Tuesday, October 20, 2009

အိမ်ကို သတိရလို့ ရေးတဲ့စာ

ငယ်ငယ်ကတော့ ထင်ခဲ့တာက လူကြီးတွေက ကိုယ့်ကို နားမလည်ဘူးပေါ့ .. လူငယ်တွေဘက်က ခံစားချက်ကို ချုပ်နှောင်တယ်လို့ ထင်မြင်ဘူးတယ် .. ကိုယ်က လွတ်လပ်ချင်တယ် .. လူကြီးတွေ (အထူးသဖြင့် အဖေနဲ့ အမေ)က ဘောင်တခု အတွင်းမှာ နေစေချင်တယ် .. အရင်ကတော့ အဲဒီဘောင်ဟာ ကိုယ့်အတွက် တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်စရာ ကောင်းခဲ့ဘူးတယ် .. ကိုယ့်ရင်ထဲမှာလဲ လူကြီးတွေကို အပြစ်တွေ မြင်လို့ပေါ့ ..

ခုအသက် အရွယ်ကို ရောက်လာတော့ လူကြီးတွေ နေရာကနေ မြင်ပေး တွေးပေးနိုင်လာသလို ကိုယ့်အောက်က အငယ်တွေ (အထူးသဖြင့် စိတ်ခံစားလွယ်တဲ့ သူတွေ)က ကိုယ်အရင် ရှိနေခဲ့ဘူးတဲ့ နေရာတခုက ခံစားချက်မျိုးတွေ ကြားလာ သိလာတော့လည်း ကိုယ့်အရွယ်ရောက်ရင် နားလည်လာလိမ့်မယ်လို့ ပြောပြနေမိတယ် .. ဒါဟာ အသက်အရွယ် အပိုင်းအခြားတခုက ရရှိလာတဲ့ သင်ခန်းစာ အတွေ့အကြုံတခုပဲလို့ ထင်မိတယ် ..

ခု ကိုယ့်ခံစားချက်က ကိုယ့်အပေါ် အရင်က နားမလည်ပေးဘူးထင်မိတဲ့ အဖေနဲ့ အမေကို အရမ်းကို အားနာမိတယ် .. ကိုယ့်အပေါ် သူတို့လောက် နားလည် ခံစားပေးနိုင်မယ့်လူ ရှိနိုင်လိမ့်မယ် မထင်ဘူး .. ရှိလာခဲ့တယ် ဆိုရင်တောင် မှီမယ် မထင်မိဘူး ..

အမေ့ချက်ကြိုးကတဆင့် အာဟာရတွေ ရယူခဲ့ဘူးလို့ မိခင်နဲ့ သားသမီးတွေ စိတ်ခံစားချက်ချင်း ဆက်သွယ်ခံစားနိုင်တယ်တဲ့ .. ယုံကြည်မိတယ် .. အဖေကရော .. မွေးလာတည်းက အရိပ်တကြည့်ကြည့် သားသမီး မျက်နှာ မငြိုးအောင် ကြိုးစားဖြည့်ဆည်း ရုန်းကန်ပေးနေတဲ့ ဒီ အဖေရဲ့ သွေးကလည်း ကိုယ့်ရဲ့ ကိုယ်ထဲမှာ သွင်သွင် စီးနေတယ်လေ ..

ဒီတော့ ဖုန်းမဆက်ဘူးဆိုရင်တောင် ဟိုဘက်က အဖေနဲ့ အမေက ကိုယ့်အခြေအနေကို ခန့်မှန်းနေမိပြီးပြီ .. အသံမကြားရရုံနဲ့ စိတ်ပူနေတတ်ခဲ့ပြီ ..

အသံကြားရပြီဆိုရင်ရော .. အသံကြားရုံနဲ့ ဒီ သားသမီး စိတ်ဆင်းရဲနေသလား ပျော်ရွှင်နေသလား ခံစားသိနိုင်ခဲ့တာ မိဘရဲ့ မေတ္တာတရားနဲ့ အာရုံခံစားမှုပါပဲ .. ဒါတွေက ညာလို့ မရနိုင်ဘူး .. ခံစားချက်ကို ယုံလို့ရတယ် ..

