေ...

ဆက်ရန်ကျန်ရှိပေါ့...


ဘာဖြစ်ဖြစ် နောက်ဆုံးစာရွက်မှာ စွန်းရာ ခြစ်ရာ မပါပဲ အဖြူထည်သက်သက်ဖြစ်နေပါစေ။

ဖြူစင်စွာနဲ့ အဆုံးသတ်ပါစေပေါ့။

တောင်ပေါ်သား said...

နောက်ဆုံး စာမျက်နှာလေးက ကောင်းမွန်ခြင်းများနဲ့ အဆုံးသတ် ပြီးဆုံးရမယ်ဆိုရင်တော့ ရေးထိုးမိမှာ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲ့လို ရေးထိုးချင်တဲ့လူတွေအတွက် စာရွက်လေးဖြစ်ရတာပဲ အကျိုးရှိနေပါပီဗျာ


လေးစားလျက်
တောင်ပေါ်သား

Phyo Maw said...

တရားသဘောတွေရလို့ လူဝတ်ကြောင်စွန့်တော့မယ်ဆိုရင် အားပေးဒယ် =D

Mogok Thar said...

"The END" ဆိုပီး ပိတ်လိုက်မှာလား...။
လက်မှတ်လေးတောင် နောက်ဆုံးစာမျက်နှာမှာ မထိုးတော့ဘူးလားးးးးးးးးးးး ဗျ...။

“နောက်ဆုံးရဲ့ ရှေ့တရွက်မှာ
တည်ငြိမ်တဲ့ အပြုံးတ၀က် စူးစမ်းခြင်းတ၀က်
သံယောဇဉ် တစ နာကျင်ခြင်း တစ
နှမြောတသခြင်းတွေကို မာနတစုံနဲ့ ဖုံးတယ်” ... တဲ့

ဟင့်အင်း....
အကိုကတော့ ညီမလေးရဲ့ အဲဒီ နောက်ဆုံးရှေ့တစ်ရွက်မှာ...
ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ အကြင်နာသံယောဇဉ်တွေ..
တည်ကြည်ငြိမ်သက်တဲ့ နောက်ပြီး လွတ်လပ်ပျော်ရွှင်နေတဲ့ ရယ်သံလွင်လွင်တွေ....
နောက်ပြီး ဟန်ဆောင်မှုမဲ့ မာနကင်းတဲ့.. သက်တန့်ဖြာလင်း ဘဝပန်းခင်းတွေနဲ့သာ...
အဆုံးသတ်စေချင်ပါတယ်...

ဒဏ္ဍာရီ said...

ဟုတ်တယ် ညီမလေးရေ........... ဒိုင်ယာရီဆိုတာ တချို့အတွက် ဘ၀တွေဖြစ်သလို အချို့သူတွေ အတွက်တော့ အမှတ်တရ တွေပေါ့။ ၀မ်းနည်း၊ ၀မ်းသာ၊ အလွမ်၊ အဆွေးတွေနဲ့ ရေးဖွဲ့ထားတဲ့ ဒိုင်ယာရီလေးနဲ့ နောက်ဆုံးစာမျက်မှာ အေးချမ်းခြင်းတွေနဲ့သာ ပြီးဆုံးပါစေလို့ မမနွယ် ဆုတောင်းပေးပါတယ် ညီမရယ်...။

ခင်မင်လေးစားလျှက်

noblemoe said...

THE END တဲ့စာတန်းလေးကတော့ တိုတယ် ပေါ့ လေ
ဒါမေမဲ့ ခံစားချက်တွေ့ အများကြီးခံစား ပြီးမှ နောက်ဆုံး စာတန်းလေးရေးထိုးလို့ အပြီးမှာတော့  ပျော်ရွှင်တဲ့  ခံစားချက်လေးပဲဖြစ်စေချင်ပါတယ်။
ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ပါစေနော်
မိုး

ဇွန်မိုးစက် said...

မဇွန် ဒိုင်ယာရီရေးကျင့်ရှိခဲ့ဖူးတယ်။ တစ်နှစ်တစ်အုပ်နှုန်းနဲ့။ နောက်ဆုံးစာမျက်နှာက နှစ်တစ်နှစ်ရဲ့အဆုံးပေါ့။ ပြီးတော့ ပြန်ဖတ်တတ်တယ်။ အဲဒီနေ့က ဘာဖြစ်ခဲ့တာ၊ ဘယ်လိုခံစားချက်တွေရှိခဲ့တာ။ ဘ၀မှာဖြတ်သန်းခဲ့တဲ့နေ့ရက်တွေဟာ တစ်မျက်နှာချင်းစီမှာ အက္ခရာအဖြစ်ရေးထိုးခံထားရသလိုပေါ့။
ဒါနဲ့တစ်အုပ်၊ တစ်ဝက်၊ တစ်ရွက်နော်။ တ၀မ်းပူ စသတ်ဖြစ်ရမှာ ညီမလေးရဲ့။

လာလည်မယ်လေ။ ဒီတစ်ပတ်တော့ လာဖြစ်အုံးမှာ မဟုတ်ဘူး။ နောက်တစ်ပတ်လာဖြစ်ရင် ကြိုပြောမယ်နော်။ ယုံကြည်ပါတယ် မိုးခါးကို...း)

သူကြီးမင်း (တုံးဖလား) said...

