Tuesday, November 3, 2009

အရုဏ်တက်

မထူးခြားမယ့်
အဆင်ပြင်တခုနဲ့
မနက်ခင်းတခု
စဖွင့်တယ်
တမူ ထူးခြားမနေဘူး

ငါ့ မနက်ခင်းတွေမှာ
ကော်ဖီနွေးနွေးတခွက်ရှိမယ်
သီချင်းသံ သဲ့သဲ့ ရှိမယ်
တခါတလေ သာယာတဲ့ ဖုန်းသံ ရှိမယ်
ဒါထက် မပိုဘူး

ခုတလော
ငါ့မနက်တွေမှာ
ကော်ဖီတွေ ခဲခဲသွားတယ်
အလွမ်းသီချင်းတွေ ကြားတယ်
ဖုန်းလေးလည်း အလိုက်တသိ
တိတ်ဆိတ်လို့

အရုဏ်တက်တဲ့
ရောင်နီက မထွက်ဘူး
နှင်းမကျပေမယ့်
ငါ့ရင်ထဲ ခဲတယ်
ငါ့မနက်တွေ
မနွေးထွေးခဲ့တာ ကြာပေါ့

ငါ့ရဲ့ အရုဏ်တက်မှာ
နေမထွက်ဘူး
မင်းမရှိမှတော့
မနက်ခင်းလဲ
မလင်းဘူး

37 comments:

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

မင်းမရှိပေမဲ့
နာ့ရှိပါတယ် ချစ်တရေးရယ်
ကော်ဖီကိုမခဲခင်သောက်ပါ
ရင်ထဲနွေးထွေးအောင် ရေနွေးများများသောက်ပါလေ
စိတ်မညစ်နဲ့ချစ်တရေးး
ပျော်ရွှင်ပါစေ။

Anonymous said...

နာ 2 ပဲရတယ် မေလေး မြန်လိုက်တာ

မေလေး said...

ဘာဖစ်လဲ ဘာဖစ်လဲ ဗြဲ
တနားလိုက်ဒါ
ကြာသီရယ်
းP

Anonymous said...

ငါ့ရဲ့ အာရုံတက်မှာ
နေမထွက်ဘူး
မင်းမရှိမှတော့
မနက်ခင်းလဲ
မလင်းဘူး

ခေါ်လိုက်ဟေ့ ...... ဟဟ ကောင်းတယ် ကဗျာလေး

kiki said...

အယ် .. အဲ့ မှာ
လေမုန်တိုင်းကျပြီး ဖုံးလိုင်းတွေပါ ပြတ်ကုန်လို့လား မိုးခါးရေ ......
ဂရုစိုက်အုံးနော် ..
ကော်ဖီခဲ လည်းစားကောင်းမဲ့ပုံပါပဲ ..း))

မိုးခါး said...

နင်တို့ဟာလေ
လွမ်းနေပါတယ်ဆို
အလိုက်ကမ်းဆိုးမသိဘူး :P

မမကိကိ
ကော်ဖီခဲလည်း စားမှာပဲ :D

ညလင်းအိမ် said...

ကဗျာဖတ်ပြီး ခံစားရတယ် ။
ကျွန်တော့်မနက်ခင်းတွေလည်း မလင်းခဲ့တာကြလှပါပြီ ။
ဒီလိုနဲ့ပဲ .... ဟင်း...

မမိုးခါးရဲ့ မနက်ခင်းလေးလင်းအောင် မီးထွန်းပေးခဲ့တယ် ။ ... :P

some1 said...

Cool

သားကြီး said...

ဖုန်းသံကသာယာတယ်ဆိုတော့
ring toneကောင်းကောင်းထည့်ထားလို့ဖြစ်မယ်
ဒီကဖုန်းသံကတော့ ကလင် ကလင်နဲ့
ညစ်တယ်

မိုးမောင် said...

ကြည့်ရတာ.. တစုံတယောက်က ဖုန်းအဆက်အသွယ်ဖြတ်ထားလို့ ရေးထားတဲ့ စာစုလေးဖြစ်မယ်။ :D

အဆက်အသွယ်တွေ ပြန်ရပါစေဗျာ။

Angel Shaper said...

ချစ်မမရေ....
ကော်ဖီပူပူလေး ကို ဘီလူးတုနဲ့ ပို့လိုက်တယ်။
မခဲခင်သောက်လိုက်ဦးနော်။ ဟိဟိ

ဂျပန်ကောင်လေး said...