ကိုယ် ထင်ထားခဲ့တာက ကိုယ့်ရဲ့ စိတ်သဘောထားကို ဘယ်သူမှ အမှန် ဖတ်နိုင်လိမ့်မယ် မထင်ဘူးလို့လေ ..

သိပ်မကြာခင်ကပဲ နားလည်လိုက်တာက ကိုယ့်ရဲ့စိတ်ကို နားလည်ခံစားပေးနိုင်မယ့်သူက အဖေနဲ့ အမေပဲ ရှိတယ် .. ကိုယ် ၀မ်းနည်းရင် သူတို့လည်း ၀မ်းနည်းမယ် .. ကိုယ် နာကျင်ရင် သူတို့လည်း နာကျင်တယ် .. ကိုယ် ပျော်နေရင် သူတို့လည်း လိုက် ပျော်ရွှင်နေမှာပဲ .. သူတို့ကတောင် ကိုယ့်ထက် ပိုနိုင်သေးတယ် ..

ခုတလော အမေ့အသံကြားရင် စိတ်က ၀မ်းနည်းတယ် .. ဒီခံစားချက်က ပထမဆုံး အကြိမ်လို့ ပြောရင် လွန်နေမလားပဲ .. အရင်က အိမ်လွမ်းတယ်ဆိုတာလည်း ပြောရလောက်အောင် မဟုတ်ဘူး .. မိဘကို သတိရတယ်ဆိုတာလည်း ခဏတဖြုတ်ပြီးရင် လျော့လျော့ရဲရဲပဲ .. စိတ် ကြာကြာ အညစ်မခံတတ်တဲ့ ကိုယ့်ညဉ်ကြောင့် ဖြစ်ပါလိမ့်မယ် ..

ဒီကို လာခါစကတော့ ကိုယ့် စိတ်ကူး ကိုယ့် ရည်ရွယ်ချက်အတွက်ပဲ ခေါင်းထဲ ထည့်ထားမိတယ် .. ခေါင်းမာတဲ့ ကိုယ့်အကြောင်း သိထားလို့လည်း အဖေရော အမေရောက ပံ့ပိုးဖို့ပဲ ဆုံးဖြတ်ခဲ့ပုံပါ .. အမေကတော့ တားချင်ပေမယ့် အဖေကတော့ အားပေးခဲ့တယ် .. အဖေက ကိုယ့်ကို အယုံကြည်ဆုံး .. ဒီယုံကြည်ထားတဲ့ စိတ်ကိုလည်း စိတ်ပျက်စရာ မဖြစ်အောင် ကြိုးစားရဦးမယ် .. အမေကတော့ မိန်းမသား ပီပီ စိတ်ပူတယ် .. ခုချိန်ထိ စိတ်မချနိုင်သေးဘူး .. ဓါတ်ပုံတွေ ပို့ပေးလို့ ဘေးနားက တွဲရိုက်ထားသမျှ အကုန် မေးတတ်တယ် ..

အဖေနဲ့ အမေနဲ့ မေတ္တာကို နားလည် လာလေလေ ကိုယ်တိုင် မိခင်ဖြစ်ရာမှာတောင် ကြောက်လာတယ် .. ကြွေးသစ်တွေယူပြီး ပူလောင်ရဦးမှာလားလို့လေ .. ခုတွေးမိလို့သာပါ .. တကယ်တော့ ဝေးနေပါသေးတယ် .. ကိုယ်တိုင်လည်း သိတယ် .. အရည်အချင်း မရှိသေးဘူးလို့ ..

24 comments:

Anonymous said...

ဖုံးဆက်တာနဲ့ နင်နှာစေးနေပြီမလား ချောင်းဆိုးပြန်ပြီလားလို့ အဖြေမှန်အောင် ခံစားတတ်လွန်းလို့ ဖုံးမဆက်ခင် ကျန်းမာအောင် လုပ်နေရတယ်။

ကြွေးသစ် အင်း..ဝေးပါသေးတယ်

ဆောက်ဖြစ်ရင်တော့ ကျောင်းဒကာပေါ့လေ...

Anonymous said...

ma way par buu a nee nar mar shi tae shar na twae chin yaung saung nay tar par! di lo par pae ko tine khan sar ya ma a yarr ko thi tar lae , thet ma kyar tot par buuu!

