Tuesday, September 6, 2011

အိပ်မက်သာ ဖြစ်လိုက်ပါ

ပြောစရာ စကားတွေ မရှိတာတော့ မဟုတ်ခဲ့ဘူး
ရင်ထဲ အပြည့်ပဲ ပြောချင်နေခဲ့တယ် ..။

ဆန္ဒတွေ မရှိနေခဲ့တာ မဟုတ်ဘူး
အင်အားတွေ မဲ့နေခဲ့တယ် ..။

မျှော်လင့်ချက်တွေ မထားတတ်တော့တာမဟုတ်ဘူး
ယုံကြည်ချက်တွေ ပျောက်ရှနေခဲ့တယ် ..။

ပြောချင်တာတွေများပေမယ့် စကားတွေ ပျောက်ဆုံးဆဲ
ဆန္ဒတွေ များပေမယ့် ခွန်အားတွေ ပျောက်ဆုံးဆဲ
လမ်းတွင်တွင်လျှောက်နေလဲ ပန်းတိုင်တွေ ပျောက်ဆုံးဆဲ

ပျောက်ဆုံးသွားတော့မယ့် အရာတွေရယ်
သင်္ခါရတရား ဘယ်လိုနှလုံးသွင်းပေမယ့်
ရင်ထဲတော့ နှမြောတသဆဲ ..။

ဒါ ငါတို့ရဲ့ ........
ဒါ ငါတို့ရဲ့ ........
ဒါ ငါတို့ရဲ့ ........

ငယ်တည်းက ရင်းနှီးခဲ့တယ် ..
တခါတုန်းကပေါ့ ..
ဟိုးအရင်တုန်းကလေ ..
ဖိုးဖိုးတို့ ဖွားဖွားတို့ ခေတ်တုန်းကဆို ..

အတိတ်တွေ အကြောင်း ဘယ်လောက် ကြားဖူးလဲ
ပစ္စုပ္ပါန်က အတိတ်နေရာ ရောက်သွား
ကိုယ်တွေက ဖိုးဖိုး ဖွားဖွားနေရာ ..။

မြေးတို့ရဲ့ .....
ဒီအဆောက်အဦးနေရာဟာလေ ဟို အရင်က .....
ဒီသောင်ပြင်ကြီးဟာလေ ဟို အရင်က .....
ဒီမြေပုံ နေရာကြီးဟာလေ ဟို အရင်က .....

အိပ်မက်က လန့်အနိုး
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..

ဒီလိုလေးပဲ အော်ဟစ်နေရုံ
ကြိုတွေးပူနေရုံ
လောင်မြိုက်နေနေရုံ

ဖြစ်နိုင်မယ်ဆိုရင်လေ
နောက်တချိန် ပုံပြင်ဖြစ်သွားမယ့်
ပစ္စုပ္ပါန် စစ်စစ်ကြီးတွေကို
မတွယ်တာ မချစ်ခင် မေ့ပြစ်လိုက်ချင်ပါရဲ့ ..


8 comments:

မဒမ်ကိုး said...

အိပ်မက်က လန့်အနိုး
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..

ဟုတ်တယ် မမမိုးခါး
ကျမတို့ ဒီလိုမဖြစ်ချင်ခဲ့ဘူး
ခင်တဲ့
မဒိုးကန်

Anonymous said...

မင်္ဂလာပါ ..မိုးခါး..။
ဆန္ဒတွေ မရှိနေခဲ့တာ မဟုတ်ဘူး
အင်အားတွေ မဲ့နေခဲ့တယ် ..။

မျှော်လင့်ချက်တွေ မထားတတ်တော့တာမဟုတ်ဘူး
ယုံကြည်ချက်တွေ ပျောက်ရှနေခဲ့တယ် ..။

ဒီစာပိုဒ် ကြောင်းလေးတွေရဲ့ အတိမ် အနက် ကလွယ်မရောင်နဲ့ အတွေးနက်လှပေတယ်.. ကဗျာလေး ခံစားသွားပါတယ်။ အားပေးနေမယ်နော်..(ဂွတ်တယ်)

ခင်တဲ့ ...
ညီစေနိင်

Anonymous said...

ကဗျာ စာသားအရ ဆိုရင်တော့
တစ်ခုခုကို တွေးပူပန်နေသလိုပဲ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ညီရဲ said...

လက်ရှိ ပစ္စုပန်ကြီး ဘယ်လောက်ခမ်းနား ခမ်းနား ကြာရင် အတိတ်ဖြစ်သွားမှာပါလေ...
ကဗျာလေးကို ခံစားသွားပါတယ်...
လင့် ကိုပါ တခါတည်း ယူသွားပါတယ်...

8Yar said...

"နောက်တချိန် ပုံပြင်ဖြစ်သွားမယ့်
ပစ္စုပ္ပါန် စစ်စစ်ကြီးတွေကို "
လို့သုံးသွားတာလေးကို အရမ်းကြိုက်တယ်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

မင်းဧရာ said...

အမကြီး........
အတိမ်အနက် ကို ချိန်စပ် လို့မရတဲ့ ကဗျာလေးကို
ခံစားသွားပါတယ်။ အမကြီးရဲ့ လင့် ကိုချိတ်ထားပေမယ့် ပိုစ့်တင်ရင် တက်မလာဘူး ဘယ်လိုဖြစ်နေလဲမသိဘူး။

ချော(အစိမ်းရောင်လွင်ပြင်) said...

မြေပုံပေါ်က ပျောက်ကွယ်သွားမဲ့အဖြစ်ဟာ အိပ်မက်သာဖြစ်စေချင်ပါတယ်။ အဲဒီလိုဖြစ်စေမဲ့ ပစ္စုပ္ပာန်က အရာအားလုံးကိုလည်း အိပ်မက်ဖြစ်စေချင်ပါတယ်

Angelhlaing(May everybody be happy and healthy! said...

ဖြစ်နိုင်မယ်ဆိုရင်လေ
နောက်တချိန် ပုံပြင်ဖြစ်သွားမယ့်
ပစ္စုပ္ပါန် စစ်စစ်ကြီးတွေကို
မတွယ်တာ မချစ်ခင် မေ့ပြစ်လိုက်ချင်ပါရဲ့ ..
.......မိုက်တယ်မမရာ အသု့းအနှုန်းလေး လှတယ် ထိထိမိမိလဲရှိတယ်..
ခံစားအားပေးလျှက်ပါလို့...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...