Tuesday, March 22, 2011

ကျမနှင့် အလုပ် (၄)

ပထမရက် အင်တာဗျူးကို မိုးရေတရွှဲရွှဲနဲ့ သွားဖြေပြီး နောက်မှာ နောက်ရက် second interview ကို နေ့လည်ဘက်ထပ်ခေါ်လို့ သွားရပါတယ် .. ကုမ္ပဏီက ဘယ်လောက်ချောင်ကျလဲဆိုတာ ပထမရက် သွားပြီးတာတောင် နောက်ရက်လည်း တန်းတန်းမတ်မတ်မရောက်ပါဘူး .. လည်နေပါတယ် .. နောက်ဆုံး ချိန်းထားတဲ့ အချိန်နီးနေတော့ တက်စ်စီနဲ့ လစ်ရပါရော .. နောက်ဆုံးတော့ အချိန်မှီရောက်သွားပါတယ် ..

ရောက်သွားပြီး သူဌေးယူလာခိုင်းတဲ့ ကိုယ့်ရဲ့ ပရောဂျက်တွေ ပြ .. သူ့တို့ကလည်း ခေါင်းတညိမ့်ညိမ့်နဲ့ပေါ့ .. ပြီးတော့ အော်တိုကဒ် ဆွဲပြဖို့ ပြောလာပါတယ် .. ဒီကလည်း အိုကေပေါ့ .. ဒါပေမယ့် သူတို့မှာ အော်တိုကဒ်ဆော့ဝဲ မရှိပါဘူး .. ဒီတော့ ဖုန်းတွေဆက်ပြီး သူ့သူငယ်ချင်းဆီက ငှားဖို့ လုပ်ပါသေးတယ် .. ဘယ်လိုမှ အဆင်မပြေတော့ ကိုယ်ကလည်း လျှာက ရှည်တယ်လေ .. ရောက်ကာစ အထာကလည်း မနပ်သေးတော့ ငါ့မှာ ရှိတယ်ပေါ့ .. ဒါဆို သွားယူမယ်ဖြစ်ရော .. သိပ်လည်း မဝေးပါဘူး အိမ်နဲ့ အလုပ်က .. Eunos နဲ့ Aljunied ပါပဲ .. ဒီလိုနဲ့ သူဌေးကားနဲ့ အိမ်သွားယူတယ်ပေါ့ ..

နောက်ဆုံးတော့ အော်တိုကဒ်လဲ ရပြီ အလုပ်နေရာလဲ ပြန်ရောက်ပြီဆိုတော့ Plan ပုံ 2D drawing ၁ခု ထုတ်လာပါတယ် .. ဘယ်လောက်ကြာမလဲ တဲ့ .. ပြောလိုက်တယ် .. နာရီဝက်လို့ .. :P ဆွဲလဲဆွဲရော မီလီမီတာကလည်း သုံးနေမကျတာရော သိပ်မကျွမ်းကျင်သေးတာရော ပေါင်းပြီး ၃နာရီ ကြာသွားပါတယ် .. :P ပြသနာတော့ မရှိပါဘူး .. :D

ဒီလိုနဲ့ သူတို့လည်း ကြိုက်တယ်ပေါ့ .. လခတွေ ဘာတွေ ပြော .. နောက်နေ့ ပတ်စ်တင်ပေးမယ် ဆိုလာပါတယ် .. သူဌေးက သူဌေးအသစ်စက်စက်ဖြစ်တော့ ကုမ္ပဏီအကြောင်း အလုပ်သမားနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေ သူဘာမှ နားမလည်ပါဘူး .. ဒီတော့ အစ်မကို ဖုန်းဆက် အပူကပ် .. အစ်မဆီက နည်းတွေ မေး လုပ်ရပါတယ် ..

သူဌေးက ပြောပါတယ် .. သူတို့က ရေရှည် လုပ်စေချင်တယ် .. ကုမ္ပဏီကလည်း ခုမှ စဖွင့်ကာစ .. အိမ်တွင်းအလှဆင်တာနဲ့ ပတ်သက်တဲ့ သင်တန်းပေးတက်မယ် .. 3D ပေးတက်မယ် စသည်ဖြင့်ပြောပါတယ် .. စာချုပ်လည်း ချုပ်ရပါမယ် .. ဘာလို့ဆိုတော့ လာတဲ့ အလုပ်သမားတွေက ပညာစုံရင် တာ့တာ လုပ်သွားတတ်လို့ပါတဲ့ .. ကိုယ်ကလည်း အလုပ်ရချင်နေတာဆိုတော့ အကုန် အင်း ပေါ့ .. အဆုံးတော့ နောက်နေ့ အလုပ်လျှောက်ပေးမယ် .. လိုတဲ့ စာရွက်စာတမ်းတွေ ယူလာဖို့ မှာစရာ ရှိတာမှာပြီး အိမ်ပြန်ပါတယ် ..

အိမ်ရောက်တော့ အစ်မတွေက ၀ိုင်းပြီး အကြံပေးကြတယ် .. စာတိုက်က မတင်ခိုင်းဖို့ အွန်လိုင်းက တင်ခိုင်းဖို့ စသည်ဖြင့်ပေါ့ ..

နောက်ရက် ခေါ်ထားတဲ့ အချိန်ထပ်သွားရပါတယ် .. ပတ်စ် တင်မယ်ဆိုတော့ သူတို့က စာတိုက်ကတင်တာပဲ သိတယ် .. အွန်လိုင်းက တင်တာမသိဘူး .. ဒီတော့ အစ်မဆီ ဖုန်းဆက် သူဌေးနဲ့ ပြောခိုင်း .. နောက်ဆုံးတော့ ကုမ္ပဏီကို register အရင်လုပ်ရမယ် .. ဘာညာနဲ့ အဲနေ့ မတင်ဖြစ်ပြန်ပါဘူး ..