ဝက်ဝံလေး said...

မမိုးခါးရေ ညီမလဲ ဒီလိုပါပဲနော်

ဒါနဲ့စကားမစပ် အစ်မ့ကိုတွေ့ဖူးသွားပြီသိလား မနွေးနွေးသဲမွန် မင်္ဂလာဆောင်မှာလေ မက ချစ်ချာရေးပဲ ဟီးးးးးး

မုန့်ဝယ်ကျွေးနော် အဲလေ အဲလို အကျွေးခံချင်လို့ပြောတာဟုတ်ဘူးနော် တကယ် ရင်ထဲက ပြောတာနော် ယုံ ယုံ ဘိုင် တာ့တာ

Unknown said...

hi sis!
I felt the same like you and i also realize our parents' love while i was away from home....miss ya my dawei :(

Anonymous said...

inn aine ko tha di ya tae sar so lote kyan taw lae away gyi mar yaut nay tar .... a yan tha di ya tae Myanmar pyi ko p tot traditional food twae ko yaw pae.... he he p tot ko yae parents, p tot ko yae chit thu.. p tot harrrrrrrrrrrrrrrr a myar gyi pae.... ae dar home sick pae... pyan mar par ko yae myay ko ,...

tg.nwai said...

မိဘတွေကတော့ သားသမီးကို အရိပ်တကြည့်ကြည့်နဲ့ နားအလည်ပေးနိုင်ဆုံး ထင်တာပါပဲ..ဒါပေမယ့် တခါတခါ ကိုယ့်စိတ်နဲ့ မကိုက်လို့ အားမလိုအားမရဖြစ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ မိဘနဲ့ သားသမီး နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည်ကြရတာတော့ အကောင်းဆုံးပေါ့နော်..ညီမလေးကလည်း လိမ္မာတဲ့ သမီးလေးပဲဟာ..ကြွေးသစ်ဆိုတာထက်....ကိုယ်ပြုစုပျိုးထောင်တဲ့ ပန်းကလေးတွေ ပွင့်ဖူးဝေဆာလာတာကို ဘယ်ဥယျာဉ်မှူးမဆို မြင်တွေ့ရင်ကျေနပ်ကြမှာပါ..:)

Mogok Thar said...

ညီမလေးရေ

ကိုယ်တွေလဲ အိမ်လွမ်းနေတယ်ဗျာ

ဖေ နဲ့ မေ ကို သိပ် သတိရတာပဲ

သားသမီးတွေကို အနားလည်နိုင်ဆုံး၊ အချစ်နိုင်ဆုံး ဆိုတဲ့ မိဘတွေနြ့ ကြုံဆုံခွင့်ရတာ ကိုယ်တို့တွေ အင်မတန် ကံကောင်းတာပဲ နော။

ညီမလေးလဲ ပျော်ရွှင်ပါစေ။ မိဘ ကျေးဖူးကို ဆထက် ထမ်းပိုး ဆပ်နိုင်ပါစေ....

kiki said...

စုန်ရေတွေက ဘယ်လောက်စီးဆင်းမြဲ စီးဆင်းနေကြပေမဲ့ ကုန်ခမ်းမသွားကြပါဘူး လေ ။
ကြွေး ဆပ် ဖို့  လာတောင်းတဲ့ သူရှိနေရင် လည်း ဆပ်ရမှာပါဘဲ ။ ဖြစ်သမျှ အကြောင်း ၄င်း ချည်းပဲ .. အဲလေ အကောင်းချည်းပါပဲ ။
အမေ့အိမ်ကို သတိရနေ လွမ်းနေကြတာချင်း လည်းတူနေပြန်ပြီ နော် ။
ရည်ရွယ်ချက်တွေ မြန်မြန် ပြည့်ဝပါစေ လို့  ဆုတောင်းပေးပါတယ် မိုးခါးရေ..

Angel Shaper said...

