ခပ်တင်းတင်း ဆွဲဆုတ်ခံရင်တခု
တခုခုနဲ့ ဖွင့်ဖို့တော့ လိုပြီ ..။
စကားတခွန်းလား
အသံတသံလား
ဆုံးဖြတ်ချက်တခုလား ..။
မျက်လုံးကို စုံမှိတ်
မှောင်တယ် ..။
မှိတ်ထားတဲ့မျက်ဝန်းတစုံ
အလင်းကို ဘယ်မြင်လိမ့်မလဲ ..။
အလင်းကို မြင်ဖို့
မျက်ဝန်းတွေ ဖွင့်လိုက်ပါ
လောကကြီးက လှတယ်
နေ့အလှနဲ့ နေ
ညအလှနဲ့ လ
အလင်းနဲ့ အလှကို ခံစားဖို့
စိတ်ရှင်းရှင်းနဲ့ မျက်ဝန်းတွေ ရဲရဲဖွင့်ကြည့်ပါ ..။
မြင်ပြီလား ..။
သူ့အလုပ်နဲ့ သူပျော်နေတဲ့ နေ့နဲ့ ညကို ..။
7 comments:
ဟုတ်ပ သူ့အလှ နဲ့ သူ့ည ။
အေးချမ်းလိုက်တာ... အတွေးစတွေတောင် အေးခဲသွားမတတ်ပဲ။
မျက်လုံးများ ဖွင့်လို့ကြည့်ပါ....မျက်လုံးများဖွင့်ကြည့်လိုက်....:)))
သူအလှနဲ့သူ လှနေကြတဲ့ လောကကြီးကို မျှတတဲ့စိတ်နဲ့ကြည့်တဲ့အခါ ပိုပြီး လှပတယ်တဲ့
မျက်လုံးလေးကိုဖွင့်ပြီး မျှတတဲ့စိတ်နဲ့ အမြဲကြည့်နိုင်အောင်ကြိုးစားရဦးမယ်
အလင်း နဲ့ အလှကို ခံစားဖို့တဲ့...။
လှလိုက်တဲ့ စကားလုံး...။
coz ဒီတလော အလင်းနဲ့ အရောင်တွေကိုပဲ တွေးနေမိလို့လားမသိ.. စိတ်ကို ညို့သွားတယ်း)
ဆိုဒ်ကို ပါနေတယ်လို့ ငါ ခံစားလိုက်ရတယ် . . .
ဒါပေမဲ့ . . . ဘာလဲ . . . ဒါကို ငါ မရလိုက်ဘူး
KTS
မြင်သွားပြီ မြင်သွားပြီ
ကောင်းလိုက်တာဟာ..စာေ၇းတာတော်လိုက်တာ
Post a Comment