Thursday, November 20, 2008

ကျော်ဖြတ်ရုံပဲ

ခုချိန်မှာ ရည်ရွယ်ချက်တွေပြည့်ဝဖို့အတွက် စင်ကာပူဆိုတဲ့ ကျွန်းပေါ်ကို ရောက်ရှိနေခဲ့တာ (၇) လ ကျော် (၈) လ ထဲကို ရောက်နေခဲ့ပြီ .. အိမ်မက်တွေ လက်တွေ့ဖြစ်ဖို့ ဆန္ဒတွေကို ချိုးနှိမ်ထားရတယ် .. မျှော်လင့်ချက်တွေ အရောင်တောက်ဖို့ ရင်ခုန်သံတွေကိုဖုံးဖိထားခဲ့တယ် ..
လူရယ်လိုဖြစ်လာကတည်းက တစ်ခုလိုချင်ရင် တစ်ခုကိုတော့ပေးဆပ်ရစမြဲပဲ ..
ဘာပဲဖြစ်ဖြစ် ထိုက်တန်ပါတယ်လေ ..
အခုအရှုံးတွေရင်ဆိုင်နေရတယ်ဆိုရင်တောင် ငါဟာ အရှုံးထဲက သင်ခန်းစာယူတတ်ရမယ် .. ဒါမှ အရှုံးပေါ် အရှုံးထပ်မဆင့်မှာ .. တတ်နိုင်သလောက် အမြတ်ထွက်အောင်လုပ်ရမယ် ..
ဘ၀ဆိုတာတိုက်ပွဲပဲတဲ့ .. လူတိုင်းလဲ ရင်ဆိုင်နေရတယ် .. ငါဘာလို့ရင်မဆိုင်နိုင်ရမလဲ .. ကြုံတွေ့ရသမျှ အပြုံးနဲ့ ကျော်ဖြတ်နိုင်ရမယ် .. ခုအခက်အခဲဟာ တစ်ချိန်ကျရင် ရယ်မောစရာဟာသဖြစ်နေမှာပါ ..

2 comments:

libratun said...

အိမ်မက်က ဘာလဲဆိုတာ သိခွင့်များရမလား
တစ်ယောက်တည်း သိမ်းထားတာထက် ပိုကောင်းမယ်ထင်ပါတယ်။

ဏီ(န်)ကင်း said...

အားတင်းထားပုံလေး...သဘောကျတယ်...
အဲဒိလိုအရှုံးမပေးပဲ...သင်ခန်းစာယူတတ်အောင်....

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...