မမရေ....
မခြောက်ခမ်းနိုင်တဲ့ မိဘမေတ္တာတွေ ပြန်ပြီးအမှတ်ရစေပါတယ်။
တကယ်တော့ အားလုံးနီးပါးဟာ အိမ်ကိုလွမ်းနေတာပါပဲနော်။
ရည်ရွယ်ချက်လေးတွေ ကိုယ်စီကြောင့် ချစ်တဲ့မိဘနဲ့ အဝေးကြီးကို လာနေရပေမဲ့ ကိုယ်ထွက်လာတာ သူတို့အတွက်ပဲဆိုတာ ပြန်တွေးမိရင် အားသစ်တွေပြန်ရလာတတ်တာပဲနော်။
မရေ... ရည်ရွယ်ချက်တွေ အမြန်ပြည့်ဝပါစေနော်။

ဂျပန်ကောင်လေး said...

ကောင်းတယ်..အပျိုကြီးလုပ်... ဟိဟိ..

တောင်ပေါ်သား said...

အလွမ်းတွေ များနေကြပါ့လားနော် အားလုံး လွမ်းနေတာပဲး) မိဘရဲ့မေတ္တာတွေကို အဝေးရောက်မှ ပိုသိလာပါတယ် ကြွေးသစ်လား အင်း အင်းးးး


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

သားသမီးတွေ အပေါ်ထားတဲ့ အဖေအမေတွေရဲ့  မေတ္တာတွေက အေးမြတဲ့စိမ့်စမ်းရေထက် အဆပေါင်းများစွာ ပိုသာပါတယ်။

အိမ်ကိုလွမ်းတယ်။ အဖေအမေကိုလွမ်းတယ်။ မောင်နှမတွေကိုလည်း သတိရတယ်။ :(((

နွေးနေခြည် said...

လွမ်းတဲ့အကြောင်းတွေ ပြောရရင် ကုန်မယ်မထင်ဘူး။

ဗီလိန် said...

အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ဗျာ။ ဖြစ်သွားပါလိမ့်မယ်။ :)

Anonymous said...

နင် အကြွေးယူပြီးထားမှတော့ အကြွေး ပြန်ဆပ်ဖို့ ကြောက်နေပြီးလား သူငယ်ချင်း . . . . .

Unknown said...

That's challenge... try to take it...

ညီညီ said...

မိဘ . မိဘ. မိဘ.. သူတို့ထက် ကြီးမားတဲ့ မေတ္တာ စေတနာ. အနစ်နာ မရှိနိုင်ပါဘူး. ဗျာ.
အိမ်လွမ်းတာကတော့ ပြောမနေနဲ့တော့. မနက်လင်းတိုင်းပဲ. ညအိပ်တိုင်းပဲ... ဆေးသောက်ဘို့ပြောနေကြ အမေ့အသံလေး ကိုနားထဲကြားနေဆဲပဲ. အခုတော့ လည်း တစ်ယောက်သောသူက သတိပေးပါရဲ့ . ဟီး..

ခင်မင်လေးစားလျှက်.

ညီညီ(အနာဂါတ်သံစဉ်)

Libratun said...

:) It's the earlier you understand, the better you are.

good luck from your good effort and be calm with the problems!

wann nal tar thay char tal because you gain weight since we all haven't met naw :D

Ree Noe Mann said...

ဟုတ်တယ် ငါ့ ညီမ

အမေနဲ့ အကိုနဲ့ဆိုရင်း စိတ်ချင်းများ စပ်နေလားလို့

ထင်ရလောက်အောင် တထပ်တည်းကျတယ်။

ကိုယ်က ခေါင်းမူးချင်သလိုဖြစ်နေလို့ အမေကို မမေးနဲ့

အမေက ခေါင်းကိုက်နေပြီ။ အမေနေမကောင်းဘူးဆိုရင်

သေချာပေါက်ပဲ ကိုယ်ပါဖျားတော့မှာဆိုတာ ဗေဒင်သွားမေးစရာ

ကိုမလိုဘူး။ ဒါပေမယ့်လည်း ညီမလေးရယ်

ကိုယ်ကိုတိုင် လုပ်ရမှကျေနပ်တက်တဲ့ ဒီစိတ်တွေကြောင့်

သူတို့နဲ့ ဝေးနေရပင်မဲ့ ရင်ထဲမှာတော့ ထာဝရပါပဲ။

ကြွေးသစ်ကိစ္စတော့ ငါ့နှမ ရှေ့ကားတွေရှိနေသေးတယ်

ဆိုတာတော့ မမေ့နဲ့နော်။ နောက်မှ အကိုကလည်း

ဒါက ဒုံပျံခေတ်လိုတော့ လာမပြောနဲ့ ကြားလား။


အကိုတော် ရီနို

ညလင်းအိမ် said...