ဒိုင်ယာရီလေးကောင်းတယ်။ အဆုံးသတ်မှာ ဘယ်လို ရေးကြမလဲ ဆိုတာကတော့ အနာဂါတ်ရဲ့တာဝန်တစ်ခုပေဘဲပေါ့။

Anonymous said...

ဝတ်ရည် ကောင်းလိုက်တဲ့ ရေးချက်

နင့်ကို ငါလေးစားရင်း လေးစား လာခဲ့ပီး ၀တ်ရည်

ငါ ဒီလို မရေးနိုင်ခဲ့သေးဘူး

ငါ တကယ်လေးစားပါတယ်း)

ပြောင်းလဲခြင်း စာမျက်နှာအလယ်မှာ
ငိုသံတချို့နဲ့ မျက်ရည်စ တချို့အလည်လာတယ်
ဒေါသသံတွေနဲ့ တံခါးပိတ်သံ ကြမ်းကြမ်း တချို့
တချို့စာမျက်နှာတွေက အနားသတ်တွေ စုတ်ပြဲလို့

ငါ အကြိုက်ဆုံး အပိုဒ်ပါပဲ

မြစ်ကျိုးအင်း said...

မိုက်စ်တယ်။
ဘဝရဲ့ နောက်ဆုံး အချိန်မှာ အငြိုးတွေ အမုန်း တွေနဲ့ လွတ်ကင်းပြီး ဖြူစင်စွာပဲ နေချင်တယ်။

အိုက်ခီလောက် said...

ရှေ့က လူတွေ ပြောသွားသလိုပဲ
ရေးချင်တာ ပြောချင်တာ သူ့ တို့ ပြောသွားပြီ
တစ်ခုတော့ပြောချင်ပါသေးတယ်
ကောင်းတယ်လို့  ကဗျာလေး
ဒိုင်ယာရီ စာရွက်နောက်ဆုံးမှာ ပျှော်ရွှင်ခြင်းတွေနဲ့ အဆုံးသတ်ချင်ကျတာ လူအားလုံးရဲ ဆဒ္ဒထင်တယ်နော်

~ဏီလင်းညို~ said...

မိုးခါးရေ......
အစ်ကိုကတော့ ကဗျာလေးကို ကဗျာလေးတစ်ပုဒ်လိုပဲခံစားဖတ်သွားတယ်ဗျာ....။
ခံစားမှုအားကောင်းတယ်...။
“စာတိုက်ပုံးလေးလည်း မအိပ်ရဘူးတဲ့”.... ဆိုတဲ့ အရေးလေးတွေ၊ အတွေးလေးတွေဆန်းတယ်...။
အကြံပေးခဲ့ဦးမယ်...။ ဆရာလုပ်တာဟုတ်ဘူးနော်...ညီမလေး...။
ကဗျာလေးရဲ့အပိုဒ်တစ်ပိုဒ်ခြင်းစီအဆုံးမှာ ပုဒ်မလေးတွေချပြီးပိတ်ပေးလိုက်ရင် တစ်ပိုဒ်ခြင်းစီကပေးတဲ့ ခံစားမှုအားက ပိုပီပြင်လာတတ်တယ်......။
အဲ့ဒါ ကိုယ်ပိုင်ထင်မြင်မှုပါဗျာ....၊ မှားရင် မှားနေနိုင်ပါတယ်...း))
(မှားတွားရင် ဆောတီးဘာ...........း))
ခင်မင်တဲ့
ဏီလင်းညို

ahphyulay said...

ကျွန်တော်တို့ ဆိုရင် စာမျက်နှာတွေ အများကြီးပဲ
နေမှာ။ တစ်ရွက်လှန် လိုက်တိုင်း လွမ်းမော
ဆွန့် ပျံ့ ဘွယ်တွေ ကြီးပါပဲ။အခုတော့ လဲ
ကျန်ခဲ့ တဲ့  စာမျက်နှာ တွေက ပြန်မလှန်မိတာ
ကြာတော့  မှိုတွေတောင် တက်လောက်ရောပေါ့ ။

လင်းကြယ်ဖြူ said...

နောက်ဆုံးစာမျက်နှာကိုရောက်ပြီ
ဒါက ဒီစာအုပ်ရဲ့ အဆုံးသတ်
ဟန်ဆောင်ခြင်းကင်းကင်းနဲ့
အဖြူထည် သက်သက် ဖြစ်ဖို့
တစုံတခုမှ မရေးခြစ်မိအောင် ကြိုးစားမှ ထင်တယ်.........ဆိုတဲ့ နေရာကို သဘောကျတယ်
တစ်ခါတစ်လေလှသထက်လှအောင်ဆိုပြီး အရောင်စုံ
ခြယ်ကြည့်တော့မှ ရှုပ်သထက်ရှုပ်လို့ အလှပျက်ခဲ့ရတဲ့ အဖြစ်တွေ မနည်းဘူးလေ...
အဖြူထည် သက်သက် က အမြဲ လှတယ်..း )

ပျော်ပါစေ ဘော်ဒါရေ
*.*.*

ညလင်းအိမ် said...

ကဗျာ စာသားယူသွားတဲ့ စိတ်ကူးလေးက အတော့်ကိုမိုက်ပါဧ။် ...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...