Thursday, May 20, 2010

အမှတ်တရ မြို့များ(ပဲခူးမြို့)

ပဲခူးမြို့ဆိုတာ ကျမ သိတတ်စ အရွယ်တည်းက ကြားနေကျ သွားနေကျ နေရာတခုပဲ ဖြစ်ပါတယ် .. ကျမ ငယ်ငယ်က ဦးလေး နံပါတ် (၄) ပေါ့ .. (တရုတ်ကားတွေထဲက အခေါ်ဆိုရင် :P) အဲဒီဦးလေးက ဆက်သွယ်ရေးက အရာရှိ တယောက်ပါ .. ပဲခူးမြို့မှာ တာဝန်ကျပြီး ကျမတို့ ရောက်ရောက်ဖြစ်တဲ့ အိမ်လေးတအိမ်ရှိပါတယ် .. အတိအကျ မမှတ်မိတော့ပေမယ့် အဲဒီနေရာလေးကို ရေးရေးတော့ မြင်ယောင်နေဆဲပါပဲ ..

ဦးလေးက လူပျိုကြီး .. အဖိုးတို့ အဖွားတို့ကလည်း သွားနိုင် လာနိုင်တဲ့ အချိန်အခါမျိုးပါ .. ပိတ်ရက်လိုမျိုး အချိန်တွေမှာ ကျမတို့ ပဲခူးကို သွားသွားလည်ဖြစ်ပါတယ် .. သွားတိုင်းလည်း လမ်းတလျှောက်မှာရှိတဲ့ ဘုရားပုထိုးတွေကို ၀င်ရောက်ဖူးမျှော်လေ့ ရှိပါတယ် .. ဒီလိုနဲ့ ပဲခူးမြို့ဆိုတာ ကျမနဲ့ မစိမ်းတဲ့ နေရာလေး တခုအဖြစ် ရှိနေပါတယ် ..

သင်္ကြန်တွင်းတွေမှာ ဆိုရင်လည်း ရန်ကုန်မြို့ထဲက ထွက်ပြီး ပဲခူးထိ ရေပက်ခံ ထွက်ခဲ့ကြတာကို သတိရမိတယ် .. လမ်းမှာ ကားက ဘီးပေါက် .. စိုသမျှ ရေတွေ ခြောက် .. ဖြတ်သွားသမျှ ကားတွေက ဟားတာကိုလည်း ခံရပါတယ် .. ကိုယ့်အ၀တ်တွေ ခြောက်ပြီဆိုရင် ဘယ်နားကမှန်းမသိတဲ့ ကလေးတွေက ရေလာလောင်းပြန်ပါတယ် .. ဒီလိုနဲ့ စိုလိုက် ခြောက်လိုက်နဲ့ ကားဘီးပြန်အကောင်းကို စောင့်ကြရပါတယ် .. ပဲခူးနဲ့ ရန်ကုန် လမ်းတလျှောက် မျက်စိထဲ ခုမြင်နေတာကတော့ ဖရဲသီးတွေပါပဲ .. အပုံလိုက် အပုံလိုက် အကြီးကြီးတွေပါပဲ ..

နောက်ပိုင်းတော့ ဦးလေးလည်း ရန်ကုန်ပြန်ပြောင်းရ .. ပဲခူးက အိမ်လေးကိုလည်း ဦးလေးကျန်းမာရေးအတွက် အသုံးပြုဖို့ ရောင်းဖြစ်ခဲ့တဲ့နောက်ပိုင်း ကိစ္စမရှိပဲ ကျမတို့ ပဲခူးကို မရောက်ဖြစ်တော့ပါဘူး .. သင်္ကြန်တွင်းဆိုတာလည်း ဦးလေးတွေ အသက်ကြီးလာတာနဲ့ ခရီးဝေးထွက်ကြတာနဲ့ အိမ်မှာပဲ သောင်တင်နေတာပဲ များပါတော့တယ် ..

ကျန်ခဲ့တဲ့ ၃နှစ်လောက်က ပဲခူးနဲ့ ပြန်ပတ်သက်ဖို့ အကြောင်းဖန်လာပြန်ပါတယ် ..

