Wednesday, March 23, 2011

ကျမနှင့် အလုပ် (၅)

ဟုတ်ကဲ့ .. မိုးခါးကို သူငယ်ချင်းတွေ ဆွေမျိုးတွေ တော်တော်များများက ပြောပါတယ် .. နင် တော်တော် ကံကောင်းတယ်တဲ့ ..

သူတို့ပြောတာကို လက်ခံမိပါတယ် .. ပြောပလောက်အောင် မရုန်ကန်ခဲ့ဘူးပါဘူး .. ဒါကြောင့်လဲ ၀ီရိယအား တော်တော်နည်းကြောင်းလဲ ၀န်ခံရပါမယ် .. :D (ဒါ မကောင်းဘူးနော် .. ကိုယ့်အောက်အငယ်တွေ အတုမယူကြနဲ့ :P)

ဘ၀မှာ ကြုံခဲ့ဘူးသလောက် အမြဲတမ်း ရွေးချယ်စရာ ၂ခု ၂ခု ဖြစ်တတ်ပါတယ် .. အမြဲတမ်းလဲ ဒွိဟ ဖြစ်ရပါတယ် .. အဲလိုအချိန်တွေကတော့ မိုးခါးအတွက် စိတ်ပင်ပန်းရတဲ့ အချိန်တွေပါပဲ .. အနဲလေးတော့ စိတ်ရှုပ်ရတယ်ပေါ့ ..

-------
နောက်ကုမ္ပဏီက အင်တာဗျူးခေါ်တဲ့ဖုန်း လာအပြီး သူတို့ ပို့လိုက်တဲ့ လိပ်စာနဲ့ မြေပုံကို ကြည့် .. အင်တာဗျူးသွားဖို့ ပြင်ဆင်ရပါတယ် .. အစ်မတယောက် အဖော်လိုက်ရင်းကကို နေရာကို အတော်လေး ရှာရပါတယ် .. နောက်ဆုံးတော့ တွေ့ပြီ ဆိုပါတော့ ..

ဗျူးတာက အမျိုးသမီးပါ .. နောက်မှ သိလိုက်ရတာက သူတို့က အေးဂျင့် .. ဒါပေမယ့် ကုမ္ပဏီဘက်ကပဲ ပိုက်ဆံယူတဲ့ အေးဂျင့်ပါ .. အမျိုးသမီးနာမည်က katherine Koh ပါ .. ပတ်စ်လျှောက်ပေးထားတဲ့ ကုမ္ပဏီက သူဌေး နာမည်က Barnet Koh ပါ .. အစ်မတွေကတောင် ပြောသေးတယ် .. မီးငယ်က Koh တွေနဲ့ အကျိုးပေးသလားမသိဘူးတဲ့ .. ;) သြော် .. ခုလက်ရှိ ကုမ္ပဏီ စ၀င်ကာစ မိုးခါးအထက်က မန်နေဂျာက Keith Khoo ပါ .. :D (အသံထွက်က လာဆင်နေသေးတယ်နော် .. :D)

ဒီမှာတော့ ဘာမှ ထွေထွေထူးထူးလဲ မမေးပါဘူး .. လူမြင်ပြီး သဘောကျတယ် ထင်ပ :P

ညနေကို နောက် အင်တာဗျူးသွားလိုက်ပါ .. ဘယ်ကို ဘယ်ကိုပေါ့ .. လစာကို ဘယ်လောက်တောင်း ဘာညာပေါ့ .. ပြောပြီး ပြီးတာပါပဲ .. ဒါနဲ့ ပြီးပြီဆိုတော့ ပြန် .. ညနေအတွက် ရင်ခုန်ရင်းပေါ့ ..

ညနေကျတော့ ထပ်သွား .. ထပ်လည်ပြန်ပါရော .. ဒိုဘီဂေါ့ကို တော်တော် စိတ်နာသွားရတယ် .. လှေကားတွေ မြင်နေရဲ့နဲ့ ခရမ်းလိုင်း သွားဖို့ အောက်ဆင်းရမယ့် လှေကားကို ဘယ်လိုမှ ရှာမတွေ့ခဲ့တာ .. ခုတော့ ရီစရာပေါ့ .. အဲဒီအချိန်က တော်တော်ချွေးပြန်ခဲ့ရတယ် ..

ဒီလိုနဲ့ နောက်ဆုံး ခရမ်းလိုင်း အဆုံး Punggol ကို ရောက်ပြီး လာခေါ်တဲ့ ကားနဲ့ အလုပ် ဆိုက် ရှိတဲ့နေရာကို လိုက်သွားခဲ့ပါတယ် .. ကုသိုလ်ကံများ ကောင်းချင်တော့ လာကြိုတဲ့ ကုလားကြီးက မေးလာပါတယ် .. လခဘယ်လောက်တောင်းလဲတဲ့ .. ကိုယ်တောင်းတဲ့ လခပြောလိုက်တော့ သူက မျက်လုံးပြူးသွားတယ် .. ဒါနဲ့ စိတ်ထဲမှာ ငါတောင်းတာတော့ နည်းသွားတယ်ထင်တယ်လို့ မှတ်လိုက်မိတယ် .. ပိုတောင်းရင်ကောင်းမလားပေါ့ ..