အဲဒီနေ့မှာ သူဌေးနောက်ကို လျှောက်လိုက်ရပါတယ့် .. ပတ်တိုင်း လုပ်မယ့် ကောင်မလေးလည်း လာပါတယ် .. ခေါ်သွားတဲ့နေရာတွေက မီးဆိုင်းတွေ အိမ်တွင်းအလှဆင်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေ ၄ ၅ ဆိုင်ပါပဲ .. မိတ်ဆက်ပေးတယ် .. ဒါ သူ့ဝန်ထမ်းပေါ့ .. နောက်ဆို သူတို့တွေ လာမယ် ဘာညာပေါ့ .. အဲဒီနေ့က မှတ်မှတ်ရရ ည ၈နာရီကျော်သွားပါတယ် ..

နောက်ရက်တွေကျ သူတို့ ပတ်စ်တင်ပေးပြီး ကျလာမှာကို ထိုင်စောင့်ပါတယ် .. တရက်တော့ တင်ပြီးပြီ လို့ အကြောင်းကြားလာပါတယ် .. ကိုယ့်အလုပ်က သတင်းထိုင်စောင့်ရုံပေါ့ ..

တိုက်တိုက်ဆိုင်ဆိုင် သူတို့ ပတ်စ်တင်လိုက်ပြီဆိုတဲ့ နေ့မှာ တခြားး အင်တာဗျူးတခု ထပ်ဝင်လာပါတယ် .. သွားပါတယ် .. ဒါလည်း တော်တော် ရှာလိုက်ရပါတယ် .. အာတွေလည်း ပေါက် လျှာတွေလည်း ထွက် .. :D

ဆက်ရန် .. :D

11 comments:

ကိုဇော် said...

သြော်. . .အာပေါက်ပြီး လျှာထွက် တန်းလန်းကြီးနဲ့ . . . ပါလား။ ကြည့်ရတာ အတော် ဆိုးမှာပဲ။ စာကတော့ ဖတ်လို့ ကောင်းပါတယ်။ ဆက်ပါဦး။ လျှာထွက်ကြီးနဲ့ ဆိုတော့ ပြောင်နေသလိုပဲ။

ပွင့်မြုးဇင် said...

အလုပ်ရှာနေဆဲကာလတွေကို ပြန်တောင်မစဉ်းစားချင်ဘူး.. မောလွန်းလို့.. တနေ့တနေ့ သတင်းစာကို မူးအောင်ဖတ်ရသေးတယ်.. အလုပ်လဲရပြီးရော သတင်းစာကို လုံးဝမကြည့်တော့တဲ့အထိ စိတ်နာသွားတယ်..

လင်းခေတ်ဒီနို said...

နင် အခန်းဆက် ၀ထု ရေးနေတာလားး))))))

Mamoonn said...

ဟုတ်ပါ့တော် အလုပ်က အဆင်ပြေမှာပါ ခါးခါးရေ..
လျှာပြန်သွင်းလိုက်တော့..။:P

noblemoe said...

ဘဝတူတွေ မို့ လျှာထွက်ခြေတိုအောင် လျှောက်ခဲ့ဖူးတာအမှတ်တရပါပဲနော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မောင်မျိုး said...

နင် အရမ်းတော်လို့ပေါ့ဟ ဒါကြောင့် အလုပ်မြန်မြန်ရတား) အလုပ်စစ၀င်ချင်းကတော့ အားမာန်တွေနဲ့ တသက်လုံး အင်တိုက် အားတိုက်ပဲ လုပ်တော့မလိုနဲ့ နောက်ပိုင်းကျ ပျင်းထူသွားကောနော့် ။

Anonymous said...

ကုမ္ပဏီအဟောင်းထက်စာရင် အသစ်က ကိုယ့်အတွက် အခွင့်အရေး ပိုကောင်းတယ်လို့ထင်ပါတယ်.. ခုလို သူဌေးကလည်း လုပ်ငန်းသဘာဝမကျွမ်းကျင်တော့ အစစ ကိုယ့်ကိုယ် ယုံကြည်အားကိုးတာမျိုး ဖြစ်နိုင်တယ်လေ..
ဆက်ပြီး ကံကောင်းမယ်လို့ ယုံကြည့်ပါတယ်..
အဆင်ပြေပါစေ ညီမလေးရေ

မချော(အစိမ်းရောင်လွင်ပြင်)

T T Sweet said...

အတွေ့အကြုံလေးတွေ လာဖတ်သွားပါတယ်။
တန်းလန်းဖြစ်နေတယ်။ ဆက်ရေးနော်။ အားပေးနေတယ်။

ညီသူအိမ် said...

လျှာပြန်သွင်းလိုက်လေ မြန်မြန်:P

မိုးယံ (လူသားအားလုံးအတွက်) said...

လျှာသိမ်းပြီး လုပ်ငန်းခွင်တွင် ဖလမ်းဖလမ်းထသော ဆက်ရန်များ မျှော်.........

အတွေးကမ္ဘာ..မှတ်တမ်း said...

မိုးခါးက အလုပ်အကြောင်းရေးတာ ကွန်မန့်ပေးတဲ့ သူတွေက လျှာအကြောင်း ပဲပြောသွားကြတယ်.. အဲ ကိုယ်လည်း ဒီလျှာအကြောင်းပဲ ပြောနေပါကလား...:D

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...