ပဲခူးမြို့ အောင်သုခ ဓမ္မရိပ်သာကို ဦးလေး ဇနီးမောင်နှံကစပြီး ကျမတို့ မိသားစု တစုလုံးကို မိတ်ဆက်ပေးခဲ့ပါတယ် .. ကျေးဇူးတင်စရာ ကောင်းပါတယ် .. တရားစခန်းကတော့ ပဲခူးမြို့မှာ မ၀င်ဘူးခဲ့ပါဘူး .. ဦးလေးတွေ အဒေါ်တွေ တရားလျှောက်ဖို့ သွားတဲ့အခါ လိုက်သွားဖြစ်ခဲ့ပါတယ် .. ဘုရားရိပ် တရားရိပ်ဆိုတာ တကယ်ပဲ အေးချမ်းပါတယ် .. ခြံဝန်းထဲ ထိုင်နေရင်းနဲ့ကို စိတ်တွေက ကြည်လင်နေတတ်ပါတယ် ..

ဒီလိုနဲ့ ပဲခူးမြို့ကို ၂ လ ၃ လ တခါလောက် ရောက်ဖြစ်ပြန်ပါတယ် .. ကျမက ခရီးလိုမျိုး ထွက်ရမယ်ဆိုရင် ခရီး တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ နေရာတကာ လိုက်ချင်တာမျိုးပါ .. ခရီးထွက်ရတာ အလွန်ပဲ ပျော်ပါတယ် .. ဒီတော့ ကျမက ဘယ်သွားသွား ပါသည်ပေါ့ ..

ခုတော့လည်း ဦးလေးတွေ အဒေါ်တွေလည်း အသက်လေးတွေ ရလာကြပြီ .. အရင်လို သွားလာတာမျိုးလည်း မကြားဖြစ်တော့ပါဘူး .. ကိုယ်တိုင်လည်း ဒီမှာ ငုတ်တုတ်မေ့နေရသည်ပဲလေ ..

ခုရော ပဲခူးမြို့လေး ဘယ်လိုဘယ်ပုံ ပြောင်းလဲနေခဲ့ပြီလဲ .. ဒီတခေါက် ရန်ကုန်ပြန်ဖြစ်တဲ့အချိန် အဆင်သင့်ရင်တော့ တရက်ခရီးနဲ့ သွားရောက် ကြည့်ရှုချင်ပါသေးတယ် ..

မှတ်ချက် - ကျမရဲ့ အားနည်းချက်က ဘယ်နေရာ ဘယ်အရာဆိုတာကို မှတ်မှတ်သားသား မရှိတတ်ခဲ့တာကိုပါပဲ .. ကိုယ့် မျက်စိထဲ မြင်ယောင်နေပေမယ့် နေရာတွေကို အတိအကျ မဖော်ပြနိုင်ဖြစ်နေပါတယ် .. ဒါကြောင့် သတိရတာကို သတိရသလို ခပ်ရှင်းရှင်းပဲ ရေးမိပါတယ် ..း)

17 comments:

ပေါ့ဆိမ့် said...

ကျနော် လည်း နှစ်ခေါက်လောက်တော့ ရောက်ဖူးတယ်။ ထုံစံအတိုင်း သိပ်မမှတ်ဘူး ။
သယ်ရင်း နဲ့ သူ့ဦးလေးဆီသွားကြတာ မှောင်မှောင်ကြီး ဆိုက်ကားစီးသွား၇င်း ကုန်းတတ်မို့ ဆင်းတွန်းပေးလိုက်ပဲ မှတ်မိတယ်..

မမ said...

ပဲခူး ရေကြီးတုန်းက ဟိုဘက် ဒီဘက် ကူးမရလို့ သောင်တင် နေတာ သတိရမိ သလို ၊ ခရီး ထွက်တိုင်း ပဲခူး ကို မိုးမလင်းခင် ရောက် မြို့ထဲက လက်ဖက်ရည်ဆိုင် မှာ အီကြာကွေး စားတာ၊ ဘုရား အဆင်းက လက်ဖက်ရည် ဆိုင်တွေ မှာ ခနခန ထိုင် ဖြစ်တာ တွေ ပြန်သတိရ သွားတယ်..ပြောမယ် ဆို ပဲခူးမှာ သတိရ စရာ တွေ အားကြီးပဲ..တော်ပီကွယ်...မီးလေး လဲ သတိရနေတယ် ပေါ့....