သြော်.. မိုးခါးလည်း လွမ်းတတ်သေးသကိုး... ဟီး.. ယုံဝူး.. လုံးဝယုံဝူး..

လင်းကြယ်ဖြူ said...

ကဗျာလာဖတ်သွားပါတယ်...
ခံစားချက်တွေ အပြည့်နဲ့ရေးဖွဲ့ထားပုံပဲနော
ပျော်ပါစေ ညီမရေ

flowerpoem said...

ကဗျာလေးကောင်းတယ် ဖုန်းသံလေးလည်း အသက်ဝင်ပြီး ကော်ဖီတွေလည်း. . . နွေးပါစေ ခါး၂ရေ

နှင်းနဲ့မာယာ said...

ကော်ဖီခါးခါးပဲသိတယ်
ခုမိုးခါးပြောမှ ကော်ဖီခဲခဲကို ကြားဘူးတော့တယ်...
နက်ဖြန်ကျရင် အဲဒီကော်ဖီ ခဲခဲလေး ပို့ပေးထားနော်...
ဖုန်းသံတွေတိတ်နေတော့ အိပ်ရေးဝတာပေါ့ မိုးခါးရယ်...
ကောင်းတဲ့ဘက်ကပဲ တွေးပေးလိုက်ပါ...ဟိဟိ

နှင်း

မြစ်ကျိုးအင်း said...

ကော်ဖီခဲတာတော့မသိဘူး

မိုးမလင်းတာကောင်းတယ် အလုပ်သွားစရာ မလိုဘူး

စိတ်ခံစားချက်တွေ ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် စနောက်တာပါ။

ဖုန်းသံချိုချိုလေးတွေကို ကော်ဖီနွေးနွေးလေး သောက်ရင်း ကြားခွင့်ရမယ့်နေ့လည်း ရှိအုံးမှာပါ။
မနက်ခင်းတွေလည်း တောက်ပလို့ပေါ့....

ညီညီ said...

ဟေ. ငါ့မကြီး ဖုန်းဘယ်သူ လက်ဆော့ပြီး အသံပိတ်သွားလဲကွဟေ.။ မကြီး ရေ ဘာမှမပူနဲ့ ခဲနေတဲ့ကော်ဖီ အရည်ပြန်ကျိုလို့ ရတယ်လေ ဟဲဟဲ.။ စတာနော်ဗျ.။ ငါ့မကြီး က အပီပြင်လွမ်းနေတာကို လျှောက်နောက်နေကြတယ်. ။ ကဲ မနက်ခင်းလည်းလင်းစေဗျာ.။ ဖုန်းလည်းမနားတမ်းလာစေဗျာ.။
ကော်ဖီလည်း ရေခဲသေတ္တာထဲ သွားမထည့်နေနဲ့ဦးနော်ဗျ.။ :)

ခင်မင်လေးစားတဲ့

ညီညီ(အနာဂါတ်သံစဉ်)

ညီညီ said...

လျှောက်ပြောချင်နေတာနဲ့ မေ့သွားတယ်။ ကဗျာလေးကောင်းတယ် အစ်မ.။တစ်ကယ်.။

ခင်မင်လေးစားတဲ့

ညီညီ(အနာဂါတ်သံစဉ်)

Anonymous said...

ကောင်းလိုက်တဲ့ကဗျာလေးနော် မီးမီးကြိုက်တယ် :P T

Ree Noe Mann said...

အင်း ဒီတစ်ခေါက်မှပဲ ငါ့ညီမလွမ်းတဲ့ ကဗျာလေးဖတ်ရတော့တယ်။

ကဲကဲ ငါ့နှမရေ လွမ်းလက်စနဲ့ ဆက်လွမ်းလိုက်ပါအုံး။

ညီဗညားနဲ့ ညီမမေလေး သွားမရှုပ်နဲ့။

ငါ့ညီမ တစ်ခါတစ်လေ လေးလွမ်းတာ လွတ်လွတ်လပ်လပ်
လွမ်းပါစေကွာ။

အကိုတော် ရီနို

ကိုလူထွေး said...

ခံစားချက်အပြည့်နဲ့ ရေးထားတာဆိုတော့ မနောက်တော့ပါဘူး...

