Wednesday, May 19, 2010

အလှူအတွက် နှိုးဆော်ခြင်း

ခုတလော အွန်လိုင်းမှာ မြင်နေရတဲ့ မြန်မာနိုင်ငံမှာ တွေ့ကြုံလိုက်ရသမျှ ဒုက္ခတွေက ကြားရ မြင်ရတာ တချက်ကလေးမှ သက်သာရာ လမ်းကြောင်းမတွေ့မိပါဘူး .. ကိုယ်တတွေ မွေးတည်းက နေလာလိုက်တဲ့ မြန်မာနိုင်ငံမှာ ဆက်တိုက် ကြုံတွေ့နေရတဲ့ ဆင်းရဲ ဒုက္ခတွေကို မြင်တိုင်း ကြားတိုင်း စိတ်မကောင်းဖြစ်ရုံကလွဲပြီးလည်း ကိုယ်တတ်နိုင်တာဆိုလို့ ပိုက်ဆံလေး နဲနဲပါးပါးလှူတာလောက်ပဲ ရှိပါတယ် .. တကယ် လက်တွေ့မှာ ကွင်းဆင်းပြီး လိုက်လံ လုပ်အားပေးနိုင်တဲ့ သူတွေကို တကယ်ပဲ ချီးကျူးမိပါတယ် .. လေးလည်းလေးစားမိသလို ကျေးဇူးလည်း တင်မိပါတယ် ..

မေးထဲကို ၀င်လာသမျှ ရေနဲ့ပတ်သက်တဲ့ ဒုက္ခတွေရဲ့ ပုံတွေတိုင်း ကိုယ့်ရဲ့ရင်ထဲကို ၀မ်းနည်းမှုတွေပါ သယ်ဆောင်ပေးပါတယ် .. ကိုယ့်နိုင်ငံမှ ဟုတ်ရဲ့လားလို့ တွေးမိတဲ့ အထိပါပဲ ..

ငယ်ငယ်တည်းက ကိုယ်သိတဲ့ မြန်မာပြည်က တခါမှ ကပ်ဘေးတွေ ခံရတယ်ဆိုတာ မရှိသလောက်ပါပဲ .. အဲဒီတုန်းက တွေးမိတယ် .. မြန်မာနိုင်ငံက မြန်မာနိုင်ငံသားတွေဟာ များသောအားဖြင့် စိတ်ကောင်းစေတနာရှိကြတယ် .. အလှူရေစက် လက်နဲ့မကွာ ရှိကြတယ် .. ကောင်းမှုကုသိုလ်တွေပြုကြလို့ ကပ်ဆိုးမှန်သမျှ ကင်းလွတ်ခဲ့တာပဲ လို့ပေါ့ .. ခုတော့ .. ကြုံလိုက်ရတဲ့ ကပ်တွေ ကပ်တွေဆိုတာ ရင်နာစရာတွေ ချည်းပါပဲ ..

ကိုယ်ကိုတိုင်က အပြင်ထွက်လိုက်တာနဲ့ ရေဆာတတ်တဲ့သူမျိုးပါ .. ရေဆာတဲ့ဒုက္ခကို ကိုယ်ချင်းစာမိတယ် .. ကိုယ်ရေဆာတယ်ဆိုတာ သောက်ချင်ရင် လွယ်ပါတယ် .. လမ်းဘေးမှာ ၀ယ်သောက်ချင်လဲ နေရာတိုင်းမှာ ဆိုင်ကရှိပြီးသားရယ် ..

ကိုယ့်တိုင်းပြည်က ကိုယ့်ရဲ့ တိုင်းရင်းသားတွေ .. ရေဆာလို့မှ ရေလှူမယ့်သူ မရှိရင် ဆာလောင်မွတ်သိပ်ရမယ့် အဖြစ် .. နေပူကျဲတဲမှာ ရေပုံး ကိုယ်စီနဲ့ ရေစောင့်နေတဲ့ ပုံရိပ်တွေ မြင်မိတဲ့အချိန်မှာ ရင်ထဲ မချိအောင် ခံစားရတယ် .. မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ၀ဋ်ကြွေးတွေ ဘယ်တော့များမှ ကုန်ဆုံးပါမလဲ ..

ပုံတွေကိုတော့ ထပ်မတင်တော့ပါဘူး .. အားလုံးလည်း ကြည့်ပြီး မြင်ပြီး ကိုယ့်လိုပဲ ခံစားပြီးလောက်ပါပြီ ..

ပုံတွေ မြင်လိုက်ရတိုင်း ကိုယ့်မြန်မာပြည်မှ ဟုတ်ရဲ့လားလို့ တွေးမိ စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ကိုယ်ချင်းစာစိတ် ဖြစ်ရုံကလွဲပြီး ကိုယ်တိုင်လည်း မတတ်နိုင် .. မတတ်နိုင်တဲ့ အထဲကမှ ကိုယ်တတ်နိုင်သလောက်ကလေးပေါ့ ..

သောက်ရေ သုံးရေနဲ့ လိုအပ်သမျှ လှူဒါန်းနိုင်မယ့် လင့်လေးတွေ ကိုယ်လည်း မှတ်ထားရအောင် မှတ်ချင်သူများလည်း မှတ်ထားရအောင် ဒီကနေ အသိပေး နှိုးဆော်လိုပါတယ် ..

ရှင်ဇဋိလ

ဒီနေ့ပဲ မြန်မာနိုင်ငံက အသိ အစ်မတယောက်နဲ့ စကားပြောဖြစ်ပါတယ် .. အပေါ်က လင့်လေးက အဲဒီ အစ်မ ပေးတဲ့ လင့်လေးပါ ..

