ဒီလိုစိတ်တွေ အမျိုးမျိုးကွဲပြားနေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ၊ အသင်းအဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ဆက်နွယ်ပတ်သက်ကြတဲ့နေရာမှာ သဘောတရား နားလည်လွဲမှားမှုတွေ အထင်လွဲမှားမှုတွေဖြစ်ပြီး မဖြစ်သင့်တဲ့ အခြေအနေမျိုးနဲ့ အမုန်းတရားတွေ အာဃာတတွေ အမြင်မကြည်လင်မှုတွေနဲ့ နောက်ဆုံး လမ်းခွဲကြရတဲ့ အဖြစ်မျိုးတွေထိ ဖြစ်နေကြတယ် ….။
ကျွန်မတို့တွေဟာ အသက်ရှင်နေသ၍ လူအမျိုးမျိုးနဲ့ပေါင်းသင်းဆက်
ကျွန်မတို့အသက်ရှင်နေသ၍ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီးနေဖို့ဆိုတာမဖြစ်နို
ဘယ်လိုပဲဖြစ်ဖြစ် ပြောဆိုဆက်ဆံရမှာချင်း အတူတူ အဆင်ပြေပြေကောင်းကောင်းမွန်မွန်ပဲ တွေ့ကြ ဆုံကြ လမ်းခွဲကြတာဟာ အကောင်းဆုံးပါ….. လူတွေက နောက်ဆုံးမှာတော့ ဘယ်လောက်ချစ်ချစ် ဘယ်လောက်မုန်းမုန်း ဘယ်လောက်ပဲမခွဲခွာချင်ပါဘူးပြော
မဖြစ်မနေကွဲကွာခြင်းဆိုတာကတော့ သေခြင်းတရားပါပဲ.. သူလည်းသေလူ ကိုယ်လည်းသေလူဆိုတာကို သိနေကြ ပြီပဲ .. ဘာအတွက်နဲ့ ကိုယ်က မာနတွေကြီး အမုန်းတရားတွေထားပြီး သူများတကာကို မခေါ်နိုင်မပြောနိုင်တွေ ဖြစ်နေရဦးမှာလဲ .. ဒီလူတစ်ယောက်ကိုမုန်းတဲ့အတွက်ကိ
ဒီတော့ သူ့ဘက်ကိုမစဉ်းစားပဲ ကိုယ့်အကျိုးဘက်ကနေပဲ စဉ်းစားကြည့်ရအောင် .. ကိုယ်လုပ်နေတာတွေဟာ သူ့ကို ကိုယ့်ရဲအဖိုးတန်အချိန်တွေပေြး
အကယ်၍ ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် သူ့ကို ကိုယ့်စိတ်ထဲမှာ ရှိတယ်လို့သဘောမထားပဲ ဥပက္ခာသဘောလေးထားကြည့်ပါ .. နဲနဲတော့အေးချမ်းသွားမှာပါအမှန်
အားလုံးဟာ ခွဲခွာခြင်းမှာ အဆုံးသတ်မယ်ဆိုတာ သေချာနေပါတယ် .. ကွဲကွာကြရမယ့် အတူတူ ရှိနေတဲ့ အချိန်ကလေးအတွင်းမှာ ဘာလို့ တစ်ယောက်ကိုတစ်ယောက် အမုန်းတွေ အာဃာတတွေ အတ္တတွေ မာနတွေနဲ့ အချင်းချင်းပူလောင်အောင် တိုက်ခိုက်တာတွေ လုပ်နေကြတာလဲ .. တကယ်တမ်း အဲဒါဟာ အဓိပ္ပါယ်ရှိရဲ့လား .....။
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်
လူတစ်ယောက်ရဲ့ စိတ်ဓါတ်အဆင့်အတန်းဟာ ဒီလူတစ်ယောက်ပြောလိုက်တဲ့စကားေ
ငါကတော့ စကားကိုဒီလိုပဲပြောတတ်တယ် .. ငါ့စိတ်ထားကတော့ကောင်းပါတယ် ..ဆိုတဲ့ လူဖြောင့် စိတ်တို ဆိုတာမျိုးတွေကိုလည်း ကြားဖူးမှာပါ.....။
ချိုချိုသာသာပြောလည်း ဒီစကားပါပဲ .. ဆဲဆိုအော်ဟစ်ပြောလည်း ဒီစကားပါပဲ .. စကားကတော့ ဒီစကားပါ ဒါပေမယ့် အပြောခံရသူရဲ့စိတ်ထဲမှာတော့ နာခံချင်စိတ် လက်ခံချင်စိတ်ကွာခြားသွားနိုင်
မကောင်းတာကိုသိရက်နဲ့ ငါကအကျင့်ပါနေပြီ .. မွေးကတည်းကဒီလိုပဲပြောဆိုနေထို
တစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်တော
ကျွန်မရဲ့ ကြီးကြီးပြောတဲ့စကားလေးပါ .. အဆင့်အတန်းဆိုတာ ခွဲစရာမလိုပါဘူးတဲ့ .. သူ့အလိုလိုကွဲပြီးသားပါတဲ့ .....။