ဇွန်မိုးစက် said...

ပဲခူးမြို့ကို ကျိုက်ထီးရိုးအပြန် တစ်ခါပဲ ရောက်ဖူးတာ မှတ်မိတယ်။ မြန်မာပြည်တွင်း အထက်ဘက် မန္တလေး၊ အနောက်ဘက် စစ်တွေနဲ့ အောက်ဘက် ကျိုက်ထိုအထိပဲ ရောက်ဖူးတယ်။ တစ်ပြည်လုံးအနှံ့လည်ပြီး ဘုရားတွေဖူးချင်ပေမယ့် အခွင့်မသာသေးဘူး မိုးခါးရယ်။း(

ရွှေရတုမှတ်တမ်း said...

ပဂိုးသူတွေ လင်နိုင်တယ်ဆိုလို့..ပဂိုးကို ဝေးဝေးကပဲ
ရှောင်ပါတယ်ကွယ်..

သံလွင် HeRo said...

ရွှေမော်ဓောတို့၊ ရွှေသာလျောင်း
ကိုးသိန်းကိုးသန်းတို့ရောက်ဖူးတယ်....
ဆရာမကြီးထမင်းဆိုင်မှာ စားဖူးတယ်....
ဒေးစွန်ပါ ဘုရားသွားချင်ပါတယ် ....

သူကြီးမင်း (တုံးဖလား) said...

ပဲခူး ရောက်ဖူးတယ် ခဏခဏ။ အုပ်စုလိုက်သွားရရင်တော့ ပျော်စရာကြီးပါ။

Flower said...

ရန်ကုန်မှာရှိစဉ်ကတော့ ပဲခူးခနခနရောက်ဖြစ်တယ်
ဘုရားဖူးရင်းလဲရောက် လိပ်ဥ အဲလေ
ဟုတ်ဘူး..း)
ပဲခူးနားမှာ သူငယ်ချင်း သီဟိုဠ်ခြံရှိတယ်
ခြံထဲမှာရေကန်အကျယ်ကြီးတစ်ခုလဲရှိတယ်
လှေသွားသွားစီးတယ် ထမင်းချက်စားကြတယ်
သိပ်ပျော်တာဘဲ
သတိတောင်ရသွားပြီ..

လင်းခေတ် said...

ပဲခူး . . . အင်း ငါတော့ ပဲခူးဆိုလို့ မနီ ငါးချဉ်ကို သွားမြင်တယ် ဟိဟိ သွားရည်တွေယိုနေတယ် စားချင်တာ စားချင်တာ . . . . မေးလေးကို ညည်းဆဲဦးမယ် ငါးချဉ်သုပ် တင်ဖို့ . . . မစားရတော့လည်း သူလုပ်တာ ကြည့်ပီး သွားရည်ယိုရတာပေါ့ ဟိဟိ

မေလေး said...

တဖွဲလုံးကိုတခေါက်လောက်အလည်ခေါ်သွားချင်မိတယ် ပျော်ကြလိုက်မယ်ဖြစ်ချင်း
အဲယားကွန်းမရှိပေမဲ့ ခြံရိပ်နဲ့အေးမြတယ်
မေတ္တာစေတနာနဲ့ရိုးသားဖြူစင်တဲ့ ပဲခူးသူပဲခူးသားတွေရှိတယ်..
နင်လုပ်လို့ လွမ်းသွားပီ..
း((
ပဲခူးသူတွေလင်နိုင်တယ်တဲ့
သေချာရာဇဝင်မသိဘဲရမ်းကြပြန်ပီ
လင်နိုင်တာပဲခူးသူရယ်မှမဟုတ်ပါဘူး
နိုင်လိုစိတ်ရှိတဲ့သူကသာနိုင်တာပါ..
ငါတို့ဆို နားလည်မှုနဲ့တည်ဆောက်ထားတဲ့အိမ်ထောင်ရေး
ဘယ်သူကမှဘယ်သူကိုမနိုင်ဘူးး
ဆောတီးအဲလိုစာတွေ့ရင်မနေနိုင်လို့ နင့်ပို့စ်ထဲထည့်မန့်ပလိုက်တယ်...

Reborn Steven said...

