Sunday, March 27, 2011

ဗျူး

ဝိဇ္ဇာတို့ ဗျူးတို့ မဟုတ်ပါဘူး .. :D ဒီကောင်(ဗိုက်ကလေး) ဗျူး လို့ပါ .. :D

မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။
၂၀၀၈ နှစ်ကုန်ပိုင်းလောက်က စပြီး ယောင်တောင်ပေါင်တောင် ရောက်လာတာပါ .. စုပေါင်းဝပ်ဆိုက် တခုမှာ ရေးရင်းက ကိုယ်ပိုင်နေရာလေးတခု တည်ဆောက်ချင်လာလို့ ဘလော့ကို စလုပ်မိပါတယ် .. ဒီလိုနဲ့ မျက်စိနောက်စရာ တယောက်တိုးလာတယ် ဆိုပါတော့ .. :P

မေး= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေတိုးတက်ပြောင်းလဲလာပြီး ဘာတွေမပြောင်းလဲသေးဘူးလို့ထင်ပါသလဲ ။
ဘလော့ ရေးခါစက အဖော်အပေါင်း သိပ်မရှိသေးလို့ စာရေးခြင်းက အဖော်ကောင်း ဖြစ်ခဲ့ပါတယ် .. ပိုပြီးလဲ ရေးလို့ တွေးလို့ ကောင်းတယ်လို့ ထင်ပါတယ် .. (ရေးထားသမျှတော့ တခုမှ အားမရပါဘူး .. :D) ခုတော့ နဲနဲ အပျင်းတစ်နေသလို အပျော်အပါးတွေ များနေပါတယ် .. အာရုံလဲ သိပ်မရသလို အကြောင်းသိတွေများနေတော့ အရင်လို သိပ်ဖောလို့ မကောင်းတော့ဘူး ဖြစ်နေပါတယ် .. :P အရင်က ဘလော့ရေးတာ ပိုပျော်ဖို့ ကောင်းတယ်ထင်ပါတယ် .. ခုတော့ နဲနဲများပျင်းခြောက်ခြောက် နိုင်သလားလို့ ..

မေး= ဘာကြောင့် Blog ရေးဖြစ်နေတာလဲ ..
ဘလော့ရေးတာက ကိုယ့်အတွက် စိတ်ထွက်ပေါက် တခုလည်း ဟုတ်တယ် .. ၀ါသနာ တခုလည်း ဟုတ်တယ် .. တာဝန်တခုလိုလည်း ဖြစ်နေပါတယ် .. ရေးချင်စိတ်ရှိတဲ့အခါ ရေးသလို ရေးဦးမှ ဆိုပြီးလည်း ရေးပါတယ် ..

မေး= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။
မနိုင်နိုင်းပါ .. မနိုင်နိုင်းလို ဘာသာပြန်ကောင်းသူတယောက် ဖြစ်ချင်တယ် .. မနိုင်းစာတွေလို သူများတကာရဲ့ စိတ်ဓါတ်ကို တက်ကြွအောင် မှတ်သားစရာတွေ ဖြစ်အောင် ရေးချင်ပါတယ် .. အဖတ်များတဲ့စာရယ်တော့ သတ်သတ်မှတ်မှတ် မရှိပါဘူး .. မြင်သမျှ စာ အကုန်ဖတ်ပါတယ် .. စိတ်ဝင်စားရင် ၀င်စားသလို သေချာဖတ်ပြီး မ၀င်စားရင်တောင် သာမန်တော့ အကြမ်းဖျင်း ဖတ်တတ်ပါတယ် .. အရမ်းကြိုက်ရင်တော့ စတား လုပ်ပြီး မှတ်ထားပါတယ် .. သူများတွေကိုလည်း လျှောက်ရှယ်ပါတယ် ..း)

မေး= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။
ကော့မန့်တွေ မျှော်တတ်ပါတယ် .. ကိုယ်ရေးထားတဲ့ အပေါ် ဘယ်သူတွေများ ဘယ်လိုခံစားသွားရလဲ .. ဘယ်လိုသဘောထားသွားလဲ .. စသည်ဖြင့် ထင်မြင်ချက်လေးတွေ လိုချင်ပါတယ် .. အပျော်ရေးတဲ့ စာတွေမှာ မန့်ထားတဲ့ ပျော်စရာကောင်းတဲ့ ကော်မန့်တွေ ဖတ်ပြီး ရီရ ပျော်ရပါတယ် .. ကိုယ်ရေးထားတဲ့ ၀တ္တုတိုလို စားမျိုးအတွက် လိုအပ်ချက်တွေ ခံစားချက်တွေ သိချင်ပါတယ် .. ဒီတော့မှ ကိုယ့်ဘက်က ပြင်စရာရှိတာ ပြင် ပြောင်းစရာရှိတာ ပြောင်းရမှာပေါ့ .. နော့ ..း)

မေး= ဘယ်လိုစာတွေရေးဖြစ်သလဲ ဘာအကြောင်းတွေရေးဖြစ်လဲ ။
ရေးချင်တာတော့ သူများအကျိုးရှိမယ့် အတွေးရမယ့် အကြောင်းပါ .. ကိုယ့်စာထဲက တခုခု ရစေချင်ပါတယ် .. ခုထိတော့ မဖြစ်လာသေး .. :D ရေးဖြစ်တာက စိတ်ကူးပေါက်သမျှပါပဲ .. ကဗျာတော့ အရမ်းရေးချင်နေပါတယ် .. ဒါပေမယ့် ကိုယ့်စိတ်က နုလို့ မရတော့ ခက်တယ် .. ရေးလိုက်ရင် ပေါက်ကွဲသံစဉ်ကြီး ဖြစ်ဖြစ်သွားလို့ .. နူးနူးညံ့ညံ့ လေး ရေးကြည့်ဦးမှ .. တခါတလေ ရေးပြီးလည်း ပြန်ဖတ်မိတော့ အူယားပြန်ရော .. သိပ်နုလို့ မရဘူး .. :-\

မေး= အချစ်အကြောင်းတွေရေးဖြစ်တာက ။
မရေးဖြစ်တာ များပါတယ် .. ပြောပါပြီကော နုလို့ မရပါဘူးလို့ .. ရေးတော့ ရေးချင်သား .. ကြိုးစားကြည့်ဦးမယ် ..

မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ ။
ရသနဲ့ အသိ အတွေး ပေးတဲ့ စာမျိုးပါ .. (ခုထိ အရာမထင်သေး :P)

မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။
ကောင်းကွက် - ယူတတ်ရင် ပညာချည်းပဲပေါ့ ..
ဆိုးကွက် - ဘေးထွက် ဆိုးကျိုးကတော့ နေရာတိုင်းမှာ ရှိတတ်ပါတယ် ..
ကိုယ့်ဟာကိုယ် ချင့်ချိန် ရမှာပေါ့ .. ဖြစ်သင့်တာ မဖြစ်သင့်တာ လုပ်သင့်တာ မလုပ်သင့်တာ ယူသင့်တာ မယူသင့်တာ ..

မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ ။
အထူးအထွေ မရှိပါဘူး .. လိမ္မာပြီးသားတွေပဲဟာ .. :P :P

မှတ်ချက် ။ ။ အမှားပါရင် ခွင့် လွှတ် ကြ ဘာ လို့ ထပ်ပြောချင်ပါတယ် .. :D

13 comments:

Anonymous said...

ခွေး လွှတ်လိုက် ပါတယ် ကွယ်...း)

nYi ThU E@in said...

ဟေ့ရောင်
:P :D တွေက သိပ်များနေပြီ
အတည်အတံ့လေး ဘာလေးလုပ်အုံး
ကဗျာရေးမရလို့ နုချင်ရင်တော့ လာထား
ခူးစားပလိုက်မယ် ဟီး (စတာ)

မိုးယံ (လူသားအားလုံးအတွက်) said...

ဟယ် ပေါက်ကွဲသံစဉ်တွေဂျီးပဲ ရေးတတ်သူ လာတွေ့သကိုး.. သိသားပဲ။


ဝက်ထုဒွေ ဖတ်တယ်.. နုပါတယ်ဆို၊ သူက အတင်း ကြမ်းချင်းနေတာကိုး.


တော်သေးတယ် ကိုယ်တွေ လိမ္မာတာ သိတဲ့သူတစ်ယောက် ရှိသေးတာကိုး။

ခွှေးလွှတ်တယ် ၊ နွားလွှတ်တယ်။

Angelhlaing(May everybody be happy and healthy! said...

ဗျူးလေးကလည်း မိုက်ပ ။။ အားကျထှာနော်...

ကိုဇော် said...

ဂွတ်တယ်။
ဒီက တဂ်ထားတာ အကြွေး မကျေသေးဘူး။ ဟိုတစ်ယောက်က ထပ်တဂ်ပြန်ပြီ။ ညီမကိုလည်း ရေးပေးမယ်နော်။ ခဏတော့ စောင့် ။ အခု တလော လူမှုရေးတွေနဲ့ ရှုပ်နေလို့။

ကျောက်ခါး said...

တားတား ကမလိမ္မာတေးဘူး...
မိုက်တုန်း....

မောင်မျိုး said...

အောင်မာ ငါ့များ ဒီကောင်ဗိုက်ကလေး တဲ့ စော်စော်ကားကားး)

အချစ်အကြောင်းတွေ အရင်ကရေးပါတယ်ဟာ နုနုလေးတွေ မခုမှ လာပြီးတော့ နုမရတော့ဘူး လုပ်မနေနဲ့ ။

ကျေးဇူး သယ်၇င်း ရေးပေးတာ ။

noblemoe said...

ဗျူးထားတာလေးလာဖတ်တွားပါကြောင်းးးးးးးးးး

ခွင့်လွတ်ပါဆိုတော့ အင်းးးးးးးးဒီလိုလွယ်လွယ်ဘယ်ခွင့်လွတ်လို့ ရမလဲလေနော့်
ဝတ္ထုတိုနောက်တစ်ပုဒ်ကောင်းကောင်းလေးစ်
စာရှည်ရင်မဖတ်ဖြစ်တာ မိုးခါးနဲ့တွေ့ မှမျောသွားတယ်။း)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

နာ မယ် ကြီး တ ယောက် ရဲ့ ဗျူးကို ဖတ် မှတ် သွား ပါ ဒယ်။။


:P :) :D


အနောနီးမတ် အကိုဒေါသ

Libratun said...

ဗိုက်ကလေးဆိုတာ အစက ဘယ်သူမှန်းမသိခဲ့ဘူး။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပေါ့ပေါ့ပါးပါး ပျော်စရာ အင်တာဗျူးလေးဘဲ
သုတရော ရသပါ ပါဝင်တဲ့ ညီမ ရေးချင်တဲ့ စာလေးတွေ အများကြီးရေးနိုင်ပါစေ
ဘလော့သက်တမ်း ရှည်ကြာခိုင်မြဲပါစေနော်

ညိမ်းနိုင် said...

မိုက်တယ်..ဗျူးလေးက...၊သုတတွေ၊ရသတွေ အားကြီး
ရေးဖြစ်ပါစေဗျာ....။

Baby taster said...

ဗျူး လာဖတ်တယ်း)
လာလည်လို့ ကျေးဇူးတင်ပါတယ်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...