အင်း ပြောရမှာလဲခက်ပါတယ်။
မိဘရဲ့ မေတ္တာဆိုတာ ဝေးနေကြမှပဲ ပိုခံစားတတ်လာကြတယ်။
အိမ်ကိုလွမ်းတယ်ဆိုတာထက် အိမ်အတွက် ဒီအသက်အရွယ်ထိ ဘာမှသိပ်မလုပ်ပေးနိုင်တာကို
အားမလိုအားမရဖြစ်ခဲ့တယ်။
ကိုလျှောက်ခဲ့တဲ့လမ်းဟာ မှန်ကန်ရဲ့လားဆိုတာ တခါတခါသံသယဖြစ်မိတယ်။
ဒါပေမယ့် အားလုံးဟာ မိဘရဲ့မေတ္တာနဲ့ စေတနာကို သိနေကြတဲ့ အတွက်
မိဘကိုလွမ်းတဲ့စိတ်ဟာ မိဘတွေအတွက်တော့ ပီတိအားဆေးတခွက်ပေါ့။
လွမ်းနေရုံနေနဲ့ မပြီးသေးပါဘူး။ ဝေးနေကြပေမယ့်လည်း မိဘကိုတက်နိုင်သလောက် ဂရုစိုက်ကြပါ။

ခင်မင်လျက်
ညရဲ့ကောင်းကင်

သံလွင် HeRo said...

ဒေါ်မိုးခါးကလည်း လွမ်းနေတယ်ပေါ့...
အင်းအင်း...ကျနော့်အမေလို အရာရာမှာစိတ်
ပူတက်တာ မမိုးခါးအမေနဲ့ တူနေပြီ...
အခုလို ဘဝတိုးတက်ဖို့အတွက်အားပေးတဲ့
အစ်မရဲ့အဖေကိုလည်း လေးစားမိပါတယ်။
အောင်မြင်ချင်းတွေတစ်ပွေ.တစ်ပိုက်နဲ့
တစ်နေ့အိမ်ကို အရောက်ပြန်နိုင်ပါစေ

မေလေး said...

ချစ်တရေးရေ ခုတလော အိမ်လွမ်း အမေလွမ်း အဖေလွမ်းတွေ များနေတယ်။
နာ့လဲ လွမ်းနေတာပါဘဲဟယ်။
တစ်နေ့နေ့တော့ တို့တွေ မိသားစုအတူတူနေရမှာပါ.

ပျော်အောင်နေနော် ။ အာဘွားးးးး

johnmoeeain said...

အိမ်ကို သတိရလို့ ရေးတဲ့စာကိုဖတ်ရင်း အိမ်ကို လွမ်းသွားတယ်....
ကံလေးက ကောင်းတော့ နေ့တိုင်း အိမ်ကို ဖုန်းလေး ဆက်လည်း ဖုန်းဖိုးက သိပ်မကုန်.....
ဒီတော့ နေ့တိုင်းနီးပါးဆက်...
ဒါတောင် ခဏ ခဏ လွမ်း....
.........
ဒါပေမယ့်လည်း သူတို့ မသွားစေချင်တဲ့ ခရီးကို ထွက်ပြီး နေတော့ အပြစ်တင်စရာလူမရှိဖူးလေ.....
......
ဒီစာဖတ်ရင်း အိမ်ကို သိပ်လွမ်းပါတယ်... sis ရေ...
Happy Good Luck ပါ.....

မငုံ said...

ဟုတ်တယ် မိုးခါးရေ..ငယ်ငယ်တုန်းကတော့ လူကြီးတွေ ပြောရင် ချုပ်ချယ်တယ်။ အလကားနေ စိတ်ပူနေတယ်ပေါ့။ အခုချိန်မှာတော့ ကိုယ့်ညီမတွေမောင်တွေကို စိတ်ပူလို့ ပြောမိဆိုမိရင် သူတို့က အရင်က ကိုယ်ထင်သလို ထင်တတ်ကြတော့ စိတ်မကောင်းဖြစ်ရတယ်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...