ကျွန်မငယ်စဉ်ကသိပ်မသိပေမယ့် အခု အရွယ်ရောက်လာတဲ့အချိန်မှာတော့ နားလည်လာနေပါပြီ .. အားလုံးကိုနားလည်နေတာမျိုးမဟုတ်
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ တည့်အောင်ပေါင်းဖို့ပဲ စဉ်းစားတတ်နေပါပြီ .. သူကမကောင်းလို့
ငါကပြန်မကောင်းနိုင်ဘူးဆိုတားမျ
နောက်တစ်ခု ကျွန်မယုံကြည်လိုက်တာက စေတနာရောင်ပြန်ဟပ်တယ်ဆိုတာပါပဲ .. ကိုယ့်ဘက်ကသာ စေတနာနဲ့အစစ်အမှန်ပေးရင် တောင်းစရာမလိုဘူး တကယ်ကို ပြန်လာပါတယ် .. မယုံရင် စမ်းသပ်ကြည့်ကြပါလား .. ကိုယ့်စေတနာမှန်ရင် တကယ်အောင်မြင်လာမှာပါ.....။
တစ်ခုတော့ရှိတယ် .. တစ်ချို့ပေးတယ် ပြန်မလာဘူး ပြောကြတယ် .. ဒါက အချိန်မရောက်သေးလို့ပါလို့ ပြောချင်ပါတယ် .. အချိန်တန်တော့ပြန်လာမှာပါ .. အဲဒါကိုလည်း အချိန်ဘယ်လောက်အတွင်းဆိုပြီး
တိုင်းတာသတ်မှတ်ထားလို့မရပါဘူး .. ကိုယ့်စေတနာပေါ်ပဲ မူတည်မယ် ထင်ပါတယ် .. ကိုယ့်ဘက်ကလည်း ပေးကတည်းက ပြန်လာမလားဆိုပြီး မျှော်လင့်ချက် မထားထားတာတော့အကောင်းဆုံးပါပဲ .. မျှော်လင့်နေရတဲ့အတွက် ပျက်စီးမှာ ဆုံးရှုံးမှာကို စိုးရိမ်ပူပန်ရပါတယ် .. မအေးချမ်းနိုင်ပါဘူး ..
ဒါကြောင့် ကိုယ်ပေးမယ်ဆုံးဖြတ်ပြီးရင် အပြတ်ပေးလိုက်ပါ .. မမျှော်လင့်ပါနဲ့ .. ကိုယ်မမျှော်လင့်ပေမယ့်အချိန်
မေတ္တာစိတ်နဲ့ကြည့်တတ်ရင် အရာရာ အေးချမ်းပါတယ် .. စိတ်ထားကောင်းတဲ့လူ .. စိတ်ထားလှတဲ့လူဟာ မျက်နှာလေးပါ လှနေတတ်တယ်လို့ ကြားဖူးမှာပါ .. စိတ်ကလေးဟာ တည်ငြိမ်အေးချမ်းနေတဲ့အတွက် မျက်နှာလေးဟာလည်း မလှဘူးဆိုရင်တောင် တည်တည်ကြည်ကြည် ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်နေတတ်ပါတယ် .. အဲလိုအလှမျိုးမှာ ပူလောင်ခြင်းဆိုတဲ့ အတ္တ မာနတွေ မပါပါဘူး .. ပကတိ တည်ငြိမ်အေးချမ်းလွန်းပါတယ် .....။
ကျွန်မတို့ နေ့စဉ် ကိုယ့်ကိုကိုယ် လှအောင် ပြုပြင်နေထိုင်ကြတယ် .. ပြင်လွန်းတဲ့အတွက် အပေါ်ယံကတော့လှနေပါပြီ ..ကဲ.အတွင်းစိတ်ကရော .. အပြင်မှာ မြင်တွေ့ရတဲ့အတိုင်း တကယ်လှရဲ့လား .. ကိုယ်မြင်တွေ့နေတဲ့အရာတွေကိုရော တကယ်လှတယ်လို့မြင်ရဲ့လား .. အရာရာကို ကိုယ်က မေတ္တာစိတ်နဲ့ ကြည့်တတ်ရင် လောကကြီးတခုလုံးဟာ လှနေမှာပါ .. အရာရာတိုင်းရဲ့ အလှတရားဟာ ကြည့်တဲ့လူရဲ့အကောင်းမြင်မေတ္တာ
ကျွန်မတို့တွေ အားလုံး လူတိုင်းအပေါ် မေတ္တာစိတ်ကလေးထားပြီး အကောင်းဆုံးကြိုးစား ရှင်သန်သွားကြရအောင်လေ ..
www.mysuboo.com ရဲ့ မဂ္ဂဇင်းမှာ ပါဘူးတဲ့ ဆောင်းပါးလေးပါ ..
2 comments:
မိုးခါးလည်း စာတွေသိတဲ့ အပြင် သဘောလည်း ပေါက်လို့ ၀မ်းသာပါတယ်။
ငါလည်း အတူတူပဲ လို့ ပြောလို့ရတယ်။း)
ဒေါသတော့ လျှော့။း) အခု လျော့နေပြီ မဟုတ်လား...
ရေးထားတာလေးတွေက..အဆက်အစပ်ရှိတယ်..
ဆွေးနွေးသလိုလေးပေါ့...ရေးတတ်တယ်ဗျာ...
ဒါပေမယ့်..ကျွန်တော်မျက်ရည်တောင်လည်လာတယ်..
စာနဲ့မဆိုင်ဘူး...
အနက်ရောင်နောက်ခံမှာအဖြူရောင်စာလုံးသေးသေး လေးတွေကိုအာရုံစိုက်ရလို့..
Post a Comment