အောင်သုခရိပ်သာက ဗိုလ်ကုန်းရပ်မှာ ရှိပါတယ်။ ဦးလေးနဲ့ ဒေါ်လေးက ဆရာတော်ဆီ ၂လတစ်ခါလောက် တရားလျှောက်ဖို့ ရောက်တယ်ဆိုတော့ တော်တော်လေး အားထုတ်ဖြစ်တာပေါ့နော်။ ကျတော်ဆို မထိုင်ဖြစ်တာ ကြာပေါ့။ ဒီနှစ်ပြန်တော့ ကျတော့ကို အောင်သုခရိပ်သာမှာ တရားအားထုတ်ဖို့ ပြောတဲ့သယ်ရင်းက ဆရာတော်ကို ဆွမ်းကပ်ဖို့သွားမယ်ဆိုတာနဲ့ ကျောင်းရောက်သွားတယ်ဗျ။ ဆရာတော်ကို အခွင်သင့်တုန်း ဓါတ်ပုံရိုက်ခဲ့တယ်ဗျ။ မိုးခါးလိုချင်ရင်ပြောလေ။ ကျတော်က လှည်းကူးကျောင်းက ပီးတာ။ လှည်းကူးကျောင်းလဲ အရင်ကနဲ့မတူတော့ဘူး။ တော်တော်လေး ကျယ်သွားပီး။ မိုးခါက သန်လျင်က ပီးတာနဲ့တူတယ်။

မိုးခါး said...

မိုးခါးလည်း လှည်းကူးက ပြီးတာပါ .. ဦးလေးတွေ အဒေါ်တွေက များတော့ တယောက်မဟုတ် တယောက် သွားသွားနေတာနဲ့ ရောက်ရောက်ဖြစ်နေတတ်ပါတယ် .. သန်လျင်ကတော့ ခုနောက်ပိုင်း တော်တော်လေးကို ရောက်ဖြစ်ကြပါတယ် .. အိမ်က လူကြီးတွေပေါ့နော် .. သန်လျင်ကျောင်းလည်း တော်တော်လေး အဆင်ပြေပြေ ဖြစ်နေပြီလို့ ကြားရတယ် ..း)

noblemoe said...

ညီမရေးးး
ပဲခူးဆိုလို့  ကျေးဇူးကြီးမားလှတဲ့ ဆရာတော်ကြီးကိုတန်းသတိရသွားတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

~ဏီလင်းညို~ said...

ညီမလေးရေ.......

ပဲခူးကိုနှစ်ခါလားမသိ ရောက်ပြန်သဘောနဲ့ ရောက်ခဲ့ဖူးတယ်.....။
သိပ်မနှံ့ခဲ့တာ အမှန်ပဲ.......။
လမ်းတွေမမှတ်မိတာမျိုးကတော့ ကိုဏီရောပဲ.....။
ဘယ်တော့မှ မှတ်မထားတတ်လို့ ခဏခဏ ဟားခံရတယ်ဒီမှာ........ဟား......ဟား......း))

ခင်မင်တဲ့
ဏီလင်းညို

Sein Lyan Tun said...

နောက်တခါမှတ်ထားစရာမလိုဘူး

ပဲခူးသူနောက်ကလိုက်... စား.. အိပ်... နှပ်... ဒါပဲလေ..

ပြောလိုက်စမ်းပါ မေလေးရာ.. နော့်... နော့်.. နော့်..

ပုံ့မေ said...

ငါဆိုလဲ ခရီး သွားချင်တာများများ... ရောက်သွားရင်ပျော်တယ်...
သွားသာသွားတယ်... နေရာသေချာမမှတ်မိတဲ့ထဲ ငါလဲပါတယ်.. =P

flowrepoem said...

ပဲခူးကိုရောက်ဖူးတယ်. . .. ၁ ခါပဲ ဒါပေမယ့် တအားစည်တယ်နော် ကျိုက်ထီးရိုး၊ဘားအံ၊ တောင်ကြီး ဘက်သွားရင်တော့ ခဏခဏဖြတ်ဖူးပါတယ်.

Unknown said...

နေရာတိုင်2လို2ရွေမျိုးတွေလား တော်တော်ဖတ်လို့ ကောင်းပါတယ်ရောက်တဲနေရာလေးတွေအကျောင်းထပ်ရေးပါအုံး

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...