ဒီလိုနဲ့ အင်တာဗျူးဖို့ ဂျပန်ကြီး နဲ့ တွေ့ပါပြီ .. သူက မေးပါတယ် .. 2D 3D ရလားပေါ့ .. ကိုယ်ကလည်း 2D ရတယ် 3D မရဘူးဆိုတော့ .. အင်း 2D ရရင် အဆင်ပြေပါတယ်တဲ့ .. ပြီးတော့ ရှေ့မှာ ချထားတဲ့ plan ပုံကို ပြပြီး ဆွဲရင် ဘယ်လောက်ကြာမလဲတဲ့ .. ပုံက တော်တော်ကြီးတော့ မှန်းပြီး ၃ ၄ နာရီလို့ ပြောလိုက်ပါတယ် .. ဂျပန်ကြီးကလည်း ခေါင်းတညိမ့်ညိမ့်ပေါ့ .. နောက်ဆုံး ပုံလည်း မဆွဲခိုင်းပါဘူး .. လခဘယ်လောက်တောင်းမလဲ မေးတဲ့အချိန်မှာတော့ မိုးခါးလဲ အရဲစွန့်ပြီး ပိုတောင်းလိုက်ပါတယ် .. သူက ချက်ချင်းပဲ အိုကေတယ် ပေးမယ်ဆိုပြီး ဘယ်နေ့စဆင်းနိုင်မလဲ မေးတော့ ကိုယ်လဲ မြန်လေကောင်းလေ .. သူတို့လည်း လူလိုနေတဲ့အချိန်ဆိုတော့ any time ပေါ့ .. ဒါနဲ့ နောက်တပတ် ဆင်း ဆိုပြီး ဖြစ်သွားပါတယ် ..

အဲဒီအချိန် ကိုယ့်စိတ်ထဲ ပျော်လဲပျော် ရင်လည်း ခုန် .. တင်ထားတဲ့ ပတ်စ်အတွက်လည်း အရင်သူဌေးကို အားနာ .. ဟိုအလုပ်လည်း လိုချင် ဒီအလုပ်လည်း လိုချင်ဖြစ်ပါတော့တယ် .. ၂ခုလုံးက တမျိုးစီ ကောင်းကွက်တွေ ရှိနေတော့ လူလည်း အတော် ချာလပတ် ရမ်း သွားပါတယ် ..

အိမ်ကျတော့ အစ်မတွေနဲ့ ခေါင်းချင်းဆိုင် .. ဒူးတိုက် ဆွေးနွေးပါတော့တယ် ..

ကုမ္ပဏီအကြီးအတွက် ပတ်စ်ကို စိုးရိမ်စရာမရှိဘူးဆိုတာ နားလည်ပေမယ့် ဟိုဘက်က သူဌေးကိုလည်း အားနာမိပြန်ပါတယ် .. (မြန်မာစိတ်ဓါတ် ထင်ပါရဲ့) ပတ်စ်တင်ပေးထားတဲ့ သူဌေး အားနာပြီး ဟိုဘက်ကန်ဆယ်လုပ်ပြီးမှ ပတ်စ် ရီဂျက်ဆို ကိုယ်က ကြားထဲက ကွိဦးမယ် .. သူဌေးဆီပဲ ပြေးပြီး ငါ့ပတ်စ် အဆင်မပြေရင် နင် အပီး တင်ပေးမှာလား ရအောင် လုပ်ပေးမှာလားပဲ ပြေးပြောရမလိုလို .. တခါတည်း သေချာတဲ့ဆီပဲသွားပြီး ပတ်စ်တင်ထားတာ ကန်ဆယ်လုပ်ပေးပါပဲ ပြောရမလိုလိုပါပဲ .. နောက်ဆုံးတော့ စိတ်ကို ဒုန်းဒုန်းချ .. ကိုယ့်ကုသိုလ်ကံနဲ့ အဆင်ပြေတာ တွေ့ချင်ရာသာတွေ့ပစေတော့လို့ တွေးလိုက်ပါတယ် .. မေတ္တာတွေလည်း ပို့လိုက်ရတာ လွန်ပါရော .. အထက်အောက် အလယ် အကုန် အစုံပါပဲ .. အဲဒီအချိန်မှာပဲ ဂျပန်ကုမ္ပဏီက ဖုန်းတွေခေါ် ပတ်စ် တင်လို့မရဘူး .. ပရောဆက် တခုဖြစ်နေတယ်ဆိုပြီး ပြောလာပြန်ပါရော .. ကံလေးသာပြန်တော့ အဲ့ဒီနေ့က စနေမို့ ဟိုဘက်ရုံး ပိတ်ပါတယ် .. ဖွင့်ရင်ပြောလိုက်ပါ့မယ် ဖော .. ဒါဆိုလည်း အမြန်ဆုံး ကန်ဆယ်လုပ်ပါပေါ့ .. သူတို့ တင်ပေးမယ်ပေါ့ .. အိုး မူးလိုက်တာ မူးလိုက်တာ ဆိုတာ ခုတွေးရင် ခုပြန်မောတာပါပဲ ..

