Wednesday, April 13, 2011

ပိတောက်ပျိုမလေး အတွက်

သင်္ကြန်မိုးလေး တဖျောက် နှစ်ဖျောက်ရွာတော့
ပိတောက်ပင်ပျိုကလည်း အားနာပါးနာ ပွင့်ပေးတယ်
အတာကူးတဲ့ တန်ကူးရောက်လို့ ..။

အပျိုမလေး ပိတောက်တခက်ကတော့
အပင်ရဲ့ ဟိုးအမြင့်မှာ
လူတကာ မမြင်ခင် လောကကြီးကို စူးစမ်းလို့ ..။

အပျိုမလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ်
လူပျိုလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ် ..။

ဆယ်ကျော်သက်လဲ ပါရဲ့
အရွယ်တော် တစိတ် နှစ်စိတ်ဟိုင်းလဲ ပါရဲ့
ဖြူဖြူ ညိုညို ပျိုပျို အို.. စုံလို့ ..။

တချို့လည်း မျက်လွှာလေးချ စင်္ကြန်လျှောက်
တချို့လည်း မဏ္ဍာပ်အလယ် က ပြ ခုန် ပေါက်
အမှတ်ကလေးတော့လည်း မလွတ်စေချင်တယ် ..။

ရိုးရာတွေလည်း ပျောက်
စိတ်ဓါတ်တွေလည်း ဖောက်
အပျော်နဲ့ အပျက် ဒွေးရောယှက်တင်တယ် ..။

ဖူးစ ပွင့်စ ပိတောက်မလေးရယ်
နုနယ်ပျိုမြစ်စမို့
အတုယူ မမှားဖို့တော့ လိုလိမ့်မယ် ..။

မင်္ဂလာနှစ်သစ်ကူးလေးဖြစ်ကြပါစေ .. မင်္ဂလာရှိစွာ ကျော်ဖြတ်နိုင်ကြပါစေကြောင်း ..း))

ငြင်ငြင်သာသာလေးပဲ ရေလောင်းလိုက်ပါမယ် .. ))))ဗွမ်းးးးးးးးးးးးးးး ဗွမ်းးးးးးးးးးးးးး(((( :P

9 comments:

nYi ThU E@in said...

ဒုတ်..အမေ့..အား
ဟာ..ခွက်စုတ်နဲ့ ထုသဟ..။
တယ်လေ..ငါ..အိုးမဲ ပြန်ကျွေးလိုက်ရ.:DD

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး ခံစားရင်း မမကိုလဲ ရေပြန်လောင်းသွားပါတယ် မမရေ။
မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ။
(http://www.chatapytz.com/chat/www/images/smiley1.gif)

အဖြူရောင်နတ်သမီး said...

“ပြွတ်...ပြွတ်...”
တမျိုးမထင်ပါနဲ့...
ဗြွတ်နဲ့ထိုးတာ... ညင်ညင်သာသာလေး...
ဟီးဟီး

johnmoeeain said...

နွေ ပိတောက်
တစ္ဆေ ခြောက်သလို
တစ်ခေါက် အရောက်

နွေ အတွေး
တွေဝေ ဆွေးသလို
လေ ထဲ ပျောက်..။

တဒင်္ဂလေးပါပဲ
ပိတောက် တစ္ဆေခြောက်....။

(((သိပ်တော့ မကောင်းပါဖူး..)))
အမှတ်တရ ရေးပေးချင်လို့ :)

ဂျွန်မိုးအိမ်

Sonata Cantata said...

အတုယူမမှားတဲ့ ပိတောက်ပျိုမလေးဆီ ပိတောက်အန်တီကြီး လာပါသည်။
ရေတော့ ကြောက်တယ်အေ...စတိလောက်ပဲ ပက်

မြစ်ကျိုးအင်း said...

ပိတောက်အစစ်တောင် မမြင်ရတာ ကြာပေါ့။

သင်္ကြန်တွင်းမို့ ဘလော့ဂ်ပေါ်မှာပဲ ရေလောင်းသွားတယ်နော်။
((((((ဗွမ်း))))))

မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ။

မိုးယံ (လူသားအားလုံးအတွက်) said...

သင်္ကြန်တွေ ကို မှတ်မှတ်ရရ ငါးကြိမ်လောက် ဆင်နွဲ ဖူးပါတယ်(အမှတ်တရမရှိတဲ့ပွဲတွေလဲရှိပါရဲ့)

မှတ်မှတ်ရရ လေးငါးပွဲ ဖြတ်သန်းအြ့ပီး သင်္ကြန်သည်... မြန်မာ့အဆင့်အတန်းပြသော ပွဲဟုသာမြင်ပါသည်။

မူးမယ်(ဘီယာ+အရက်)....ရူးမယ်(ခုန်မယ်၊အော်မယ်)...ကျူးမယ်(တဏှာ)...ကွဲမယ်.(ခေါင်း+အရှက်)..ရောက်မယ်(ဆေးရုံ+ရဲစန်း)... ရမယ် (အရှက်+ငွေကုန်+သိက္ခာကျ+နေမကောင်း)

အဲဒါ မြန်မာတို့ သင်္ကြန်ပါ။

ကောင်းတာတွေတော့ မပြောလို

အဆိုးမြင်ဝါဒီ
မိုးယံ

လင်းခေတ်ဒီနို said...

နင့် ညင်ညင်သာသာလေး လောင်းပုံကလည်း ရေပုံးလိုက် လောင်းတာကြီးး)) လောင်းတာတောင် ရိုးရိုး မလောင်းဘူး ရေခဲရေနဲ့လောင်းတယ် ချမ်းးးးလိုက်တာာာား)))

နေ၀သန် said...

ဖတ်ရင်းနဲ့ သံချပ်လို လိုက်ဆိုရမလားလို့ တွေးမိတယ်..း))

ခင်မင်လျက်
နေ၀ဿန်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...