ခုဆိုရင် အဲဒီဘုန်းဘုန်းက ရေကိစ္စနဲ့ ခရီးတွေထွက်ပြီး ဒုက္ခရောက်နေသူတွေကို ကူညီနေပါတယ်တဲ့ ..

အဲဒီအစ်မကို မိုးရွာနေပြီဆိုလို့ မေးကြည့်မိတော့ .. မိုးတော့ ရွာနေပါတယ်တဲ့ .. ဒါပေမယ့် ရေသန့်ရဖို့က ခက်နေသေးတယ်တဲ့ .. ပြီးတော့ နောက်ပိုင်း ကြုံတွေ့လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့လည်း လိုအပ်နေပါသေးတယ်တဲ့ ..

ကိုယ်ကိုတိုင် ဒီစာကို ရေးဖို့ မရေးဖို့ စဉ်းစားမိပါသေးတယ် .. လိုအပ် မလိုအပ် ပြန် ချင့်ချိန်ရပါသေးတယ် .. ဒါပေမယ့် မြန်မာနိုင်ငံက ခုဆိုရင် အဘက်ဘက်က ကိုယ်ထူကိုယ်ထစနစ်နဲ့ ထူကို ထူထောင်ရမယ့် အခြေအနေရောက်နေပါပြီ .. ကိုယ့်ကိုကိုယ်သာ အားကိုးရာ မဟုတ်ပါလား ..

အောက်က လင့်နှစ်ခုကတော့ သိတဲ့လူတွေ တော်တော်များမှာပါ .. ဘယ်နေရာကနေ ဘယ်လိုပဲ လှူလှူ အဓိက က ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အမြန်ဆုံးအေးငြိမ်းဖို့ပါပဲ ..

RAVEN BDC

စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

Lotus Foundation

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁

- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -

- ကိုဝင်းထွန်းဆင့်

POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Lotus Foundation ကလူမှူရေးလုပ်ငန်းတွေအတွက်တတ်အားသရွှေ့စေတနာနဲ့ကူညီပေးနေကြတဲ့သူတွေစုစည်းထားတာပါ ..

တတ်နိုင်သူတွေ တတ်နိုင်သလောက် တတ်နိုင်တဲ့ ဘက်ကနေ မြန်မာနိုင်ငံကို ကူညီကြရမှာပါပဲ .. ကျမတို့ ဖြုန်းတီးနေတဲ့ ငွေတွေထဲက တချို့တ၀က်ပဲ ဖြစ်ဖြစ် အနည်းအကျဉ်းပဲ ဖြစ်ဖြစ် ကျမတို့ရဲ့ သွေးချင်းတွေအတွက် လှူဒါန်းနိုင်ပါစေ ..

မြန်မာနိုင်ငံကြီး ကြုံတွေ့နေရသမျှ ကပ်ဆိုး ဘေးဆိုးတွေကနေ အမြန်ဆုံး လွတ်ကင်း ချမ်းသာကြပါစေ ..

ခွင့်တောင်းခြင်း - RAVEN BDC နှင့် Lotus Foundation လိပ်စာနဲ့ ဆက်သွယ်ရန် နံပါတ်များကို ဖော်ပြခွင့်ပြုဖို့ ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်ရှင် ..

8 comments:

Flower said...

Happy Birthday လို့တစ်ယောက်က နှုတ်ဆက်ထားတာ တွေ့လိုက်ရတယ်
မွေးနေ့လားဟင်..
ဟုတ်တယ်ဆိုရင်တော့ ပျော်စရာအပေါင်းနဲ့ ခညောင်းတဲ့ နေ့ကလေးဖြစ်ပါစေ
ကျက်သရေဝေဖြာပြီး ဘ၀ဆုံးတိုင် ပျော်ရွှင်အဆင်ပြေပါစေနော်
ရေအလှူနိုးဆော်လွှာလေးအတွက် သာဓုပါ
တို့လဲ တတ်နိုင်သလောက် ကုသိုလ်ပါဝင်လိုက်ပြီးပါပြီ..
ပျော်ပါစေနော်..

ဇွန်မိုးစက် said...

ညီမရေ.. အစ်မလည်း လှူထားပါတယ်။ ခုလို နှိုးဆော်စာလေးအတွက် သာဓုခေါ်လိုက်ပါတယ်။း)
သာဓု..သာဓု..သာဓု...။

Sein Lyan Tun said...

ဘရက်ဒယ် မိသားစုက အလှူပြုကြတာပေါ့ ညီမလေး

Anonymous said...

း) ၀မ်းသာတယ်း) ငါ အဆင်ပြေရင် ဆက်သွယ်လိုက်မယ်

ကြည်သား)

flowerpoem said...

ဟုတ်တယ် ခါး၂ရေ တပြည်လုံးနီးပါးပဲ ရေက ဖြစ်နေတာ. . တတ်နိုင်သလောက်လှူဖို့ နိုးဆော်ပေးတာ ကျေးဇူးပါ...

ပိုးဟပ်လေး said...

ဒီနှိုးစော်စာလေး အတွက် ဂုဏ်ယူမိပါတယ် ညီမငယ်
သာဓုပါကွယ်...

ကာရံဆူး said...

သမီးကြီးတို့ တွေ တတ်နိုင်တဲ့ဘက်က ကူညီတာ ၀မ်းသာပါတယ်...အဆင်မပြေသူ အားလုံး အဆင်ပြေကြပါစေ..

ပေါ့ဆိမ့် said...

နိုးဆော်စာလေး အကြောင်း သယ်ရင်းတွေ စုံရင် ဖွလိုက်မယ်..
အားလုံး အဆင်ပြေကြပါစေ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...