ဒီလိုနဲ့ တနင်္လာနေ့ မနက်မှာပဲ ကံကောင်းစွာနဲ့ သူဌေးဆီက ဖုန်းဝင်လာပါတယ် .. နင့်ပတ်စ် ရီဂျက်တဲ့ .. တော်တော်ပျော်သွားပါတယ် .. ခေါင်းအေးပြီလေ .. ဟိုအလုပ်ကို စိတ်ချလက်ချ ၀င်လိုက်ရုံပေါ့ .. သူဌေးကိုလည်း အားနာစရာမလိုတော့ဘူး .. ကျောင်းတက်ရမယ့် အစီအစဉ်တော့ ဝေးသွားတယ်ပေါ့ .. ဘာပဲဖြစ်ဖြစ် ဒါကောင်းဖို့ပဲလို့ မှတ်လိုက်ပါတယ် ..

ဒါတွေကတော့ စလုံး ရောက်ခါစ မလည်မ၀ယ်နဲ့ တလည်လည် ဖြစ်ခဲ့ရတာတွေပါ .. :D

ဘာရယ်တော့မဟုတ်ပါဘူး .. စိတ်ထဲ မှတ်မှတ်ရရ ဖြစ်နေတာလေးတွေကို ချရေးလိုက်မိတာပါ .. အလုပ်ထဲမှာ နေ့စဉ်ဖြစ်နေတာတွေလည်း ရေးဖြစ်ဦးမယ် ထင်ပါတယ် .. ခုလို မိုးခါးအရှုပ်တွေကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် ..း)

10 comments:

Angelhlaing(May everybody be happy and healthy! said...

ရင်တစ်ထိပ်ထိပ်နဲ့ ဖတ်လိုက်ရတာ မမရယ်
တော်ပါသေးရဲ့ အဆင်ပြေသွားလို့...
မမဆို ပိုမောနေမှာနော်....:P
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

johnmoeeain said...

မောတောင် သွားတယ် :P

ဒါဗယ်ကျောက် said...

လူ ၂ ယောက်က ရည်းစားစကားလာပြောခန်းပါသေးလား..

လင်းခေတ်ဒီနို said...

ဂီးဂူးဂါးးးးးး နင့် ခုနှစ်ထွေ အရှုပ်တော်ပုံကြီး ဖတ်ရတာ ပျင်းထှာ . . . ၀ထုတိုရေးဟ . . . ဂီးဂူးဂါးးးးရေး))))

မြတ်မွန် said...

တော်သေး၏။
အကောင်းဆုံးလို့ထင်တာရွေးချယ်လိုက်ပီပဲ...
အကောင်းဆုံးတွေပဲ ဖြစ်လာမှာပေါ့ ခါးခါးရေ..။

မောင်မျိုး said...

နင့်ကို လာတောင်းတဲ့ ကောင်လေး ၂ယောက်ဖြစ်နေရင်းကော အမေ တို့ ပေးစားတာ ယူမလား ကိုယ်ချစ်တာ ယူမှာလားး) ကိုယ့်ချစ်သူက ရီဂျက်စ် ဆိုရင်တော့ နင်တော့ကွိပြီး ဟီးး

ချော(အစိမ်းရောင်လွင်ပြင်) said...

သူများတွေက reject ထိလို့ဝမ်းနည်းရတယ် သူကျတော့ ပျော်စရာဖြစ်သွားတယ်။ ကံကောင်းပုံများနော်း)
ဆက်လက်ပြီး အမြဲတမ်း ကံကောင်းပါစေ ညီမလေးရေ

ညီသူအိမ် said...

ကိုယ့်အောက်ငယ်သားတွေ အတုမယူကြနဲ့
(ငါပြောသလို လုပ် ငါလုပ်သလို မလုပ်နဲ့):P
ပုံ။
ဦးမိုးခါး(ခ)ဦးကံကောင်း၏ အောက်ငယ်သား

akhayar said...

ရေးသူလဲမော ဖတ်သူလဲမောဖြစ်သွားပါ၏
မောမောနဲ့ ပဲ ကွန့်ခဲ့ပါတယ်
လာရောက်အားပေးသွားပါကြောင်း

ကိုဇော် said...

ဒီလိုပဲ ဖြစ်တတ်တယ်။
အရင်က မောစရာတွေက အခုကျတော့လည်း ပြုံးစရာ ဖြစ်နေပြန်ရော မဟုတ်လား။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...