(ဟေ့ကောင်လူထွေးးးး စိတ်လျော့စိတ်လျော့...)

ဝူးးးးးးးး

းဝ)

မြရေလျဉ် said...

နင်က ဘာသာရေးနိုးဆော်စာတွေရေးလွန်းတော့
ကဗျာခေါင်းစဉ်ဖတ်ပြီး ဆွမ်းထချက်ခိုင်းတယ် ထင်နေတာ
..

..:D
နောက်တာပါကွယ်
လှပတဲ့ အရုဏ်တက်လေးကို ရလာတော့မှာပါ..။

မိုးစက်အိမ် said...

ငါ့ရဲ့ အာရုဏ်တက်မှာ
နေမထွက်ဘူး
မင်းမရှိမှတော့
မနက်ခင်းလဲ
မလင်းဘူး . . .
လုံးဝလန်းတယ် အခါးရေ
အဲအပိုဒ်လေး အကြိုက်ဆုံးဘဲ :)

ရွှေရတုမှတ်တမ်း said...

မနက်မိုးသောက်ချိန်ဆိုရင် အရုဏ်လို့ပေါင်းပါတယ်..
တခြား..ကာမဂုဏ်အာရုံ ကို ဆိုလိုချင်ရင်တော့မသိဘူး

ရွှေရတုမှတ်တမ်း said...
This comment has been removed by the author.
ရွှေရတုမှတ်တမ်း said...
This comment has been removed by the author.
chocothazin said...

ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာဖို့ အရေးကြီးပါတယ် ဆိုတဲ့ သယ်ရင်းရဲ့ စကားကြောင့် တော်တော်လေး အားတက်သွားပါတယ်။
သယ်ရင်းရေ လွမ်းသာလွမ်းနေလိုက်ပါ။
ပြီးတော့လည်းပြီးတာပါပဲ။

တလနွန် said...

လွမ်းနေတဲ့ ကော်ဖီခဲခဲ သီချင်းသံသဲ့သဲ့ ဖုန်းသံလေးကလင်လင် အမြန်ပြန်ရပါစေ သယ်ရင်းရေ။
အရုဏ်တက်မှာလည်း လင်းလက်ပါစေ။

Phyo Maw said...

ညည ကောင်းကောင်းမအိပ်လို့
ငါ့မနက်ခင်းတွေလည်း
နေထွက်တာ မမြင်ရကြာရောပေါ့...

တစ်လတစ်လကောင်းကောင်းမဆောင်လို့
ငါ့တစ်နေ့တာလည်း
ဖုံးသံမမြည်တာ ကြာရောပေါ့...

Welcome said...

ကဗျာလေးလှလို့
အမှန်ပဲ ငေးသွားရပါတယ် ..

သူကြီးမင်း (တုံးဖလား) said...

မနက်ခင်းလေး လင်းပါစေလို့ ဆုတောင်းပေးပါတယ်။

Anonymous said...

Buy Generic Tamiflu Online. Get Cheap Medication online. Buy Pills Central.
[url=http://buypillscentral.com/about_en-us.htm]Discount Viagra, Cialis, Levitra, Tamiflu Pharmacy No prescription[/url]. rx generic drugs. Discount pills pharmacy

မျက်မှန်လေး said...

ဟဟ...
မိုးခါးရေ..
လာလည်ပြီး ကော်ဖီခဲတဲ့ ကဗျာလေးဖတ်သွားပါတယ်နော်

ကိုလူထွေး said...

ကော်ဖီခဲသွားရင်...

ကော်ဖီတခွက်နဲ့မလဲနိုင်တဲ့ ထရီယို ကန်ဒီကို ပြောင်းစားပါ...

းဝ)

သီဟသစ် said...

လွမ်းဟယ် လွမ်းဟယ်

လွမ်းစေသတည်း

:)

စိုင်းစိုင်းလားရှိုး said...

မနက်ခင်း ကော်ဖီခဲသွားတာ နင်ဖျော်ပြီး ပြန်အိပ်ပျော်သွားတာ မလား ? ကဗျာလေးက နုရွနေတာပဲ မိုက်တယ် မိုးခါး ကဗျာကောင်း စာရင်းဝင်တယ်။

မငုံ said...

ကဗျာလေး ကောင်းတယ် မိုးခါးရေ...မနက်အာရုဏ်လေး အမြဲလှနေပါစေနော့။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...